ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး ၏ ပေးစာ


ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကျော်ညွန့်သည်
လက်အောက်ခံတပ်ရင်းများမှ မြေတူးစက်(ဘက်ဟိုး)ပြင်ဆင်သဖြင့်ငွေကုန်ကျလျင်
ကုန်ကျသည့်ငွေများကိုတပ်ရင်းတပ်ဖွဲ့များမှကုန်ကျခံထားစေကာ ကုန်ကျငွေများကိုစက်သုံး
ဆီဖြင့်ပြန်လည်ခွင့်ပြုပေးလျက်ရှိသည်။

ထို့အပြင်ကကထောက်သို့လည်းတင်ပြတောင်းခံခြင်းများရှိနေပြီး၎င်း၏အိတ်ကပ်ထဲ
သို့ရောက်ရှိအောင်ဖန်တီးလျက်ရှိပါသည်။တချို့သိမီသောသူများ
ကအယင်ဆရာထက်တောင်လက်သွက်တယ်ဟုပြောဆိုလျက်ရှိပါသည်။

ဆက်သွယ်မှုကွန်ယက်တွင် တပ်ဆင်မည့်မီးစက်များကိုလည်းအပေါစားမီးစက်များ
ကိုဝယ်ယူတပ်ဆင်ပေးလျက်ရှိပြီးအထက်သို့စာရင်းပြရာတွင်မီးစက်အကောင်းစား
စာရင်းပြနေသည်ဟုသိရှိရပါသည်။

တစ်နေ့ကအလွဲသုံးစားပြု နေသောဝန်ကြီးဌာနများအားဖေါ်ထုတ်သကဲ့သို့ 
နိုင်ငံတော်စာရင်းစစ်အဖွဲ့ချုပ်မှလည်းဆက်သွယ်ရေးညွှန်ကြားရေးမှူရုံး
(ကကကြည်း)အားဝင်ရောက်စစ်ဆေးသင့်ကြောင်း၊အဆိုပါ ဗိုလ်ချုပ်အတွက်
အဓိကငွေရှာပေးနေသူမှာ ဗိုလ်မှူးမျိုးမင်းအောင်းဖြစ်ပြီး ယခင် ဦးစီးအရာရှိဖြစ်ကာ ယခုအခါဒုတပ်ရင်းမှူးအမိန့်ထွက်လာခဲ့သော်လည်း ယခင်စစ်ရုံးတွင်ပဲခေါ်ယူပြီး
တာဝန်ပေးထားကြောင်းသိရှိရသည်။

လက်အောက်တပ်ရင်းများတွင်အသုံးပြုရသောစက်သုံးဆီများကိုလည်း 
ရာနှုန်းဖြင့်ဖြတ်ချကာခွင့်ပြုပေးလျက်ရှိကြောင်းသိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး
ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး ၏ ပေးစာ ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး ၏ ပေးစာ Reviewed by သစ်ထူးလွင် on 17:17 Rating: 5

14 comments:

TAIL LAMP said...

C M A this is your topic

ppw said...

အထက်က လူတွေကလည်း အောက်က လူတင်သမျှပေးရအောင် တစ်ခါမှ ပြန်လည်စစ်ဆေးခြင်းမရှိဘူးလား။ အဲ့ဒါကြောင့် ရွှေနိုင်ငံကြီးအခုထိ မတောက်ပြောင်သေးတာပေါ့။ ပျင်းတာလား၊ မသိတာလား၊ ဒါမှမဟုတ် survey ဆိုတာကို တစ်ကယ်ပဲ နားမလည်လို့လား။

lwannaymie said...

မောင်သစ်ထူးလွင်.....မင်းသတင်းတွေကလန်းတယ်ကွာ.....တကယ်ချီးကြူးတယ်။ တော်တယ်ကွာ။

saw 00 said...

ကြိုက် တယ်ကွာ ဒါတွေ ပေါ် မှာကြောက်လို့ ဒီကောင်တွေ ဒီမိုကရေစီ ပေးရမှာကြောက် နေတာ ၊ သတိသာ ထားကြ ငါတို့လဲ သိထားတာ ရှိ ရင် တော့ ပြောလို့ ရပြီ ၊ အမှန်တကယ် သန့် ရှင်း တဲ့ အစိုးရ ဖြစ်ခြင် တာ စိတ်ရင်းအမှန် ဆိုရင် အချိန်ဆွဲမနေနဲ့ ဒါမျိုး တွေကို စံနမူနာပြ ရှင်းပြစ်ရဲရမယ် ။

ကိုယ်တော်ချော said...

စာရင်းစစ်က စာရင်းပဲလာစစ်ကြတာလေ အဲလိုစစ်အောင်လည်း လာဘ်ထိုးကြတာ အခုတော့ ကိုယ့်ဟာကို အမှုပြန်ပတ်မှာစိုးလို့ ဘူးပေါ်သလိုပေါ်ကုန်ကြပြီ ကောင်းတယ် အဲ့ဒီသူခိုးကြီးတွေ ကို ဂျာနယ်ထဲပါအောင်ထည့်ကြပါဗျို့ ထမင်းမစားဘဲ တ၀ကြီးကို ထိုင်ဖတ်ပစ်မယ် သူခိုးအကြီးစားကြီးတွေ အဲ့ဒါ ငါတို့ပြည်သူတွေ ပိုက်ဆံတွေကွ နင်တို့အားရအောင် မျို ထားကြ ငရဲကျမယ့် ပြိတ္တာဖြစ်မယ့်ကောင်တွေ

Unknown said...

ပြည်သူကမွေးပြည်သူကကြွေးနေတဲ့ ပြည်သူ့တပ်မတော်ကလူကြီးတွေဟာ ပြည်သူ့အသက်
အိုးအိမ်နဲ့စည်းစိမ်ကိုစောင့်ေ၇ှာက်၇မဲ့အစားပြည်သူဆီက
အသက်အိုးအိမ်စည်းစိမ်တွေကိုအဓမယူနေကြတယ်၊
ဒီလိုလူကြီးတွေကြောင့်တပ်မတော်ကိုလေးစားတဲ့ပြည်သူ
တွေဟာတပ်မတော်ကို၇ွံကြောက်လာကြတယ် ဒါကြောင့်
တပ်မတော်ထဲက၇ှိတဲ့လူကောင်းတွေကလဲ ကို့တပ်မတော်
နာမည်ပြန်၇ဖို့အတွက်တပ်ထဲက အကျင်ပျက်ချစားနေတဲ့
လူကြီးတွေကို ဘုန်းကြီးတွေလူဝတ်လဲခိုင်တလို ဒင်းတို
့ကိုလဲအေ၇ခွန်လဲပြီးတပ်ထဲကနေမောင်းထုပ်သင့်တယ် ဒါ
မှတာတပ်ထဲမှာလဲသန့်၇ှင်းသွါးမယ် ဒီအကျင့်ပျက်ချစားတဲ့
လူကြီးတွေကြောင့်တပ်မတော်ကနာမည်ပျက်တာကိုတပ်မ
တော်ထဲမှာနေတဲ့သူတွေက၀ိုင်းပီးမောင်းထုပ်သင့်တယ်

ko ko said...

မြန်မာနိုင်ငံမှာ စစ်တပ်ဆိုတာ (အရာရှိကြီးတွေ)အခွင့်ထူးခံလူတန်းစား ဖြစ်နေတယ် သူတို့ကိုဘယ်သူစစ်မှာလဲ လွှတ်တော်ကကောစစ်ဆေးနိုင်မှာလား
ဒီနေ့အထိ ကျင်းပနေတဲ့လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဆိုတာတွေ လာဖြေရှင်းတာ အစစ်ခံတာမတွေ့သေးပါဘူး

Bravo said...

တကယ်စစ်ရင် ဝန်ကြီးဋ္ဌာနတိုင်းနဲ့ ဝန်ကြီးများအကုန်ပါမှာ သေချာတယ်။ အပြစ်ကင်းတဲ့သူကို ဆန်ထဲစပါးလုံးကောက်သလိုကို ရှာယူရမှာ။

SN said...

ကကဆက်ညွှန်မှူးကျော်ညွန့်ဆိုတာ စာရေးဆရာ ရင်ငြိမ်းပန်း ဖြစ်ပါတယ်..သူ့အရင် ညွှန်မှူး (ယခုလက်ရှိပြည်ထောင်စု ဆက်သွယ်ရေးဝံကြီး သိန်းထွန်း) လက်ထက်ထဲက ဆက်သွယ်ရေးတပ်က ရဲဘော်တွေလုပ်အားနဲ့ ဖိုက်ဘာကြိုးတွေ မြန်မာပြည်အနှံ သွယ်တန်းရာမှာ အကြီးအကျယ် အိတ်ထဲထည့်သွားတာဖြစ်ပြီး အခု ကျော်ညွန့်လက်ထက်လဲ ဒီလိုဘဲ ဆက်လုပ်နေတာပါ ။ သိန်းထွန်းရဲ့အမကတော့ ကျောက်တန်းက ကျောင်းဆရာမဟောင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ စာသင်ဆရာမပါ ။ အရင် သိန်းထွန်း မုံရွာမှာ ၉၁၉ တပ်ရင်းမှူး လုပ်နေတုန်း ခင်ညွန့် ပါဝါတွေတက်နေချိန်မှာ ကကဆက်ကို ရောက်အောင်ခေါ် ညွှန်မှူးဖြစ်အောင် ဆောင်မကြည့်ရှုခဲ့လို့ သိန်းထွန်းဆိုတဲ့ ငတ အခုလို ၀ံကြီးဖြစ်နေတာပါ....ဒီ
လိုစိတ်ယုတ်မာတဲ့ကောင် ဒီလိုနေရာမှာ ၀ံကြီး လာဖြစ်နေလို့ ပြည်သူတွေ ဖုန်းတွေ ဈေးပေါပေါနဲ့ မကိုင်ရတာပါ ။ သူနဲ့အတူ တံစိုးလက်ဆောင်ယူထားတဲ့ ဆက်သွယ်ရေးက အဆီရစ်အပေါင်းပါများ မရှိမှ ဖုန်းတွေ ဈေးပေါပေါနဲ့ ကိုင်ရမယ်ဆိုတာ အားလုံးသိထားစေချင်ပါတယ် ။

vimpire said...

မဟုတ်တာလုပ်တဲ့အထက်လူကြီးတွေက လက်အောက်ငယ်သားတွေကို ကြောက်ကိုကြောက်ရမယ့် ခေတ်ရောက်သင့်ပီ

seazinyaw said...

ရေတပ်မှာလည်း ဒီလိုပါ ဘဲ စက်ပစ်စည်းSPEAR PARTS တွေ ၀ယ်ဘို. ကကန BUDGET က ငွေ$ တွေ တင်တောင်း တယ်၊ ဥပမာ ၅ ခု လိုလျှင် ၅ခု အ၀ယ်ပြတယ်၊ တကယ်ဝယ်တာက ၂ ခု၊ ၃ခု ဘိုးကို ရေချုပ်POCKET ထဲ ထည်.ပေးရတယ်၊ ရပပ ကိုကျတော့ ၅ခု ထုပ်ပေး ပြပြီး ၃ ခုကို လက်အောက်တပ်တွေ ထုပ်ပေးပြီး စာရင်းဖျောက်လိုက်တယ်၊ အဲဒါရေချုပ် အစဉ်အဆက် လုပ်ခဲ့ တာ၊ လက်အောက်ေ၇ယာဉ်တွေက တကယ်မရဘူး၊ဒါကြောင့် နာဂစ်မှ၁၆စီးမြုပ်သွားတယ်၊ ဒါကိုစိုးသိမ်းက ဖုံးထားပြီး တာဝန်ခံအရာရှိတွေကို အပြစ်ပုံချတယ်၊ စက်မောင်းဆီတောင်လုံလောက်အောင်မပေးထားလို. စစ်ရေယာဉ်မှူးနဲ့စစ်သည်တွေ ပြင်းထန်တဲ့လေပြင်းအောက်မှာ လည်စဉ်းခံကြရတယ်၊ အချို.ကျဆုံးကျတယ်၊တွေးကြည်.ရင်ဒေါသထွက်တယ်၊ သန်းရွှေ နဲ့မောင်အေး ကိုကြတော့ သူ.အပြစ် လွတ်အောင် အပြင် သူရာထူးတက်အောင်ပါ၊ အောက် ကိုချနင်းသွားတယ်၊ ခိုးလိုးရအောင် ရပပ တပ်မှူး နဲ့ ကကရေ စီမံG2 လက်ရင်းတပည်.တွေထားတယ်၊ စိုးသိန်းရဲ. စီမံ G2 ကဗိုလ်မှူးမိုးဆွေ ပေါ့၊ အခု စက်မှူ.၀န်ကြီးဠာနမှာ စာရင်းဖျောက်လို.ရအောင် ဒုရုံးအဖွဲ့မှူး ခန်.ထားလေရဲ့၊ မယုံရင် စစ်ကြည်.ကြပါ၊ ရပပ တပ်မှူး ဒုမှူးကြီးခင်မောင်ဝင်း ကလည်း နာဂစ်မှာ ဂွင်တည်.သွားလေရဲ့ အထပ်သာ ၂၈၀၀ ကို မပျက်ဘဲ အပျက်ပြပြီး ဂိုဒေါင်ထဲမှာတင်ထား ဘဏာငွေတောင်း ပြန်အ၀ယ်ပြပြီး အိတ်ထဲထည်.သွားလေရဲ့ ၊ ပစည်းဝယ်တဲ့ပွဲစားတွေ က သူ.အိမ်မှာခိုင်ဘတ်တွေလေ၊ အော်ဒါထက် စရယ ၇၇၁ မှာတပ်ထားတဲခေတ်မီITALY လုပ် လေယာဉ်ပစ်စက်သေနတ်ကြီး က ပစ်လို.မရဘူးနော်၊ ကကရေ ကဒုမှူးကြီး တဦးပွဲစားလုပ်ပြီး ၀ယ်ထားတာ BUDGET ကချပေးထားးတဲ့ငွေထက် သက်သာပြီးပွဲခ လည်းရအောင်လို.၊မောင်းထိန်းsystem နဲ့ sight system တနေရာဆီ ခွဲဝယ်တယ်၊ ဒီရောက်လို.တပ်လည်းတပ်လိုက်ရော systemမတူလို.ကျည်မထွက်ဘူး၊ သွားရော ပြည်သူ.ဘဏာငွေတွေ ဒေါ်လာ သန်းချီပေးရ တာ၊ပြန်လဲလို့လည်းမရဘူး၊ ဒါကို ကာချုပ်ရေဟောင်း ကြည်မင်းနဲ့ စိုးသိမ်းတို.က ဖုံးထားတယ်၊ မောင်အေးနဲ့ သန်ရွှေ ကိုမတင်ပြရဲဘူး၊ အဲဒီ ပွဲစာ ဒုမှူးကြီး က$2million ပွဲခရလိုက်တယ်၊ အခြေအနေမကောင်းလို. တပ် ကထွက်ပြီး လစ်မယ်ကြံ လို.စိုးသိန်း ကထွက်ခွင့်မပေး သေး ဘဲညှစ်လိုက်သေးတယ်၊ အခုတောထွက်သွားပါပြီ၊သူမထွက်ခင်၂၀၀၅ ခုနှစ်က စရယ၇၇၁ ကို အပစ်ပြခိုင်း ဘို.အတွက် ပင်လယ်ပြင် လွှတ်လိုက်သေးတယ်၊ တကယ်ပစ်လို.မရပေမဲ ကြေးနန်း လိမ်ပြပြီး ပစ်လို.ရတယ် လို.သူ.လက်ရင်တပည်.စစ်ရေယာဉ်မှူးကို လိမ်ခိုင်တယ်၊ပြီးတော စစ်ဆင်ရေး ဆီ ပိုချပေး လိုက်တယ်၊နှတ်ပိတ်ခ၊ ပြီးတော့မောင်အေးနဲ့သန်ရွှေကို အားရ ၀မ်းသာလိမ်တင်ပြတယ်၊ မောင်အေးနဲ့သန်းရွှေ က လည်း သွားကြား ထိုးပြီ ကောင်းလေစွ ကောင်းလေစွလို.ပြောတယ်၊

marga said...

ကဲ ပြည်ထဲရေးက ရဲ ကိုတော့ နှိပ်ကွက်ပြီး ကာကွယ်ရေး ကိုကျ အရေး မယူဘူးလား ဘာလုပ်နေကြတာလဲ ဒါဟာ နိုင်ငံတော်ငွေ ကို ခိုးတာပဲ
သခိုးမှု နဲ့ကို ဖမ်းသင့်တယ်နော် ဘာလို့လဲ စစ်တပ်ကလုပ်ရင်ကျ အရေးမယူဘူးလား

Toe Toe said...

မပူပါနဲ့ဦးမင်းအောင်လှိုင်ကလဲမသေချာသေးလို့ပါ။သေချာရင် ဖြုတ်ဘို့ဝန်လေးတဲ့
သူမဟုတ်ဘူးဆိုတာ၊တိုင်းမှုးတစ်ချို့ပြုတ်သွားတာသာကြည့်ပါ။ဒါပေမဲ့ ပြီးခဲ့တဲ့
ခိုးတိုင်းဖြုတ်ရင်တစ်နိုင်ငံလုံးရဲ့ မင်းမှုထမ်း၅၀%လောက်ကုန်သွားပြီး လုပ်ငန်း
ရပ်ဆိုင်းသွားမှာမို့ နောက်မလုပ်အောင်တားမြစ်ရေးနဲ့အရေးယူဘို့ဥပဒေ ပြဌာန်း
နိုင်အောင်လွှတ်တော်ကဆွေးနွေးနေပါပြီး။မကြာမှီလာမည် မျှော် ..................

Fighting Peacock said...

Mr President,

SEAZINYAW has provided very details information and thanks to him.

Let us see your necessary action to confirm as a CLEAN GOVERNMENT and GOOD GOVERNANCE.

Powered by Blogger.