ရှမ်း​ပြည်နယ်က အိုး​စည်​တောင်ကို ​ကျောက်တူး​ဖော်ရန် မိုင်း​ခွဲဖြို

ရှမ်း​ပြည်နယ် က​လောမြို့​ အဝင်မှာရှိပြီး​ ​ဒေသခံ​တွေ မြတ်နိုး​အ​လေး​ထား​တဲ့​ အိုး​စည်​တောင်ကို ​ကျောက်ထုတ်လုပ်​ရေး​ ကုမ္ပဏီတခုက မိုင်း​ခွဲ ဖြိုဖျက်​နေပါတယ်။
အိုး​စည်​ တောင်ဟာ ​ဒေသခံ​တွေအတွက် ပါး​စပ်ရာဇဝင်များ​စွာရှိပြီး​ အ​လောင်း​တော်ကသဖ ဘုရား​နဲ့​ ​တောင်​ကြောတဆက်တည်း​ တန်း​တယ်လို့​ ​ဒေသခံ​တွေက ယုံကြည်​နေကြသလို ရှမ်း​ရိုး​ရာ အိုး​စည် ပုံသဏ္ဍန်ရှိတာ​ကြောင့်​လည်း​ ​ဒေသခံ​တွေက ပိုပြီး​မြတ်နိုး​ကြတာပါ။ အိုး​စည်​တောင်နဲ့​ ကပ်လျှက် ​တောင်​တွေမှာလည်း ဘုရား​တဆူစီ တည်ရှိပါတယ်။
အခု ​သော်တာဝန်း​ကုမ္ပဏီဟာ ​ဒေသခံ​တွေ တား​ဆီး​ကန့်​ကွက်ခြင်း​၊​ စာပို့​တောင်း​ပန်ခြင်း​ ပြုလုပ်​နေတဲ့​ကြား​က ​တောင်ကိုဖြိုဖျက်​နေတာပါ။ မိုင်း​ဒဏ်​ကြောင့်​ ဘုရား​တခြမ်း​ ပြိုသွား​ခဲ့​ပြီး​ ဆက်ဖြိုသွား​ဖို့​ အ​ခြေအ​နေ​တွေ ရှိ​နေပါတယ်။
ဒီဗွီဘီ
ရှမ်း​ပြည်နယ်က အိုး​စည်​တောင်ကို ​ကျောက်တူး​ဖော်ရန် မိုင်း​ခွဲဖြို ရှမ်း​ပြည်နယ်က အိုး​စည်​တောင်ကို ​ကျောက်တူး​ဖော်ရန် မိုင်း​ခွဲဖြို Reviewed by သစ်ထူးလွင် on 19:00 Rating: 5

6 comments:

Anonymous said...

သက်ဆိုင်ရာမှ အလျင်အမြန် တားဆီးသင့်ပါတယ်။

အမေစုကို ချစ်တဲ့သား said...

တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
လူမဆန်တဲ့လုပ်ရက်တွေကိုရက်တန်းကရက်ပေးကြပါ
ရှမ်းပြည်ကစစ်တပ်ကကောဘာလုပ်နေလဲ
ဒီတိုင်းကြည့်နေကြလား
ကိုယ့်ရိုးရာ ကိုးကွယ်ရာကိုဖြက်စိးဖို့လုပ်နေပြီ
ကြည့်မနေကြပါနဲ့

ay zar said...

ငရဲရောက်မယ့်အဖွဲ့ပဲ

NayKha said...

တောက်!!!!.....
ပြောလိုက်တော.ဖြင်.ဘာသာသာသနာကြီး အထွန်.ရှည် တည်တန်.အောင် သန်.ရှင်းအောင် မဟန ဆရာတော်ကြီး များ ကနေ ဓမ္မစက်ဖြင်. ဆောင်၇ွက်ပေးပါဘုရား မရတော.ဘူးဆိုလျှင် အာဏာစက်ဖြင်. ဆောင် ၇ွက် မယ်ဆို ....
ခွေးလို ဘာအသိမတရားမှ မ၇ှိတဲ.ကောင်တွေ ဒီလို နေရာ ကျ ဘာသာရေး သာသနာရေး ဆိုတာကို မသိဘဲ မင်းတို.အိပ်ထဲထည်.ဖို. လောက်ပဲသိတာ လား...မင်းတို.အာဏာစက်ဆိုတာကလည်း ပြည်သူတွေအကျိုးဖို. လား မင်းတို.ကိုယ်ကျိုးဖို.လား ...
မသိရင် သိအောင်ပြောလိုက်ဦးမယ် ...
တစ်စုံတစ်ခု ၇ဲ.တန်ဖိုးဆိုတာ သေးသေးကြီးကြီး တော် မ၀င် နန်းမဆန်လဲ တန်ဖိုးထားမြတ်နိုးသူတွေ၇ဲ. ၇င်ထဲကခံစားချက် ကို လိုက် ပြီး အဖိုးအနဂ ထိုက်တယ်ကွ မှတ်ထား.........

ဖိုးတောက် said...

အိုးအိုး..ဒီသတင်းသာ တကယ်အဖြစ်အပျက်ဆိုရင် တယ်ဆိုးပါလား.. ကိုသစ်ထူးရေ...
ဘာ Project လုပ်တာတုန်း... တောင်ပေါ်မြေပြန့် မခွဲခြားရအောင် မြေပြင်တပြင်တည်း ညှိမလို့လား...
တောတောင်ရာသီဥတုနဲ့ ကန္တရ ရာသီဥတု ဘယ်ဥတုက ကောင်းတုန်းဗျ.
လုပ်တဲ့လူတွေကိုမေးကြည့်ပေးပါဦးဗျာ.. အိမ်မှာစားစရာမရှိရင် အိမ်ထဲကပစ္စည်းဥစ္စာတွေပဲ ထုခွဲရောင်းစားတတ်ကြသလားလို့.. အဲဒီလိုသာဆိုရင် သူတို့အိမ်မှာ ဘာအဆောင်အယောင်မှရှိမှာမဟုတ်ဘူးနော်.. အိမ်အခွံကြီးပဲဆိုရင်တော့ မလှပါဘူးဗျာ.. ဒီလိုပါပဲ ရှမ်းပြည်နယ်ဟာလည်း အိမ်ကြီးတလုံးဆိုရင် တောတွေတောင်တွေက ပစ္စည်းဥစ္စာအဆောင်အယောင်တွေဖြစ်ပြီး.. ရှမ်းတိုင်းရင်းသားတွေက ဒီအိမ်ကြီးရဲ့ မှီခိုသူတွေပါ.. သူတို့အဆောင်အယောင်တွေနဲ့ တင့်တယ်မှုကိုတော့ ငဲ့ကွက်သင့်ပါကြောင်း.. ပြောပြလိုက်ပါဦးဗျာ...

Unknown said...

အောင်မြင်
ကလောသူ ကလောသားတွေ ဒီသတင်းမှန် မမှန် ရေးသားပေးပါအုံး
ဒီသတင်းမှန်မှ ပြောချင်ရာပြောကြ ရေ။ကြပေါ့
ဒါမှတရားမျှတမှာ
ကလောရဲ့သင်္ကေတက အိုးစည်တောင် ဖြစ်ပါတယ်

Powered by Blogger.