ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်


ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့်သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ကြောင်း အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ သိရသည်။
အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) တွင် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံး စားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက် မနည်းသည့် ထောင်ဒဏ် ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထိုသို့ မည်သူမဆိုဟူသော စာသားဖြင့် ပြဋ္ဌာန်း ထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုပါက အခြားသူများနည်းတူ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါ သည်။
တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ဒေသန္တရ အာဏာပိုင်တစ်ဦးဦး၊ တည်ဆဲ တရားဥပဒေ တစ်ခုခုအရ ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့ တစ်ခုခု၊ သမ၀ါယမအသင်း တစ်ခုခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ကြေညာသော အသင်းများ၊ စသည်တို့က ပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်း တစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့အပြင် မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခုနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၂၆) အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား သော အသင်းတစ်ခုခု၊ ပြည်သူတို့ ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ အခြားအဖွဲ့အစည်းတစ်ခုခု စသည် တို့ကပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန်လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်းထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်းတစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သောပစ္စည်း များဖြစ်ကြောင်းအများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ (၂) သိရသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ဥပဒေ အမှတ် (၁) ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေသည် ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေနှင့် အလား တူသော်လည်း သီးခြားဥပဒေဖြစ် ကြောင်း အထက်တန်းရှေ့နေတစ် ဦးကဆိုပါသည်။
ပြည်သူပိုင်ပစ္စည်း၏အဓိပ္ပါယ် ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ (၂) တွင် ရှင်းလင်းဖော်ပြထားပြီး အများနှင့်သက်ဆိုင်သော ပစ္စည်း၏ အဓိပ္ပါယ်ကိုပုဒ်မ (၂) တွင် ရှင်းလင်း ဖော်ပြထားကြောင်း သိရသည်။
အဓိပ္ပါယ် ရှင်းလင်းချက်တွင် ပါရှိသော စကားရပ်များကို လေ့လာပါက ပြည်သူပိုင်ပစ္စည်းဟူသော စကားရပ်နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းဟူသော စကားရပ်သည် ကွာခြားကြောင်း သိရသည်။
ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) အရ ပေးနိုင်သောပြစ်ဒဏ်မှာ ၇ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပါဝင်ကြောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အရဆိုပါက ပေးနိုင်သောပြစ်ဒဏ် မှာ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက်မနည်းသည့်ထောင် ဒဏ်ဖြစ်စေ၊ ထို့ပြင်ငွေဒဏ်လည်း ပါဝင်သောကြောင့် ပြစ်ဒဏ်ပိုများ သည်ကိုတွေ့ရကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦးက ဆိုပါသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ အများ နှင့်သက်ဆိုင်သော ပစ္စည်းတစ်ခုခု နှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှု ကျူးလွန် သောသူများကို ထိရောက်စွာအပြစ် ပေးနိုင်ရန်ဖြစ်ကြောင်းသိရသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပဒေ တို့၏ ခြားနားချက်များမှာ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေက ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှုကို ရည်ညွှန်းကြောင်း ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး အက်ဥပဒေက တရားမ၀င်ဘဲ လက်ဝယ်ထားရှိမှု၊ ခိုးမှု ၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ရည်ညွှန်းကြောင်း ဥပဒေပြဋ္ဌာန်းချက်များ အရသိရသည်။
အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို ပြည်ထဲ ရေး၏ အခွင့်အမိန့်မရှိဘဲ မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။
အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခဲ့ရသည့် ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်းလည်း တရားစီရင်ထုံးများအရ သိရပါသည်။
EMG
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင် ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင် Reviewed by သစ်ထူးလွင် on 16:11 Rating: 5

33 comments:

သက်မောင် said...

အဲဒါက ဥပဒေစာအုပ်ထဲမှာပါဗျာ
တကယ့်မြေပြင်အနေအထားအရ တကယ်သာလုပ်ရင် ကျုပ်တို့နိုင်ငံကလူကြီး/သူဌေး တော်တော်များများ (အများပိုင်ပစ္စည်းခိုးထားတဲ့ ပိုက်ဆံနဲ့ဆောက်ပြီးနေရင်ပဲ) ကျွန်းပေါ်မှာပဲ နေပြည်တော်လောက်မကတဲ့ မြို့ကြီးကို ဟီးဟီးထနေလောက်မှာမြင်ယောင်သေးရဲ့..

အတာ said...

အဲ့ ဥပဒေရှိတာတော့ ဟုတ်ပါပြီ .. ဘယ်ချိန် အသက်ဝင်ပြီး စတင်ဆောင်ရွက်မှာလဲဗျာ ..။

Unknown said...

If the law is really exist, they all must have gone since they took power. Don't only issue statements please do practically.

Anonymous said...

ပြည်ထောင်စုဝန်ကြီးအဆင့် ဌာနအကြီးအကဲ နှင့် ဌာနခွဲ တာဝန်ခံအဆင့်များ အဓိကကျူးလွန်ကြတဲ့ အလွဲသုံးစားမှုများ -
-နိုင်ငံတော်ဘတ်ဂျက် အား လုပ်ငန်း/စီမံကိန်း ကုန်ကျစရိတ်များအတွက် ငွေပေးချေမှု ဆောင်ရွက်ချိန် မိမိတို့ အတွက် ရာခိုင်နှုန်း အလိုက် ရရှိအောင် ဆောင်ရွက်ခြင်း။
-လုပ်ငန်းသုံး စက်ကိရိယာများ (အထူးသဖြင့် နိုင်ငံခြားငွေဖြင့် ၀ယ်ယူချိန်) တင်ဒါစနစ်ဖြင့် ခေါ်ယူ ဆောင်ရွက်သော်လည်း မိမိနှင့်နီးစပ်သူ၊ လုပ်ငန်းတူသူများ ထံမှသာ မိမိအကျိုးအမြတ် ထည့်သွင်းသတ်မှတ်ထားသည့် (မူလတန်ဘိုး+အကျိုးအမြတ်) ဈေးနှုန်းဖြင့် ၀ယ်ယူဆောင်ရွက်ခြင်း။
-ဌာနနှင့် ဆက်စပ်လျက် ၀န်ထမ်းသက်သာချောင်ချိရေးအမည်ခံ ဆောင်ရွက်သော်လည်း နိုင်ငံတော် နှင့် ဌာနသို့ ပေးသွင်းခြင်းမရှိပဲ မိမိအကျိုးအမြတ်အတွက် တန်ဖိုးသတ်မှတ် ဆောင်ရွက်ခြင်း
-ဌာနပိုင်အဆောက်အဦ နှင့် ဆိုင်ခန်းများ ငှားရမ်းဆောင်ရွက်ခြင်းတွင် တရားဝင်တင်ပြခွင့်ပြု ချက် ရယူဆောင်ရွက်မှုရှိသော်လည်း လုပ်ငန်းကဏ္ဍများပြားမှုအပေါ် အခွင့်ကောင်းယူကာ အချို့နေရာများတွင် တရားဝင်တင်ပြခွင့်ပြုချက်မယူပဲ မိမိလုပ်ပိုင်ခွင့်အား အသုံးချလျက် မိမိအကျိုးအမြတ်အတွက် ငှားရမ်းဆောင်ရွက်ခြင်း။
-နိုင်ငံတော်၏ မြေယာပိုင်ဆိုင်မှုတွင် ဌာနဆိုင်ရာမြေပိုင်ဆိုင်မှု သတ်မှတ်ချက်သည် အများဆုံး ဖြစ်သကဲ့သို့ အဆိုပါမြေအား ပြင်ပသို့ ငှားရမ်းဆောင်ရွက်ခြင်းကို နိုင်ငံတော်အဆင့်အထိ တင်ပြဆောင်ရွက်ရသော်လည်း မိမိအကျိုး၊ လူနည်းစုအကျိုး (အပေါင်းအပါ) အတွက် အထက်သို့ တင်ပြခြင်းမရှိပဲ မိမိတာဝန်ယူဆောင်ရွက် သက်တမ်းကုန်ဆုံးချိန်ထိ မိမိလုပ် ပိုင်ခွင့်အား အသုံးချဆောင်ရွက်ခြင်း။
-ဌာနဆိုင်ရာ ယာဉ်များ၊ အခြားခံစားခွင့်များ အား သတ်မှတ်ချက် အရေအတွက်ထက် ကျော်လွန်ပြီး မိမိလုပ် ပိုင်ခွင့်အား အသုံးချလျက် ရယူဆောင်ရွက်ခြင်း။

ဆက်လက်တင်ပြပေးပါဦးမည်။

Lawer said...

If this regulation is alive, a new pleasant resort should be created for all ministers, deputy ministers, director generals, managing directors and all army officers. As everybody knows, they all are theft, beggars,and law-breakers so they should go to jail. The public should demonstrate them to quit their places and should replace their posts by the new educated qualified citizens.

chit pain said...

ူဒါက ဥပဒေစာအုပ်ထဲမှာရှိတာတွေပါ အပြင်မှာတော့ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်တွေက ဥပဒေနဲ့ မညှိအောင် လက်တစ်လုံးခြားနဲ့ လိမ်ပြီးလုပ်နေကြတာ မိမိတို့ အိမ်သုံးစရိတ်၊ မိမိပိုင်ခြံလုပ်သားတွေရဲ့စရိတ်အစရှိတာတွေကို ဌာနပိုင်ပိုက်ဆံတွေနဲ့ သုံးနေကြတာပါ၊ အဆိုပါအသုံးစရိတ်များကို ကားပြင်စရိတ်၊ ရုံးသုံးပစ္စည်းဝယ်စရိတ်စသဖြင့် ဘောက်ချာအတု မျိုးစုံနဲ့ လိမ်ပြီး အလွှဲသုံးစားလုပ်နေကြတာပါ၊(ဥပမာ စီမံ/စီးပွား ဝန်ကြီး ဦးတင်နိုင်သိန်းဆိုလျှင် ၎င်းအိမ်သုံးစရိတ် အတွက် တစ်လလျှင် ကျပ်(10)သိန်းမှကျပ်(15)သိန်းအထိ ကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနမှ သိုလှောင်ရုံများတွင်မီးတားလမ်းရှင်းလင်းရေးဆောင်ရွက်ခြင်း
ခေါင်းစဉ်မှကျခံပြီး ပေးရပါတယ်။ ဗဟိုစက်ပစ္စည်းညွှန်ချုပ် ဦးတင်ထူးဆိုလျှင်လည်း အိမ်သုံးစရိတ် တစ်ပတ် ငါးသိန်းကို ဧည့် မော်တော်ယာဉ်များမပြင်ဘဲ ပြင်သည်ဟုခေါင်းစဉ်ပြပြီး ရယူနေပါတယ်။ဒါ့အပြင်မိမိစားတဲ့မုန့် ဖိုး၊ ဘုရားပန်းဖိုးများကို လည်း ရုံးသုံးပစ္စည်းများဝယ်ယူခြင်းခေါင်းစဉ်များဖြင့် အလွှဲသုံးစားပြုလုပ်လျက်ရှိပါတယ်)အဲဒီလို အလွှဲသုံးစားလုပ်မှု တွေဟာ ဝန်ကြီးဌာနတိုင်းမှာလိုလို ဖြစ်နေ ကြတာပါ။ နိုင်ငံတော်အကြီးအကဲ တော်တော်များများနှင့် ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်တော်တော်များများဟာ ကိုယ်ပိုင်ကုမ္ပဏီတွေ၊ ကိုယ်ပိုင်ကားတွေ၊ ကိုယ်ပိုင်အိမ်တွေနဲ့ ချမ်းသာတဲ့လူတွေကြီးပါပဲ၊ ဒီအချိန်
မှာ တိုင်းပြည်ကို နွံနစ်အောင် တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွှဲသုံးစား မလုပ်သင့်တော့ပါဘူး၊ နယကလက်ထက်မှာလည်း သွားဖြဲနားဖြဲနဲ့  ရသမျှ စားပြီးသောက်ပြီးနေပါပြီ တော်လောက်ပါပြီ တိုင်းပြည်နဲ့ ပြည်သူ့ မျက်နှာကို ကြည့်သင့်ပါပြီ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှလည်းအပေါ်ယံမစစ်ဘဲ သေသေချာချာစစ်သင့်ပါပြီ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးမှလည်းသေသေချာချာစိစစ်ဖို့ တိုက်တွန်းပေးပါလို့ အကြံပြုပါရစေ နိုင်ငံတော်သမ္မတကြီးမှတော့ အဆိုပါကိစ္စများကို လုပ်မည်မထင်ပါ ဘာလို့ လဲဆိုတော့ နိုင်ငံတော်သမ္မတကြီးသည် အောက်လက်ငယ်သား အပေါ် အရမ်းညှာတာတဲ့အတွက် အရမ်းလွန်မှသာ အရေးယူမှာဖြစ်ပါတယ်
အခုအချိန်မှာတော့ တိုင်းပြည်မှာ အကြွေးနွံနစ်နေတဲ့အတွက် အသေးအဖွဲ့  ကိစ္စများမှစပြီး တိတိကျကျကိုင်တွယ်မှသာ ကြီးမားတဲ့ကိစ္စတွေဖြစ်မလာမှာပါ

Arlarwaka said...

အဲဒီ ဥပဒေ အတိုင်းသာ အမှန်တကယ် အရေးယူရင် လူကြီးတော်တော်များများ ထောင်ထဲက ထွက်ရမှာ မဟုတ်တော့ဘူး

Myanmar said...

ဟုတ်ပလား အောက်မေ့တယ် အောက်နားကျမှ ဒီဥပဒေကို ပြည်ထဲေ၇း၇ဲ့ ခွင့်ပြုချက်နဲ့မှ သုံး၇မယ်ဆိုတော့ ပြည်ထဲေ၇းကို ခါးပိုက်ထဲထည့်ထားတဲ့ကောင်တွေက အလွဲသုံးစားလုပ်တယ်ဆို၇င် ဘယ်လိုအေ၇းယူမှာတဲ့လဲ။ ပြောလိုက်၇မကောင်းဘူး ဖြစ်ေ၇ာ့မယ်ကွာ။ ။

Myanmar said...

အာဏာ၇ှင်ဆိုတာ ဒါဘဲ။ (စိတ်ဓာတ်မြင့်မြတ်တဲ့ ဗိုလ်ချုပ်လိုလူက အနှစ်တစ်ထောင်မှ တစ်ယောက်ပေါ်နိုင်ခဲမယ်ထင်ပါတယ်)။ အာဏာ၇ှင်တွေဟာ တစ်သတ်မတ်ထဲ၇ှိတဲ့ ဥပဒေကို ကျင့်သုံးလေ့မ၇ှိဘူး။ ငါလုပ်ချင်တာလုပ်မယ် မင်းတို့မလုပ်နဲ့ဆိုတာ အာဏာ၇ှင်တိုင်းအတူတူဘဲ။ ဒါကြောင့် ကျနော်တို့ ဒီမိုကေ၇စီကိုေ၇ာက်အောင်သွား၇မယ်။ ဒီမိုကေ၇စီမှာ အနည်းဆုံး ပွင့်ပွင့်လင်းလင်းဝေဘန်ထောက်ပြခွင့်၇ှိတယ်။ အယုံကြည်မ၇ှိအဆိုတင်သွင်းနိုင်တယ်။ တာဝန်ခံမှု ၇ှိ၇တယ်။ အာဏာ၇ှင်လက်အောက်မှာဒါမျိုးမ၇ှိဘူး။ အာဏာ၇ှင်စနစ် မြန်မာပြည်မှာ အမြန်ကျဆုံးပါစေ။ ။

Anonymous said...

ဒီဥပဒေ အသက်ဝင်လာအောင် အခုချက်ချင်း ဌာန ဆိုင်ရာတွေကို ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးပြီး ထိရောက်စွာ အရေးယူ သင့်ပါတယ် . .

ဖိုးစလုံး said...

တစ်ကျွန်းမှာ လူဆံ့ပါ့မလားဗျာ....

ktd said...

နမူနာ စံပြ အနေဖြင့် တစ်ယောက်စ၊ နှစ်ယောက်စ၊
ဆယ်ယောက်စ၊ အယောက်တစ်ရာစ လုပ်ပြပါ။ ။ ။

Lawer said...

I agree with the view of chit pain.U Tin Naing Thein is now the minister for national planning, the former minister for commerce. He never look after the staff. He is a very selfish person.All the fund of ministry goes to his household expense. Moreover,he always discriminate the staff. He gave special privileges to his transformed army men only.To be worse, he urged the staff to do overtime that is sometimes the whole night. While the staff were working the unworthy work he asked, in the office, he goes back to home regularly.Moreover, he treats very rudely to some officers who cannot earn the amount what he want to get. In addition, his wife also influences the ministry and is always jealous to educated young female officers. Finally, I can say that he is very very bad guy as he considers only to the benefits for himself and his family.

angry ppl said...

ဥပဒေကစာအုပ်ထဲမှာပဲရှိတာပါ၊တကယ်အရေးယူမယ်ဆိုရင်လက်ရှိဝန်ကြီးတွေနဲ့သူ့တပည့်အားလုံးကိုလုပ်ရမှာ၊သူတို့ကတကယ့်ယူဂျီအစစ်တွေ(ယူလဲယူတယ်ဂျီလဲကျတဲ့အကောင်တွေ)။ မျိုးချစ်တွေ၊သူ့အမျိုးသူချစ်တာ။ ဘယ်သူဘာဖြစ်ဖြစ်သူနဲ့သူ့အမျိုးချမ်းသာရင်ပြီးရော။

thetswan88 said...

ကျနော်တို့ နိုင်ငံမှာက အုပ်ချုပ်ရေးဟာ တရားစီရင်ရေး(ဥပဒေ)ရဲ့ အပေါ်မှာ ရှိနေသမျှ ဒီလိုအမှုတွေကိုဘယ်လိုစီရင်နိုင်မှာလည်း၊ အခြေအနေအရ အုပ်ချုပ်သူလူတန်းစားတွေက ဒီပြစ်မှုကြီး၊ငယ်တွေကို ကျူးလွန်နေကြတာ ဖြစ်တော့ ကျနော်တို့ တရားစီရင်ရေး(ဥပဒေရေးရာ)ကို အုပ်ချုပ်ရေးရဲ့ အထက်ကိုရောက်ဖို့ ကိုသာ ကြိုးစားကြရမယ်။

Shin Myochit said...

very good.But really do it or not .No point for show on paper and saying by mouth,NEED ACTION...If there is no sweets,ants will not come.Sweets mean corruption and ants mean power hungers.

ကိုယ်တော်ချော said...

တရားသွားချနေလည်း ရမှာမဟုတ်ပါဘူး ဘုန်ကြီးသရဲတွေ က္ကတိပသော ဆို အောသောပိတိ ပြန်လုပ်မယ့်ဟာတွေ

ဇေယျ said...

အလွဲသုံးစားလုပ်တဲ့ လူကြီးတွေကတော့ အများကြီးပါပဲ... အရေးယူခံရတဲ့ လူကြီးဆိုတာတော့ ရှိတောင်မရှိပါဘူးဗျာ... ဘယ်လူကြီးမဆို ကြည့်လိုက်ကြပါ အနည်းဆုံး သိန်းထောင်သောင်းချီ ချမ်းသာတဲ့သူတွေကြီးပဲ၊ ငွေဖြူဆိုတာ တစ်ကျပ်တောင် ရှိမှာမဟုတ်ဘူး။

kokomaung said...

ဒီသတင်းသေချာရင် ကျွန်တော်ကိုဆက်သွယ်ပါ။တကယ်တရားဥပဒေ စိုးမိုးပြီဆိုရင် အဆင်သင်.ပဲ။
ကျွန်းပေါ်မှာလူပုံသွားမယ်။
ကိုသစ်ထူးလွင် လည်း ကျွန်တော်.မေးလ် သိနေတာပဲ။

nationalism said...

Death penalty is more sutiable just use one bullet , safe money .more proper .nobody dare to do again .

မြင့်ဦး said...

Death penalty is most suitable just use one bullet,safe money.more proper,nobody can do again.
all of them in gov let go to the hell.

kk said...

အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို( ပြည်ထဲရေး၏ အခွင့်အမိန့်မရှိဘဲ)
မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။
ဒီတော့က ဘယ်လိုတရားစွဲမလဲ ပြည်ထဲရေးက ခံနေတယ်လေ..

light said...

အဲဒါ တစ်ကယ်လုပ်မှာလား...

ဥုံဖွ said...

ကဲကဲ ပြောနေလဲအပိုပဲ ၃နှစ်အောက်ကလေးငယ်တွေပဲချန်ပြီး
ကျန်တဲ.လူကြီးတွေအကုန်သတ် နောင် နှစ်နှစ်ဆယ်လောက်ဆို
ကမ္ဘာ.အလယ်မှာ ဗမာဆိုပြီး လက်မပြန်ထောင်နိုင်မယ်
ဒီအတိုင်းဆိုရင်တော. နှစ်ငါးဆယ်ပဲ

pyaponthu said...

ပြည်ထဲရေး ကိုသူတို့အိတ်ထဲ ထည့်ထားပြီးသား။အကောင်းဆုံးကတော့ ဝန်ကြီးအားလုံးကိုအနားပေးပြီး သူတို့ရဲ income ကို သေချာ စစ်ဆေးသင့်တယ်။လူကြီးနေရာကို ဘောင်ဘီချွတ်များမခန့်မှသာ တိုင်းပြည်တိုးတက်မှာ။ဘောင်ဘီချွတ်များ ရှိနေ သ၍ တိုင်းပြည် က ထိုနည်း၎င်း ထိုနည်း၎င်း ပါဘဲ။

san said...

ဒီလူတွေအားလုံးကိုအရေးယူရင် တကျွန်ပြန်အစိုးရလို့ခေါ်လို့ရပြီ။

ဘုတလင်သားလေး said...

သူငယ်ချင်းဘော်ဘော်တို့ရေ အဲဒီ ဥပဒေက ပြည်သူတွေအတွက်လေ ပြည်သူတွေ ကျူးလွန်ရင် အပစ်ပေးရအောင်လို့လေ....အစိုးရအဖွဲ့တွေအတွက်ထုတ်ထားတာမဟုတ်ဘူး အစိုးရ ၀န်ကြီးတွေ လေ မြန်မာနိုင်ငံရဲ့မြို့ကြီးတိုင်းမှာ အိမ်တစ်လုံးဆောက်ထားနိုင်တာကိုပဲကြည့်ဦး သူတို့က ဥပဒေ ပြင်ပကလူတွေလေ...နောက်ပြီး ၃၁ ဘုံအပြင်ဘက်ကသူတွေလဲဖြစ်တယ် ....

thethnin said...

ပြည်ထဲရေးကလူတွေ အရင် ကျွှန်းပေါ်ပို့သင့်တယ်

Khine Soe Linn said...

ဒါကြီးက အောင်သောင်းနဲ့စဖွင့်လိုက်ရမှာ

pyaponthu said...

အဲ့ဒါဆိုရင်တော့ ဝန်ကြီးအားလုံးကို အရေးယူရလိမ့်မယ်။အောက်ပိုင်းကို ဘဲအရေးယူလို့မရဘူး။ခေါင်က မလုံဘူး။ခေါင်အသစ်ထပ်မိုးရမယ်။အဟောင်းတွေ ဖျက်ပြီးအမှုက်ပုံထဲ ပြစ်လိုက်တော့

Chit Pe said...

ပင် လယ် ရေ ဘယ် မ ခမ်း ၊ အောင် သောင်း အ မိ ဖမ်း။

ဘကြီးမောင် said...

တကယ်သာဆိုရင်ကျွန်တော်ကျွန်းပေါ်မှာအရင်နေရာသွားဦးပြီး..ဦအောင်သောင်းလာမှဈေးကောင်းကောင်းနဲ့ရောင်းစားမယ်. ...

ဦးစိတ်တို said...

အဲဒီ ဥပဒေကို လူကြားကောင်းအောင် ထုတ်တာလား။ ပြည်ထဲရေး ၀န်ကြီးရဲ့ ခွင့်ပြုချက်ရမှ အရေးယူလို့ ရမယ်ဆိုရင်တော့ နောက် နှစ်ငါးဆယ်ကြာမှ ထပ်ထုတ်လိုက်တော့။ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်က သူတို့နှင့် ကျောင်းနေဘက်တွေ။မြန်မာပြည်မှာ စစ်တပ်က ယူနီဖောင်းချွှတ်တွေ ၀န်ကြီးဌာနတွေက တစ်ဆွေလုံးတစ်မျိုးလုံး ပင်စင်ယူပြီး ကောင်းရာသုဂတိလားပြီးမှဘဲ ဆက်အရေးယူတော့။

Powered by Blogger.