ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၁)

ဓါတ်ပုံ(Google Images)
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? 
လူသားအရင်းအမြစ်တွေမွေးထုတ်ပေးတဲ့ ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံတဲ့ ဒီလူတွေက နေရာယူထားပါတယ်-
-       ဗိုလ်မှူးအေးကြူ                -         ဒုတိယ၀န်ကြီး
-       ဗိုလ်မှူးဘိုဝင်း                  -         ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကိုကိုတင်              -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကျော်စိုး                -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကြီးကျော်သူ           -         ညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးမျိုးညွှန့်                 -         ဒုညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးအေးလွင်           -         ညွှန်ချုပ်(အမှတ်(၂)အခြေံပညာဦးစီးဌာန)
-       ဗိုလ်မှူးရဲလွင်အောင်           -         ဒုညွှန်ချုပ်(အမှတ်(၂)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးမျိုးမြင့်              -         ညွှန်ချုပ်(အမှတ်(၃)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးအုန်းမြင့်            -         ညွှန်ချုပ်(ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

မြန်မာနိုင်ငံရဲ့ အဓိကကြတဲ့ အခြေခံပညာဦးစီးဌာနများမှာရှိတဲ့ ထိပ်ပိုင်းရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံထားတဲ့ ဖော်ပြပါ စစ်ဗိုလ်လူထွက်များက ဘာမှမတတ်ဘဲ ရာထူးနေရာတွေကို ယူထားကြပါတယ်။
၎င်းလူတွေရဲ့ ပညာအရည်အချင်းနဲ့ အကျင့်စရိုက်များကို အောက်ပါအတိုင်း လေ့လာဖော်ပြလိုက်ပါတယ်
-       ဒုဝန်ကြီး ဗိုလ်မှူးအေးကြူဟာ ဗိုလ်သင်တန်းအမှတ်စဉ်(၆၅)ကို ရဲဘော်ဘ၀နှင့် ဗိုလ်သင်တန်းတက်ခဲ့ပြီး အရာရှိဖြစ်လာတယ်။ ထောက်လှမ်းရေးတပ်မှာ ရဲဘော်၊ ဒုတပ်ကြပ်၊ တပ်ကြပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်တပ်ထဲရောက်မှ (၁၀)တန်းစာမေးပွဲကို (၅)ခါဖြေဆိုမှ အောင်မြင်ခဲ့တယ်။ စာပေးစာယူနဲ့  ဥပဒေဘွဲ့ကို ယူခဲ့တယ်။ ပညာရေးဌာနကို ဒုဝန်ကြီး ဗိုလ်မှူးကြီးကြည်မောင် PA ဘ၀နဲ့ လိုက်လာပြီး ညွှန်မှူး၊ ညွှန်ချုပ်ရာထူးတွေယူပြီး ယခုဒီမိုကရေစီအစိုးရလက်ထက်မှာ  ဘာတွေတော်လို့ ရွေးလိုက်တယ်မသိဘူး ဒုဝန်ကြီး ဖြစ်လာတယ်။ ဗိုလ်မှူးအေးကြူလုပ်တတ်တာက ပညာရေးကို ခုတုန်းလုပ်ပြီး စီးပွားရှာတတ်တယ်။ ညွှန်မှူးဘ၀ကတည်းက ကျောင်းသုံးဖတ်စာအုပ် တာဝန်ခံဖြစ်ပြီး၊ စီးပွားရှာခဲ့တယ်။ ၀န်ကြီး ဦးသန်းအောင် ပျော်တော်ဆက်မိန်းမတွေ အရှာပေးကောင်းတာနဲ့ ညွှန်ချုပ်ရာထူးကိုရခဲ့တယ်။ ၀န်ကြီးဒေါက်တာချမ်းငြိမ်းကိုလည်း အိမ်အဆောက်ပေးကောင်းတာနဲ့ အရေးယူမခံခဲ့ကြဘူး။ ယခုဝန်ကြီး ဒေါက်တာမြအေးကိုလည်း နေပြည်တော်မှာ အိမ်ဆောက်ပေးနေတယ်။ ဦး.စီး(၃)တွင် ညွှန်ချုပ်ရာထူးနဲ့ အတော်လေး စီးပွားဖြစ်သွားတယ်။ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို  မိုးသောက်ပန်း၊ တော်ဝင်ထိပ်တင်၊ အောင်နိုင်ဆောက်လုပ်ရေး (ဦးအေးမြင့် ဗိုလ်မှူးအေးကြူ ညီ)စသည့် ဗိုလ်မှူးအေးကြူ၏ ဆောက်လုပ်ရေးအဖွဲ့များဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ထင်တိုင်းကြဲစီးပွားဖြစ်ရယူခဲ့ကြတယ်။  နေပြည်တော်မှာလည်း ၄င်းပိုင် ကောင်းထက်အမည်ရှိတဲ့ ပုဂ္ဂလိကဆေးရုံ တစ်ခုဖွင့်ထားတယ်။ အရက်ကို နေ့ရောညပါ သောက်လေ့ရှိတယ်။ ဒုဝန်ကြီး ရုံးခန်းထဲမှာလည်း နေ့ခင်းကြောင်တောင် အလုပ်ကိစ္စနဲ့ ၀န်ထမ်းတွေ မ၀င်ရဲဖြစ်နေတယ်။ ရုံးခန်းထဲမှာ တနေကုန် သောက်စားမူးယစ်နေတယ်။ အရက် အလွန်အကျွံသောက်မှု့ကြောင့် ရုံးစာများကို လက်မှတ်မထိုးနိုင်လို့ ၄င်း၏ တပည့်ဖြစ်သူ ဦးအောင်ကျော်ဦးက လက်မှတ်တုနှင့် မှတ်ချက်များကို ရေးထိုးပေးနေရတယ်။ ကြားလို့ကောင်းကြသေးရဲ့လား? 
-       ဗိုလ်မှူးဘိုဝင်း ဟာ ထောက်လှမ်းရေး(၄)တပ်မှူးက ပြုတ်လာပြီး ဦးခင်ညွှန့်က သူ့တပည့်ကို ပညာရေးမှာ ထားခဲ့တာဖြစ်တယ်။ သူ့ကြောင့် ပညာရေးလည်း တော်တော်ပျက်စီးသွားပြီ၊ ဗိုလ်မှူး ဘိုဝင်း ပညာရေးညွှန်ချုပ်ဖြစ်တာ နှစ်ပေါင်း(၁၇)နှစ်ကျော်ရှိပြီဖြစ်တယ်။ ဘာမှ တိုးတက် အောင်မလုပ်နိုင်ခဲ့ဘူး။ ကိုယ်ပိုင်ပုံနှိပ်စက်တွေထောင်ပြီး ကျောင်းသုံးစာအုပ်တွေရိုက်ပြီး စီးပွားရှာနေတယ်။ နိုင်ငံခြားကပေးတဲ့ အထောက်အပံ့ဒေါ်လာတွေလည်း ဘတ်ပြစ်လိုက်တယ်။ မြန်မာပြည်ရဲ့   ဘီလျံနာ သူဌေးတွေဖြစ်နေကြပြီ၊ မြန်မာပြည်ရဲ့ ကလေးတွေကတော့ စာမတတ်လို့ လမ်းဘေးမှာ ရောက်နေကြပြီး၊ သမိုင်းတရားခံတွေဘယ်သူလဲ? ဗိုလ်မှူးအေးကြူနဲ့ ဗိုလ်မှူး ဘိုးဝင်း တို့ရဲ့ အရက်ဝိုင်းက ပညာရေးအစီအမံတွေ၊ ဘယ်လို အကောင်အထည်ဖော်ကြမှာလည်း၊ တိုင်းပြည်ရဲ့ ပညာရေးလည်း ဖွတ်ဖွတ်ညတ်ညတ်ကြေနေပါပြီ၊ ၄င်းတို့တစ်တွေလည်း စားလို့ သောက်လို့မကုန်တော့ပါဘူး၊ ရပ်တန်းက ရပ်သင့်နေပါပြီ၊
-       ဗိုလ်မှူးကြီးကျော်သူ က ပညာရေးအကြောင်းကို ဘာမှ စိတ်မ၀င်စားဘူး၊ စီးပွားရေး ဂွင်တွေကိုဘဲ စိတ်ဝင်စားတယ်။ နာဂစ်နှင့် ဂီရိသဘာဝဘေးမှာ ပျက်စီးသွားတဲ့ ကျောင်းတွေပြန်ဆောက်ရင်းနဲ့ အတော်ချမ်းသာသွားတယ်။ ဘဏ္ဍာညွှန်မှူး ဒေါ်သန်းသန်းမြင့်ကို လက်သတ်မွေးပြီး အောက်မြန်မာပြည် တစ်ခုလုံးမှာရှိတဲ့ နိုင်ငံတော်ဘတ်ဂျက်တွေနဲ့ စီးပွားရှာစားနေပြီး အတော်လေး ချမ်းသာသွားပြီး၊ ဗလာစာအုပ်ရောင်းတယ်။ ပြက္ခဒိန်ရောင်းတယ်။ ကျောင်းအဆောက်အဦးတွေ ဆောက်တယ်။ ပညာရေးကို ဈေးကွက်တစ်ခုလိုသဘောထားပြီး စီးပွားရှာတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ အတော်ဆိုးတာဘဲ။ ဘယ်လိုလုပ်ကြမှာလည်း အရပ်ကတို့ရေ့။
-       ဗိုလ်မှူးကြီးအေးလွင်ဟာ ပြောင်းရွှေ့ခန့်ထားရေးတွေမှာ ငွေယူမှုနဲ့ နံမည်ကြီးတယ်။ ငွေမပါလျှင် ဘာမှမရဘူး။ အခြားညွှန်ချုပ်တွေလို ညာညှိပြီး အပြိုင်အဆိုင် စီးပွားရှာနေကြတယ်။ အထက(၁၆)မန္တလေးက လုပ်သက်(၂)နှစ်သာရှိသေးတယ် ကျောင်းဆရာမလေးတစ်ဦးကို အလယ်တန်းကျောင်းအုပ်ရာထူးတိုးပေးပြီး ၄င်းရဲ့ တိတ်တိတ်ပုန်း မယားငယ်ထားတာ အားလုံးအသိ ဖြစ်တယ်။ ဘယ်လိုလုပ်ကြမလည်းဗျာ၊ နှမသားချင်းတွေတောင် ဆရာမလုပ်ခိုင်းရမှာ ခပ်ကြောက်ကြောက်ဖြစ်နေပြီ၊ ပညာရေးဌာနရဲ့ လူကြီးတွေက တကယ့်လူစွမ်းကောင်းတွေဘဲနော်။
-       ဗိုလ်မှူးကြီးအုန်းမြင့်ဟာ သုတေသနဲ့ စာစစ်ဌာနနှစ်ခုရဲ့ ညွှန်ချုပ်ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးအေးလွင်လိုဘဲ ရုံးမှာ မယားငယ်ဆရာမ (၂)ယောက်ကို ပြောင်ပြောင်တင်းတင်း အလုပ် ခေါ်ခန့်ထားတယ်။ ငွေရေးကြေးရေးကိစ္စတွေအတွက် စာစစ်အတွင်းရေးမှူးနဲ့ အဆင်မပြေဖြစ်ကြတယ်။ ဦးစီးဌာန(၂)ခုကို ကိုင်တွယ်ပြီး အတော်လေး ချမ်းသာသွားပြီး အခုလည်း စာရင်းစစ်ကန့်ကွက်ချက်တွေဖြစ်ပြီး သိန်းထောင်နဲ့ချီ ပြသနာဖြစ်နေတယ်။
ကျန်တဲ့လူတွေလည်း မထူးပါဘူး။  ကျန်တဲ့သူတွေလည်း ပုလင်းတူ ဘူးဆို့တွေချည်းပါဘဲ။ ကျန်ရှိသများကိုလည်း ဆက်လက်လေ့လာဖော်ပြသွားပါမည်။
အဲဒီတော့ ဒီလူတွေနဲ့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံပညာရေးကဏ္ဍကို ဘယ်လိုတိုးတက်အောင် လုပ်ကြမှာလည်းလို့ မေးချင်ပါတယ်။ နိုင်ငံတကာက ထောက်ပံ့ကြေးတွေပေးလာရင်လည်း ဒီလူတွေ ပိုချမ်းသာ အုံးမှာပါ။ ဒါပေမယ့် ပညာရေးကတော့ စုတ်ပြတ်သတ်နေပြီ၊
မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ချင်လျှင် ဒီလူတွေကို ပထမဆုံး ဖယ်ရှားပစ်ဖို့လိုမယ်။ မြန်မာနိုင်ငံ တကယ်တော်တဲ့ လုပ်နိုင်တဲ့ ပညာတတ်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဆင့်မှီ ပညာရေးကို စနစ်တစ်ခုကို မဖြစ်မနေ ပြောင်းလဲပေးဖို့ လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ပါတယ်။ 

Myanmar News Now
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၁) ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၁) Reviewed by သစ်ထူးလွင် on 07:03 Rating: 5

44 comments:

မောင်မှန် said...

ကောင်းလိုက်တဲ့ တင်ပြချက်ပါဗျာ ကိုသစ်ရေ....တိုင်းပြည်အတွင်းရှိ ညီကိုမောင်နှမအားလုံးအနေနဲ့လဲ ဒီလိုမတရားသဖြင့် စီးပွါးရှာနေတဲ့ စစ်အာဏာရှင် လူ့စပါးကြီးတွေကို သိလျှက်နဲ့ ငြိမ်နေတာမျိုးမလုပ်ကြပဲ တာဝန်သိစိတ်ဓာတ်တွေနဲ့ ဖော်ထုတ်ပေးကြဖို့ အချိန်တန်ပါပြီ..

Arlarwaka said...

ကဲ သန့်ရှင်းတဲ့အစိုးရ ဆိုတာကိုယုံကြည်စေချင်ရင် ဒါလေးတွေကိုစီစစ်ပြီး အရေးယူပါ အောက်ခြေက ဆရာဆရာမတွေ ကျူရှင်ပြတာ ခဏထားလိုက်ပါအုံး ဦးသိန်းစိန်တို့ ဦးရွှေမန်း တို့ရေ အပြောကတော့ ရွှေမန်း ကတော့ချိုမိုင်မိုင် ဖြစ်နေပြီနော် မရှက်ကြဘူးလား

အမှန်တရား said...

သြော် အကုန်လုံးရဲ.ဂုဏ်တွေက စိတ်ပျက်စရာကောင်းလိုက်တာ။ ဘာဖြစ်လို.မြန်မာနိုင်ငံမှာ အရည်အချင်းမရှိ အကျင့်ပျက်နေတဲ့လူတွေက နိုင်ငံ့ခေါငိးဆောငိတွေဖြစ်နေတာလဲ။ အဲဒီလိုလူတွေရှိနေသရွေ.တော့ မြန်မာနိုငိငံအတွက် ရင်လေးစရာပါပဲ။

Anonymous said...

ဒါတွေကိုသမတကသိပါ့မလား..
သိအောင်ဘယ်လိုလုပ်မလဲ..
သိပီးတော့.သမတက.မသိချင်ယောင်ဆောင်နေရင်ကော.
အင်း..တို့တိုင်းပြည်ကြီးတစ်ကယ့်ကိုဖာနိုင်ငံကြီးပဲ..

175ivan said...

သြော် တို့ရွှေပြည်ကြီးရဲ့ ပညာရေးဌာနကဦးစီးခေါင်းဆောင် တွေရဲ့အနေအထားကတော့ အတုယူလေးစားအပ်ဖွယ်ပါပဲ။ ကောင်းလိုက်ကြတဲ့ စာရိတ္တတွေ ။အံသြကုန်နိုင်ဖွယ်ပါပဲ ။မယားငယ်ခံတဲ့ ဆရာမတွေကိုလဲ အံသြမိတယ်။

175ivan said...

သြော် တို့ရွှေပြည်ကြီးရဲ့ ပညာရေးဌာနကဦးစီးခေါင်းဆောင် တွေရဲ့အနေအထားကတော့ အတုယူလေးစားအပ်ဖွယ်ပါပဲ။ ကောင်းလိုက်ကြတဲ့ စာရိတ္တတွေ ။အံသြကုန်နိုင်ဖွယ်ပါပဲ ။မယားငယ်ခံတဲ့ ဆရာမတွေကိုလဲ အံသြမိတယ်။

light said...

ပညာရေးဝန်ကြီးဌာနရဲ့ ထိပ်ပိုင်းတစ်ခုလုံး အစိမ်းရောင်ပြောင်းဆိုရင်တော့ သွားပြီလေ

Wunna said...

ဘာ . .ဘာ .. .ဘာတဲ့ . . .ပညာရေးစနစ်ဖြင့် ခေတ်မှီတိုးတက်သောနိုင်ငံတော်ကြီးကို တည်ဆောက်အံ့.. ။ ဟုတ်စ . . .ယုံတမ်းစကားတွေပါကွာ . .ဟားဟားဟားဟား

ဥုံဖွ said...

ပြောတော့ပြောတယ် ရေးတော့ရေးတယ် ဒါပေမယ့် ကျွန်တော်တို.
တတွေ ဒီလိုကိစ္စတွေကို ဘယ်လို တားဆီးမလဲ ဘယ်လို ရပ်တန်.
အောင်လုပ်မလဲ လိုအပ်ရင် ဘယ်လို လူထုလှုပ်ရှားမှုတွေနဲ. ၀ိုင်းဝန်းပြီးအတူတကွလုပ်ဆောင်ကြမလဲ ဆိုတာလေးတွေပါ စည်းရုံးအကြံပေးကြပါဦး

sean said...

wishing to be a clean government dream may come true

pyaponthu said...

မြန်မာ ပြည်မှာ ပညာရှင်တွေ အများကြီးရှိတယ်။သူတို့ က တကယ့်ပညာရှင်ကို နေရာမပေးဘူး။စစ်သားတွေဆို စစ်ရေးမှာ ဘဲကျွမ်းကျင်တဲ့သူတွေဖြစ်တယ်။ပညာရှင်မဟုတ်ဘူး။တိုင်းပြည်မှာ ပညာရှင်တွေ နေရာမရသရွေ့ တိုင်းပြည်ဘယ်တော့မှ မတိုးတက်ဘူး။တိုင်းပြည်ကို တကယ်တိုးတက်ချင်စိတ်ရှိရင် အရင်ဆုံးလုပ်ရမှာ က အုပ်ချုပ်ရေးပိုင်းကို ကျွမ်းကျင်တဲ့ ပညာရှင်များကိုသာ ခန့်စေချင်ပါတယ်။စဉ်းစားကြပါ ပညာရှိ လူကြီး

Shwe Mg said...

ပညာရေး နိမ့်ကျတာမပြောနဲ့လေ..ဘွဲ့ရဆိုက်ကားသမားတွေ၊ ဘွဲ့ရစပယ်ယာတွေ၊ ဘွဲ့ရကူလီတွေ..မြန်မာနိုင်ငံမှာ..အများကြီးပဲ..အော်..ပညာရေးဒုဝန်ကြီးက..ရုံးခန်းထဲမူးနေလို့တဲ့...တော်သေးတာပေါ့ ကျောင်းတွေမှာ အရက်ဆိုင်မဖွင့်ခိုင်းတာ....ဒါတောင်မကောင်းတက်လို့နေမယ်...

melodysky said...

ဒီပို့စ် ကို ကြိုက်တယ် ဆိုတာထက် ကို ကျေးဇူးတင် ရမှာ၊မြန်မာတပြည်လုံးမှာ ကျွန်တော်တို့ မသိရပဲ ပြည်သူ့အကျိုးကို ဖျက်ဆီးနေတဲ့ လူကြီးတွေ(လုံးဝ သုံးစားမရသော)ရှိနေတာကို အများကိုသိစေလိုက် လို့ပါပဲ၊ နောက်ကျန်ရှိနေသေးသော အကျင့်ပျက်လူကြီးတွေအကြောင်းကိုလဲဖတ်ရှုရန် စောင့်မျှော်လျှက်ပါ

Demo said...

ကောင်းလိုက်တာဗျာ။အခုလိုသိရလို့ကျေးဇူးတင်ပါတယ်
ဂျာနယ်တွေမှာဖေါ်ပြပေးနိုင်ရင်ပိုကောင်းမယ်ဗျာ
အဲ့ဒီလိုဖြစ်လာဖို့ တိုက်ပွဲဝင်သွားကြဖို့လိုမယ်ဗျာ

one student said...

အော် ... ကောင်းလိုက်ကြတဲ့ဂုဏ်ပုဒ်တွေပါလား ... တော်တော်တိုးတက်အုံးမယ် .. ပြောရရင်ရှိသမျှလူအကုန်ထုတ်ပစ်ရမဲ့ပုံပဲ .. ဒီလိုလူတွေအုပ်ချုပ်နေသမျှတော့ ဘာမှပြောင်းလဲတိုးတက်အုံးမှာမဟုတ်ပါဘူး ...

myochitnanda said...

ကျွန်တော်သိသလောက်ဖြည့်စွက်ပါရစေ..ကျောင်းဖွင့်ရာသီဆို ညွှန်ချုပ်ကြီးတွေရဲ့  ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ဗလာစာအုပ်ဖြန့် ချိခြင်းကို သက်ဆိုင်ရာ တိုင်း၊ပြည်နယ်ပညာရေးမှူးများက တာဝန်ယူစီမံခန့် ခွဲပေးရပါတယ်။ ဥပမာ- ဦးကျော်သူအတွက် တိုင်းတစ်တိုင်းကို ဗလာစာအုပ် (နှစ်စဉ်) ဒါဇင်ရှစ်သိန်းဝန်းကျင် (ပျှမ်းမျှဖြစ်ပါတယ်..တိုင်းအတွင်းရှိ ကျောင်းအနည်းအများ၊ ကျောင်းသားအင်အားပေါ်မူတည်ပြီး ခွဲတမ်းချတာပါ) တာဝန်ယူဖြန့် ပေးရပါတယ်.. ပုံမှန်ဗလာစာအုပ် လုပ်ငန်းရှင်တွေအနေနဲ့  ဒီဇင်ဘာ၊ ဇန်န၀ါရီလောက်မှ စာအုပ်ဖိုးတွေ ကောက်လေ့ရှိပေမယ့် သူတို့ တတွေက ဇူလိုင်၊သြဂတ်စ် ဆိုတာနဲ့  ချက်ချင်းသူတို့ ဘဏ်စာရင်းထဲ (တချို့ ညွှန်ချုပ်ကြီးတွေဆို သူတို့ မိန်းမတွေမသိတဲ့ ညွှန်ချုပ်ကြီးတွေရဲ့  ကိုယ်ပိုင်ဘဏ်စာရင်းထဲ) ကို ထည့်ခိုင်းလို့  ပေးနိုင်အောင် အောက်ကိုဖိထောင်း တောင်း၊ရှာဖွေပြီး ထည့်ပေးရပါတယ်.... ဗိုလ်မှူးမျိုးညွန့်  လိုအောက်မြန်မာပြည် ပညာရေးလောကမှာ နာမည်ကြီး စားဖားကြီးများကလည်း ငွေရ၊ငွေယူ.. လူရ၊ လူယူဆိုပြီး နာမည်သတင်းမွှေးလှတာ သိပ်တော့မဆန်းလှသလိုပါပဲ.. ဒီသတင်းတွေက သက်ဆိုင်ရာ ပညာရေးလောကသားတွေ အားလုံးသိနေကြတာပါ... မျက်စိ၊နားသေးတဲ့ နိုင်ငံတော် အကြီးအကဲများသာ မသိကြသေးတယ် ထင်ပါတယ်... သိရင် အရေးယူဆောင်ရွက်ပေးမှာပဲလေ.. ဒါတောင် ကျောင်းအုပ်ကြီးများ၊ မြို့ နယ်ပညာရေးမှူးများကို တပ်ကကောင်တွေထည့်မယ်ဆိုပြီး ၂၀၀၀-ကျော်နှစ်များက အသံသဲ့သဲ့ကြားလိုက်ရသေးတာ.. ကံကောင်းထောက်မစွာနဲ့  ဖြစ်မလာလို့ သာ... မဟုတ်ရင် တနိုင်ငံလုံး ဘာတွေဖြစ်နေကုန်လိမ့်မလဲဆိုတာသာ တွေးယူကြည့်ကြပါတော့ဗျာ... ပညာရေးဆိုတာ တိုင်းပြည်၊နိုင်ငံတော်အတွက် တကယ့်အခြေခံအကျဆုံး၊ အရေးအကြီးဆုံး(အရေးအကြီးဆုံး)ပါ... အကျိုးဆက်ကို နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံစမ်းသပ်ပြီးမှာ ခံစားသိရှိရလေ့ရှိတဲ့ အရေးအကြီးဆုံးဌာနကြီးဖြစ်နေလို့  ပညာရေးသဘောတရားပိုင်နိုင်ကျွမ်းကျင်တဲ့၊ ပညာရေးအတွေ့ အကြုံအခိုင်အမာရှိတဲ့ (၁၀-တန်းကို ၅-ခါပြန်ဖြေရတဲ့ အတွေ့ အကြုံကို မဆိုလိုပါ)၊ လုပ်သက်ရင့် ဆရာကြီး၊ဆရာမကြီးများ အမြောက်အမြားရှိနေပါသေးတယ်... ဆောင်းပါးပါ လုပ်စား၊ခြောက်စား၊ ဟောက်စား၊ ဖွန်ကြောင်၊ နှာဗူးများ အရေးကြီး၊ မွန်မြတ်လှတဲ့ ပညာရေးဆိုင်ရာထိပ်ပိုင်းရာထူးကြီးများမှာ အုပ်စိုးနေသရွေ့  ရွှေပြည်တော်ကြီးက မျှော်လေ-ဝေးလေ ဖြစ်နေပါလိမ့်ဦးမယ်ဟုသာ....

သက်မောင် said...

ပညာရေးဆိုတာ ပိုက်ဆံလောက်အရေးမပါဘူး လို့ ထင်မြင်သူများ၊ ရာထူးဂုဏ်ရှိဖြင့် ကိုယ့်မိသားစုအသိုင်းအ၀ိုင်းအကျိုးအတွက် ဘယ်လို လုပ်ပေးလို့ရမလဲဆိုတဲ့ အတွေးအခေါ်တွေ ပွေ့ပိုက်ထားသူများ ... ကိုယ်ရောက်ရာနေရာက ဘာတွေအကျိုးအမြတ်ရမလဲ ဆိုတာပဲကြည့်ပြီး ဌာနကို ရောက်လာတဲ့ အသွင်ပြောင်းများရဲ့ စိတ်ဓာတ် (လူတိုင်းကိုမဆိုလိုသော်လည်း အများစုမှာရှိသည်).... မြန်မာ့ တပ်မတော်မှာ စစ်သည်အင်အား လျော့ပါးလာချိန်မှာတောင် တပ်မှာတောင် သုံးစားမရတော့လို့ အရပ်ဖက်ရောက်လာတဲ့ ငနဲတွေက ကိုယ်နဲ့လည်းမဆိုင် မပတ်သက်ဘူးတဲ့ ၀န်ကြီးဌာနတွေရဲ့ လုပ်ငန်းစဉ်တွေကို ဘယ်လိုလုပ်အောင်မြင်အောင်လုပ်နိုင်ပါ့မလဲ ယူထားတဲ့နေရာကလည်း Decision Maker ရာထူးတွေဆိုတော့ ပိုဆိုးတော့တာပေါ့...
ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ရဲ့ တောင်ပံတွေပါပဲ.... ပညာရေးမပြည့်စုံရင် သူများအထက် ကောင်းကင်ယံမှာ ဘယ်တော့မှ ပျံဝဲနိုင်မှာမဟုတ်ပါဘူး....
သူများလိုမပျံနိုင်တဲ့အခါ ... သူများအောက်က ခေါင်းငုံ့ ၀မ်းလျားမှောက်သွားတတ်တဲ့ တွားသွားသတ္တ၀ါအဆင့်လောက်ပဲ ရှိနေမှာပါ...
ဒီလိုမဖြစ်ရအောင် အမြော်အမြင်ရှိသူ၊ ကိုယ်ကျိုးအတွက်ပဲ မကြည့်သူတွေကသာ ပညာရေးကို ကိုင်တွယ် ပုံဖော်သူ ဖန်တီးသူတွေဖြစ်နေရမှာ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပါ။
တကယ်တော့ ကျနော်တို့တိုင်းပြည်မှာ အခြေခံကအစ အဆင့်ဆင့်ကို တတ်သိနားလည်တဲ့ ၀န်ထမ်းအဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများမှ အခိုင်းခံဘ၀ဖြင့်မဟုတ်ပဲ စီမံကွပ်ကဲသူများဖြစ်နေရမယ့် ၀န်ထမ်းအဖွဲ့အစည်း၊ အနာဂတ်အတွက် မျှော်လင့်ချက်ရှိသော တက်ကြွသော ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားသော ၀န်ထမ်းအဖွဲ့အစည်းများ ဖြင့် ပြည်သူနှင့် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်မည့် ၀န်ထမ်းအဖွဲ့အစည်းအဖြစ် ယခုအခါမှ စတင်မျိုးစေ့ချ ဆောင်ရွက်ရပါမည်.. ထိုသို့မဟုတ်လျှင် မြန်မာနိုင်ငံအနာဂတ်အရေး ရင်လေးဖွယ်သာ ဖြစ်ချေတော့မည်။

Anonymous said...

အနာဂတ်ပညာရေး တော်တော်တိုးတက်မှာပဲနော်။ ဒီလိုလူတွေနဲ့လုပ်ရင်တော့ ပညာရေးဟာ အာဆီယံတောင်မကဘူး အမေရိကန်ကိုတောင် ကျော်သွားမယ်နော်။ ကိုယ်ပိုင်အာကာသစခန်းတွေတောင် တည်ဆောက်ကြမှာနော်။
ဟဲဟဲ။ အကျင့်စာရိတ္တကတော့ ရှယ်နော်။

tharzaw said...

်စစ်ရေးစစ်ရာပဲသိတဲ့သူတွေက ပညာရေးမှာတက်အုပ်ချုပ်နေလို့
(တခြားဌာနတိုင်းလိုလိုလည်း ထိုနည်းလည်းကောင်းပဲ)
ကျုပ်တို့တိုင်းပြည်ကြီးရဲ့ပညာရေးဟာ ငရဲပြည်ရောက်နေရတာ။
ကိုယ်ကျင့်သိက္ခာလည်းနည်းနည်းမှမရှိ၊ သောက်ရှက်လည်း
လုံးလုံးမရှိ၊ အဲဒီလိုလူမျိုးတွေကို ဖော်ထုတ်ပြီး
ထိုက်တန်တဲ့ အရေးယူမှုတွေကို ဥပဒေနဲ့အညီလုပ်ရမယ်။
Good & clean government ဖြစ်အောင်လုပ်မယ်လို့အော်နေရုံနဲ့
ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။

Pyinnyadepa said...

ကိုသစ်ထူးလွင်ရေ....
ဒီသတင်းမျိုးတွေများများတင်ပေးပါ....
တော်လှန်ရေးဆိုတာ..ခေတ်အဆက်ဆက် တက္ကသိုလ်ကစတာပါ... ပညာရေးလောကကစတယ်လို့လဲပြောလို့ရတယ်လေ...။အင်္ဂလိပ်၊ဂျပန်အပါအ၀င် ဖက်ဆစ်ကိုအတုယူထားတဲ့စစ်အစိုးရကိုတော် လှန်တာလဲပညာရေးလောကကပါ...စစ်ဘီလူးတွေကဒါကိုသိတော့ ပညာရေးလောကကိုအတွင်းလှိုက်ဖျက်ဆီးဖို့စီမံကိန်းချထားတာပါ....ကျွန်တော်ပြောတာမဟုတ်ဘူးလို့သက်သေပြချင်ရင်..သမတကြီးခင်ဗျား.....ပညာရေးလောကက စစ်တပ်အရာရှိဟောင်းဆိုးတွေကိုချက်ခြင်းဖယ်ရှားပေးပါ...မဟုတ်ရင်တော့ဒီမိုကရေစီအရေခြုံအစိုးရလို့ပဲဆက်ပြီးယုံကြည်နေဦးမှာပါ....
ပညာဒီပ....

Android Myanmar said...

စောက်သုံးမကျတဲ့ ခွေးဓားပြ စောက်ရူးတွေ ဦးဆောင်နေတဲ့ ချီးတွင်းနက် ပညာရေးစနစ်လေ

amtkhunlay said...

ူလူကုံထန်= ပညာရေး ဝေးသည်မရှိ။
လူဆင်းရဲ= ပညာရေး ဝေးသည်။ မရှိ။
ပညာရွှေအိုး လူမခိုး။
ပညာရေးသည် ရွှေအိုးဖြစ်သည်။ လူများမခိုးရ။
(စစ်ဗိုလ်များ အတွက်သာ)

ုkyaw said...

ဒီလိုဆိုတိုင်းပြည်ရဲ့အနာဂါတ်သားကောင်း၊သမီးကောင်းတွေကိုမွေးထုတ်ပေးနေတဲ့ ပညာရေးမှာသင်ကြားတဲ့ဆရာမအချို့တွေရော အုပ်ချုပ်တဲ့လူအချို့တွေပါဒီလိုဖြစ်နေကြပြီးဆိုတော့အနန္တဂိုဏ်းဝင်တွေထဲမှာ ကျောင်းဆရာမတွေကိုဖယ်ထုတ်ရတော့မလိုဖြစ်နေပြီးပေါ့ .နောက်ဆိုကျောင်းသားနဲ့ဆရာမတွေပေါ်တင်တောင်ရည်းစားထားကြမလားမသိဘူး လက်ဦးဆရာကမကောင်းတော့ ဘယ်လိုမျိုးလူတော်လူကောင်းတွေထွက်လာတော့မှာလဲ စိတ်ပျက်ဖို့တော်တော်ကောင်းနေပြီး။

Web Walker said...

လူအလုပ်ခွေးတက်ရှုပ်တော့၊ဒို့နိုင်ငံငါးပါးမကသံဃာစင်ပါမှောက်တာဒါကြောင့်ကိုး၊ဒီလူတွေ.အဲ.မှားသွားလို့၊ဒီခွေးတွေဒါကြောင့်ဒီမိုကရေစီမလိုချင်ကြတာ။ဒီမိုကရေစီရသွားရင်လူနေရာလူရောက်လာမှာဆိုတော့၊ဒီ.....

datha said...

မအောင်မနေရ ပညာရေးစနစ်ကြီးက
တော်တော်ဆိုးဝါးပါတယ်
အတန်းပိုင် ဆရာမကျုရှင်တက်
ကျုရှင်မတက်ရင် ကျန်ဖန်ပြီး ပြသနာရှာခံရ
တတ်လဲအောင် မတတ်လဲအောင်
အလယ်တန်း၊အထက်တန်းကျောင်းတွေတင် မဟုတ်ဘူး
ဆရာအတတ်သင်ကျောင်း ပညာရေးကောလိပ်တွေမှာလဲ
တတ်လဲ ဆရာဖြစ်လက်မှတ်ထုတ်ပေး
မတတ်လဲ ဆရာဖြစ်လက်မှတ်ထုတ်ပေး
ဒီလို မတတ်တဲ့ဆရာတွေက သင်တော့
မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေ တော်တော်သနား
ဘို့ ကောင်းနေပြီ
ဒီလိုဖြစ်နေတာ ဘယ်သူ့မှာတာဝန် ရှိသလဲ......?

thihathuya said...

ဒါကြောင့်လည်းအခုချိန်ထိ..နိင်ငံတကာနဲ့ယှဉ်ရင်..မြန်မာတွေ
အစစအရာသိမ်ငယ်နေရတာပေါ့.ကျောင်းတွေမှာလည်းကလေး
တွေကိုတောင်းလိုက်တာလည်းမျိုးစုံကျူရှင်ယူမှလူရာဝင်မယ့်ဘ၀သင်ရိုးညွန်းတန်း..ကျ..ဒုံရင်းဒုံရင်း..အိမ်နီးချင်းနိင်ငံတွေမှာဘယ်
အရွယ်မှာ..ဘာစာတွေသင်ကြားပေးနေသလဲဆိုတာကို.လက်ရှိ
တာဝန်ယူထားသောပညာရေးဝန်ကြီးများနှင့်နောက်ဖြစ်လာမည့်တာဝန်ရှိသူများ..များများလေ့လာမြန်မြန်ပြောင်းလဲဖို့အကောင်
အထည်ဖော်သင့်နေပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးး

Aung Soe Oo said...

တိုင်းပြည်ပညာရေးကောင်းမကောင်းတော့မသိဘူးကိုသစ်ရေ သူတို့နဲ့ပတ်သက်တဲ့ပညာရေးအသိုင်းအ၀ိုင်းကသူတွေရဲ့သားသမီးတွေကတော့မြန်မာပြည်ပညာရေးမကောင်းလို့နိုင်ငံခြားတိုင်းပြည်တွေမှာကျောင်းထားနေကြပြီလေ

Ko Htet said...

ဘောင်းဘီချွက်ပြီး ပုဆိုးဝတ်ရင်လည်း ကောင်းကောင်းနေနော်-----
လူပုံအလယ်မှာ ကျွတ်ကျမယ်----------

ကိုယ်တော်ချော said...

အားရသကွာ ငါကိုယ်တော်ချော အားရသကွာ အခုလိုအင်တာနက်ပေါ် ရောက်လာတော့ကောင်းရောကွာ ဋသန်လျင်းချိတ်တောင် ဘယ်လှည့်ရမှန်းမသိတဲ့ကောင်တွေက ဒုဝန်ကြီးတို့ ညွှန်ချုပ်တို့တက်ဖြစ် နေတယ်လား အံ့ဖွယ်သုတပဲ မူးနေလို့လို့တော့မပြောနဲ့နော် စဉ်းစားလိုက် ငါ ဋသန်လျင်းချိတ်ရေးတတ်လားလို့ ခိုးမကြည့်နဲ့ ဟားဟားဟား

Anonymous said...

ဒီလို မိုးကျ ရွှေကိုယ် တွေရှိနေသရွေ့ မြန်မာပညာရေး တိုးတက်မှာ မဟုတ်ဘူး..
တင်ပေးထားတဲ့သူကို ကျေးဇူးတင်ပါတယ်..
အခုမှ ဒီလူတွေအကြောင်းကို သိရတော့တယ်..
အကျင့်တွေ အခုထိ မပျောက်သေးပါလား..

မောင် said...

ကိုသစ်ရေ..
တိုင်းပြည်ရဲ့ထိပ်တန်း ခေါင်းဆောင်တွေ၊ အစိုးရဌာနတွေက ဦးဆောင်သူတွေ၊ ကပ်ပါး ခရိုနီ သူဌေးကြီးတွေ၊ သူဌေးလတ်တွေ စတဲ့ သူတွေရဲ့
လာဘ်စား၊ အကျင့်ပျက်၊ ကိုယ်ကျိုးစီးပွားရှာတဲ့ အကြောင်းတွေကို (ထောက်ခံတဲ့၊ ကန့်ကွက်တဲ့ ကွမ်မန့်တွေလဲပါမှာပေါ့လေ)
ကိုသစ် စာမျက်နှာရဲ့ တနေရာမှာ စုစည်းထားပေးရင်ကောင်းမယ်ထင်တယ်။
ခလုတ်ကလေးတခုကိုနှိပ်ပြီး လင့်ချိတ်ထားတာမျိုးပေါ့။

အခြားသတင်းအသစ်တွေရောက်လာရင် ပျောက်သွားလို့လေ။

ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက် ဆိုတဲ့စကားက လုပ်တဲ့သူအတွက် စိတ်သက်သာရစေတဲ့စကားပါ။
တကယ်တန်းခံခဲ့ရတဲ့ ပြည်သူတွေအတွက်
ဒါမျိုးက ဖျောက်ပျက်မသွားသင့်တဲ့သတင်းတွေမို့ပါ။
သမိုင်းမှာ သိက္ခာအတွက် ကျန်ရစ်မယ့်သတင်းတွေမို့ပါ။

တို့ခေတ် said...

ဟင်း ဘယ်လို သက်ပြင်းချရမှန်ုးတောင် မသိတော့ဘူး စုတ်ပြတ်သက်နေတဲ့ ပညာရေး ကြားမှာ ကိုယ်ဒူး ကိုယ်ချွန်ပြီး ထူးချွန်ထက်မြက်တဲ့ မြန်မာ လူငယ်တွေ ရှိနေသေးလို့ တော်ပါသေးတယ်။ ဒါ ဒီသူတောင်စားကြီးတွေ ဖြစ်စေချင်တဲ့ အရပ်သားပညာရေးလေ။ အရပ်သား ပညာရေးတွေ တအားကောင်းရင် သူတို့ ရေရှည် အုပ်ချုပ်လို့မရဘူး။ ဒါကြောင် အရပ်သား ပညာရေး ကို စုတ်ပြတ်သက်အောင် စစ်တပ် မှာ အရည်အချင်းမရှိတဲ့ သူခိုးကြမ်းပိုး အရာရှိဆိုးတွေကို အရပ်သား ပညာရေးမှာ နေရာပေးထားတာ။ သူတို့ တပ်က ပညာရေးကို ကြည့်ပါလား။ DSA မှာ ဘယ်လိုသင်လဲ။ ဘယ်လောက်ထိထောက်ပံ့ မှု တွေ ပေးသလဲ။ ပြောရတာ အကုသိုလ်များပါတယ် ဗျာ။ သူတောင်းစား ခွေးမသားတွေ ဒင်းတို့ တိုင်းပြည်ကို ဖျတ်ဆီး ခဲ့တာကို ဘယ်တော့မှ မကျေဘူး။

sulatt said...

ခုတော့ ပြောကြပြီပေါ့ဗျာ ဒီ ရေစီးကြောင်းမှာပဲ အားလုံးက အလိုက်သင့်မြောခဲ့ကြတာမဟုတ်လား ဒီ ရေစီးကြောင်းက ပေးတဲ့ ဆုတံဆိပ် တွေပဲ ယူခဲ့ကြတာမဟုတ်လား ။ ဒီ ပညာရေးကို မကြို့က်လို့ ဒီပညာရေးက ပေးတဲ့ ဂုဏ်ထူး (၅ ) ဘာသာ ဆုကို မယူခဲ့တဲ့ ကျောင်းသားမြန်မာပြည်သမိုင်းမှာရှိလား ။ ခု ခင်ဗျားတို့က အပျက်တွေကြီးပဲ ထောက်ပြနေတယ် ဘယ်လို ကောင်းအောင်လုပ်မလဲဆိုတဲ့ ( How to ... ? ) ကိုကျတော့ ဘာမှ ထောက်ပြ ဝေဖန်တာမ၇ှိဘူး ။

ခင်ဗျားတို့ကိုယ်တိုင်ဘာမှ မတွန်းလှန်နိုင်ပဲနဲ့ လေနဲ့ပဲ တော်လှန်နေကြတယ် ၊ လေနဲ့ပဲ တွန်းလှန်နေကြတယ် ။

ခု ခင်ဗျားတို့ ပညာသင်နေတဲ့ ပိုက်ဆံတွေ ၊ ခု ခင်ဗျားတို့ စီးပွားရေးလုပ်နေတဲ့ ပိုက်ဆံတွေ ၊ ခု ခင်ဗျားတို့ နိုင်ငံခြားထွက်လာတဲ့ ပိုက်ဆံတွေကို နောက်ကြောင်း trace ပြန်လိုက်ကြည့်ရင် ( ၁၀၀ ) ရာခိုင်နှုန်း ကိုယ့်အားကိုယ်ကိုးပြီး ရလာတဲ့ သန့်စင်တဲ့ ငွေဟုတ်ခဲ့လို့လား.... မြန်မာပြည် အိမ်ထောင်စုတိုင်း ဘယ်သူမှ မကင်းဘူးဗျ လဘ်ပေး ၊ လဘ်ယူနဲ့ အနည်းနဲ့ အများပဲ ကွာတယ် ။ အချီးကြီး အပွကြံတဲ့ သူနဲ့ နဲနဲ ချင်းဆီ သမတဲ့ လူရယ်ပဲ ကွာတယ် ။

ခုမှ ခင်ဗျားတို့က ဟိုလူ့ အတွင်းရေးတွေ ဖော်လိုက် ၀ိုင်းပြီး အပြစ်တွေတင်လိုက် စစ်သားတွေကို နင်ပဲ ငဆ ပြောဆိုလိုက် နဲ့ ခင်ဗျားတို့လည်း စားတာပဲ အဲဒိ ပိုက်ဆံတွေနဲ့ပဲ ခု ခင်ဗျားတို့ စီးပွားလုပ်နေကြတာ ... ခု ခင်ဗျားတို့ ပညာသင်နေကြတာ..အဲဒိ လဘ်စားထားတာတွ အကုန် အမ်းကြေးဆို ခင်ဗျားတို့ ခုလို ကွန်ပျူတာရှေ့ comment ရိုက်ဖို့နေနေသာသာ ၊ တဆွေလုံးတမျိုးလုံး ကျွန်ခံပြီး ပြန်ဆပ်တောင် မိသားစုတိုင်းမကျေဘူးဗျ....

ခေတ်ကိုကြီးပဲ လက်ညှိုးထိုးနေတဲ့ လူငယ်တွေ အဖြစ်ခံမဲ့ အစား ကိုယ်ပိုင် အမြင်နဲ့ ကိုယ်ရဲ့ အတွေးအခေါ်ကို ဓမ္ပဓိငှာန်ကျကျ ရေးသားပြီး post အနေနဲ့ လာတင်ပါလား ။ အဲ့ကျမှ ဘယ်နေရာတွေမှာ ဘယ်လိုလုပ်ကိုင်ရတာခက်တယ်ဆိုတာ ခင်ဗျားတို့ သိသွားမယ် ။

ခုခင်ဗျားတို့ ပြောပြောနေတဲ့ မကောင်းပါဘူးဆိုတဲ့ ( တကယ်လည်းမကောင်းပါဘူး ) ၀န်ကြီးငှာနတွေရဲ့ လုပ်ငန်းလည်ပတ်မှုကိုကြည့်ပြီး ခင်ဗျားသာ ပြောင်းလဲခွင့်ရရင် ဘာလုပ်မယ်ဆိုတာ post တစ်ခုလောက်တင်ကြည့်ပါလား..အောက်က feed back ဘယ်လောက်လာမလဲလို့ .....

ကိုယ်တိုင်တော့ လေ့လာမယ် ၊ စဉ်းစားမယ် မရှိပဲ လုပ်နေတဲ့ သူတွေကြီးပဲ အတင်းပြောလိုက် ၊ မကောင်းပြောလိုက်နဲ့ ခင်ဗျားတို့ တနေ့ ဒီထက်ဆိုးတဲ့ အခြေအနေနဲ့ ကြုံမှ နားလည်မယ်။

bishop said...

ငယ်ငယ်တုန်းက တော့ကြားဖူးတယ်.....
မြန်မာနိုင်ငံကြီးတိုးတက်ချင်တယ်ဆိုရင် ...
ရှိသမျှ ကောင် တွေ အကုန်သတ်...
ပြီးရင် မျိုးဆက်သစ်လူငယ်တွေ ပြန်စမှ တိုးတက်မယ်တဲ့
ဒါပေမယ့် သက်မယ်ဆိုရင် တောင် ကုန်မှာမဟုတ်ဘူး
များလွန်းလွန်းလို့...

ko htoo said...

စစ်အရာရှိဟောင်းတွေ လူကြီးပိုင်းမှာမရှိတဲ့ ဝန်ကြီးဌာန ရှိပါသလား။
အဂတိလိုက်စားမှု မရှိတဲ့ဝန်ကြီးဌာန ရှိပါသလား။
ပြည်သူကိုကူညီတဲ့ လူချစ်လူခင်ပေါတဲ့ ဝန်ကြီးဌာန ရှိပါသလား။ ပညာရေးတို့၊ ကျန်းမာရေးတို့၊ လူမှုဝန်ထမ်းတို့၊ အားကစားတို့၊ သာသနာရေးတို့ မှာတောင် ရှာမရရင် ကျန်တဲ့နေရာတွေမှာ ရှာမနေပါနဲ့။ မောရုံပေါ့။

yangonthu said...

Thank you so much this site, thanks,thanks..

yangonthu said...

Thank you so much this site, thanks,thanks..

Myanmar said...

ပြောစ၇ာတောင် မ၇ှိတော့ပါဘူး.......။ ။

ktd said...

ဒါဆိုရင်တော့
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ ဆိုတာ၊ ဟိုအရင်က၊ ဟိုလေ၊ ကမ္ဘာကိုလွမ်းသွားမယ် ဆိုတဲ့ ဆိုင်းဘုတ်လို
ဖြစ်ဦးမှာပေါ့နော်၊ ရင်လေးလိုက်တာ၊ တိုင်းပြည်အတွက်။ ။ ။

lwannaymie said...

သမ္မတကြီးရော....ဥက္ကဌကြီးတွေရော...အားလုံးသိနေပါတယ်။
ခက်နေတာက...အရေးယူဖို့လုပ်ဆောင်ရမဲ့သူကပြည်ထဲရေးဝန်ကြီးလေ...သူက...သမ္မတနဲ့ဥက္ကဌကြီးတွေခန့်ခွင့်မရှိတဲ့ဝန်ကြီးလေ...လက်ရှိတပ်ချုပ်ဘဲခန့်ခွင့်ရှိတဲ့ဝန်ကြီးတစ်ဦး....လက်ရှိတပ်ချုပ်ကြီးက(သန်းရွှေရဲ့ငယ်နိုင်၊အမျိုး၊တပည့်)ဖြစ်ပါတယ်။
...ဒါဆိုသဘောပေါက်ကြတော့...ပြည်သူတို့ရေ။

ကောင်းကင်သစ် said...

ဒါတွေဖတ်ပြီးမြန်မာပြည်ပညာေ၇းအတွက်တော်တော်ယူကြုံးမ၇ဖြစ်၇တယ်ဗျာ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာအဓိကအခြေခံအုတ်မြစ်က ပညာေ၇းဗျ ပညာေ၇းနဲ့ပက်သက်ပြီး လူငယ်တွေအညွန့်ချိုးခံခဲ့၇တာနစ်၇ာစုဝက်တောင်၇ိုပြီနော်ဒါပေမယ့် အေ၇းမလုပ်ကြဘူး ပညာေ၇းကိုခုတုံးလုပ်ပြီးကိုယ်ကျိုး၇ှာနေကြတာ ဘယ်လောက်နစ်နာသလဲ နိင်ငံ၇ဲ့အနာဂတ်ကိုနဲနဲမှထည့်မတွက်တော့ဘူးလား ပညာတက်ပညာ၇ှင်တွေသာ နိင်ငံ၇ဲ့ပညာေ၇းဝန်ကြီးဌာနမှာနေ၇ာယူစီမံသင့်တယ် အေ၇းတကြီးဆောင်၇ွက်၇တော့မယ့် ပညာေ၇းစနစ်ကိုအားလုံးဝိုင်းအကြံပြုသင့်ပြီနော် ခလေးတွေဟာ ကျောင်းသားလို့သတ်မှတ်ခံ၇၇ုံနဲ့ကျောင်းသွား၇တဲ့ခေတ်ကုန်သင့်ပြီခင်ဗျာ

မြန်မာပြည်သား said...

တကယ်ကျေးဇူးတင်တယ်..ကိုသစ်ရေ..
နောင်လည်း ဒီလိုမျိုးတွေကို ပြည်သူတွေသိအောင် များများတင်ပေးစေချင်ပါတယ်ဗျာ....ရာထူးကြီးတွေယူထားပြီး
သိုးရည်ခြုံထားတဲ့ဝံပုလွေတွေ..မြေခွေးလိုလူသားတွေရဲ့ရုပ်မာမှု၊မသမမှု တွေကိုဖော်ထုတ်တင်ပြဖို့အချိန်တန်ပါပြီ..ကိုသစ်ရေ

မေမေ့ မေတ္တာ said...

ပညာရေးဆိုတာ ကလောင်ကိုင်သူတွေနဲ့ဆိုင်တာ
စစ်သားဆိုတာက သေနတ်ကိုကိုင်တာ
စစ်ထဲမှာအနေကြာလို့ ခံစားခွင့်တွပေးချင်ရင် တိုင်းပြည်ကိုထိုးမကြွေးပါနဲ့
ပင်စင်လစာကို ကုဋေကြွယ်သူဌေးဖြစ်သွားအောင် ပေးလိုက်၊(မရှက် မကြောက်တတ်သူစားပေါ့) တိုင်းပြည်ဟာ မင်းတို့စစ်သားတွေလုပ်စားဖို့မဟုတ်ဖူး ပညာမတ
တ်ရင်လဲ ရာထူးရတယ်ဆိုတာ အဲဒါ မင်းတို့လောကရဲ့ တပည့်မွေး လက်ကိုင်
တုတ်မွေးတဲ့စနစ်ပဲ။ အရပ်ဘက်လာမစွက်နဲ့ နိုင်ငံတကာနဲ့ယှဉ်ဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရှင်လိုတယ် တိုင်းပြည်ကိုမဖျက်ဆီးကြပါနဲ့ တိုင်းပြည်ဟာ မဆင်းရဲသင့်ဘဲ ဆင်းရဲနေတယ် ကိုယ့်လောက်ရေမြေသယံဇာတမကောင်းတဲ့ အိမ်နီးခြင်းတွေကိုတောင်မမီတော့ဘူး အများကြီးပြတ်ကျန်နေတယ်။ ၀မ်းနည်းစရာသိပ်ကောင်းတယ် ကောက်ကျက်စဉ်းလဲတဲ့ ဘ၀မျိုးနဲ့အသက်မရှင်ခြင်ကြနဲ့ မင်းတို့ရဲ့သားစဉ်မြေးဆက်တွေ လောက
ထဲမှာ သမိုင်းဆိုးအမွေတွေရနေခဲ့မှာ သိမ်ငယ်နေကြရမှာ စဉ်းစားကြပါ။
တပ်ထဲမှာတိုင်းပြည်တာဝန်ထမ်းတာ အခမဲ့မဟုတ်ဘူး လခစား တန်ရာတန်ကြေးပေးထားပြီးသား ဒီနေရာရောက်ရင် ဒီတာဝန်ထမ်းရမှာဘဲ ဒါကိုရေးခွင်ကြယ်တွေပြော တိုင်းပြည်ကိုချစ်လို့ ကယ်တင်တာတို့ပြောနေတယ် ၀န်ထမ်းတိုင်း တိုင်းပြည်ကိုချစ်တယ် သူစွမ်းသလောက်နဲ့ သူဝါသနာသူချစ်တတ်တယ်။ နိုင်ငံသူ သားတိုင်းလဲဒီအတိုင်းပါပဲ ၊ အခွင့်ထူးမယူချင်ပါနဲ့။
ခွင့်ထူးခံလူတန်းစားဆိုတာ ရေရှည် မကောင်းစားပါဘူး။

လွင်အောင်စိုး said...

ကိုသစ်ထူးလွင် ရေ
ဆောင်းပါး (၁) ကို သိပ်သဘောကျ အားရမိပါတယ်။
မရှင်းတာတခုကတော့ အောက်ပါဌာနမှာ ဒုညွှန်ချုပ် ၂ ဦး ရှိနေတဲ့ ကိစ္စပါ။ ကျနော့်ဆီကို စာပြန်ပေးစေလိုပါတယ်။

- ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန

Facebook account - Lwin Aung Soe ရဲ့ message မှာ စာပြန်ပေးစေချင်ပါတယ်။

Powered by Blogger.