နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား


 4 March 2012 —- ရွှေပြည်တံခွန်ကုမ္ပဏီလုပ်ငန်းစုမှ ၅ထောင်တန်ဖုန်းကိစ္စခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြုလွှာကို နိုင်ငံတော်သမ္မတထံနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌထံများသို့ တင်သွင်းလျှောက်ထားခဲ့ရာတွင် ယင်းအဆိုပြုလွှာသည် နိုင်ငံတော်သမ္မတထံသို့ မရောက်သေးကြောင်း ပြည်သူလွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားသွားကြောင်းနှင့် ယင်းအဆိုပါပြောကြားချက်ကို ရွှေလက်ချောင်းများသာရေးကူညီမှုအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ထံမှ သတင်းရရှိသည်။   
´´အဆိုပြုလွှာနှစ်စောင်ရေးတင်တာ၊ သမ္မတကြီးဆီသို့ တစ်စောင်၊ ပြည်သူ့လွှတ်တော်သို့တစ်စောင်၊ ပြည်သူ့လွှတ်တော်ထဲကိုတော့ စာရောက်သွားပြီပြောတယ်´ဟု ယင်းအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြောသည်။

နေပြည်တော်သို့ စာတင်ရာ၌ ဥပဒေကြမ်းအတွက် အဆိုတင်သွင်းလျှင်တစ်လ၊ သာမန်အဆိုတင်သွင်းလျှင် နှစ်ပတ်ကြာမည်ဆိုပါက  နောက် လွှတ်တော်အစည်းအဝေးလုပ်တော့မှသာ အဆိုပြုတင်သွင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ၄င်းက ထပ်မံရှင်းလင်းသည်။
Newday News weekly journal
နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ   မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား Reviewed by သစ်ထူးလွင် on 12:04 Rating: 5

17 comments:

tharzaw said...

Golden fingers ရေ ...
လွှတ်တော်ထဲရောက်သွားပြီဆိုတော့ နီးစပ်လာပြီပေါ့။

OZI said...

Parliament and Mr. President should activate each other for people's benefits. Proactive actions are required and should not hold red tape policy.

kk said...

နှစ်သိန်းတန်ဖုန်းဝယ်မလား ဒီငါးထောင်တန်ကဒ်ပဲစောင့်ဝယ်ကြမှာပေါ့ ..

မျိုးစင်ဆွေဆက် said...

အသိခေါက်ခက် အ၀င်နက်တဲ့...ရောက် စရာလိုသေးလားဗျာ သိနေပြီပဲ လုပ်ပေးလို့ လဲဖြစ်နိုင်နေတာပဲ..လုပ်ပေးလိုက်ပြီးပြီပေါ့ဗျာ..

leoumyo said...

ယုံရ ခက်ခက်ပဲ

leoumyo said...

ဖုန်းတင်မက ပြည်သူလူထုအတွက် ဖြစ်နိုင်သလောက် အဆင်ပြေအောင်လုပ်ကြပါဦးဗျာ ပြည်သူပြည်သားတွေ တစ်ရာမှာကိုးဆယ့်ကိုးယောက်က အဆင်မပြေသူတွေများတယ်

myat said...

မြန်မာပြည်သူပြည်သားတွေ မြန်မြန် ၅၀၀၀ တန်ဖုန်းကဒ် ကိုင်နိုင်ပါစေ...

Anonymous said...

Shwe pyi tagon . Why are you stay behind people now? Are you male or famale ? They said " your proposal was not received.

သားငယ်လေး said...

အဆိုပြုမှ ဖုန်းဈေးနှုန်းချပေးလို့ ရမှာလား။ စေတနာရှိရင် လုပ်ပေးလိုက်ပေါ့။ အခုလည်း လူတွေ အကုန်သိနေတာပဲကို။ ရွှေပြည်တံခွန်က ထုတ်မယ့် ဖုန်းပဲ ၀ယ်မယ်။ ငါးထောင်မကလို့ ငါးသောင်းပဲ ဖြစ်ဖြစ်။ ဖုန်းပြောခ သက်သာလို့ ။

ktd said...

ငါးထောင်တန်ဆင်းမ်ကဒ်ကို အများအကျိုးအတွက်ဆိုတာ တာဝန်သိကြတယ်ဆိုရင် ကြော်ငြာလုပ်ငန်းရှင်များ တံဆိပ်ရိုက်လုပ်ငန်းရှင်များ ဖက်ရှင်အမျိုးမျိုးနဲ့ အများသူငှာ ၀ိုင်းဝန်းပါဝင်အောင် ကူညီမှုပေးသင့်တယ်။
စတေကာများကိုလည်း ဘတ်စ်ကားများ၊ တက္ကစီယာဉ်များ၊ အနှေးယာဉ်တွေမှာ ကပ်ထားနိုင်ဖို့ ထုတ်လုပ်သင့်တယ်။ ဖြန့်ဝေသင့်တယ်။ တတပ်တအား ကူညီရန်အသင့်။ ။ ။

Anonymous said...

Do not buy this expensive ( not cheap ) GSM phone. Lets strike with unity and watch out really cheap phone.

မိုးညီသစ် said...

ပြည်သူတွေက ဘာမှ မပြောရင်ကော ဘာမှ မလုပ်ပေးကြတော့ဘူးလား။ ညံ့ဖျင်းတဲ့ အစိုးရလို့ အခေါ်ခံကြတော့မှာလား။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အစိုးရ အချင်းချင်းကတောင် အထင်သေးစရာပါ။ တရုတ်ဆိုရင် မြန်မာအစိုးရဆို ငါတို့ ကြိုက်သလိုလုပ်လို့ရတယ်လို့ သူတို့အချင်းချင်း ပြောချင်ပြောနေမှာ။ ဖုန်းကိတ်စလေး တစ်ခုတောင် ရေရှည်ဆွဲနေမယ်ဆိုရင် ကျန်တဲ့ ကိတ်စတွေဆိုရင် ဘယ်လို မျှော်လင့်ရပါ့မလဲ။ လက်လုပ်လက်စား ပြည်သူတွေ ဘ၀ကိုလည်းကိုယ်ချင်းစာကြပါဦး ဗျာ။ နိုင်ငံတိုင်းမှာ ဘာမှမဟုတ်တဲ့ သာမန် ဆက်သွယ်ရေးကိတ်စ လေးတစ်ခုကို ကိုယ့် ကိုယ်ကျိုးအတွက် အနိုင်မကျင့်ကြပါနဲ့လို့ဘဲ ပြောချင်တော့တယ်။

sexboy said...

မြန်မာပြည်သူပြည်သားတွေ မြန်မြန် ၅၀၀၀ တန်ဖုန်းကဒ် ကိုင်နိုင်ပါစေ...

sexboy said...

မြန်မာပြည်သူပြည်သားတွေ မြန်မြန် ၅၀၀၀ တန်ဖုန်းကဒ် ကိုင်နိုင်ပါစေ...

lusoelay said...

ခုခက်ချင်းထုတ်ပေး

mightkhae said...

မိုက်ခဲလေး
ပြည်သူ့လွှတ်တော်ဥက္ကဌဆီရောက်ပြီဆိုတော့နီးစပ်နေပြီပြောရမယ်ပေါ့
ဥက္ကဌကြီးရေမြန်မြန်လေးထုက်ပေးနိုင်အောင်ကြိုးစားပေးပါ
စောင့်မျှော်နေတဲ့ပြည်သူတွေလည်လည်ပင်းရှည်နေပီ
မျှော်လင့်နေပါရစေနော်

Unknown said...

အများစုကမျှောလင့်နေတာဖြစ်လို့ မြန်မြန်ခွင့်ပြုသင့်ပါတယ်ချင်ဗျာ။
ကျနော်တို့လည်း ၂ သိန်းတန် တောင်မှမကိုင်နိုင်တော့ ၅၀၀၀ တန်ကို စောင့်မျှော်နေပါတယ်.

Powered by Blogger.