အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို

ပြီးခဲ့သည့် ရက်သတ္တပတ် များက အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ကာယကံရှင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တုံ့ပြန် ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
မတ်လ (၃)ရက်နေ့ ရန်ကုန် - ရတနာပုံ ပွဲစဉ်သို့ လာရောက် ကြည့်ရှုခဲ့သူ ဦးဇော်ဇော်က "အဲဒီတုန်းက ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရန်ကုန်က မီဒီယာတွေရော၊ မန္တလေး မြို့မိမြို့ဖတွေရော အားလုံး အတူရှိနေ ခဲ့ပါတယ်။ ဗထူးကွင်းမှာ ပထမဆုံး ကစားမယ့် ရတနာပုံရဲ့ ပွဲစဉ် မတိုင်မီ ဖွင့်ပွဲ အစီအစဉ်မှာ အဲဒီ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အခကြေးငွေ မယူဘဲ သီဆိုဖျော်ဖြေ ပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ညဘက် ဒင်နာမှာမှ ဆုချပေးတဲ့ သဘောပါ" ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံများသည် မန္တလေး ဗထူးကွင်းအား နိုင်ငံရေး ပါတီတစ်ခုသို့ မငှားခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြချိန်တွင် အချိန်ကိုက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း တို့က နာမည်ကြီး မော်ဒယ် သရုပ်ဆောင် အချို့အား ဆုချနေသည့် ပုံများဖြစ်သည်။ ဦးဇော်ဇော်က "ဒါဟာ ရည်ရွယ်ချက် ရှိရှိ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာပါ။ ဒါပေမဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မလုပ်ခဲ့ပါဘူးလို့ ငြင်းချက်တော့ မထုတ်နိုင်ပါဘူး။ တစ်ခုတော့ သတိထားစရာ ဖြစ်လာပါတယ်။ ကျွန်တော်တို့ တတွေ ဒီလို မနေထိုင် သင့်ဘူး ဆိုတာကို သိလိုက်ရပါတယ်" ဟု ဆိုခဲ့သည်။
soccermyanmar

Myanmar News Now မှ ဖော်ပြခဲ့တဲ့ ဦးဇော်ဇော် ရဲ့ အွန်းလိုင်းပေါ်က ဓါတ်ပုံများ အောက်မှာ
ကြည့်ရှုနိုင်ပါတယ်။
မယ်လိုဒီ ၊ ဂျင်းနီ (ခ)ဟန်နွေငြိမ်း၊ ချောရတနာ ၊ အမည်မသိ ၊ MAXဇော်ဇော်၊ ဒေါက်တာစိုင်း
တို့ ရဲ့ ပုံတွေဖြစ်ပါတယ်။



အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို Reviewed by သစ်ထူးလွင် on 12:18 Rating: 5

72 comments:

တုတ်ကြီး said...

အခုမှတော့.......ငိုမနေနဲ့တော့
အို အခုမှတော့.....ငိုမနေနဲ့တော့

Kandawlay yelay said...

ဟုတ်ရင်ကျော်၊ ပုတ်ရင်ပေါ် ဆိုတဲ့စကားပုံ ရှိတယ်လေ။ တိုင်းပြည်ကို ဖာနိုင်ငံ လုပ်ချင်နေတဲ့လူတွေပေါ့ဗျာ....

ye gyi said...

တော်....ဒီမှာ ဘာမှာလာမရှင်းပြနဲ့...မင်းမိန်းမနဲ့ မင်းပြန်ရှင်း....

gawleee said...

လူမိတော့လည်း..ဒီလိုပြောပြီပေါ့ကွာ..ခင်များတို့ပုံစံက လွတ်လွတ်လပ်လပ် ပျော်ပါးနေတဲ့ပုံစံပါ..ဒီမိန်းမတွေကရော..မိသားစုပါနေတယ်ဆိုရင်.ဒီလိုနေပါ့မလား.ကျုပ်ပြောချင်တာက.ခင်များတို့ချမ်းသာလို့ လုပ်တာ..လုပ်ပါ..ကျုပ်ဆိုလည်း အခု.၄ယောက်လောက်နဲ့တင်မရဘူး. ဒါပေမဲ့..နိုင်ငံရေးနဲ့တော့ လာမရောနဲ့..ဟောပြောပွဲတွေ/ ဘော့လုံးကွင်း တွေနဲ့လာမရောထွေးပြစ်ပါနဲ့ ဒီလိုလူတွေ ဦးဆောင်နေတဲ့ မြန်မာဘောလုံးအသင်းလည်းဘယ်သောအခါမှ လူချင်းတူမှာမဟုတ်ဘူး.

gawleee said...

လူမိတော့လည်း..ဒီလိုပြောပြီပေါ့ကွာ..ခင်များတို့ပုံစံက လွတ်လွတ်လပ်လပ် ပျော်ပါးနေတဲ့ပုံစံပါ..ဒီမိန်းမတွေကရော..မိသားစုပါနေတယ်ဆိုရင်.ဒီလိုနေပါ့မလား.ကျုပ်ပြောချင်တာက.ခင်များတို့ချမ်းသာလို့ လုပ်တာ..လုပ်ပါ..ကျုပ်ဆိုလည်း အခု.၄ယောက်လောက်နဲ့တင်မရဘူး. ဒါပေမဲ့..နိုင်ငံရေးနဲ့တော့ လာမရောနဲ့..ဟောပြောပွဲတွေ/ ဘော့လုံးကွင်း တွေနဲ့လာမရောထွေးပြစ်ပါနဲ့ ဒီလိုလူတွေ ဦးဆောင်နေတဲ့ မြန်မာဘောလုံးအသင်းလည်းဘယ်သောအခါမှ လူချင်းတူမှာမဟုတ်ဘူး.

တောသား said...

ငွေ နဲ့ မိန်းခလေးတွေရဲ့ စိတ်ကို ဖျက်စီးနေတာပြောမှသိ-ထိမှနာ-မှ------"

tharzaw said...

လက်ပူးလက်ကြပ်ကြီးဟေ့ ... လက်ပူးလက်ကြပ်ကြီး။
သြော် .. အခုမှ အဲဒီလို မနေထိုင်သင့်တာမှန်း သိတာလား?
အဲဒီငွေတွေထဲက တစ်ဝက်လောက်ကို ပရဟိတ လုပ်ငန်းတွေ လှူလိုက်လျင် ဘယ်လောက်အကျိုးရှိလိုက်မလဲနော် .....

myolay793 said...

အင်း ...
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကြောင်းကြောင့် အကျိုးဖြစ်တာပါ။ နှစ်တွေ၊ ခေတ်တွေကြောင့်လို့ဆိုပေမယ့် ပြောင်းလဲနိုင်ဖို့ဆိုတာအားလုံးတက်ညီ၊ လက်ညီလက်တွဲကျိုးစားသွားရင်တောင် အချိန်တစ်ခုတော့ ပေးရမှာပါ။ အင်း/ ဒီလောက်ပါပဲ

minmaung said...

myanmar people is poor and they r very very rich,where can get money? myanmar people dont believe u.....

ကိုကိုကြီး said...

မောင်ကျောက်ခဲကတော့ပြောထားတာ.. ဦးဇော်ဇော်ဘေး ဒေါက်တာစိုင်း မိန်းမဆိုတာဟုတ်ပါသလားလို့..သစ်ထူးလွင် ဆိုဒ်ကိုမေးချင်ပါတယ်..။ ဒီလူကတော့...ပြည်သူတွေကို မကြည့်ဘဲ..ကိုယ်ကျိုးအတွက် အလုပ် လုပ်နေတဲ့လူဆိုတာကျိန်းသေပါတယ်...။ ပြည်သူ့အတွက် သူ့ရဲ့ချမ်းသာမှု အတွက် (၁) ပုံလောက်ဘဲပေးလှူစေချင်ပါတယ်..။ အခုလိုများ ရှိပြီးသား မိန်းကလေးတွေကို ပေးလှူနေတာထက်ပေါ့ဗျာ..။ စုံစမ်းပေးပါအုံး.. ဒေါက်တာစိုင်းမိန်းမဆိုတာဟုတ်ပါသလားလို့

Anonymous said...

Zaw Zaw if u wanna to meet them u choose the place of your hotel Max.U gave them so many dollars and so many ..........

Anonymous said...

ဦးဇော်ဇော်ရဲ ဖြေရှင်းတာကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်...
အများပြည်သူကို အသိအမှတ်ပြုကြောင်း ပြတာလို့မြင်ပါတယ်...
ဒါပေါ့ နောက်ဆိုရင် ဆင်ခြင်ဖို့ လိုတာပေါ့ဗျာ...
မိမိကိုယ်ကို မှားမှန်း သိကြောင်း ပြတာလို့မြင်ပါတယ်...

Acmv Org said...

ဦးဇော်ဇော် က သူမိသားစုနှင့်အတူ အဲဒီလိုမျိုးနေထိုင်တာပါတဲ့။ ဦးဇော်ဇော်ရဲ့ သားတွေ၊ သမီးတွေ အတွက် တော်တော် ရင်လေးစရာကောင်းတယ်။ ငါးပါးသီလ ကို ဒီလိုကျိုးပေါက်အောင်စောင့်ထိန်းတယ်လို့ သားသမီးတွေက မှတ်ယူသွားနိုင်တယ်။

khristimatic said...

ကိုကိုကြီး.. ဒေါက်တာစိုင်းမိန်းမဆိုတာဟုတ်ပါတယ်။ အစင်းကျားနဲ.တယောက်

Conquer said...

နှာဘူးကြီး ငွေပေါတိုင်း လုပ်ချင်တာလုပ်နေတာ

Phyo Thi Ha said...

yes!It is truth that's his wife.

Tomahawk said...

Cronies(ah myo yote)
you can do whatever you want because you guys are cronies but "your days are numbers" ok?
Later on, you will know how will you end up your life...
especially zaw zaw , you think or you looks like so smart to dealing with regimes,most of your wealth are illegal you must pay huge consequences later. YOU MUST NOT RUN AWAY FROM THE TRUTH...

mirror man said...

အဲဒါဆိုမိသါးစုပုံပါပြပါ

chit ko ko said...

If you have money OR if you are rich, are you sure you won't do like that?

mirror man said...

မေးခွင့်ရဖိရင်မေးပါရစေ
၁။ရတနာပုံနဲ့ဘယ်အသင်းနဲ့ကန်တါလဲ။နေ့စွဲပါဖြေပါ
၂။ဒေါက်တါစိုင်းလက်ရှိမိန်းမကသူမဟုတ်ပါ
၃။Dinner က ကါရာအိုကေ အခန်းထဲမှာလုပ်တါလါး။
၎။MFF က လုပ်တဲ့ Dinner တွေက ခမ်းမတွေမှာလုပ်တယ်လို့ပဲ ဂျာနယ်တွေမှာဖတ်ရပါတယ် အခုဘယ်ဂျာနယ်မှာမှမတွေ့ရပါလါး။
၅။MFF ကလုပ်တဲ့ Dinner မှန်ရင် MFF (သို့)ရတနာပုံ မှာ အခြားသူများနဲ့ပါရိုက်ထါးတဲ့ ဓါတ်ပုံရှိရပါမယ်ပြနိုင်ပါ့မလါး။
၆။ကိုယ်ကမြင်းကြောထတါကိုဘါလို့အရှက်မရှိထရှင်းနေတါလဲ။
၇။၁နှစ်ကို ဒေါ်လါ ၂သန်းကုန်တာ စါရင်းပြနိုင်သလါး
၈။Chairman အဖြစ်တာဝန်ယူခဲ့တာကြာပေါ့ ဘာကြောင့်မြန်မာ့ဘောလုံးက worldwide မှာအဆင့်ကျသွားတာလဲ ။
၉။ဂျာနယ်သမားတွေပြောလိုက်လို့ယုံကြမယ်မထင်ပါနဲ့ ပြန်ပြောချင်လို့ပါ ဘယ်သူမှမယုံဘူးဆိုတါသိထါးပါ

Paing Soe said...

ဘိုးဇော် ဘူးတိုင်းကောင်းတာမဟုတ်ဘူး!

mirror man said...

အင်း ပြောတုံခေါင်းညိမ့်ခေတ်ကုန်သွားတာမသိသေးဘူးကိုး

mirror man said...

နံပါတ်ဘယ်နှစ်ယေါက်မြောက်လဲ

siriusblack said...

မြန်မာပြည်မှာ လူတန်ဖိုးက ငွေ ဖြစ်နေပါရော့လား
ရင်လေးစရာပဲ

freeair said...

နာမည်အရင်းကိစကိုရျင်းပါလား?????????????????

freeair said...

သစ်ထူးလွင်ကိုသတင်းပေးချင်ပါတယ်။MNL မှ အသင်းပိုင်ရှင်အားလုံး လာမဲ့ရွေးကောက်ပွဲမှာအမတ်လောင်းသော်လည်းကောင်း၊၀န်ကြီးချူပ်သော်လည်းကောင်းအရွေးခံရမည်ဟု ဘောလုံးအသိုင်းအ၀ိုင်းမှကြားရသည်။ နေပြည်တော်တါင်နေထိုင်ကြသောRAKHAPURA FCမှ ပိုင်ရှင် ဦးသာဌေး(မင်းသားသျားညိုဧ၊် အဖေ)အားနေပြည်တော်၊ပုပါးသိရီ ကြံ့ခိုင်ရေးပါတီ နှင့် Naypyidaw FC မှ ဖြိုးကိုကိုတင်ဆန်းအားအားမြောင်းမြကြံ့ခိုင်ရေးပါတီ သို့အရွေးခံကြမည်ဟု ဘောလုံးအသိုင်းအ၀ိုင်းမှကြားရသည်။ ဘောလုံး Journalist မှ ဘောလုံးနဲ့ ပတ်သတ်တဲ့သတင်းမှန်သမျှ ကို ဦးစိုးမိုး( ဘောလုံးအသိုင်းအ၀ိုင်းပင် ကြောက်ရ။ မိန်းမအလွန်ကြိုက် )မှ တာဝန်ယူပြီး MNLအကြာင်းမကောင်းရေးပါက Journal ကို တပတ်ပိတ်ကြောင်းကြားရသည်။ MNLဧ။် sponsor ပိုက်ဆံများကို ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဧ။် ယောက်ဖဦးဆူးအောင်မှ ကိုင်တွယ်ကြောင်းကြားသိရ။

မောင်မင်းကြီးသား မောင်မြဖေ said...

လူမိတော့လည်း..ဒီလိုပြောပြီပေါ့ကွာ..ခင်ဗျားတို့ပုံစံက လွတ်လွတ်လပ်လပ် ပျော်ပါးနေတဲ့ပုံစံပါ..ဒီမိန်းမတွေကရော..မိသားစုပါနေတယ်ဆိုရင်.ဒီလိုနေပါ့မလား.ကျုပ်ပြောချင်တာက.ခင်ဗျားတို့ချမ်းသာလို့ လုပ်တာ..လုပ်ပါ..ကျုပ်ဆိုလည်း အခု.၄ယောက်လောက်နဲ့တင်မရဘူး. ဒါပေမဲ့..နိုင်ငံရေးနဲ့တော့ လာမရောနဲ့..ဟောပြောပွဲတွေ/ ဘောလုံးကွင်း တွေနဲ့လာမရောထွေးပစ်ပါနဲ့ ဒီလိုလူတွေ ဦးဆောင်နေတဲ့ မြန်မာဘောလုံးအသင်းလည်းဘယ်သောအခါမှ လူချင်းတူမှာမဟုတ်ဘူး.

Mone Mone said...

Jealousy of some of Myanmar People

Unknown said...

သြော်....စုချ ကြတာလား..

tapaungthi said...

အမှန်တရားဆိုတာ ဒီနိုင်ငံမှာ ပျောက်ကွယ်နေတာကြာပါပြီ

kokomaung said...

မင်းတို့တော့(ပြည်သူ)ငတ်ကြဟေ့
ငါက(ဇော်ဇော်+ drစိုင်း)ဟိုတယ်မှာနပ်လို့ ဆော်တွေနဲ့

Ko Aung said...

ပုံထဲက အမည်မသိဆိုတဲ့ အမျိုးသမီးဟာ ဒေါက်တာစိုင်း မိန်းမ မဂျူလီပါ။ အနုပညာနဲ့ စီးပွားရေးအသိုင်းအ၀ိုင်းအကုန်သိပါတယ်။ သူဋ္ဌေးတွေ မင်းသမီးတွေကို မုန့်ဖိုးပေးတာ သိပ်မဆန်းပါဘူး။ Novotel Hotel Pool side မှာရိုက်ထားတာပါ။

thant said...

I agree this

Once Myanmar said...

Anyway, we should welcome to the person who listen to the public, review himself and willing to change to the right-side.
He can be considered more flexible than U Khin Shwe, Tint San, etc.

Ko Aung said...

လူတိုင်းတော့ အမှားနဲ့မကင်းပါဘူး။ ကိုဇော်ဇော်လူမှုရေးလုပ်ငန်းတွေမှာဘယ်လောက်အထိလှုခဲ့တယ်ဆိုတာမီဒီယာအသိုင်းအ၀ိုင်းကအကုန်သိပါတယ်။ကျွန်တော့်သားလေးသွေးလိုတုန်းကသူကိုယ်တိုင်ရန်ကင်းကလေးဆေးရုံမှာအကုန်ကူညီပေးခဲ့တာပါ။ ဒီလိုမင်းသမီးတွေကို ပိုက်ဆံပေးတဲ့ပုံတစ်ခုတည်းနဲ့တော့ မကောင်းပြောလို့မရပါဘူး။ ကျွန်တော်သာသူဋ္ဌေးဆိုရင်လည်းဒီထက်တောင်ကဲချင်ကဲဦးမှာ။ :P

Violin Angle said...

မိသားစုနဲ့ဆိုတဲ့ယောကျာ်းတွေက မိန်းမတွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေစရာလား ကိုယ်ကဲတာကိုလူတွေသိသွားလို့ ရှက်ရမ်းမရမ်းနေနဲ့ Dinner ကို KTV မှာလုပ်စရာလား ဆုချတယ်ပဲထားပါအုံး US Dollar တွေအုပ်လိုက်ကိုကမ်းနေပါလား နိုင်ငံရေးနဲ့လာမရောနဲ့ ဦးဇော်ဇော် ကိုယ့်အကျင့်မကောင်းရင်မကောင်းဘူးပေါ့ တကယ်လို့MFF ကနဲ့ညစာစားပွဲကိုမိသားစုတွေနဲ့လုပ်တယ်ဆိုရင် မိသားစုတွေနဲ့ MFF ကလူတွေဘာလို့မပါလဲသိပါစေ

khit lu said...

အပိုတွေလုပ်မနေပါနဲ့ ဇော်ဇော်ရာ...မင်းတို့လို ၀ိသမလောဘသားတွေကို လူတိုင်းက သိနေပြီးသားပါ ...ဘယ်လောက်ဘဲ ကောင်းအောင်လုပ်လုပ် အရာထင်မှာ မှ မဟုတ်တာ ...မြန်မာတစ်နိုင်ငံလုံးကို ၀ယ်လို့ရပေမယ့် ...လူတွေရဲ့ စိတ်ဓာတ်ကို တော့ ၀ယ်လို့ မရနိုင်ပါဘူး....မင်းတို့အတွက် တနေ့ဆိုတာ ဖြစ်လာအုံးမှာပါ ....

လူတိုင်းက မင်းတို့လို လူမျိုးတွေကို လုပ်ချင်နေကြတဲ့ လူတွေကြီးဘဲ ကွ...သတိတော့ထားပေါ့ကွ..

ဒီမိုပါဝါ said...

ဦးဇော်ဇော်ခင်ဗျား----နားမလည်တဲ့သူတွေကို ရှင်းပြနေလည်း အပိုပါပဲ။ ဦးဇော်ဇော် မြန်မာ့ဘောလုံးအတွက် ကိုယ်စွမ်း၊ညဏ်စွမ်းအပြင် ကိုယ့်အိတ်ထဲကစိုက်ထုက်ပြီးလုပ်ပေးနေတာတစ်တိုင်းပြည်လုံးသိပြီးသားပါပဲ။ ဒီပုံတွေနဲ့ပက်သက်ပြီးအားလုံးသိပြီးကြပါပြီ-အရင်သတင်းတွေမှာ ကွန်းမန့်တွေဖတ်ပြီးကတည်းကလုပ်ကြံတဲ့ပုံကြီးကဆိုတာသိသာကြီးပါဗျာ။ခုထပ်ရှင်းပြတော့လည်း အရင်ရည်ရွယ်ချက်နဲ့တိုက်ခိုက်တဲ့လူတွေကပဲ တန်ပြန်ရေးကြတာပဲမဟုတ်လားဗျာ။ အရင်လုပ်ကြံတဲ့သူက ဘယ်
သူဆိုတာလည်း သိနေကြပြီမဟုတ်လား။ ခုတော့အဲဒီလူပျော်အောင်၊ပိုပြီး ထိရောက်အောင် စာဖတ်သူတွေက ဝေဖန်တာလောက်ပဲ လုပ်မနေကြပါနဲ့ဗျာ။ သေသေချာချာဆန်းစစ်ကြည့်သုံးသပ်ကြည့်ကြအောင်လား။ ဦးဇော်ဇော်နဲ့ လူထုကို၊ဘောလုံးပရိသတ်တွေကို ရန်တိုက်ပေးတာ၊ ဦးဇော်ဇော် ဂုဏ်သိက္ခာထိခိုက်အောင်လုပ်ပြီး ကိုယ်မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ကြံတာ၊ ကိုယ့်အဖွဲ့နာမည့်လိုချင်လို့၊ကိုယ့်ရထားတဲ့နေရာလေး လက်မလွတ်စေချင်လို့ဦးဇော်ဇော်ကိုဓားစာခံလုပ်လိုက်တာဘယ်သူများလဲလို့။ တွေးကြည့်ရင်ပေါ်လာမယ်ထင်ပါတယ်။ ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ ဒါလောက်တော့မညံ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေ
က ဖီဖာမှာကမ္ဘာ့အဆင့် ကျဆင်းတာဘာလို့လဲဆိုတာသိတယ်။ လက်ရွေးစင်အသင်းကြီး ကစားခဲ့တဲ့ပွဲမှမရှိတာ။ ကျမှာပေါ့။
ဖီဖာရဲ့အမှတ်ပေးပုံပေးနည်း အခြေခံတွေကို လေ့လာထားသင့်တယ်။ ပြီးမှဝေဖန်ပေါ့။ ဘောလုံးအကြောင်းမသိတဲ့သူကတော့
ပြီးခဲ့တဲ့လ ကမ္ဘာ့အဆင့်ကျတာကို သဲသဲလှုပ်ပြောနေမှာပဲ---အရင်ကရော ဟိုးထိပ်ဖျားမှာရှိလို့လားပြန်ကြည့်ဦးနော်..ဟဲဟဲ။
ခုရော ဦးဇော်ဇော်ထက် မြန်မာ့ဘောလုံးလောကအကျိုးကို ပိုလုပ်ပေးနိုင်တဲ့သူများ ရှိသလားဗျာ။ရှိရင် ဦးဇော်ဇော်နဲ့ပြိုင်ရွေးခံ
ကြည့်ပါလား။ မြန်မာ့ဘောလုံးတိုးတက်ဖို့ဆိုဦးဇော်ဇော်မကလို့ဘယ်သူပဲလာလာ ကြိုဆိုတယ်။တစ်ခုတော့ရှိတယ် နောက်လူက အရင်လူထက်တော့ ပိုလုပ်နိုင်ရမယ်နော်။

Shin Myochit said...

Hi Ko Aung,can I suggest you that" YOU BETTER SHUT UP" you just don't see your personnel,PLEASE SEE FOR COUNTRY.

မန်းသား said...

Mirror Man ဆိုတဲ့ပုဂ္ဂိုလ်မေးထားတာလေးတွေထဲက သိသလောက်ကို ကျွန်တော်ဖြေကြည့်ချင်ပါတယ်။
၁။ ဒီပွဲဟာ ရတနာပုံအသင်းရဲ့၂၀၀၉ ခုနှစ်ကအိမ်ကွင်းဖွင့်ပွဲအပြီးမှာပြုလုပ် ခဲ့တဲ့ဂုဏ်ပြုညစာစားပွဲပါ..အဲဒီနေ့ကမီဒီယာတွေတော်တော်များများရှိပါတယ်။ မီဒီယာအသိုင်းအ၀ိုင်းကဆိုရင်တော့ ဒီပွဲကိုကောင်းကောင်းသိပါတယ်။
၂။ ဒေါက်တာစိုင်းမိန်းမ မဂျူလီတစ်ယောက်လုံးမြင်ရက်နဲ့ သူမဟုတ်ပါဆို တော့ ကျွန်တော်တော်တော်အံ့သြမိပါတယ်။ အဲဒါကိုကြည့် ရင် ခင်ဗျားက ဘာကိုဆိုလိုချင်နေလဲ၊ ဘာရည်ရွယ်ထားလဲဆိုတာ ကျွန်တော်ကောင်းကောင်း သဘောပေါက်မိပါတယ်။
၃။၂၀၀၉ ခုနှစ်က လုပ်ခဲ့တဲ့ညစာစားပွဲပါ။ ဒါကတော့ ဂျာနယ်သမားတွေ ကိုမေးကြည့်ရင်သိပါတယ်။ ကျွန်တော်လည်း ဂျာနယ်သမားတစ်ဦးဖြစ်လို့ ဒီပွဲကို ကိုယ်တိုင်ပါဝင်ခဲ့လို့ သိထားတာပါ။
၎။ ဓါတ်ပုံတင်တဲ့သူတွေအနေနဲ့ တခြားပုံတွေကို မတင်ပဲဘာလို့ ဒီပုံကိုပဲ တင်ရတာလဲဆိုတာ မေးကြည့်သင့်ပါတယ်။
၅။ ကျွန်တော့်အမြင် မဟုတ်တာလုပ်ရိုးမှန်ရင် ဦးဇော်ဇော် ငြိမ်နေ မှာသေချာပါတယ်။ ကျွန်တော်လည်း ဒီပွဲကိုတက်ခဲ့သူဆိုတော့ ဦးဇော်ဇော် အနေနဲ့ ယုန်ထင်ကြောင်ထင်အဖြစ်မခံဘဲ ပြန်ရှင်းတာကို သဘောကျပါ တယ်။
၆။ ၁ နှစ် ဒေါ်လာ ၂ သန်းကတော့ စာရင်းစစ်နဲ့ကျကျနနစစ်ထားတဲ့ အချက်အလက်တွေ ဘောလုံးအဖွဲ့ချုပ်မှာရှိပါတယ်။ စာရင်းပြဖို့ပြောတာ ကတော့ ကောင်းပါတယ်။ ကျွန်တော်လည်းပဲ ကြည့်ချင်ပါတယ်။ စာရင်း ဇယားကျကျနနလုပ်ထားပြီး စာရင်းစစ်ထားရတဲ့ အဖွဲ့အစည်းဖြစ်တာရယ်၊ ဖီဖာအထိတောင် တာဝန်ခံထားရတဲ့အဖွဲ့အစည်းဖြစ်တာရယ်ကြောင့် လိုအပ်ရင် စာရင်းထုတ်ပြဖို့ ခက်ခဲမယ်မထင်ပါဘူး။
၇။ ဘောလုံးအဆင့်ကျသွားတာကတော့ တော်တော်လေးပြောနေဆိုနေကြ ပါတယ်။ တကယ်ကတော့ လက်ရွေးစင်ပွဲကြီးမကန်နိုင်သေးလို့ အဆင့်ကျ သွားတာပါ။ဒါပေမဲ့သက်တမ်းလိုက်ပြိုင်ပွဲတွေမှာတော့အသင်းက တော် တော်လေးအခြေအနေကောင်းနေပါတယ်။ ခုဘရူနိုင်းပွဲကိုပဲကြည့်ပါ။ လက်ရွေးစင်ပွဲကြီးတွေပြန်ကန်ဖြစ်ရင် အဆင့်ပြန်တက်မှာပါ။
၈။ ဘယ်သူပြောပြောမယုံဘူးဆိုရင်တော့ ဘာမှမတတ်နိုင်ပါဘူးဗျာ

ဂွကြီး said...

ဒါလိုမျိုးတွေရက်ရောပြီးပေးနေတာတွေကို ဟိုတယ်လောကမှာတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေက အသိဆုံးပါ။ ဒီ့ထက်ဆိုးတဲ့မြင်ကွင်းတွေလဲရှိပါတယ်။
လုပ်ကြံပုံမဟုတ်ပါဘူး..ကာယကံရှင်ကိုယ်တိုင်လဲဝန်ခံထားပြီဘဲ။ နိုင်ငံရေးကြောင့်လုပ်ကြံတာမဟုတ်ပါဘူး။

minaungnaing said...

DONT be shy ok. yours play the time so happy. Now hole worlds know them you say dinner party. hee,, hee. nothing guy

minaungnaing said...

what are yours talking about . lamppar ti is. what you explane to people. until now want blane to people right. this is gentel MEN?ha,,,,haa

Anonymous said...

မြင်ယောင်သေးတယ် နောက်ဆို ဘောလုံးကြော်ငြာတွေကိုတောင် မယ်လိုဒီတို့ ဂျင်းနီ တို့ ပုံတွေ များပါလာမလားမသိဘူး မြင်ယောင်သေးတယ် Alpine ရေသန့်လဲ ကြော်ငြာတွေဘာတွေတောင်ပြောင်းမလဲ မပြောနိုင်ဘူး ဘာပဲ ပြောပြောပါ ဒီထဲ မှာယောက်ျားတော်တော်များများပါမယ်ဆို သားကြီးတို့ ရေ မင်းတို့ လဲ လက်ထဲမှာ ငွေကို ရေလိုသုံးနိုင်အောင်လုပ်ထားဟ နောက် ဆယ်စု နှစ် ၂ စုလောက်ဆို အခု အသစ်တက်လာမယ် မော်ဒယ်လေးတွေလဲ ဘယ်လက်ထဲမှ မရောက်ဘူးဆို တာအသေအချာပဲဟ (အမှန်အတိုင်းပြောတာနော်)

mirror man said...

ဖြိုးကိုကိုတင့်ဆန်း က MFF chairman ရာထူးကိုလိုချင်ပါတယ်။မယါးငယ် (၄)ယေါက် ရှိပါတယ်။ကြံ့ဖွတ်ကလဲဇော်ဇော်ကိုဖယ်၍ဖြိုးကိုကိုအား chairman ရာထူးပေးချင်နေပါတယ်။အခု MFF တွင် စိုးမိုး ထက် အိုကိုချာ နဲ့ ရဲမျိုးဟိန်း မှာ ပို ၍ လက်ဝါးစောင်းထက်နေပါသည်။အခုဓါတ်ပုံကိစ တွေကိုဝါဒဖြန့် ရှင်းပေးနေရလို့ပါ။ဆူးအောင် က အရူးပါ ဇော်ဇော် ရဲ့ မယားညိအကိုပါ ချောင်းသါ Max hotel ဆောက်တုန်းက တာဝန်ပေးထားပေမယ့် အခိုးလွန်ပြိး အချိန်ကိုက်မဖြစ်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရပါတယ်။အခုအပြင်မှာယောင်နေလို့ အလုပ်ပြန်ပေးထါးတါ

wanna tell said...

လာလိမ်နေတယ်
ပြည်သူတွေက ငပိန်းတွေမဟုတ်ဘူး KTV ခန်းမှာဆိုတာအသိသာကြီး
ငတုံးဇော်ဇော်မှတ်ထားရမှာက အများပြည်သူတွေမင်းလို မတုံးဘူးဆိုတာပါဘဲ
နောက်ပြီး ဒီငွေတွေဘယ်ကရသလဲ
real income လား? outside လား?
probability of real income = 1%
probability of outside.....= 99%

Phyo Thi Ha said...

အားကျတာလား ?? မနာလို တာလား ?? ဖြစ်အောင်လိုက်လုပ်လိုက်လေ .......
စောက်တလွဲ စောက်တင်း တွေ လုပ်ကြံနေတာ ရူးသွားကျပြီလား။ စောက်ရှက် လုံးလုံး မရှိသော သက်ဆိုင်သူများ ....................

LPTJEEP said...

အင်း ..တခုလောက်ပြောချင်ပါတယ် ..အခုပြောဆိုနေကြတဲ့အထဲမှာ..ဒီမိုပါဝါ နဲ့ မန်းသားတို့ ရဲ့ ဖြေကြားမှုများ ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ...၀ိုင်းဝန်းပြီးဝေဖန်နေကြတဲ့ သူများကရော ..ဦးဇော်ဇော် လို ဘယ်သူကိုယ်ကျိုးမကြည့်ဘဲ ..အများအကျိုး ဆောင်ရွက်ပေးခဲ့သူ ဘယ်နှစ်ယောက်များ ပါပါသလဲ ..အများအကျိုးအတွက်မဟုတ်ပါဘူး ..တစ်ဦးတစ်ယောက် ပေါ် ကောင်းကျိုးပြုမှု တွေရှိခဲ့ပါရဲ့လား ...မေးချင်ပါတယ်.. တိုင်ပြည်နဲ့လူမျိုးအပေါ် ကောင်းကျိုးပြု ခဲ့ကြပါရဲ့လား..လေသံဖမ်းတရားနာ ...ခွေးဝမ်းသာအောင်လေလည် ပေးတတ်တဲ့သူမျိုး ပါခဲ့ရင်တောင် တော်တော် ..ကျေနပ်စရာပါ ....ဦးဖော် .လုပ်ခဲ့တဲ့ အကျိုးပြုမှု တွေထဲက တစ်ခု ..သို့မဟုတ်...တစ်စိတ်တစ်ပိုင်း ..တိုင်းပြည်နဲ့လူမျိုးအပေါ် အကျိုးပြုမှုတွေ လုပ်ခဲ့သူဆိုရင် ဒီလို ဝေဖန်မငတွေလုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ယးဆပါတယ်..

zin linn htun said...

There is only two kind of people in the world.One is bad guys who always though on others with bad thinking.And the next is good guys who always though on others with good thinking.I know that case because at that time,I'm a staff of Novotel(now mdy hill resort hotel)as banquet supervisor and I was handled that event on pool side after yadanarbon FC won YGN Utd;.U Zaw Zaw was kind on not only actress and model and also on my staffs in Mdy hill resort hotel which I've seen myself.!

Moe Moe said...

ဇော်ဇော် မိန်မ ဌေးဌေးခိုင်နဲ့ သူသားနဲသ္မီး သနားပါတယ် ပိုက်ဆံရှိတော ထင်တိုင်းကျဲနေတာ နေတာပေါ့ ဒီပွဲမှာဇော်ဇော်မိန်မဘာလိုမပါ တာလဲ ၀န်ကြီးအိမ်သွားနေလိုလား

seazinyaw said...

နဂိုရှိမှ နကိုင်းထ တာပါ၊အာဏာရှင် အကြိုက် လိုက်ပြောပြီး စီးပွါးရှာရတာလွယ်ပါတယ်၊ လူနည်းစုကိုဘဲအာရမှာပါ၊ ပြည်သူကိုကြတော. လိမ် လို.မရ ပါ ဘူး၊ ယခု MNL ကအောင်မြင် နေတယ် လို.သင်ထင်ပါ သလား၊

seazinyaw said...

မြင်နိုင်စွမ်းလျှင် ဘောင်ချဲ့ ရ်ျကြည်.စေခြင်ပါသည် ဒီမိုပါဝါ

ko pwa said...

အရင် ဥက္ကဌ ဦးဝင်းအောင်ကို Goal Project အရ ဆောက်လုပ်ရေးလုပ်ငန်းတွေကို သူပိုင် ဒဂုံက နေလုပ်ဖို့ ဆောင်ရွက်ပါတယ် ဒါကိုမကျေနပ်တဲ့ အောင်ကိုဝင်းက သူ့ကိုဖြုတ်ပြီး ဆောက်လုပ်ရေးကိုလဲ ကမ္ဘေဇကလွှဲယူလိုက်ပြီး ဦးဇော်ဇော်ကို ခန့်လိုက်တာပါ ဦးဇော်ဇော် အခုလို ၀န်ခံတာကို ကြိုဆိုပါတယ် နောက်ကို မမှားအောင်နေပေါ့ဗျာ ဘောလုံးအဆင့်အတန်း တော့ အရင်ဥက္ကဌ ဦးဝင်းအောင် လက်ထက်က ပိုသာတယ်ဗျို့ သူ့လက်ထက်မှာ မာဒေးကားဖလားရလိုက်သေးတယ် အခုတော့ ....................... အင်း ဖြစ်လာမှာပါ မြန်မာက ဘယ်တော့မှ ကမ္ဘာ့အဆင့် ၂၀၀ ကျော်မှာ မဟုတ်ပါဘူး.. ဟဲဟဲ ဒါပေမယ့် လောင်းတော့ မလောင်းရဲဘူးနော် ကျော်ရင်လဲ ကျော်မှာပေါ့ ဟီးဟီး

freeair said...

မသိလို့ မေးပါစေ။ဦးဇော်ဇော် နာမည်အရင်းက ဦးတင်ဆန်းဆိုတာဟုတ်ပါသလား။

sitmonelu said...

ကဲ..အခု..ဘယ်လို လုပ်မလဲ..ကဲ အခု...ဘယ်လိုလုပ်မလဲ..

aungthapyayhtun said...

အလကားကောင်တွေ ငွေရှိရင်ဘာမဆိုလုပ်လို့ ရတယ်ထင်နေတဲ့ကောင်တွေ..မိုးကောင်းတုန်းရွာထားပေါ့ကွာ..တနှာရူးတွေ

leo said...

ဘာပဲပြောပြော နိုင်ငံရေးနဲ့မရောသင့်ဘူး..ကိုယ်လုပ်တဲ့ကိစ္စ မှန်မမှန်ဘုရားပဲသိတယ်...အထူးသဖြင့်...ဘယ်သူကပဲပုဂ္ဂိုလ်ရေးရာတိုက်ခိုက်ပါစေ...မဆိုင်တာကိုမပြောသင့်ဘူး... ခင်ဗျာကောင်းပါတယ်ဆိုခင်ဗျာကူညီတဲ့လူကပဲ ကောင်းတယ်ပြောမှာ...အဲဒါပဲကြည့်...ခင်ဗျာဘယ်နှယောက်တောင်ကူညီခဲ့လဲတော့မသိဘူး...ကောင်းတယ်လို့ပြောတဲ့လူ သုံးယောက်ပဲရှိတယ်...ကြိုးစားပါဦး...ဒီထက်ကောင်တဲ့ဆင်ခြေ..လက်ခံနိုင်မယ့်စကားလုံးမျိုး...အရမ်းနာမည်ကြီးတဲ့သူက...ပြောလိုက်တဲ့စကားတိုင်မှာ...အဓိပါယ်ရှိတယ်... ခင်ဗျာဖြေရှင်းတဲ့ဟာကြီးအဲလိုပြောလိုက်တော့ပိုဆိုးသွားတာပေါ့...

007 jambom said...

u zaw zaw i donot believe him.you are every happy. many have wife.

eddie said...

ဟိုအမျိုးသမီးတွေကဘာဒိုင်လဲ
ကွင်းလယ်ဒိုင်တွေလား ဟိဟိ
ငွေထိုးရင်ငွေလျော်တဲ.ချဲဒိုင်လဲမဟုတ်လောက်ဘူး
ငွေပေးရင် ---------လျော်တဲ.ဒိုင်တွေပဲနေမှာပါ
ဒါမှမြန်မာ.ဘောလုံးလောကခေါင်ဆောင်ကွ:(

ဆိတ်ဖွား said...

ဘယ်သူတွေဘာပဲပြောပြောပါ။
အိမ်ထောင်ရှိသူက ဒါမျိုးလုပ်လို့ရလား။
ဗုဒ္ဓဘာသာဝင်မှဟုတ်ရဲ့လား

gabarkyaw said...

intelligent people talk about ideas,
average people talk about things,
small people talk about other people.
so, what kind of people are you?

gabarkyaw said...

intelligent people talk about ideas,
average people talk about things,
small people talk about other people.
so what kind of people are you?

Maung said...

အိမ့်မှူးဇော်လေးသနားပါတယ်

tharyar said...

အင်း dinner နောက်ကွယ်က ပြကွက်ဆန်းဆန်းတွေ ရှိတယ်လေးဗျ။

aung said...

နိုင်ငံ အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနေသူမှန်ရင်..ဒီလို သတင်းတွေ ထွက်မလာသင့်ဘူး..မကောင်းဘူးလို့တော့ မပြောချင်ပါဘူး..ကောင်းခဲ့တာတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်..လူပြောစရာ ဖြစ်အောင် လုပ်ခဲ့လိုသာ အပြောခံရတာပါ..အမှန်ကို မြင်တဲ့ အမြင်မှန် ဖြစ်ပါစေလို စုတောင်းပါတယ်..ဆရာတော် အရှင်ဆေကိန္ဒရဲ့ စာလေး သတိရမိတယ်..ကလေးမှားရင် တစ်ပြား လူကြီးမှားရင် တစ်ဆယ်တဲ့..ဘယ်အမှားမှ မကောင်းဘူး တစ်ဆယ်က ပိုဆိုးတယ်တဲ့..ကို မန်းသားရဲ့ စကားလေး တစ်ခွန်းတော့ ကျွန်တော် ဝေဖန်ချင်ပါရဲ့ ရိုင်းသွားရင်တော့ sorryပါ..သူပြောထားတာလေးက..မဟုတ်တာ လုပ်ရိုးမှန်ရင် ဦးဇော်ဇော် ငြိမ်နေမှာပါတဲ့..မေးချင်ပါတယ် အကို့ အနေနဲ့ရော မဟုတ်တာလုပ်ထားလို့ ပေါ်လာခဲ့ရင် ငြိမ်ပြီး..နေမှာလား..ရေနစ်တဲ့ သူတွေတောင် သေရမယ်ဆိုတာ သိရက်နဲ့ ကောက်ရိုးမျှင်လေးက ငါအသက်တော့ ကယ်နိုင်ကောင်းရဲ့ ဆိုပြီး..ဆုတ်ကိုင်တက်ကြသေးတာပဲ..လောကမှာ လူတွေက ကိုယ် ကို ကိုယ် အချစ်ဆုံးပါ...

ဒေါပုံသား said...

အဲဒီ. ပိုက်ဆံတွေ ကိုတကယ် လိုအပ်နေတဲ့ သူတွေကိုသာပေးလိုက် ရင်တော်တော် ကုသိုလ်ရမှာ ပဲ နော် ..ခုတော့ ကုသိုလ် မ၇ ငရဲ ရ

sydney said...

pls answer the questions-
a. is he the top 10 tax payer to the country?
b. is he selling liquor, advertising as ph7, persuading people with lucky draw ?
c. how much do u think of his richness made by the blessing of........

Ma Ei said...

အပျော်အပါးအတွက်ပဲ လိုက်စားတဲံလူတွေကတော့ ဘယ်လောက်ပေးရပေးရပေါ့ ပေါနေတော့ ပို ထွက်တယ်လေ...။

ဟိဟိ said...

မန်းသား နဲ့ ဒီမိုပါဝါ
ခင်ဗျားတို့ သမီးပျိုလေးတွေကိုလည်း ဇော်ဇော်ထက်မနည်းရအောင်ဆုချချင်ပါတယ်။ နှစ်ကောင်သားဘောလောကတဲ့ ကြီးကြီးကျယ်ကျယ် ကိုယ့်ဘောကိုတောင်မနိုင်ဘဲနဲ့ ဘာဘောမှလာမပြောနဲ့.ဇော်ဇော်(cronies)က ချမ်းသာတယ်သူများသမီးပျိုတွေကိုဆုချတာ ၀ါသနာပါတယ်။သူ့သမီးတွေက ကလပ်တက်ပြီးငွေကိုရေလိုသုးံ ကမ္ဘာ့အဆင့်မီဘောသမားတွေကို ဆုချပြီး ပန်းကုန်းစွပ်တယ်။မန်းသားနဲ့ ဒီမိုပါဝါ မင်းတို့သိပ်ပြီးအားကျနေတယ်ဆိုရင် မင်းတို့ဆွေမျိုး သမီးပျိုစာရင်းတွေ တစ်ချက်လောက်လက်တို့ထားကြပါ လုးံဝမတရားမလုပ်ဘူး သူတို့လိုချင်သလောက်ဆုချရုံဘဲ။ဆုချတယ်ဆိုတာ အလကားချလို့ရသလားလို့။

60P said...

ကာလာအိုကေခန်းလို့ ပြောတဲ့ သူတွေတော်တော်ရူးတာပဲကွာ..ခက်တာပဲကွ...ကာလာအိုကေမရောက်ဖူးတာလား...မျက်စိပဲမကောင်းတာလားကွ...ခင်းထားတဲ့စားပွဲကအမြင့်ကြီးပါကာလာအိုကေကမျိုးတွေမဟုတ်ပါဘူး...ပီးတော့စားပွဲအပေါကရွှေရောင်ပိတ်စတွေကလည်းပေါင်ပေါခင်းတဲ့လက်သုတ်ပ၀ါတွေပါကွာ..ပီးတော့နောက်မှာလည်းစင်မြင့်အကြီးကြီးရှိပါသေးတယ်...လှေကား၃ထစ်နဲ့ စင်မြင့်ပါ..အခန်းကလည်းတော်တော်ကြီးပါတယ်...ကာရာအိုကေတွေအဲလောက်ကြီးတာအတွေ့ဖူးပါဘူး...ဒီလူတွေကာရာအိုကေသွားမယ်ဆိုလည်းဇော်ဇော်တို့ဒေါက်တာစိုင်းတို့သူသူသွားပီးဒီစော်တွေကိုပေးကမ်းမှာမဟုတ်ပါဘူး..ဒီစော်တွေကိုသူတို့ကိုယ်ပိုင်အိမ်ကိုဒရိုင်ဘာနဲ့ ခေါ်ခိုင်းပီးအိပ်ရင်ရနေတာပါပဲ...လူတွေအများကြီးရှေ့မှာလုပ်မှာတဲ့ လား...ဒီလူတွေအကောင်းတာတော့လုပ်မှာပဲလေ...ဒါပေမယ့်ဒီပုံမှာတော့မင်းတို့သေချာမကြည့်ပဲထင်နေတာတွေမှားနေတယ်...

g man said...

ဟုတ်တော့ကော်ဘာဖြစ်လဲ မတ၇ားလုပ်နေတာမဟုတ်ဘူး
ယုဇန ဌေးမြင့်လို့ ဆီအုန်းခြံမှာလူတွေကိုချွေးတပ်ဆွဲသလိုခိုင်းနေတာမျိုးကိုဝိုင်းဝေဖန်ကိုကြိုးစား
သင့်တယ်

g man said...

ဟုတ်တော့ကော်ဘာဖြစ်လဲ မတ၇ားလုပ်နေတာမဟုတ်ဘူး
ယုဇန ဌေးမြင့်လို့ ဆီအုန်းခြံမှာလူတွေကိုချွေးတပ်ဆွဲသလိုခိုင်းနေတာမျိုးကိုဝိုင်းဝေဖန်ကိုကြိုးစား
သင့်တယ်

Powered by Blogger.