ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည်တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)
ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသမှူး  ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ အစိုးရတပ် ခမရ ၅၇၃ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက်တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာတာနဲ့ သူတို့ ၀င်သိမ်း လိုက်တာ ဖြစ်တယ်။” လို့ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် မတ် ၁၁ ရက်နေ့ မနက်ကလည်း အစိုးရတပ် ခမရ ၅၇၃ ဟာ ကျိုင်းတုံခရိုင် မိုင်း ယောင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော်  တပ်ရင်း ၁၀၈ အဖွဲ့ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်ကတော့ အစိုးရတပ်ရင်းဘက်က ရှမ်းပြည်တပ်မတော်ကို ထိုင်း နယ်စပ်ဘက် ဆုတ်ခွာဖို့နဲ့ နယ်မြေကျဉ်းလာအောင် ဖိအားပေးရင်း ထိုးစစ် ဆင်နေတာ   ဖြစ်တဲ့ အကြောင်းနဲ့ ရှမ်းပြည်တပ်မတော် ဘက်ကတော့  ခုခံစစ်နဲ့  ပြန်တိုက်နေရတာ လို့ ပြောပါတယ်။
၂၀၁၂  ဖေဖော်ဝါရီနဲ့ မတ်လ ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် ခရိုင်ထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း ၅ ခုလောက် ဆုတ်ပေးခဲ့ရတယ် လို့ သိရပါတယ်။
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စ  ရှမ်းပြည်တပ်မတော် ဘက်က  ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဆီ စာရေးပို့ခဲပြီး အဲဒီ့ စာအရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဘက်က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့တုန်းက ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါသေးတယ်။
ဒီဆွေးနွေးပွဲမှာ  အစိုးရ ကိုယ်စားလှယ်ဘက်က တိုက်ပွဲ မဖြစ်ပွားရေး တာဝန်ယူပေးမယ် လို့ ပြောသွားပေမယ့်လည်း တိုက်ပွဲတွေ  နောက်ထပ် ဖြစ်ပွားနေဆဲပဲ လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။ 
ဒီဗွီဘီ
ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက် ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက် Reviewed by သစ်ထူးလွင် on 16:19 Rating: 5

7 comments:

Anonymous said...

မင်းတိုမို့ ဒီကောင်တွေစကားယုံတယ်.....ငါတို့ မြန်မာချင်းတောင်မယုံဘူး....မြန်မာအချင်းချင်းတောင်ပတ်လိမ်နေတဲ့ကောင်တွေ....

samurai said...

နွားတွေစကားကိုမယုံကြည်ပါနဲ့ ...ရရင်ရ မရရင်ချ အဖေလမ်းစဉ်ပဲကောင်းတယ်....အခုလည်းလိမ်တော့မယ်...ဇာတိပြနေပြီ..ပြည်တွင်းမှာလည်း...နှိပ်ကွပ်မှုတွေ တဖြည်းဖြည်းများလာတယ်....ဘာမှမယုံပါနဲ့ ...သမ္မလည်းအော်နေတာပဲရှိတယ်..အောက်ကလုပ်နေတာတွေ မသိချင်ယောင်ဆောင်နေတာ...လက်တွေ့ လုပ်ပြတာတောင် မယုံနဲ့ ဦး..အဒီနောက်မှ ဓါးဆောင်ပြီး ယုံတာနဲ့ ထိုးကြမှာ...ဘာသာတရားကိုတောင် ခြေထောက်အောက်မှာထားပြီးနင်နေတာ..နင်တို့ လောက်တော့ စကားထဲတောင်မထဲဘူး..သေမထူးနေမထူး အာဏာရှူးတွေ....သတိထားပါ..မယုံနဲ့ 

ဖိုးစလုံး said...

အခု တစ်မျိုး တော်ကြာ တစ်မျိုးပါလား..လူကြီး လူကောင်းဆို ကတိတည်ရမယ်လေ..လူတော့ကြီးပါရဲ့..လူကောင်း တစ်ယောက်မှ ရှိဘူးထင်တယ်။

ကိုယ်တော်ချော said...

ေ-ာက်ကျင့်တွေကကောင်းမှ မကောင်းတာ ပြောရ ရင်အကုသိုလ် တအားများတယ်

ဂေါက်သီး said...

စစ်တပ်ကို အစိုးရက ထိမ်းချုပ်နိုင်တယ်ဆိုတာ သံသယရှိစရာ ပဲ
ဘယ်တော့မှာ ပြောတဲ့ အတိုင်း ဖြစ်လေ့ မရှိဘူး
ကချင်ပြည်နယ်မှာရော အဲလိုပဲ
မင်းအောင်လှိုင်ရေ
စားဖို့ ဝါးဖို့ပဲ လိုက်ရှာမနေနဲ့ဦး
ကိုယ့်တပ်ကိုလဲ ထိမ်းပါဦး
ပြောသာ ပြောရတယ် အလိုတူ အလိုပါပဲဖြစ်မှာပါ

nationalism said...

ALL MYANMAR PEOPLE SHOULD KNOWN HOW TO USED THE GUN .PLEASE HELP TO SHARE HOW TO USE IT ,FOR PREVENT THEY CANNOT TRY TO BULLING THE PEOPLE .BUT ALSO COUNTRY

PEOPLE LIKE MIDDLEAST AND AMERICAN ARE WELL KNOW HOW TO USE IT .

pyaponthu said...

သမ္မတ က စစ်တပ်ကို မနိုင်တဲ့သဘောရှိတယ်။မြန်မာ ပြည်ဘယ်တော့ အေးချမ်းမလဲ။တိုင်းပြည် က ပြည်တွင်းစစ်ဘဲဖြစ်နေရင် ဘယ်တော့တိုးတက်မှာလဲ။ခြားထဲက ပြည်သူတွေ မြေဇာ ပင်ဖြစ်ရတယ်။

Powered by Blogger.