ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ မတ်လ ၃ ရက်နေ့က မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သော ဟောပြောပွဲကို လာရောက်နားထောင်ကြသော ပရိသတ်များကို တွေ့ရစဉ်။
မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ရှပ်ပြေးရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ်ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။ "ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင်ဆိုပြီးတော့ ရှပ်ပြေးတစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အာဏာပိုင်တွေက မငှားရဘူးဆိုပြီးတော့ ဖိအားပေးတယ်။ အာဏာပိုင် အဟောင်းရော အခုအသစ် လက်ရှိရောပေါ့။" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားအမြန်ရေယာဉ်တွေ နဲ့ စီစဉ်ဆောင်ရွက်နေပေမဲ့ အခက်အခဲတွေရှိနေကြောင်းလည်း ဦးခွန်သာမြင့်က ပြောပါတယ်။ "ကျွန်တော်တို့ မနေ့က နဲနဲ မြန်တဲ့ မော်တော်လေးပေါ့။ အမသွားမယ့် လမ်းကြောင်းအတိုင်း သွားတာပေါ့။ အမနေမယ့် အချိန်လောက် ရွာတွေမှာ နေပြီးတော့ ပြန်လာတာကို အဲဒါ ည ၁၀ နာရီလောက်မှ မြိတ်ကို ပြန်ရောက်တယ်။ အမကိုတော့ ည ၁၀ နာရီလောက်အထိ ပင်လယ်ကြီးထဲမှာ မထားနိုင်တော့ ကျွန်တော်တို့ အစွမ်းကုန်တော့ ရှပ်ပြေးရအောင် ကြိုးစားနေပါတယ်။ အဲဒါ လာလို့ မရအောင်၊ သွားလို့ မရအောင်ပေါ့၊ နောက်တခါ အန္တရာယ် များအောင်ပေါ့။" မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ Reviewed by သစ်ထူးလွင် on 06:43 Rating: 5

12 comments:

Weik Zar said...

ကိုခွန်သာ
အန္တရာယ်များတယ်လို့ ယူဆပါက
ထိုခရီးစဉ်၏ အဲဒီအစိတ်အပိုင်းကို
ဖျက်သိမ်းလိုက်တာ အကောင်းဆုံးပါ။

Anonymous said...

မြိတ်က အမြန်ယာဉ်ပိုင်ရှင်တွေက ငကြောက် ကပ်ဖားတွေလေ။ ရသလောက် ကပ်ဖားပြီးယူမယ်။ ပြီးရင် သက်ဆိုင်ရာနဲ့ ညှိပြီးခိုးလှေထွက်မယ်လေ။ ခိုးလှေဆိုတာ သစ်တွေ ဒေသထွက်ငါးတွေ တင်ပြီး ယိုးဒယားဖက်ကို ရောင်းတယ်၊ သက်ဆိုင်ရာနဲ့ ရေတပ်ကို ခွင်ရိုက်ပြီး သွားရောင်းကြတာ။အပြန် ယိုးဒယားပစ္စည်းတွေ အခွန်ရှောင်တင်လာတယ်လေ။ မြတ်ချက်ကတော့ ကမ်းကုန်တယ်လေ။ မြိတ်သဌေးတွေ ဒါနဲ့ ချမ်းသာကြတာ။ အမြန်ယာဉ်ဆိုတာ ဟန်ပြပါပဲ။ အဲတော့ ဒီမိုကရေစီထက် အာဏာပိုင်တွေ ငြိငြင်မှာကြောက်တယ်လေ။ ဒါတွေက ဒီလိုရှိတယ်။ သူခိုးတွေရှိနေသမျှ ဒီမိုကရေစီနဲ့ဝေးနေအုံးမှာပဲ။ အဲတော့ ဒီမိုကရေစီအတွက်သွားနေတဲ့ လမ်းမှာ သူခိုးတွေ ကန်လန့်ခံနေမှာပဲလေ။ သူတို့အကျိုးစီးပွားကိုး။ ၀န်ထမ်းဌာနသူခိုးတွေအပါအ၀င်ပေါ့။ အဲတော့ အကုန်ရှင်းသင့်နေပြီ။

Anonymous said...

ဒေါ်စုကိုတော့ ဂရုစိုက်ကြပါဗျာ။ သူမရှိရင် ရှိနေတဲ့မျှာ်လင့်ချက်လေးတွေတောင် ပျောက်သွားနိုင်တယ်ဗျာ။

မေ့ ချစ်သား said...

အမေစုရဲ့ လုံခြုံရေး အထူးအလေးထားကြပါ.. ဧပြီလ ၁ ရက်နေ့က ရောက်ခါနီးပါပြီ.. အဖွဲ့ဝင်များ ကာကွယ်ပေးကြပါ..

MYEIKTHARR said...

အမြန်ယာဉ်လိုင်းများဖြစ်ကြတဲ့ Fortue Express (ဦးကျောက်စိမ်း)၊ Hi Fi Express (ကျန်ကျောင်း ဦးစိုးဝင်း)၊ Ayar Nadi Express (ဦးဝင်းဗိုလ်)၊ သူတို့တွေ ဘာလုပ်နေကြတာလဲ။ ဟိုင်ဖိုင် အမြန်ယာဉ် ကို မမျော်လင့်ပါနဲ့။ သူက အရင်ရွေးကောက်ပွဲတုန်းက ကြံ့ဖွံ့ ဘက်က မဲဆွယ်တဲ့သူပါ။ ပြီးတော့ အရင်ပြုတ်သွားတဲ့ တနင်္သာရီတိုင်းဝန်ကြီးဟောင်းရဲ့ ဟိုဒင်းပေါ့။ ကျန်တဲ့သူတွေ ကူညီချင်ရင် ကူညီလို့ရပါတယ်။ အခုလိုမျိုး ဒီမိုကရေစီနဲ့အညီကျင်းပမယ်လို့ပြောနေတဲ့ ရွေးကောက်ပွဲအတွက် ကြောက်စရာမလိုပါဘူးလို့ထင်ပါတယ်။ ယာဉ်လိုင်း ငှါးခြင်း မငှါးခြင်းဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်ရေးပါ။

MYEIKTHARR said...

အမြန်ယာဉ်လိုင်းများဖြစ်ကြတဲ့ Fortue Express, Hi Fi Express, Ayar Nadi Express သူတို့တွေ ဘာလုပ်နေကြတာလဲ။ ဟိုင်ဖိုင် အမြန်ယာဉ် ကို မမျော်လင့်ပါနဲ့။ သူက အရင်ရွေးကောက်ပွဲတုန်းက ကြံ့ဖွံ့ ဘက်က မဲဆွယ်တဲ့သူပါ။ ပြီးတော့ အရင်ပြုတ်သွားတဲ့ တနင်္သာရီတိုင်းဝန်ကြီးဟောင်းရဲ့ ဟိုဒင်းပေါ့။ ကျန်တဲ့သူတွေ ကူညီချင်ရင် ကူညီလို့ရပါတယ်။ အခုလိုမျိုး ဒီမိုကရေစီနဲ့အညီကျင်းပမယ်လို့ပြောနေတဲ့ ရွေးကောက်ပွဲအတွက် ကြောက်စရာမလိုပါဘူးလို့ထင်ပါတယ်။ ယာဉ်လိုင်း ငှါးခြင်း မငှါးခြင်းဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်ရေးပါ။ ပိုင်ရှင်များကိုယ်တိုင်က ငှါးရမ်းလိုချင်းရှိပါလျက်နဲ့ ပိတ်ပင်ချင်းကိုခံရပါသလား။

ုkyaw said...

ဒီလိုမျိုးလုပ်နေတာကို နောက်ဆုတ်လိုက်မယ်ဆိုညံ့ရာကျသွားမယ်(တက်မရှိရင်လက်နဲ့လှော်မယ်)လူညီဖို့လိုတယ်မြိတ်သူမြိတ်သားတွေသွေးကြောင်နေလို့မရဘူး ၈၈ တုန်းကတွန့်နေလို့အရှုံးပေးလိုက်ရတာ ဒီတစ်ခါထပ်မမှားစေချင်တော့ဘူး လုပ်စရာရှိတာလုပ်ရမယ် ဒေါ်စုကိုပဲအားကိုယ်းနေလို့မရဘူးကိုယ်ကိုယ်တိုင်လဲဒေါ်စုလိုလုပ်နိုင်အောင်ကျိုးစားရမယ် ဒါမှဒီကောင်တွေဘယ်လိုကလိမ်ကကျစ်ကျကျနောက်ထပ်ဒေါ်စုလိုလူမျိုးတွေရှိနေသ၍ဘယ်လောက်တင်းခံနိုင်မှာလဲ၊ပြည်သူ လူထုကလူများစုပဲကြောက်စရာမလိုဘူး။ကောင်းတဲ့စိတ်ဓါတ်တွေအများကြီးညီဖို့ပဲလိုတယ်။

san said...

အန္တရာယ်များတယ်လို့ ထင်ရင်....အဲ့ ခရီးစဉ် ကို ဖြတ်သိမ်းပေးစေချင်ပါတယ်...အနှောက်အယှက်တွေ အရမ်းများနေပါတယ်....သတိ လေးလဲ ထားကြပါအုန်း....

san said...

အန္တရာယ်များတယ်လို့...အဲ့ဒီ ခရီးစဉ် ဖျတ်သိမ်းပေးစေချင်ပါတယ်.. အနှောက်အယှက်တွေ အရမ်းများနေတယ်လို့ ထင်ပါတယ်....သတိ ကြီးစွာ ထားစေချင်ပါတယ်....ရွေးကောက်ပွဲ ရက်လဲ အရမ်းနီးနေပါပီ...အမေစု ကို အပင်ပန်း မခံ စေချင်တော့ပါ...

amtkhunlay said...

မသမာသူတွေ နေရာအနှံ့မှာရှိနေတယ်ဆိုတာ ဂရုပြုစေချင်တယ်။

yangonthu said...

Weik Zar said is right, pls don't go dangerous place.
Aunty su is only hope for us.

purewhite said...

အန္တရာယ်များပါတယ်၊ မသွားသင့်ဘူးလို့ထင်ပါတယ်...အဲ့ဒီ ခရီးစဉ် ဖျတ်သိမ်းပေးစေချင်ပါတယ်.. အနှောက်အယှက်တွေ အရမ်းများနေတယ်လို့ ထင်ပါတယ်....သတိ ကြီးစွာ ထားစေချင်ပါတယ်....ရွေးကောက်ပွဲ ရက်လဲ အရမ်းနီးနေပါပြီ...အမေစု အရမ်းပင်ပန်းနေပါပြီ၊ မသွားပါတော့နဲ့ ရေလိုင်းက ပို အန္တရာယ်များပါတယ်။

Powered by Blogger.