မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-visa အား ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ်ပေးသွားမည်

7256
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအား ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် တွေ့ရစဉ်
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-visa အား ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ E-visa စနစ်အား ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လတာကာလအား စမ်းသပ်ကာလအဖြစ် စတင် ထုတ်ပေးသွားမည်ဖြစ်ကာ ဗီဇာသက်တမ်းအား စတင် ထုတ်ပေးသည့် နေ့မှရက်ပေါင်း ၃၀ ခွင့်ပြုပေးထားကြောင်း သိရသည်။
E-visa စနစ်အား ခွင့်ပြုထားသည့် နိုင်ငံ ကန့်သတ်ထားခြင်းမရှိဘဲ ခရီးသည်ကိုယ်တိုင် လျှောက်ထား နိုင်မည်ဖြစ်ကာ Tourist Visa သီးသန့်သာ ဖြစ်သည့်အတွက် ခရီးသည်များသည် ဟိုတယ်များတွင်သာ တည်းခိုရမည် ဖြစ်သည်။
“ဒီစနစ်ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ကြုံတွေ့ရမယ့် အခက်အခဲတွေပေါ် မူတည်ပြီး ပြင်ဆင်စရာ တွေရှိလာရင် ပြင်ဆင်နိုင်ဖို့အတွက် စမ်းသပ်ကာလတစ်လ သတ်မှတ်ခွင့်ပြုတာဖြစ်ပါတယ်။ အခက်အခဲ မရှိဘူးဆိုရင်တော့ ဆက်ခွင့်ပြုပေး သွားမှာပါ”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ E-visa လျှောက်ထားသူများသည် www.myanmarevisa.gov.mm သို့ ၀င်ရောက်ကာ ဗီဇာလျှောက်ထားခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။
“နိုင်ငံကြီးတွေက မြို့ကြီးတိုင်းမှာလည်း မြန်မာသံရုံးမရှိတော့ ဗီဇာလျှောက်မယ်ဆို သိပ်မလွယ်ကူဘူးလေ။ E-visa ကို ခွင့်ပြုပေးလိုက်တော့ အွန်လိုင်းကနေပဲ အလွယ်တကူ လျှောက်လို့ရနိုင်တာပေါ့။ အွန်လိုင်းကနေ ဗီဇာလျှောက်လို့ရမယ် ဆိုတော့ လုပ်ငန်းစဉ်တွေပိုပြီး မြန်ဆန်လာနိုင်မှာပါ”ဟု Myanmar Tourism Board မှ ကိုကျော်ထင်က သုံးသပ်ပြောပြခဲ့သည်။
လက်ရှိအချိန်၌ အဆိုပါ E-visa စနစ်အား ရန်ကုန်လေဆိပ် တစ်ခုတည်းတွင်သာ စတင်ခွင့်ပြု ခြင်းဖြစ်ပြီး ခရီးသည်ဝင်ရောက်မှု ပေါ်မူတည်ကာ လေဆိပ်ဝင်ပေါက် အနေဖြင့် မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲလေဆိပ်များနှင့် ကုန်းလမ်းဝင်ပေါက်များ အနေဖြင့် မူဆယ်ဝင်ပေါက်၊ တာချီလိတ်ဝင်ပေါက်နှင့် ကော့သောင်း ၀င်ပေါက်များတွင်ပါ ခွင့်ပြုရန်စီစဉ်လျက်ရှိကြောင်း သိရသည်။  
EMG
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-visa အား ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ်ပေးသွားမည် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-visa အား ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ်ပေးသွားမည် Reviewed by သစ်ထူးလွင် on 17:48 Rating: 5

5 comments:

lwannaymie said...

ကောင်းသတင်းပါ...ကြိုဆိုပါတယ်...အမြဲဖြစ်ဖို့ဆောင်ရွက်ပေးပါ။
ဂွင်မရိုက်နဲ့....ဘာပြဿနာမှမရှိဘူး။
သူများနိုင်ငံသွားနေတာ ပုံမှန်ကိစ္စသာသာ....သဘောထားတဲ့အကျင့်ဖြစ်နေပြီ။

mick said...

Can someone still apply evisa if there is myanmar embassy in that country where someone will leave from?

KSMofBaltimore said...

@Mick, you may not be able to apply e-visa if you are ex-Myanmar citizen. (Even you are willing to stay in hotel all the times during your visit.)
That information is based on the current rule that ex-Myanmar cannot apply tourist visa, only eligible for social visit visa.

moe kaungkin said...

what do the clients need to apply e visa?
any nationality can apply this visa? how long does it take?how much they charge visa fees?
let me know pls>

phone said...

To Moe Kaung Kin,

IT is USD 20 charged at airport when they practise arrival visa previous time ; if i am not wrong, in 2010. need 2 passport photos. but you need exact cash or they do not have change to return. Ever encounter that they cannot take new USD 100 note as they never see it before ; not sure genuine or not.

Powered by Blogger.