ကျေးရွာ အုပ်ချုပ်ရေးမှူး အလွဲသုံးမှု တိုင်ကြားသူ ထောင်ကျ

မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် လူးခင်းကျေးရွာအုပ်စု ပျားဆွဲအရှေ့ကျေးရွာ အုပ်ချုပ်ရေးမှုးသည် မူလတန်းကျောင်းရန်ပုံငွေ၊ စာကြည့်တိုက်ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ကြောင်း သက်ဆိုင်ရာ သို့တိုင်းကြားစာပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်းခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြာင်း ထောင်ချခံခဲ့ရသူ ဦးဘိုကြိုင်က The Voice Weekly သို့ ပြောကြားသည်။

တိုင်ကြားစာပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့သုံးဦးသည် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေးကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြရာ အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက မမှန်မကန်လီဆယ်ပြီး တန်ပြန်တိုင်ကြားသဖြင့် ဇန်န၀ါရီလ၁၉ ရက်နေ့မှ ဖေဖောဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ်တစ်လ ကျခံခဲ့ရကြောင်း ၄င်း၏ အဆိုအရသိရ သည်။

 The Voice Weekly
ကျေးရွာ အုပ်ချုပ်ရေးမှူး အလွဲသုံးမှု တိုင်ကြားသူ ထောင်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး အလွဲသုံးမှု တိုင်ကြားသူ ထောင်ကျ Reviewed by သစ်ထူးလွင် on 18:55 Rating: 5

17 comments:

myo lay said...

မြန်မာနှိင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာ အဲဒါပဲ့ သိလား ၊၊ ဟားးးးးးးးးးးးးးးး ၊ ကြံ့ဖွံ့ အစိုးရကွ မှတ်ထား ၊၊

mightkhae said...

မိုက်ခဲလေး
ဆိုင်ဘုက်ကဘာလုပ်တာလည်း “ကျေနပ်မှုမရှိလျှင်တိုင်ကြားနိုင်သည်ဆို”
အလကားဖြစ်နေတယ်အသုံးမကျဘူး လွင့်ပစ်လိုက်

Myanmar said...

ကိုသစ်ထူးေ၇ ခင်သတင်းတွေ ဖတ်ဖတ်ပီး ကျနော်တော့ နှလုံးေ၇ာဂါ၇ချင်နေပီဗျို့။

minmaung said...

money make every things is until now....

Myanmar said...

ကွန်ပလိန့်စင်တာ လို့ အီးလိုေ၇းထားတာကို ဖြုတ်ထားသင့်ပါတယ်ဗျာ။ တာဝန်ကို ကြိုးစားပမ်းစားထမ်းဆောင်နေလိုက်တာများ အားကိုးလောက်စ၇ာ။ ။

saw 00 said...

သူခိုး ခိုးတာ မိရက်သား နဲ့ သူခိုးအဖေ သူခိုးကြီးကို သွားတိုင်သလိုဖြစ်သွားတယ်

soecyclone said...

အော်!
အဆိုးရ၀န်ထမ်းများအလုပ်ပင်ပန်းလွန်းလို့ အိပ်တောင်ပျော်နေပြီနော်...
အသက်ပါထွက်သွားအုန်းမယ်...

myochit.mm.2012@gmail.com said...

ကိုယ်တော်ချော.. ငရဲပြည်နဲ့ အဆက်အသွယ်လုပ်နေတယ်.. မဆူကြနဲ့ကွာ..

Maung said...

ဦးလေပမ်း(ရွှေမန်း)ရေ ဒီလူတွေကို အပြင်မှာ မအိပ်ပါစေနှင့်။ လွှတ်တော်ထဲကိုခေါပြီး သိပ်လိုက်ပါ။

kokhent said...

တရုပ်ပြည်သွားပြီး တရုပ် သုကားလုံုးကီုးကီး ငုံလာတဲ့သူရဦးရွှေမန်းရေ..
ငုံလို့  ပြီးယင် သတ္တိ အေုကာင်းလေး ပြန်ပြောပါအုန်း...
တရုပ်သုကားလုံး စုပ်တုန်း လို့  အထင်ခံရတာ ရှက်လို့  ပါဗျို့..ဥပဒေအထက် ကနေ တမြုံမြုံစုပ်ယင်း ပြည်သူတွေ လုံးပါး ပါးနေပြီ..

အမေစုကို ချစ်တဲ့သား said...

အရမ်းကြိး အင်္ဂလိပ်စာလုံးတွေကိုမရေးနဲ့နော် နိုင်ငံတကာက စောင့်ကြည့်နေတယ်
ရယ်စရာကြိးနော် ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးပုံကြည့်ပြီရယ်ရတာ
အူတွေတက် သေးတောင်ထွက်တယ် တကယ်ပြောတာ
ကြည့်ကြပါအုံး ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

lin lin said...

ဒါကြောင့်ပြောတာပေါ့ မြန်မာပြည်မှာ
အမှန်အတိုင်းပြောရင် ထောင်ကျတတ်ပါတယ်လို့။

kk said...

ဒီလိုအမှုမျိုးကြားဘူးပါတယ် တကယ်လဲရှိပါတယ် သို့သော်လည်း
ကိုယ်ကလဲ ဘာကောင်မှာမဟုတ်တော့ ဘာပြောလို့ရနိုင်မှာလဲ..
ဒါပေမယ့် ခေါင်ငုတ်ခံနေလို့လဲ မဖြစ်ဘူး ခေါင်းမော့လိုက်ရင်လဲ
မင်းကဘာကောင်လဲ ဆို .......အဲဒါကျွန်တော်တို့ သိပ့်ချစ်တဲ့
သိပ့်မြတ်နိုးတဲ့ ကျွန်တော်တို့နိုင်ငံမှာပါ..(သားသမီးမကောင်းရင် မိဘခေါင်း)တဲ့ ၀န်ထမ်းမကောင်းတာ အစိုးရလိပ်မျိုးတွေကြောင့်ပါ။

tharzaw said...

အရက်နာကျနေတာနေမှာ ....
ညက ကေတီဗွီမှာ ကလေးမလေးတွေနဲ့ သောက်တာများသွားလို့။
(အားကိုးလောက်စရာပ။)

a said...

မတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းထားဆဲပါ၊ဒီလိုဟာလေးတွေတောင်မမှန်နိုင်သေးဘူးဆိုတော့ရင်လေးစရာပါ။အလှည့်ကျရင်တော့မနွဲ့နဲ့ပေါ့။

mgmin said...

အစိုးရနဲ့ဆိုင်တယ်ဆိုပေမဲ့ ဒီဖြစ်ရပ်မှာက
ငွေများတရားနိုင် တရားသူကြီး ရဲ ရှေ့နေ တွေနဲ့ဆိုင်တယ်ဗျ
အုပ်ချုပ်ရေးက လိုတယ်ဆိုပေမဲ့ ကိစ္စအ၀၀ ကိုတော့ ဘယ်တာဝန်
ယူနိုင်မလဲဗျာ တရားရုံးက တရားဖို့တော့လိုနေတယ်
ဒါအရေးအကြီးဆုံးပဲ တရားရုံးကသာ တရားနေရင်
အခြေခံ လူအခွင့်အရေးက ပြည်သူကြားမှာရနေပြီ
ဒီအချက်ကို အရင်ဖြစ်စေချင်တယ်

nyotoo said...

ကြံဖွတ်အစိုးရလက်ထက်မှာတော့ ဒီလိုအဖြစ်မျိုးတွေ့ တွေ့မယ်ဆိုတာတော့ သိထားပြီးသားပါ။ သို့သော် ဒီလိုအနစ်နာခံတိုင်သူတွေ့ရှိမှ ဒီကောင်တွေအကြောင်း ပြည်သူတွေများများသိမှ၊ခံရသူတွေအတွက်တော့ စိတ်မကောင်းစရာပါ။

Powered by Blogger.