လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့

7242
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။
7242a
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများကို တွေ့ရစဉ်
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က “လွှတ်တော် အဆောက်အအုံ ၃၃ လုံး အတွက် ၁၉ ဒသမ ၀၁ ဘီလျံ၊ သမ္မတအိမ်တော် အတွက် ၅ ဒသမ ၈၅ ဘီလျံ၊ ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် ၃ ဒသမ ၇၁ ဘီလျံ၊ စုစုပေါင်း ၂၈ ဒသမ ၅၆ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ထို့ပြင် အမျိုးသား ပြတိုက် အတွက် ၃ ဒသမ ၀၇ ဘီလျံ၊ အမျိုးသား စာကြည့်တိုက်အတွက် ၁ ဒသမ ၇၈ ဘီလျံ၊ အမျိုးသား မော်ကွန်းတိုက် အတွက် ၀ ဒသမ ၇၈ ဘီလျံ၊ နိုင်ငံတော် ဧည့်ဂေဟာ ၄၀ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ၊ အခြား အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ အတွက်  ၅၇ ဒသမ ၇၇ ဘီလျံ၊ လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊ ရေရ ရှိရေးလုပ်ငန်းအတွက် ၂ ဒသမ ၃၆ ဘီလျံ၊ ဆည်နှင့်ရေစီးရေလာ လုပ်ငန်းအတွက် ၂ ဒသမ ၈၇ ဘီလျံသုံး စွဲခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax  နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
EMG
လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ Reviewed by သစ်ထူးလွင် on 13:23 Rating: 5

12 comments:

yelpaing said...

အဲဒါသက်သက်ဖြုန်းတီးတာပါပဲ။နိုင်ငံတော်တာဝန်ထမ်ဆောင်ဖို့ အဲဒီလောက်ကုန်ကျတဲ့အဆောက်အဦးတွေနဲ့ နေမှ နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်မယ်ဆိုရင်တော့ အဲဒီစေတနာတွေကတော့ ပါဝါ စေတနာတွေပါဘဲ။နိုင်ငံတော် တစ်ခုလုံးလွတ်လပ်ရေးရအောင်လုပ်သွားခဲ့တဲ့ ဗိုလ်ချုပ် တောင်မှ အိမ်နောက်ဖေးမှာ စိုက်ခင်းစိုက်ပြီးစားခဲ့တာာပါဗျာ။သိပ်ပြီး ကြီးကြီးကျယ်ကျယ် တွေ မလိုပါဘူး။စေတနာ နဲ့  စိတ်ဓါတ်နဲ့  အရည်အချင်းဘဲ လိုပါတယ်။ခင်ဗျား တို့ တိုင်းပြည်ကို အုပ်ချုပ် ဖို့ အခွင့်အရေး ပေးထားတာဟာ တိုင်းပြည်ကိုကျောက်ခဲရေညစ်သလို ညစ် ဖို့ ခွင့်ပေးထားတာမဟုတ်ဘူး။တွေ့ ကရာ တရုတ်ရောင်းစားဖို့ လည်းမဟုတ်ဘူး။တိုင်းပြည်ကချစ်တဲ့ အစိုးရဆိုတာဘယ်နေရာပဲနေနေ လုံခြုံတယ်။အလုပ် လုပ်လို့ ရတယ်ဆိုတာမှတ်ထားပါ။အရည် အချင်းမရှိဘဲ ကျန်စစ်သားရှုးလိုက် အရိဒ္ဒမာလှံ ကိုင်မယ်ပြောလိုပြောကတော့ဘာမှဖြစ်မလာပါဘူး။ခွေးပစ်တဲ့တုတ်တောင်ကိုင်ရမှာမဟုတ်ဘူး။

tharzaw said...

Kyats 336.77 Billion, Oh! so heavy money. Why?

saw 00 said...

ဒါတွေ ဒီလောက် ဆောက်နေတာဟာ တိုင်းပြည် ဖွံ့ဖြိုး ဘို့ ထက် သူတို့ အိပ်ကပ် ပိုမိုဖေါင်း လာအောင် အဓိက ရည်၇ွယ်တာပါ၊(-) နှင့် အပေါင်း အပါများ စားလို့ကို မ၀ နိုင် ဘူး၊ မကြာခင် စာပိုး နင့်တော့မယ်။

ရန်ကုန်သူ said...

အရေးမကြီး တာတွေ ကို ပိုက်ဆံတွေ မဟားတရား လျှောက်သုံးနေတယ်၊ ပြည်သူ တွေ ကို ကျတော့ဘာမှ မလုပ်ပေးဘူး။ နဂိုထဲက ရန်ကုန်မှာ အကုန်ပြည့်စုံနေတာပဲ၊ နေပြည်တော် ရွှေ့ စရာ အကြောင်းကို မရှိဘူး။ မြိုကြီးတမြို့ အသစ်တည်တာ သူတို့ သဘောနဲ့ သူတို့ လုပ်လို့  ရတယ် ငွေတွေ ကြိုက်သလို သုံးလို့ ရတယ်။

ko htoo said...

တယ်ချမ်းသာတဲ့အစိုးရပါလား။ ကျုပ်တို့မှာတော့မွဲလိုက်တာဗျာ။ passport သက်တမ်းတိုးကာနီးရင် အခွန်ဆောင်ဖို့၊ သက်တမ်းတိုးခပေးဖို့ ရှာဖွေဆွဲလွဲလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ ဒါတွေကိုဆောက်ခွင့်ရသွားတဲ့ ခရိုနီတွေ ဘယ်လောက်ရသွားတယ်ဆိုတဲ့ စာရင်းကလေးပါ ဖေါ်ပြပေးပါလား ဦးသိန်းညွန့်ရာ။ ကျုပ်တို့မွဲပေမဲ့ တချို့မြန်မာတွေ ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကျုပ်တို့ကိုနှိမ်နေတဲ့ကောင်တွေကို ပြပြီးကြွားချင်လို့ပါ။

honey said...

ဒါလားပြည်သူကိုချစ်တယ်ဆိုတာ။
ကိုယ့်မျိုးကိုယ်ချစ်ကိုယ်ဆွေကိုယ်မျိုးကောင်းစားရေး
တိုင်းပြည်ဆုတ်ယုတ်ရေး
အချုပ်ဇယားခိုင်မြဲရေး
မင်းမဲ့စရိုက်လေ့ကျင့်ရေး..
အာဏာကိုထိပါးလာတဲ့ပြည်သူအပေါင်းတို့အားသုတ်သင်ရေး..

ငါ့မိသားစုငါ့ဆွေမျိုးများချမ်းသာရေး...
ထွက်ပေါ်လာသောသယံဇာတများကိုရောင်းစားဝါးမြိုရေး..

မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြသောပြည်သူအပေါင်းတို့...
အထက်ပါဆောင်ပုဒ်တွေနဲ့အညီ
လိုက်လျောညီထွေအရိုးကိုက်နိုင်မှသက်သာမည်တဲ့...

commonမှာပဲရေးတက်တာမဟုတ်ပါဘူး။
အမေစုလိုလူတောင်အစနဖျောက်ချင်တာ
ပြည်သူတွေအတွက်တော့အင်းစိန်ထောင်ကြီးကကြိုဆိုနေလို့ပါ။
ပြည်သူတိုင်းရင်ထဲမှာစကားလုံးတွေနှစ်များစွာပြည့်နေလျှက်
ဒီကနေရင်တွင်းဖြစ်တွေတင်ပြလိုက်ပါသည်။

pyaponthu said...

အဲ့ဒီ အထဲမှာ သန်းရွှေ အိမ်အတွက်ကော ပါတယ်မဟုတ်လား။မြန်မာ ပြည်က သံယဇာတတွေနဲ့ တရုတ်က ချမ်းသာသွားပြီး။မြန်မာ ပြည်က မွဲပြီး။ထပ်မွဲအောင် ကျေးဇူးပြုပြီး တရုတ်နဲ့ပက်သက်တဲ့စီမံကိန်းတွေ ရပ်ပေးပါ။

zzmyoe said...

ပြည်သူတွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး တွေမှာလိုအပ်ချက်တွေ ဒီလောက်များနေတာကို တစွတ်ထိုး မိုက်ပြီး လုပ်ချင်တာကို အတင်းလုပ်တော့ နောက်ဆုံး မြန်မာနိုင်ငံတော် ကြီးကတော့ အကြွေး ပင်လယ်ဝေ နေခဲ့ တာပါဘဲ၊ဒါကို ကျန်သော ခေါင်းဆောင် တွေဆက်မိုက်နေအုံး မယ်ဆိုရင်တော့ သမိုင်းမှာ............။

pyaponthu said...

သန်းရွှေအိမ်ကောပါတယ်မှုတ်လား။ပြည်သူတွေ အကျိုးကြည့်ကြပါအုံး။ဝန်ကြီးတွေလဲ ပင်စင်ပေးပါတော့။စားလို့မဝသေးဘူးလား။ငရဲပြည်မှာလဲ နင်တို့အတွက် နေရာရှိတယ်။မပူနဲ့

ဘကြီးမောင် said...

သိချင်ပါတယ်...မြို့တော်ကြီးတစ်ခု စနစ်တကျဖြစ်နေတဲ့ ရန်ကုန် ကို စွန့်ခွာပြီး နေပြည်တော်ကို ဘာကြောင့်တည်ဆောက်တာပါလဲ နအဖ ရဲ အကြောက်တရား တစ်ခုကြောင့်ဆိုတာ လူတိုင်းသိပါတယ်..အဲဒီလို အသစ်တည် မယ်ဆိုတဲ့အတွက် ကုန်ကျစရိတ်ကိုလည်းနိုင်ငံတော်မှ လူကြီးများ သိကြပါသည်..နေပြည်တော် တည်ထောင်ခါစမှာ တင်ကို..အခြေခံ အဆောက်အအုံများအတွက် ကုန်ကျငွေကျပ် ကုဋေ ၈၀၀၀ နီးပါရှိပါတယ် (လွန်ခဲ့တဲ ၅ နှစ်ကပါ) အဲ့ဒီပိုက်ဆံတွေက ဘယ်သူပိုက်ဆံတွေကုန်ကျခဲတာလည်း ဆိုတာလည်းတွေးကြည့်နိုင်ပါတယ်..ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင် ပိုက်ဆံတစ်ပြားမှ မပါပါ..ပြီးတော့မှ အကြွေးဘယ်လောက်နိုင်ငံမှာတင်နေပြီလို့ပြောကြတာ..

Aung Hein Htet said...

Actually, that amount of money is used within 2011-2012 budget year .Total cost from 2003-2010 will be much more. Each month , at least 20 billion is given to companies. So 7 years ( 2003-2010) 7*12 = 84 months . Total money will be around 1600-1700 Billion. The minister mentioned only for 2011-2012 budget , omitting 2003-2007 cost.

သက်မောင် said...

အော်
တိုင်းပြည်ကမွဲတော့ အိမ်လာတဲ့ဧည့်သည်ကို အိမ်နဲ့ ဖြဲခြောက်ပြချင်တယ်ထင်ပါရဲ့...
ဝမရှိပဲ ၀ိလုပ်ခဲ့တဲ့အတွက် ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေ ထပ်ပိစေပြန်ပါပကော...
လွှတ်တော်အဆောက်အဦး ၊ အိမ်တော်စတဲ့ ရုပ်ဝတ္ထုတွေ ဘယ်လောက်ကောင်းကောင်း ဘယ်လောက်အဆင့်ရှိရှိ အဲဒီလွှတ်တော်မှာ ကိုယ်ကျိုး၊ ပါတီကောင်းကျိုး မဖက်ပဲ တိုင်းပြည်အတွက် ဘယ်လောက် တန်ဖိုးရှိရှိ လုပ်ပေးနေသလဲဆိုတဲ့ Performance ကသာ အရေးကြီးပါတယ်... တိုင်းပြည်အတွက် တကယ်အနှစ်သာရရှိရှိ လုပ်ပေးနေတယ်ဆိုရင် ကုက္ကိုလ်ပင်ရိပ်မှာ နှီးဖျာခင်းပြီး ရေနွေးကြမ်းအိုးချ ဆွေးနွေးနေလည်း အနှစ်သာရရှိတဲ့လွှတ်တော်ပါပဲ....
လွှတ်တော်က အဲကွန်းလွှတ်ထားတဲ့ ခန်းမမှာ ခါးညောင်းခံထိုင်နေပြီး ငိုက်မြည်းနေတဲ့ ဗျိုး အဖွဲ့ တွေ များလေလေ လွှတ်တော် ဂုဏ်သိက္ခာမဲ့လေလေပါပဲ.....
တကယ့်လုပ်ရမယ့်အလုပ်တွေပစ်ပယ်ထားပြီး မလုပ်သင့်တာတွေကိုလုပ်နေမယ်ဆိုလဲ အဲဒီလွှတ်တော်က အချည်းအနှီးအယောက်ပြလွှတ်တော်ပါပဲ....
ဒီလိုမဖြစ်ဖို့ လွှတ်တော်ခေါင်းဆောင်တွေ သတိပြုဖို့လည်း လိုပါလိမ့်မယ်....

Powered by Blogger.