အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ ၏ ပေးစာ


ကိုသစ်ထူးလွင်မှတဆင့်
          The voice ဂျာနယ်သို့
          ဟိုတစ်နေ့က အစိုးရ သတင်းစာကနေ သတ္တုတွင်းဝန်ကြီးဌာနက အဂတိလိုက်စားမှုတွေကို ဖေါ်ပြခဲ့တဲ့ The voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးက အသရေဖျက်မှုနဲ့ တစ်ရားစွဲမယ်ဆိုလို့ အမှန်တရားကို မြတ်နိုးသူ ပြည်သူတစ်ယောက်အနေနဲ့ ရယ်စရာကောင်းလွန်းလို့ ဒီစာကို ရေးလိုက်ရတာပါ။ မည်သူ့ကို နစ်နာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ပါဘူး။ အမှန်တရားကိုတော့ နိုင်ငံတော်သမတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ကြီးများ သိစေချင်လို့ ရေးလိုက်ရတာပါ။
          ကျွန်တော်တို့ မုံရွာမြို့နယ် ကြေးနီသတ္တုတွင်းမှာ ကြေးနီတန် ၃၃၈-တန် ဖျောက်ဖျက်မှုကြီးဟာ တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့ အမှုကြီးပါ။ သတ္တုတွင်းဝန်ကြီးအနေနဲ့ တစ်ကယ်မသိခဲ့ဘူးဆိုရင် လွှတ်တော်ထဲမှာ ဗြောင်ငြင်း နိုင်ပါတယ်။ ဒီအမှုကြီးကို တာဝန်သိ ၀န်ထမ်း ၄၆ ယောက်က နိုင်ငံတော်အကျိုးနဲ့ ၀န်ထမ်းတွေ အကျိုးအတွက် ဖေါ်ထုတ်ခဲ့ကြလို့ ၀န်ထမ်းအားလုံး သိသွားရတာပါ။ ၀န်ထမ်းတွေ အကျိုးအတွက်ဆိုတာကို နဲနဲ ရှင်းပြချင်ပါတယ်။ အိုင်ဗင်ဟိုး ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ အလွှဲအပြောင်းမှာ ဥပဒေကြောင်းအရ ၀န်ထမ်းများကို ပေးရန်ရှိသည့် လျှော်ကြေးငွေ ကြေးနီ ၅၃-တန် ရောင်းပြီး ပေးရမည့်ငွေကို ၀န်ထမ်းများကို မပေးတော့ဘဲ အလွှဲ အပြောင်း စပ်ကူးမတ်ကူးမှာ ထုတ်လုပ်လိုက်တဲ့ ကြေးနီ ၂၈၅-တန်ကိုပါု မထုတ်ပါဘူး ဆိုပြီး စာရင်းဇယာများ၊ ကွန်ပြူတာဒေတာများကို စံနစ်တကျ ဖျောက်ဖျက်ပြစ်ပြီး ရန်ကုန်ကို တင်ပို့ ရောင်းစားပစ်ကြပါတယ်။ ဒီလို စာရင်းဇယားတွေ စံနစ်တကျနဲ့ ဖျောက်ဖျက် နိုင်တယ်ဆိုတာကလည်း တာဝန်ရှိအရာကြီးများကသာ လုပ်နိုင်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ အောက်ခြေ ၀န်ထမ်းများ အနေနဲ့ကတော့ ကြေး ၁၀ သား ယူဘို့တောင် ခက်ခဲ လှပါ တယ်။ မရှိလို့ ခိုးမိတဲ့ အောက်ခြေ၀န်ထမ်းများမှာ မိသွားရင် ချက်ချင်းဖြုတ်ပြစ်ချင်း ခံရပါတယ်။
          ယခု ဒီတိုင်ကြားမှုနဲ့ ပါတ်သက်၍ ပထမအနေနဲ့ စစ်ကိုင်းတိုင်း စာရင်းစစ်အဖွဲ့က လာရာက်စစ်ဆေးပြီး အမှုမှန်ပေါ်ပေါက်တဲ့ အတွက် အထက်ကိုဆက်လက်တင်ပြပါတယ်။
          ဒုတိယအကြိမ် သစ်တောရေးရာ ၀န်ကြီးဦးဝင်းထွန်း ခေါင်းဆောင်ပြီး၊ လာရောက်စစ်ဆေးပါတယ်။ အမှု မှန်ပေါ်သည့်အတွက် ဆားလင်းကြီးရဲဌာနမှာ အမှုဖွင့်ပြီး ရန်ကုန်ရောက်နေတဲ့ ကြေးနီ ၃၃၈-တန်ကို ပြန်သိမ်း ပါတယ်။ ကြေးနီ ၃၃၈-တန်ကို ပြန်မိတာတောင် မည်သူတစ်ဦးတစ်ယောက်မှ အရေးမယူခဲ့ပါဘူး။
၂၀၁၂ ဇန္န၀ါရီလထဲမှာတော့ အဲဒီကြေးနီ ၃၃၈-တန်ကို နိုင်ငံတော် သမတကြီးအမိန့်နဲ့ ရောင်းချလိုက်ပြီး ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးမှာ ကင်ဆာစက်ကြီးနှစ်လုံး ၀ယ်လှူလိုက်တယ်လို့ သတ္တုတွင်း ယာယီညွှန်မှူး ဦးကျော်ဆန်းမှ လာရောက်ပြောဆိုပါတယ်။ ဒီကိစ္စဟာ ဥပဒေကြောင်းအရ မဖြစ်နိုင်ဘူး သမတကြီးညွှန်ကြား တာလဲ မဖြစ်နိုင်ဘူးဆိုပြီး၊ ၀န်ထမ်း ၄၆၀ ခန့် လက်မှတ်ရေးထိုးပြီး၊ သမတထံ ထပ်မံတင်ပြကြပါတယ်။
အဲဒါကြောင့် စ သုံးလုံးမှ လာရောက်ပြီး တာဝန်သိ ၀န်ထမ်းတွေကိုရော ကြေးဖျောက်ဖျက်မှုမှာ ပါဝင် ပါတ်သက်သူတွေကိုရော လာရောက်စစ်ဆေးပါတယ်။ ယခုအချိန်ထိတော့ အမှုက ဆင်ကောင်ကြီးတွေ့ပြီးမှ ဆင်ခြေရာ လိုက်ရှာနေ သလားမသိပါ။  ဒီလောက်ပေါ်လွင်နေတဲ့ အမှုကို အရေးယူဘို့ရာ ဘာတွေခက်ခဲနေ သလဲ ဆိုတာလဲ မသိပါ။ လွှတ်တော်သို့ ရောက်နေပြီလို့သာ သတင်းတွေအရ သိရပါတယ်။   ဒီအမှုအား နိုင်ငံတော်သမတကြီးနဲ့ လွှတ်တော်ကြီးတို့ မည်သို့ မည်ပုံ ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ အမှန်တရားကို မြတ်နိုးသူများအနေနဲ့ စောင့်ကြည့်လျက် ရှိနေပါတယ် The voice ဂျယ်နယ်ရေ။ နောင်ကိုလဲ စတုတ္ထမဏ္ဍိုင်ပီပီ ပြည်သူတွေသိရှိပြီး တိုင်းပြည်အတွက် ဆင်ခြင်နိုင်မဲ့ သတင်းတွေကို ရဲရဲဝင့်ဝင့်တင်ပြပေးပါဦးလို့။

အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ
           
         
အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ ၏ ပေးစာ အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ ၏ ပေးစာ Reviewed by သစ်ထူးလွင် on 17:21 Rating: 5

22 comments:

Anonymous said...

ဒါပဲပေါ့ ကိုယ်ပေါ့င်ကိုယ်လှန်ထောင်းတဲ့ သတ္တုတွင်းဝန်ကြီး အခုလို ရှက်ရမ်းရမ်းတာ မကောင်းပါဘူး . . . the voice အတွက်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ် . . .အခုလိုမျိုး တာဝန်သိတဲ့ နိုင်ငံချစ်စိတ် ရှိတဲ့ဝန်ထမ်းတွေ များများပေါ်ထွက်လာပါစေ . . . ဘာကိုမှ ကြောက်ဖို့  . .ရွံ့ ဖို့ မလိုတော့ပါဘူး . . .မတရားဘူးထင်ရင် ပွင့်လင်းစွာရေးတင်လိုက်ပါ . . internet ကလည်း စတုတ္ထမဏ္ဍိုင်ထဲမှာပါပါတယ် ပြည်သူတွေရဲ့  ရင်ဖွင့်စာတွေကို သမ္မတ နဲ့ တစ်ကွ နိုင်ငံတစ်ကာက သိအောင် မီဒီယာ ကဲ့သို့  တင်ပြပေးနေပါတယ်. . .ပြည်သူအပေါင်း ကြောက်ရွံ့ ခြင်းကင်းဝေးစွားနဲ့ တိုင်းပြည်ကို ကိုယ်တတ်နိုင်တဲ့ဖက်က ကယ်တင်နိုင်ကြပါစေလို့  ပြည်သူအားလုံးရဲ့ ကိုယ်စား မြန်မာပြည်သူ တစ်ယောက်က ဆုတောင်းပေးလိုက်ပါတယ် . .

လင်းလတ်ကြယ် said...

ပေါ်ကုန်ပြီးဟေ့
ပုန်းနေတာဖင်ကပေါါ်နေတော့
လူမိပြီးပေါ့

Maunglusoe said...

ကြိုက်တယ် ဗျို့  ဒိလို ဖြစ်နေရမှာ
အခုကအစမို့လို့  အင်တာနက်မှာဒိလိုရေးပေးဖော်ပြပေးနေတာကို နားလည်ပါတယ်
နောက်နောင်အခွင့်အရေးတွေရလာ ရင်တော့ သတင်းဂျာနယ်တွေပေါ် တင်ခွင့်ရမှာပါ
အခြားအခြားဝန်ကြိးဌာတွေရောငြိမ်မနေကြနေလေ
ကဲ အခု ကျန်မာရေးဝန်ကြိးဌာနကအဲစက်ကြိး ၂ လုံးက် ဘယ် လိုစားရင်ပြလိုက်သတဲ့လဲ
ကောင်းလိုက်တဲ့ ငါတို့  တိုင်းပြည် လုံခြားလည်နေ တာ ဘဲ

Ar Ga said...

အိုး ... အို ၊ သမတကြီးပါ ပါနေပါေ၇ာလား ?? ဒါပေမယ့် သူ့အိတ်ထဲ ထည့်လိုက်တာ မဟုတ်လို့ တော်သေးတာပေါ့ ..

lwannaymie said...

ကြေးနီဝန်ထမ်းရေ....လေးစားတယ်။ တာဝန်သိတဲ့ဝန်ထမ်းကောင်းတစ်ယောက်လို့မှတ်ယူတယ်...မြန်မာနိုင်ငံမှာဒါမျိုးဝန်ထမ်းအများကြီးလိုအပ်တယ်။ (ပြောပြသူနာမည်မပြောလဲကြေနပ်တယ်)

Anonymous said...

စွမ်းအင် ဝန်ကြီး လွန်းသီ အကြောင်းလည်းပြောကြပါအုန်း၊ ဒီလူကြီးလည်း ချမ်းသာသွားတာ တမဟုတ်ချင်းဘဲ။ ရေနံမြေတွေကနေ ပို့ဆွမ်းလေးစားနေတာနဲ့တင် မကျေနပ်နိုင်ဘဲ နိုင်ငံခြား Company တွေဝင်လာရင် သူ့ကို ပေးမှ တွေ့ခွင့်ရတယ်၊ လုပ်ကိုင်ခွင့်တွေရတယ်။ ညောင်တုန်းရေနံမြေမှာ ဆို သူ့တပည့် (ထုတ်လုပ်ရေးမှူး)ကို ပင်တိုင်ထားပြီး နေ့စဉ် လေဆီတွေကို ဘောက်ဆာလိုက် ဖြောင်ပြီး ဒီဝန်ကြီးဆီကို ဆက်သနေရတာ အလုပ်သမားတိုင်းသိတယ်။

Anonymous said...

ကြေးနီဝန်ထမ်းများသို.-- ခင်ဗျားတို.ဟာ နိုင်ငံတော်ရဲ.ပန်းတိုင်ဆီသွားတဲ.လမ်းခ၇ီးမှာ မိုင်း တခုကိုဖေါ်ပေးလိုက်သလိုပါဘဲ ၊ အဲ - တခု၇ှိတာက ပြည်သူတွေ အားကိုးနေကြတဲ.သမတကြီးကတော.ဒီဟာကို ဖုံး မလား ဖေါ်မလားတော.မသိဘူးပေါ.ဗျာ။ သူ.မှာလည်းသူ.အခက်အခဲနဲ.သူကိုးဗျ ၊ -------- ခင်ဗျားတို.လိုတိုင်းပြည် ချစ်တဲ.ပြည်သူ.၀န်ထမ်းတွေလည်း မသမာသူတွေ၇ဲ. လှို.၀ှက်လုပ်၇ပ်တွေ ဖေါ်ထုတ်ပေးကြပါ ။

ကိုယ်တော်ချော said...

ဟိုတစ်လောက ကာတွန်းလေးတစ်ခု ဖတ်လိုက်ရတယ် ရေတွေကြီးလို့ အိမ်ခေါင်မိုးပေါ်တက်ထိုင်နေရတဲ့ အဒေါ်ကြီးက ဘေးမှာထိုင်နေတဲ့သူကို "သဘာဝဘေးအန္တရာယ် ကျတော့တို့ပြည်သူတွေပဲခံရတယ် သဘာဝကပေးတဲ့ အကျိုးအမြတ်ကျတော့ တို့မခံစားရဘူး" တဲ့ ကောင်းလိုက်တဲ့ကာတွန်းလေးနော်
တကယ်ဆို တို့ ပြည်သူတွေ ဘ၀ တအားသနားစရာကောင်းတယ် တွေးရင်းနဲ့ တောင် ငိုချင်လာပြီ အီး ဟီး မတာကောင်တွေ ညိုကြ ချို့ကြ အားရအောင်

saw 00 said...

ကဲ ပေါ် လာပါပြီ အမှန်တရား တာဝန်ရှိ လူကြီးမင်းများ ဘယ်လိုလုပ်ကြမလဲ ၊ ဒီ အတိုင်းဆို အမှု က ထင်ရှားနေပြီ ၊ ၀န်ခံ ရင် ၆လ ငြင်း ၇င် တနှစ် ဖြစ်သွားမယ်နော် ၊အထက်အထက် ကတာဝန်ရှိသူ တွေ ကလဲ သူခိုးတွေ ကို ဘာလို့ အရေးမယူ ရဲတာလဲ ဆိုတာ စဉ်းစားစရာဘဲ ၊ သူခိုးခြင်း မို့ အားနားတာလား သူခိုးခြင်းမို့ ကာကွယ် ပေးထားတာလား ၊

ပုသိမ်သားလေး lionsun said...

ကြေးနီဝန်ထမ်းများလို အခြားဝန်ထမ်းများလည်း မိမိတို့ စက်ရုံ၊ ဌာနများတွင်ဖြစ်ပေါ်နေသော အလွဲသုံးစားမှုများကို တာဝန်သိဖေါ်ထုတ်ကြရန် နှိုးဆော်လိုက်ပါတယ်။

san said...

တရားစွဲတဲ့အကောင် စောက်ရှက်လုံးဝမရှိဘူး။

sean said...

အင်း....... သန့်ရှင်းသော အစိုးရ ဘယ်တော့ များပါလိမ့်........

မောင်မျိုးချစ် said...

ကိုသစ်ထူးလွင်ဆိုက်က .. သတင်းထူးတွေတော့ အမြဲရနေတယ်။
ဒါပမေယ့် အဲဒီသတင်းတွေဟာ လပိုင်းမကြာခင်မှာပဲ နောက်ထပ်သတင်းတွေ ပေါ်လာတော့ ရှေ့သတင်းတွေက အလိုလိုမေ့သွားသလို ဖြစ်နေတယ်။
အဲလိုမျိုးလူတွေမေ့မသွားအောင် .. အရေးကြီးသတတင်းတစ်ခုတိုင်းရဲ့ နောက်ဆက်တွဲလေးတွေကိုပါ တင်ပေးနိုင်အောင် ကြိုးစားစေချင်ပါတယ်။ အဲဒါမှ ပိုပြီးတော့ထိထိရောက် ရှိမယ်လို့ အကြံပြုချင်တယ်။
ဥပမာ-တပ်သားကျော်ဇင်ဝင်း အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိတယ်။
လွှတ်တော်ဆောက်တဲ့ ဦးတင့်ဆန်းကို အရေးယူတယ်-မယူဘူး
သတင်းကိုပေးပို့ပေးသူ/သတင်းရဲ့နောက်ဆက်တွဲကိုသိသူတွေအနေနဲ့ လည်း နောက်ဆက်တွဲလေးတွေပါ တင်ပြနိုင်ရင်ပိုပီး အသက်ဝင်လာလိမ့် လို့ယူဆပါတယ်။
ကျနော်ပြောတာ မှာရင်လည်း မှားနိုင်ပါတယ်။

Sandy Win said...

mg myo chit said is right. important for whole country news should be press again & again.

pyaponthu said...

နိုင်ငံရဲ့ စနစ် ကိုက အဓိပ္ပယ်မရှိဘူး။ဝန်ကြီးတွေကို ဌါန တခုမှာ ရာစုနှစ် တခုလောက်ထား ထားတာ ။အဓိပ္ပယ် လုံးဝမရှိဘူး။တမျိုးလုံး တဆွေလုံး ယူလို့ မဝသေးတဲ့အပြင် နိုင်ငံခြားဘဏ်တွေမှာ ပါအကောင့်ဖွင့်လိုက်သေးတယ်။ဝန်ကြီးတယောက်ကို ဌါနတခုမှာ အလွန်ဆုံးထား ၂နှစ် ၃နှစ်ဆို တော်ဘီပေါ့။သက်ဆိုင်ရာဝန်ကြီးတွေ ကလည်း စစ်ယူနီဖောင်းချွတ်မဖြစ်ဘဲ ကျွမ်းကျင်တဲ့ သူဖြစ်သင့်တယ်။ဗမာပြည်မှာ ပညာရှင်တွေ အများကြီးပါ။

22zaw said...

သမတကြီးက အရေးယူရန်စဉ်းစားထားပြီးပါပြီ။ သို့ပါသော်လည်း
လက်ရှိထောင်များ၏အကျယ်အဝန်းနှင့် လူအရေအတွက်မှာ လုံးဝ
မဆံ့နိုင်ပါသောကြောင့် အခက်တွေ့နေခြင်းဖြစ်နိုင်ပါသည်။ပိုက်ဆံ
ရှိလျှင်ထောင်ဆောက်ပြီး ထောင်ငှားစားလျှင် စီးပွားဖြစ်နိုင်ပါသည်။

light said...

တော်လိုက်တဲ့ဝန်ထမ်းတွေကွ

thant said...

ကိုမျိုးချစ်ပြောတာမှန်တယ် ကိုသစ်ရေ...သတင်းက ၀ုန်းဝုန်းနဲ့ပေါ်လာလိုက်
နောက်တော့ ကွင်းဆက်ကပြတ်သွားရော...အဓိကကတော့ ထူးခြားတဲ့သတင်းတွေကို ကွင်းဆက်မပြတ်စေချင်ဘူး...

yangonthu said...

Thank you so much Ko Thit Htoo Lwin.

Anonymous said...

(ကို/ဦး)မောင်မျိုးချစ်ပြောတာ လက်ခံပါတယ် ကိုသစ်ထူးလွင်ရေ

marga said...

ဝန်ကြီးခိုးတာလားမှ မသိတာ
ဒါကြောင့် ဘာလုပ်ရမလဲ မသိဘူးဖြစ်နေတာနေမှာ
တစ်ယောက်နဲ့တစ်ယောက်က အပြစ်မလွတ်ကြတော့
မလုပ်ရဲဘူးလေ။သူ့ လုပ်ရင် ဟိုက ပြန်ပြီးဖေါ်ကောင်လုပ်မှာဆိုးတာနေမှာ
တိုးတက်ဦးမဲ့ တို့ နိုင်ငံပဲနော်

Ko Ko said...

ကြိုက်တယ်ဗျာ။ နိုင်ငံတော် ကြီး ချစား မှု့  ကင်း ပါစေ။

Powered by Blogger.