နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်

မတ်လ ၂၀၊ ၂၀၁၂ ခုနှစ် (YPI)

အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဖူးခြင်း မရှိသူဖြစ်ရမည်ဟု  ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲမယ် ” ဟု YPI သို့ပြောသည်။

ဝါရင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ စည်းကမ်းချမှတ်ခြင်းသည် မလိုအပ်သော စည်းကမ်းချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေလည်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ၎င်းအနေဖြင့် သဘောမတူနိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကမူ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်သို့ သွားနေသောနိုင်ငံဖြစ်ကြောင်း ပြောကြားနေသူများအနေဖြင့် ဒီမိုကရေစီစနစ်ကို တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း ဝေဘန်ပြောဆိုသည်။

၎င်းကထပ်မံပြီး ယခုကျင့်သုံးနေသောစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သဖြင့် မည်သူမဆို၊ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ၀င်ရောက်ခွင့် ရှိသင့်သည်ဟုလည်း ပြောဆိုလိုက်သည်။
“ အခုအခြေအနေမှာ နိုင်ငံရေးဆိုတာ ကန့်သတ်ထားလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးလို့ပြောလာရင် အဲဒီသူက ခေတ်နောက်ပြန်ဆွဲတဲ့သူပဲ ” ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ကို လာမည့် ၂၃ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးဝင်များက မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။   

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် တနှစ်တာ ကာလအတွင်း ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ၊ အသစ်ပြဋ္ဌာန်းမှုများ၊ စနစ်နှင့် မညီလျှော်သည်များကို ပယ်ဖျက်မှုများ ပြုလုပ်လျှက်ရှိရာ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့်ဥပဒေတို့ ကိုပြဋ္ဌာန်းခဲ့သည်။      ။
ဒါရိုက်တာဝိုင်း (ဓါတ်ပုံ-Google Images)
နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက် နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက် Reviewed by သစ်ထူးလွင် on 05:38 Rating: 5

48 comments:

nationalism said...

they lied the people ,95% I don't believe in new goverment .

ဗိုလ်ဖြူ said...

ဒါရိုင်တာကိုဝိုင်းခင်ဗျား ကိုဝိုင်းရဲ့ အနုပညာရိုက်ချက်တွေကိုလေးစာမှတ်သာနေမိတဲ့သူတယောက်ပါ..ကိုဝိုင်းရဲ့ဒီမိုကရေစီနိုင်ငံသားတယောက်ဖြစ်ဖို့လုပ်ရှားမှု့တွေကိုလေးစာထောက်ခံပါတယ်

seazinyaw said...

ရုပ်ရှင်လောကသားများပါတီနိုင်ငံရေးနဲ.မပတ်သက်သင့်ပါ၊ ပြန်သုံးသတ်ကြပါ ပတ်သက်ခြင်လျှင် ဂုပ်ရှင်လောကမှ အနားယူပါ။ ထောက်ခံပါသည်၊ ကျွန်တော်ဟာ၈၈ ကျောင်းသားဟောင်းတဦးပါ။မမျှတမှူ.ကိုတွန်လှန်ပါမည်၊ မမှန်ကန်မှူ.ကို ဖြိုခွင်းပါမည်။ သို.သော် မသင့်လျှော်သည်ကို မလုပ်ပါ၊ သေချာစွာ စဉ်းစားကြည့်ကျပါ၊ လူတိုင်းနိုင်ငံရေးလုပ်နိုင်ပါသည်၊

yannaung said...

seazinyaw ဆိုတဲ့သူကိုမေးချင်ပါတယ်။ရုပ်ရှင်လောကသားများ ပါတီနိုင်ငံရေးနဲ့ မပါတ်သက်ရဘူးလို့ ဘယ်လိုအထောက်အထားတွေကြောင့် ပြောရတာလဲ။ခင်ဗျားဟာ ၈၈ ကျောင်းသားဟောင်းတယောက်ဆိုတာနဲ့ ဒီသုံးသပ်မှုနဲ့ ဘာမှမဆိုင်ပါလားဗျာ။ကိုယ့်ဟာကိုယ်သဘောမတူတာနဲ့ ၈၈ ကျောင်းသားဟောင်းဆိုတာကို ခုတုံးမလုပ်ပါနဲ့ လို့ သတိပေးချင်ပါတယ်။ ရုပ်ရှင်လောကသားများဟာ ၀န်ထမ်းများမဟုတ်ကြပါ။လွတ်လပ်သောအနုပညာရှင်များသာဖြစ်ကြပါတယ်။ လွတ်လပ်သောသူများ သူ့ သဘောနဲ့ သူပါတီဘဲဝင်ဝင် ပါတီဘဲထောင်ထောင် ဘယ်သူမှကန့် ကွက်ပိုင်ခွင့်မရှိပါ။

MMT said...

Seazinzaw ရေ တော်တော်ပေါတာပဲ
လူတိုင်းနိုင်ငံရေးလုပ်နိုင်ပါသည်၊
ရုပ်ရှင်လောကသားများ နိုင်ငံရေးနဲ.မပတ်သက်သင့်ပါ၊ ဆိုတော့ ရုပ်ရှင်လောကသားတွေက နတ်တွေလား။ ကိုယ့်ကို ကိုယ်ပဲ နားလည်အောင် အရင်လုပ်ပါဦး

Unknown said...

ဘာလဲဟ အထက်က ကောင်က အူကြောင်ကြား။ ၈၈ ကျောင်းသားကလဲ ဒီမိုကရေစီဆိုတာ ဘာမှန်းတောင် မသိရှာဘူး။ အူကြောင်ကြောင်ပါ။

melodysky said...

လူတစ်ဦးတယောက်က အဖွဲ့အစည်း တစ်ခု မှာပဲ၊တစုံတခုပဲလုပ်ခွင့်ရှိတယ်ဆိုတာ သဘာဝမကျပါဘူး၊သူတို့ လူကြီးပိုင်းတွေ ရာထူးအမျိုးမျိုး၊နေရာအမျိုး ပူးတွဲ ယူထားတာတွေရော၊စားပေါက်တွေအများကြီးယူထားတာတွေရော ရှက်တတ်ရင် လဲသေလို့ ရနေပြီ၊ရှက်ကြောပြတ်နေရင်တော့ မျက်နှာ ပြောင်ပြီး ဆက်လုပ်ကြဦးပေါ့

prosaiccollector said...

so funny .. do u mean only politician can do politics? nobody can't do politic except NLD, 88 students?? crazy...
What the reason ????

Lu Min Maung said...

လူတိုင်း နိုင်ငံရေးလုပ်နိုင်ပါတယ်။ ရုပ်ရှင်လောကသားများပါတီနိုင်ငံရေးနဲ.မပတ်သက်သင့်ပါ ဆိုတော့ သူတို့ကရော လူမဟုတ်ဘူးလား။ မင်းလဲ နိုင်ငံရေးလုပ်မယ်ဆိုနိုင်ငံရေးပဲလုပ် ဝေဖန်ရေးလေကန်ရေးလုပ်မနေနဲ့။
88 ကျောင်းသားဟောင်းမကလို 99 ကျောင်းသာဟောင်းပဲဖြစ်ဖြစ် ဘာလုပ်ရမှာလဲ 88 အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် ပန်းတိုင်တစ်ခုထဲကိုပဲသွားနေတာ ဘာကျောင်းသားဟောင်းတွေ ညာကျောင်းသားဟောင်းတွေလာလုပ်မနေနဲ့ အဲဒါတွေက အေ၇းမလဲမပါဘူး အေ၇းလဲမကြီးဘူး။ မင်းဘာကောင်ပဲဖြစ်နေဖြစ်နေ တိုင်ပြည်နဲ့ လူမျိုးအတွက် ကောင်းကြိုမပြုနိုင်ရင် အလားကားကောင်းပဲ.....

blacklover said...

ပြောတော့ကျတော့ ဒီမိုကရေစီ ပေးထားသလိုလိုနဲ့
ယူတော့ကျတော့သူတို့က အခွန်တွေတအားကောက်ပြီးတော့ဒီမိုကရေစီနိုင်ငံမို့တဲံ

Android Myanmar said...

ဒီနိုင်ငံရဲ့ အရွယ်ရောက်ပြီးတဲ့ လူတိုင်း (ရူးနေတဲ့လူတော့ မပါဘူးပေါ့ဗျာ) နိုင်ငံရေးနဲ့ ပတ်သတ်ရပါမည်။

tharzaw said...

ပြည်သူတွေနဲ့တည်ဆောက်ထားတဲ့ တိုင်းပြည်တိုင်း
တိုင်းပြည်တိုင်းမှာနေထိုင်တဲ့ မည်သည့်နိုင်ငံသားတိုင်းမဆို
(ကလေးကအစအဖိုးအို အမယ်အိုအရွယ်တိုင်)
နိုင်ငံရေးနဲ့ပတ်သက်ကြရမှာဖြစ်ပါတယ်။
နိုင်ငံရဲ့ အရေးကို နိုင်ငံသားတိုင်း လျစ်လျူရှုလို့ မရပါဘူး။
အင်း... ကြာရင် ဆဲမိတော့မယ် ပြန်ကြားရေးဝန်ကြီးဆိုတဲ့ကောင်ကို။

chusinmye said...

ပြန်ကြားရေးဝန်ကြီး နိုင်ငံရေးဆိုတာရောနားလည်ပါသလားဗျာ... ဒီနိုင်ငံအတွင်းမှာနေတာ ဒီနိုင်ငံရေးကိုမလုပ်ရင်ရင် ဘယ်နိုင်ငံရေးသွားလုပ်ရမှာလဲ.... လမ်းမပေါ်မှာအမှိုက် တစ်ပင် ကောက်ပြစ်ဘူးသူလဲ နိုင်ငံရေးလုပ်တာပါ... အမှုက်ရှုပ်အောင်လုပ်တဲ့သူလဲနိုင်ငံရေးလုပ်တာပါ... ဘာလို့လဲ သူအတွက်မဟုတ်ဘူးလေ နိုင်ငံတော်လမ်းတွေရှင်းအောင်လုပ်တာ နိုင်ငံရေလုပ်တာပဲ..ရှုပ်အောင်လုပ်တာလဲ နိုင်ငံအရေးပဲ... လူတိုင်းနိုင်ငံရေးလုပ်နေတာပါ... ခင်ဗျာလဲနိုင်ငံရေလုပ်နေတယ်...ခုလုပ်တာ နိုင်ငံတော်အတွက်လုပ်တာမို့လား.. အဲ့ဒါလဲနိုင်ငံရေလုပ်လို့ခေါ်တယ်.. ဒါပေမဲ့ရှုပ်အောင်လုပ်နေတယ်... ခင်ဗျာပြောတဲ့နိုင်ငံရေးဆိုတာဘာလဲ... နာလည်လို့လား သိရေသိလား သူများနိုင်ငံရေးဆိုတိုင်းနိုင်ငံရေပြောနေတယ်လို့ထင်ပါ.. အဲ့လို လူတွေကြောင့်လဲ မြန်မာနိုင်ငံတော်ကြီးခုလိုဖြစ်နေတာ.... အဲ့စကားပြောတာရှက်တတ်ရင်သေလို့ရတယ်.... ဝမ်းနည်းမဲ့လူကတော့ခင်ဗျားမိသားစုပဲရှိမှာသေချာတယ်...

ုkyaw said...

ဒါကတော့လူ့အခွင့်အရေးကိုပိတ်ပင်တာပဲ ဒီလိုလိုက်ပိတ်နေမယ်ဆိုစစ်မှန်တဲ့ဒီမိုကရေစီဖြစ်လာမှာမဟုတ်တော့ဘူး

susu said...

‌တော်‌တော်ေ ကြာင်တဲ့အ‌တွေးအ‌ခေါ်ဘဲ..ရုပ်ရှင်‌လောကသား‌တွေပါတီနိုင်ငံ
‌ရေးမလုပ်ရဘူးဆိုရင်..ဆိုက်ကားသမား‌တွေ‌ရော..ဒရိုင်ဘာ‌တွေ‌ရော
ကိုယ်ပိုင်စီးပွါး‌ရေးလုပ်‌နေတဲ့သူ‌တွေ‌ရော..စာ‌ရေးဆရာ‌တွေ‌ရော..?????

Anonymous said...

ဟုတ်တယ် နည်းနည်းဖြစ်ရင် နိုင်ငံရေးပါတီ ကင်းရှင်းရမယ် ဘာမယ်နဲ့
နေရာတိုင်းမှာ..ဒါကြောင့် နိုင်ငံသားတွေဟာ နိုင်ငံရေးအသိမရှိကြတော့..နိုင်ငံခေါင်းဆောင်ဆိုသူတွေ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေရဲ့ ပြောရာကို ဟိုနိုးနိုး ဒီနိုးနိုး ရောင်နေလိုက်ကြတာ စိတ်ပျက်စရာပါပဲဗျာ...
မြန်မာနိုင်ငံသူ/သားတွေကို အသိပေးချင်တာကတော့ ဘယ်သူပြောပြော မယုံပါနဲ့.. အသိနဲ့ယှဉ်ကြပါ...လက်တွေ့ဖြစ်နိုင်မဖြစ်နိုင်တွေးကြပါ.. ဗဟုသုတများများရှာရအောင် မှန်ကန်တဲ့ စာပေများများဖတ်ရှုကြပါ..
ဝါဒဖြန့်စာတွေ မဖတ်ပါနဲ့..
စေတနာဖြင့် ပြောတာပါနော်..

Android Myanmar said...

seazinyaw ဆိုတဲ့လူ...
ခင်ဗျား ၈၈ ကျောင်းသားမဟုတ်ဘူး.... ၈၈ ကျောင်းသားအမည်ခံပြီး ၈၈ ကျောင်းသားတွေကို နာမည်ပျက်အောင်လုပ်နေတာ.....

Golden Eye said...

ဘာလို့ လျှောက်ပြောနေကြတာလဲ
ဒီမိုကရေစီဆိုတာဘာလဲ
နိုင်ငံရေးဆိုတာရော ဘယ်လောက်သိကြလို့လဲ
နိုင်ငံရေး နိုင်ငံရေးနဲ့ နားကြားပြင်းကပ်လာပြီ
ဘယ်သူမဆို ကိုယ်ရာထူးရရင် ကိုယ်အမျိုးအရင်ကြည့်မှာပဲ
ဒါရိုက်တာ ၀ိုင်း သူ့ကားတွေ တစ်ကား တစ်လေ ဇာတ်လမ်းကောင်းလို့ ကြည့်လို့ကောင်းခဲ့ပါတယ်
ဒါတောင် ၀တ္တုဇာတ်လမ်းကောင်းလို့ သူကောင်းတာလို့ ပြောကြတယ်
ဒါပေမယ့် မြန်မာဒါရိုက်တာ မြန်မာကားဘယ်လောက်ကောင်းလို့လဲ
ရုပ်ရှင်လောကတိုးတက်အောင်လုပ်မယ်ဆိုပြီး
ကိုယ့်ရိုက်တဲ့ကား အကုန်လုံးကို မြန်မာပရိသတ် အကုန်ကြည့်ချင်လာအောင်ပဲ စွဲဆောင်ကြည့်ပါအုံးလို့ တိုက်တွန်းချင်တယ်
အခု NLD အတွက်မဲပေးမယ့်ကားကြည့်ဖြစ်တယ်
ဘာဆွဲဆောင်မှုမှ မရှိဘူး
ကျူပ်က ဘယ်ဘက်ကမှ မဟုတ်ဘူး
တော်တဲ့သူ ကို အားပေးမယ်
ဒါပဲ

ရန်ကုန်သူ said...

နိုင်ငံရေး ဆိုတာ နိုင်ငံသား အားလုံးရဲ့အရေး မို့လို့ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်။ လွှတ်တော်အမတ်၊ သမတ၊ ၀န်ကြီးချုပ် အားလုံးဟာ ပြည်သူတွေက မဲပေးပြီးရွေးချယ်ထားတဲ့သူတွေ ဖြစ်ရမယ် ဆိုတော့ ပြည်သူတွေ က ဒီ ကိုယ်မဲပေးရမဲ့သူ နဲ့ မဲပေးရမဲ့ ပါတီ အကြောင်းကို သိရှိနားလည်ရမယ်။ အဲဒီတော့ နိုင်ငံရေး ကို ဟိုလူပဲ လုပ်ရမယ် ဒီလူပဲ လုပ်ရမယ်လို့ ကန့်သတ်ပိုင်ခွင့်မရှိဘူး။ ဒီမိုကရေစီ ပေးဖို့အစီအစဉ် မရှိရင် လဲ ရဲရဲဝင့်ဝင့် ပြည်သူတွေ ကိုရော နိုင်ငံတကာ ကိုပါ ၀န်ခံ ဖွင့်ချပြော။ ပြောတော့ ဒီမိုပရေစီ လမ်းကြောင်းဆိုပြီး ကန့်သတ်ချုပ်ချယ်မှုတွေချည်းပဲ။ ဒီမိုကရေစီ အရောင်ပြနေတာ ဘာ လို့လဲ၊ အာရပ်နိုင်ငံ တွေ မှာ စစ်အာဏာရှင်တွေ လူထုက ပက်ပက်စက်စက် ပြန်တော်လှန်ကြတာတွေ တွေ့ပြီး ကြောက်သွားတာလား။ မြန်မာ စစ်ခေါင်းဆောင် လူရိုင်းစိုင်းတွေရဲ့ ရုပ်မာမှုကို မြန်မာတွေ အသိဆုံးပဲ။ အဲတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖေါ်ဆောင်ရေး ဟာ နိုင်ငံသားအားလုံးမှာတာဝန်ရှိတယ်။

lovely dream said...

ိုဟို အပေါ်က ၈၈ ကျောင်သားဟောင်းပါဆိုတဲ့ လူရေ ...ဘာလဲဟ ...ဘာဆိုင်လဲ မင်း ၈၈ကျောင်းသားဟောင်းဖြစ်တာနဲ့  ဒီကိစ္စနဲ့...ဘာလဲ ၈၈ တုန်းက သူငယ်တန်းလား ပထမတန်းလား..........နိုင်ငံသားတိုင်းက နိုင်ငံရေး( ကိုယ့်နိုင်ငံရဲ့  အရေး) ကို လုပ်ရမှာပဲ...

ရန်ကုန်သူ said...

nationalism said...

they lied the people ,95% I don't believe in new goverment .
Hello nationalism, you still believe them 5%? I do not trust NEW government & never trusted OLD government as well. Wake up people...
Current President U Thein Sein = Ex PM Thein Sein,
and the others .....all hand picked by Than Shwe.

lovely dream said...

ဘာလဲဟ ...အပေါ်က ၈၈ကျောင်းသားဆို တဲ့လူရေ....နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း နိုင်ငံရေး ( မိမိနိုင်ငံရဲ့အရေး) ကိုလုပ်ရမယ်ဆိုတာ ခင်ဗျားမသိဘူးလား........ဘာလဲ ၈၈ကျောင်းသားဆိုတာ ၈၈တုန်းက သူငယ်တန်းလား ၁ တန်းလား......

thihathuya said...

အနောက်နိင်ငံနှင့်နိင်ငံတကာကရုပ်ရှင်လောကသားတွေလည်း
နိင်ငံရေးမှာပါဝင်လှုပ်ရှားနေကြတာပဲ.အာနိုးတို့လိုပေါ့.ရုပ်ရှင်လော
ကသားလည်းလူသားတွေမို့.လူအခွင့်ရေးအတွက်ပါဝင်ဖို့..၁၀၀%
အခွင့်အရေးရှိပါတယ်..ခင်ဗျာ))))

thant said...

ရုပ်ရှင်လောကသားတွေ နိုင်ငံရေးမလုပ်ရဘူးဆိုရင် ကျော်ဆန်းရေ
မင်းလည်းစစ်သားကနေလာတာ...စစ်ထဲသွားပြီးစစ်တိုက်ပေတော့
နိုင်ငံရေးလာမလုပ်နဲ့...အမေစုကပြောဘူးတယ်...အိမ်မှာထမင်းချက်ရတဲ့
အိမ်ထောင်သည်အမျိုးသမီးတွေလည်းနိုင်ငံရေးလုပ်နေတာပဲတဲ့...ဆန်မရှိပူရ
ဆီမရှိပူရ..အဲဒါနိုင်ငံရေးပဲတဲ့...မင်းတို့လိုနိုင်ရေးကို ခုတုံးလုပ်ပြီးစီပွားရှာမှာ
မဟုတ်ဘူး ခွေးကြီး

Ma Ka Tha said...

အပေါ်က ၈၈ကျောင်းသားဆို တဲ့လူရေ.
ခင်ဗျားမကြောက်ရင် ခင်ဗျားဘဲ ခံရမှာ၊ ခင်ဗျားကြောက်ရင် ခင်ဗျားရဲ့ မျိုးဆက် တစ်ခုလုံးခံရမှာ။.

007 jambom said...

lovely dream write do u know democacy. 88 where are u?

pyaponthu said...

ကိုယ့်နိုင်ငံကိုချစ်သူတိုင်း ကိုယ့်နိုင်ငံရဲ့ အေ၇းကိုစိတ်ဝင်စားကြသည်။ဒါကြောင့်နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့်ဆိုင်သည်။ထိုကြောင့်နိုင်ငံသားတိုင်းသည် နိုင်ငံရေးကို သိရမယ်။နိုင်ငံရေးကိုစိတ်မဝင်စားတဲ့သူတွေ တော့ရှိတယ်။အဲ့ဒါက မြန်မာနိုင်ငံမှာ ခိုးဝင်၊ဗြောင်ဝင်ပြီးမြန်မာ နိုင်ငံသားလုပ်နေတဲ့တရုတ်တွေ။ဒီလူတွေကိုထည့်တွက်လို့မရ ။သူတို့ကသာမှ နေမဲ့ကောင်တွေ။နိုင်ငံရေးကင်းရှင်းရမယ်ပြောတဲ့သူရူးလို့ဖြစ်မယ်

Anonymous said...

sezinyaw,

Think this..

Naing Gan Yae = Crime?

ko htoo said...

၈၈ ကျောင်းသားတို့၊ Golden eye တို့က အရေးလုပ်စရာမဟုတ်ပါဘူး။ သူတို့က ကျီးကန်းပီပီ ဒေါင်းတွေကိုမြင်တော့ မနာလိုစိတ်နဲ့ ဝိုင်းအာကြတာပါ။ ဒီကောင်တွေနဲ့ ပြိုင်အာနေဘို့မလိုပါဘူး။ သတိထားရမှာက ကိုညီထွေးဆိုတဲ့ ကျီးကန်းပါ။ သူက ကျီးကန်းတန်မဲ့ ကျီးလိုမအာဘဲ ခိုယောင်ဆောင် ခိုလိုညည်းပြီး ဒေါင်းအုပ်နားကပ်လာတဲ့ကောင်။

မြန်မာနိုင်ငံသား said...

အနုပညာသမားတွေကိုဒီမိုကရေစီမလုပ်ရဘူးလို့တားတာက အမေစု ကိုအထောက်အပံ့တွေပေးနေတဲ့အသိုင်းအ၀ိုင်းကို ဖျက်ချင်တဲ့သဘောရှိတယ်ဗျ..ဘာလို့လဲဆိုတော့ အမေစုကို အဓိက ကူညီထောက်ပံ့ပေးနေတာ သူတို့တွေပဲလေ...၈၈ ကျောင်းသားဟောင်းလို့သူ့ကိုပြောမယ့်အစား ခွေးတစ်ကောင်ကို လက်ညှိုးထိုးပီး အဲဒါ ၈၈ ကခွေးပေါ့လို့ပြောရင်ပိုအဆင်ပြေမယ်နဲ့တူတယ်ထင်တယ်..

မြန်မာနိုင်ငံသား said...

အနုပညာလောကသားတွေကို နိင်ငံရေးမလုပ်ရဘူးလို့ပြောတာက ..အမေစု ကိုတစ်နည်းအားဖြင့် နှိပ်ကွပ်ခြင်းတစ်မျိုးပဲဗျ..ဒီလောကသားတွေတော်တော်များများက အမေစု ကိုထောက်ပံ့အားပေးနေတာ များတယ်လေ..ဒီလူ့ကို ၈၈ ကျောင်းသားဟောင်းလို့ပြောမယ့်အစား ခွေးတစ်ကောင်ကိုလက်ညှိုးထိုးပီး အဲဒါ ၈၈ ကခွေးလို့ပြောလိုက်မယ်...(ကျန်သည့် ၈၈ ကျောင်းသားဟောင်းများကို မရယ်ရွယ်ပါ) ၈၈ ကကျောင်းသားနောင်တော်တွေကိုလေးစားပါတယ်...အသားထဲကလောက်ထွက်တွေကိုတော့ အော့နှလုံးနာပါတယ်ခင်ဗျာ....

စိုးလွင်ဥိး said...

ကြက်အာသီးနဲ့ တူတဲ့  seazinyaw ရေခင်ဗျားကိုတော့
လူတွေကဝေဖန်နေကြပြီ။လူစိတ်မရှိကြတဲ့ ကြံ့ /ဖွံ့ အဖွဲ့ ဝင်တွေကတော့
ခင်ဗျားကိုထောက်ခံကြမှာပဲ။ကွန်မန့် တွေကလည်းအနုပညာ post ကနေ seazinyaw post လားအောင်းမေ့ရတယ်။

ူလွမ်းသူ said...

၈၈ ကျောင်သားကြီးကို လူခွင်.ရေသင်တန်းတို. ဥပဒေသင်တန်းတို လူထုအဒိကလူအဖွဲ.စည်း ဒီမိုကရေစီးတိုသင်တန်းသွာပေလိုက်ြ့ကပါဦးအဲဒီးလူ၈၈ကျောင်းသားတောမဖြစ်နိုင်ဘူးအရူးဘာတွေပြောနေလဲမသိဘူး

Unknown said...

ပြန်ကြားရေးဝန်ကြီးဌာနက အလကား အရူးချီးပန်း ဥပဒေပါကွာ နံလိုက်တာ ရွံဖို့ကောင်းတယ်....ထွီ....ထွီ.......

kyaw said...

ကြံ့ဖွတ်ပါတီစချိန်မှာ CEC အားလုံးဟာ နိုင် ငံ့ ၀န်ထမ်းဖြစ်ြု့ပျီိးုကျန်ဝန်ထမ်းတွေကိုတော့ ပါတီ နိုင်ငံရေး ကင်း ရ မယ် တဲ့
အစကတည်းကိုက ပြည်သူတွေကို ညစ်ပတ်ခဲ့တာ
နောင်လည်း သူတို့ ဆက်လုပ်နေမှာဘဲ

ငပု

win said...

အလကားမဟုတ်တာတွေနဲ့အချိန်ကုန်နေရတယ် ဒီလိုအမိန့်ကိုထုတ်တဲ့ကောင်ကိုကတော်တော်ကိုသောက်သုံးမကျတာ(နိုင်ငံရေးနှင့်ပတ်သက်ဖူးခြင်းမရှိသူဖြစ်ရမည်)ဒါဆိုရင်တော့ ဘယ်သူ့ကိုမှ လည်းခန့်မနေနဲ့တော့ အဲ့ဒိအဖွဲ့ကိုလည်းဖွဲ့မနေနဲ့တော့ မဖြစ်နိုင်တာကို တိုင်းပြည်မှာဒီကောင်မျိုးတွေအုပ်ချုပ်နေလို့မွဲနေတာ၊

Anonymous said...

ဘယ်သူမဆို ကိုယ်ရာထူးရရင် ကိုယ်အမျိုးအရင်ကြည့်မှာပဲ..ဆိုတဲ့..Golden Eye
မင်းလိုစိတ်ဓာတ်မျိုးရှိသူတွေပဲ နေရာယူခဲ့လို့ ဗမာပြည် ဖွတ်ဖြစ်နေတာ..
မင်းလိုကောင်မျိုး.. တရားမျှတ စစ်မှန်တဲ့ မဲပေးစနစ်နဲ့ ရပ်ကွက် ခေါင်းဆောင်အဆင့်ပဲ.. ၀င်အရွေးခံကြည့်။ တစ်မဲမှတောင်ရမှာမဟုတ်ဘူး။ လူတွေဆိုတာ အားမတန်လို့ ခေါင်းငုံ့ခံနေရပေမယ့် ကိုယ့်အပေါ်မှာ ကောင်းတဲ့လူလား၊ မကောင်းတဲ့လူလားဆိုတာ သဘာဝအသိအရကို သိတယ်ကွ။ မင်း လိုလူတွေက ဒီလိုအတွေးအခေါ်တွေ ရှိနေတာ ရှက်စရာကောင်းမှန်းကို မသိနိုင်လောက်အောင် စိတ်ဓာတ်တွေ ပျက်စီးချို့ယွင်းနေလို့ လူသိရှင်ကြား အဟုတ်ကြီးမှတ်ပြီး ထုတ်ပြောနေတာပေါ့။ တကယ့် စစ်မှန်တဲ့ လူ့အသိုင်းအ၀ိုင်းကြားမှာ မင်းလို လူတွေအတွက် နေရာမရှိဘူး Golden Eye.

thinzaroo said...

Golden Eye ဆိုတဲ့အကောင် မင်းJames Bon ကားတွေကြည့်ပြီးမြန်မာပြည်ရုပ်ရှင်တွေအကြောင်းလာဝေဖန်နေ
သေးတယ်၊ မင်းက ဟိုဘက်ဒီဘက်ခွဲနေရအောင် ဗမာပြည်က နှစ်ခြမ်းကွဲနေလို့လားသားရယ်၊ NLD ကိုမကြိုက်တဲ့လူကို ကြံ့ဖွတ်ကလို့လဲဘယ်သူမှမပြောဘူး
မင်းက ကြံ့ဖွတ်ကဆိုတာဝန်ခံနေသလိုဘဲ့

nanda said...

နိုင်ငံရေးလုပ်တဲ့အနုပညာရှင်တွေကတော့ ပြည်သူတွေအတွက် သူရဲကောင်းစစ်စစ်တွေ ဖြစ်လို့  အလေးပြုပါတယ်
ဟို.... seazinyaw.... ဆိုတဲ့ကောင်ကိုတော့ .....ဒါဘဲ..သဘောပေါက်
၈၈ ဆိုဘီး ကြံ့ ဖွတ် ပဲဖြစ်မယ် (ကျက်သဒုံး)

Shin Myochit said...

Dear DirectorWyne,This is my experience,I dont offend anyone.
After watching your video,I realize how to vote and how to differentiate between right party and wrong party.I appreciate your high light.I admire you and group.Excellent.....Keep it up.Thanks for all talented performers.

Golden Eye said...

ဟေ့ကောင်တွေ မင်းပြောတဲ့ အမှုဆောင်ဆိုတာကို ဆိုလိုတာ မဟုတ်ဘူး။ ဘယ် NGO ပဲဖြစ်ဖြစ် NGO အဖွဲ့ဝင်တွေဟာ ပါတီ နိုင်ငံရေးကင်းရှင်းရမယ်လို့ပြောတာ။
ရုပ်ရှင်အစည်းအရုံးဖြစ်တဲ့ NGO အဖွဲ့ဝင်တွေဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာက သူ့တစ်ခုထဲမဟုတ်ဘူး ၊ စာပေစာနယ်ဇင်း ဖွဲ့စည်းပုံစည်းမျဉ်းထဲမှာပါတယ် ။ မင်းတို့ မဖတ်ကြဘူးလား။ လက်ရှိရုပ်ရှင်အစည်းအရုံး တည်မြဲအမိန့်ထဲမှာလဲ NGO အဖွဲ့ဝင်တွေဟာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပါတယ် ဖတ်ကြည့်ကြအုံး

Golden Eye said...

ရုပ်ရှင်အစည်းအရုံးမှ ဖွဲ့စည်းရေးဆောင်ရွက်နေတဲ့ စိန်တင်ဟာ ဥက္ကဋ္ဌအနေနဲ့ (12)နှစ်လုပ်ခဲ့တယ် ။ သူလုပ်ခဲ့တုန်းကလည်း ထောက်လှမ်းရေးလူကြီးရဲ့ အရှိန်အ၀ါယူပြီး အာဏာရှင်ဆန်ဆန် လုပ်ချင်တာလုပ်ခဲ့တာ လောကသားအားလုံးအသိပဲလေ။ လောကကောင်းကျိုးဘာမယ်မယ်ရရမှ မလုပ်ခဲ့ဘူး။ အဖေ ဥက္ကဋ္ဌ ၊ သား အတွင်းရေးမှူးလုပ်ပြီး လုပ်ချင်တာလုပ်ခဲ့တာပဲ။ စိန်တင်ကြီးကို မျိုးမင်းတို့ နွဲ့နွဲ့စန်းတို့ ကောင်းကောင်းဆဲဆိုပြောခဲ့ ကြသေးတာပဲ။ 2004 ခုနှစ် ဥက္ကဋ္ဌလွှဲတုန်းကလည်း အစည်းအရုံးငွေသိန်း(400)လောက် ကိုယ်ကျိုးသုံးခဲ့ပြီး ယခု အချိန်အထိ အကြွေးပေါ်နေတယ်။ အခုအစည်းအရုံးအဖွဲ့ အသစ်ဖွဲ့ချိန်မှ အသံကောင်းလာဟစ်နေတယ်။ စိန်တင်လို လူမျိုးပြန်ပါလာရင် လောကသားတွေ နောက်တစ်ခါ ………………….. ခံရပြီသာမှတ်

ချစ်သော မြနဒီ said...

seazinyaw
ကိုယ့်နာမည်ကိုကိုယ်ကြိုက်ရာပေးပိုင်ခွင့်ရှိပါတယ်။ကြိုက်သလိုပေးပါ။နတ်သားလေးပဲဖြစ်ဖြစ်ငခွေးပဲဖြစ်ဖြစ်ပေါ့။
ဒါပေမဲ့...၈၈ကျောင်းသားမျိုးဆက်အမည်ကိုယ်နဲ့မသင့်တော်ပဲမသုံးစွဲပါနဲ့။
ကိုယ့်လုပ်ရပ်ကိုယ့်အပြောက၈၈ကျောင်းသားမျိုးဆက်တွေရဲ့လုပ်ရပ်နဲ့မတူ
ပဲအတင်းနာမည်ဆွဲမသုံးပါနဲ့။ ၈၈ကျောင်းသားမျိုးဆက်ဆိုတာ ထိုက်တန်သူတန်ဖိုးရှိသူတွေသာပညတ်ရမဲ့သီးသန့်အမည်မျိုးဆိုတာသဘောပေါက်သင့်ပါတယ်။နောက်ဆုံးပြောပါမယ်။ ဒီငြိမ်းလင်းလိုလူငယ်လေးတယောက်ကို၈၈ကျောင်းသားမျိုးဆက်သစ်လို့ဆိုရင်သာလှိုက်လှိုက်လှဲလှဲလက်ခံကြိုဆိုလိုက်မယ်။ဘာကြောင့်လဲ? ဒီလူငယ်လေးက၈၈အရေးအခင်းကိုမမှီလိုက်သော်ငြားလည်း ၈၈ကျောင်းသားစစ်စစ်တို့ရဲ့သွေး....သူ့ကိုယ်ထဲမှာစီးဆင်းနေလို့ပဲ။
ဒါကြောင့် seazinyawရေ...၈၈ဆိုတဲ့နာမည်ကိုအလွယ်တကူခုတုံးမလုပ်ပါနဲ့။
မြနဒီ

chitthu said...

မင်းတို့ဘယ်လောက်သိလို့လဲ ၊ အခုပဲ ရွေးကောက်ပွဲ မလုပ်ရသေးဘူ အထဲမှာတင် ကွဲပြီး ပြဲပြီ။ ဘယ်သူပါဝင်ရွေးခွင့်ရှိတယ် ၊ ဘယ်သူပါဝင်ရွေးခွင့်မရှိဘူးဆိုတာတွေက ဘာစည်းမျဉ်း စည်းကမ်းမှမရှိဘူး။ ထုတ်ပြန်ထားတဲ့ ကိုက်ညီရမယ့်အချက်အလက်တွေကို တစ်ပြေးညီ မစဉ်းစားဘဲ သူ့ကျတော့ တစ်မျိုး ငါ့ကျတော့ တစ်မျိုးနဲ့ လုပ်ချင်သလိုလုပ်နေတယ် အရင် နာယကဆိုပြီး ဘေးထိုင် ဘိုင်ကျ ဘုပြောနေရာကနေ အခုလို ရိုက်စရာ တုတ်ရှိတော့ အဲဒီတုတ်က ဘယ်ကိုမှ ဦးမတည်ဘူး လောကသားထဲက သူတို့အမြင်မကြည်လင်တဲ့လူ သူတို့နဲ့မတည့်တဲ့လူကိုပဲ ဦးတည်တာပဲ အခုမှ တုတ်ရသွားတော့ ရိုက်စရာလူကိုရှာ ရိုက်ရတာပေါ့ကွာ သူတို့ ပေးချင်တဲ့ လူကျတော့ အချိန်မရှိလို့ သေချာမစိစစ်ရလို့ အကြောင်းပြတယ်။ သူတို့မပေးချင်တဲ့လူကျတော့ လွန်ခဲ့တဲ့ (10)နှစ်အထိ နောက်ကြောင်းပြန်တယ်။ အဲဒါ သမာသမတ်ကျတဲ့ အဖွဲ့လား ။ ဘာမှ မထူးပါဘူး။ အရင်လိုပဲ လာကြ လုပ်ကြ အာဏာပြကြ ကိုယ်ကျိုးရှာကြနဲ့ ``နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်းထက်ကဲ`` ပဲ ဖြစ်ကြအုန်းမှာပဲ။ အဲဒါကို ကိုယ့်လူတို့ယုံကြ ၊ ငါကတော့ ဒီရွေးချယ်ပွဲကြီးကို အယုံအကြည်မရှိဘူ။ ကားခကုန် ထမင်းဖိုးကုန် ခြေတိုနဲ့ တမင်လုပ်ပွဲကြီးကို အောင်မြင်အောင် အဖြည့်ခံနဲ့ မလုပ်တော့ဘူး ။ မသွားဘူး။ ကန့်ကွက်တယ်။ မင်းတို့ကော ဘာလုပ်မှာလဲ

Richard said...

ငါနဲ့မတူငါ့ရန်သူ ဆိုရင်တော့ ဒီမိုကရေစီနဲ့ဝေးနေအုံးမှာပဲ လက်နက်နဲ့လဲမဖိနှိပ်ပါနဲ့ လူအုပ်နဲ့လဲမဖိနှိပ်ပါနဲ့ ဆဲလဲမဆဲကြပါနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကိုအသိအမှတ်ပြုကြပါ လေးစားကြပါ အကျိုးအကြောင်းနဲ့ဝေဖန်တာ ငြင်းခုန်တာကြိုဆိုပါတယ် တို့နိုင်ငံသားတွေအားလုံး (ရိုးသား၊ ရဲရင့်၊ ယဉ်ကျေး) ကြပါစေ
နိုင်ငံတကာက တို့ကိုအထင်မသေးစေချင်ပါ။

thant said...

Golden Eye ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနိုင်ငံရေး မကင်းရှင်းဘူး
မင်းပြောသလိုဆိုရင် သူလည်း ဆင်ဆာအဖွဲ့မှာပါတယ်...ဒါပေမယ့်
နိုင်ငံရေးလုပ်နေတယ်...မင်းကစာဖတ်တဲ့ကောင်ဆိုတော့ အရင်က
ကျော်ဆန်းလုပ်တာတွေကို ဘာအမှုနဲ့ဖွင့်ရင်ကောင်းမလဲ...ငါမသိလို့မေးတာ
နော်...မင်းကစာဖတ်တဲ့ကောင်ဆိုတော့..

genius said...

မဟန ကိုလည်း လွတ်လပ်စွာ ပြန်လည်ဖွဲ.စည်းသင်.ပါတယ် ၊

Johnny said...

ဦးကျော်ဆန်းကပြောတော့ဘုရားဘုရားလက်ကကားယားကားယားဆိုသလို ဒီနေ့အထိအာဏာရှင်ပုံစံခွက်ထဲကမထွက်သေးဘူး၊ သူပြောတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာ နှစ်တရာကြာစီမံကိန်းဖြစ်ပါလိမ့်မယ်

Powered by Blogger.