ကြံ့ခိုင်ရေး စလစ်နဲ့ မဲပေးရမယ်ဆိုလို့ ကော်မရှင်ကိုတိုင်

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)

မတ် ၃၁ မနက် ၉း၀၀ နာရီက ပုသိမ်မြို့နယ် ကြက်ပေါင်အုပ်စု၊  ကြက်ပေါင်ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက ရပ်ကျေးကော်မရှင်က ဝေသည့် မဲစလစ်ပြားနှင့် ကြံ့ခိုင်ရေးက ဝေသည့် မဲစလစ်ပြား ၂ ခုလုံးပါမှ မဲပေးခွင့်ရမည် ဖြစ်ကြောင်း ပြောဆို ဝေငှနေသည်ကို မကျေနပ်သည့် ရွာသားများက ကော်မရှင်ရုံးကို တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါနေ့က အုပ်ချုပ်ရေးမှူး ဦးစံလင်းက ကော်မရှင်မှ ထုတ်ဝေသည့် မဲစလစ်ပြားများကို ကြံ့ခိုင်ရေးရုံးသို့ သွားအပ်ကြောင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များမှ ကော်မရှင်မှ ထုတ်ဝေသည့် မဲစလစ်ပြားတင်မက သူတို့ ကြံ့ခိုင်ရေးစလစ်ပြားများကိုပါ ဝေငှပြီး အထက်ပါအတိုင်း ပြောဆိုသဖြင့် တိုင်တန်းခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးမှ ပေးဝေသည့် မဲစလစ် နမူနာ

ထို့ပြင်  အုပ်ချုပ်ရေးမှူး ဦးစံလင်းကလည်း သက်ဆိုင်ရာ မဲရုံမှူးများအား  အင်န်အယ်လ်ဒီ အဖွဲ့ဝင်တို့က တစ်အိမ်တက်ဆင်း လိုက်လံ အကြောင်းကြားထားသည့်  မဲစာရင်းနံပါတ်များမှာ အတည်မဟုတ်ပဲ  တရားလည်း မ၀င်ကြောင်းလည်း ပြောခဲ့သည်ဟု သိရသည်။

မဲစလစ်ပြား ဟူသည်မှာ ပြည်သူတစ်ဦးတစ်ယောက် မဲရုံကို မဲသွားပေးသည့်အခါ မဲဆန္ဒရှင်စာရင်းတွင် မည်သည့်အမှတ်စဉ်မှ ပါဝင်ကြောင်း အလွယ်တူ ရှာဖွေတွေ့ရှိရန် ပြုလုပ် ပေးထားသည့် စလစ်ပြားများ ဖြစ်သည်။       ။
 by Yangon Press International
ကြံ့ခိုင်ရေး စလစ်နဲ့ မဲပေးရမယ်ဆိုလို့ ကော်မရှင်ကိုတိုင် ကြံ့ခိုင်ရေး စလစ်နဲ့ မဲပေးရမယ်ဆိုလို့ ကော်မရှင်ကိုတိုင် Reviewed by သစ်ထူးလွင် on 14:53 Rating: 5

1 comment:

van sui nei said...

ဦးစံလင်း ရုပ်ရုပ်မလုပ်နဲ့ ၁၀၀၀ ဘယ်နှစ်ခါလိုချင်လဲ
ငွေလွှဲနဲ့ပို့လိုက်မယ်

Powered by Blogger.