ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အတွက် ရွှေစင်စကြာ အလှူ

ရန်ကုန် (မဇ္ဈိမ) ။       ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် 'ရွှေစင်စကြာ' အဆင့်မြင့်ယာဉ်လိုင်းမှ အလှူငွေ ကျပ် သိန်းတထောင်အား သောကြာနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း 'ရွှေစင်စကြာ' ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး က မဇ္ဈိမကို ပြောသည်။

"မြန်မာနိုင်ငံရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးရာမှာ ဝင်ရောက်ကူညီဖို့ နိုင်ငံသားတိုင်း မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် တဖက်တလမ်းကနေ ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခု လှူတဲ့အလှူငွေဟာ ယာဉ်လိုင်းတခုလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ရဲ့ လုပ်အား၊ ခရီးသည်တွေထံက ရရှိတဲ့ အမြတ်အစွန်းတွေ လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်"ဟု ပြောသည်။
bochot
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ရွှေစင်စကြာ ယာဉ်လိုင်းမှ အလှူငွေ ကျပ် သိန်းတထောင်အား ဒေါ်အောင်ဆန်းစုကြည်မှတဆင့် မတ်လ ၂၃ ရက်နေ့က လှူဒါန်းစဉ်။ (ဓါတ်ပုံ - ကျော်စိုးနိုင်)

အလှူငွေအား ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့သည်။ ထို့နောက် အလှူငွေကျပ် သိန်းတထောင်အား ကော်မတီသို့ လွှဲပြောင်းပေးပို့လာ၍ ဇာဂနာ၊ ထွန်းအိန္ဒြာဗိုနှင့် ငှက်ပျော်ကြော်တို့က လက်ခံရယူခဲ့ပြီးဖြစ်ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီ အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အထ္ထုပ္ပတ္တိအား ရုပ်ရှင်အဖြစ် စီမံရိုက်ကူးနိုင်ရန်အတွက် ရုံးခန်း တခန်းကို ရန်ကုန်တိုင်း၊ မကာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းတွင် ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဖွင့်လှစ်နိုင် ခဲ့သည်။
bochot1
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကျပ် သိန်းတထောင် လှူဒါန်းခဲ့သော ရွှေစင်စကြာ ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် အလှူငွေ လက်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ကျော်စိုးနိုင်)

ထိုနေ့ ရုံးခန်းဖွင့်ပွဲတွင် ရွှေပါရမီ ဆရာတော် အရှင် ဆန္ဒာဓိက ၏ စွန့်ကျဲအလှူငွေ ကျပ် ၃၂ သိန်း၊ ဇာတ်မင်းသား ဖိုးချစ် က အလှူငွေ ကျပ် သိန်း ၄၀ နှင့် ရုပ်ရှင်မင်းသား ကျော်သူ၏ ဖခင် ဦးစိန်တင်နှင့် ဒေါ်မြသန်းတို့က ၎င်းတို့ပိုင် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းများကို လှူဒါန်းပေးအပ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအား ဗိုလ်ချုပ်၏ အသက် ၁၀၀ ပြည့် ဖြစ်သည့် ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ရိုက်ကူးတည်းဖြတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အတွက် ရွှေစင်စကြာ အလှူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အတွက် ရွှေစင်စကြာ အလှူ Reviewed by သစ်ထူးလွင် on 19:39 Rating: 5

39 comments:

ttggbago said...

ဝမ်းသာပါတယ်ခင်ဗျာ

ုkyaw said...

ဝမ်းသာလိုက်တာဗျာ တော်တော်လေးစားဖို့ ကောင်းပါတယ် မြန်မာပြည်မှာဒီလိုစိတ်ဓါတ်မျိုးရှိတဲ့လူတွေရှိသေးတယ်ဆိုတာတွေ့လိုက်ရတော့ ၀မ်းသာအားတက်မိပါတယ်။

I love NLD said...

မြန်မာပြည်သားဗျို့ မြန်မာပြည်သား..
လေးစားပါတယ် အားလုံးကို... :)

Anonymous said...

မြင်ရတာ စိတ်ချမ်းသာလိုက်တာ သာဓု သာဓု သာဓု ပါ ရွှေစင်စကြာ . . . ရှေ့ အနာဂတ်မှာလည်း အောင်မြင်၍ ဒီထက် လှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် . . .

kyaw said...

well done.....

yin win said...

ဒါက အမှန်တရား နဲ့ လေးစားရမယ့် လူ...ဘယ်သူဆိုတာပြလိုက်တာဘဲ..လေးစားပါတယ်..ရွှေစင်စကြာ..

Anonymous said...

အဲဒီလူကြီးကို သိတယ်။ ဒီလို စိတ်ဓာတ်မျိုးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုလူတွေ ရှိသေးပါလားလို့တွေးပြီး ဂုဏ်ယူ ကျေနပ်မိတယ်ဗျာ။
အခွင့်အရေးတွေကို မျှော်ကိုးပြီး လှုတာမဟုတ်ဘူးလေ။ လုံးဝကို လေးစားတယ်ဗျာ။
ဗမာပြည်မှာ ဗမာ့ရေ၊ မြေ၊ လေ၊ သယံဇာတတွေကို အကြောင်းပြုပြီ့း ချမ်းသာမှုတွေကို မရေတွက်နိုင်အောင် ချမ်းသာနေကြသူတွေ ရှိပါတယ်။ သူတို့ ဒီလိုချမ်းသာဖို့ ဗမာပြည်ရဲ့ အရင်းအမြစ်တွေကို အသုံးချခွင့်ရခဲ့တာဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကြောင့်ဆိုတာ မေ့နေကြတယ်။ မေ့ချင်ယောင်ဆောင်နေကြတယ်။ ပြီးတော့ ကျေးဇူးတရားရဲ့ အရင်းအမြစ်ကို မတွေးမိကြဘူး၊ မတွေးချင်ကြဘူး၊ မတွေးရဲကြဘူး။
အခုတော့ ရွေစင်စကြာရဲ့ အလှုဟာ တကယ့်ကို မင်္ဂလာတရားတော်နဲ့လည်းညီတဲ့ မြင့်မြတ်တဲ့၊ သတ္တိရှိတဲ့ လေးစားလောက်တဲ့ အလှုပါ။ ယာဉ်လိုင်းမှာ ပါဝင်ကြတဲ့ သူတော်ကောင်း ၀န်ထမ်းတွေ အားလုံးကိုလည်း လေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ..

tkm said...

လေးစားတယ်ဗျာ..ရွှေစင်စကြာယဉ်လိုင်းမှတာဝန်ရှိသူများ..
ဖိုးချစ်...အရှင်ဆန္ဒာဓိက...ဦးကျော်သူရဲ့ဖခင်တို့ကို
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ကောင်တွေရယ်...
ကြံ့ဖွတ်တွေရယ်..ဒါတွေကိုအတုယူကြနော်...
မင်းတို့ကောင်တွေသိဖို့လိုတယ်..အာဏာရူးပြီး
တိုင်းပြည်တိုးတက်အောင်ဘာမှလဲလုပ်နိုင်ကြဘူး....

ဝေဖန်ရေး said...

ဒီထက် အောင်မြင်ပြီး ဒီထက်လှူဒါန်း နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။ အရမ်း လေးစားပါတယ်ဗျာ။

ko htoo said...

အေးဗျာ... မြိတ်ကရှပ်ပြေးယဉ်ပိုင်ရှင်တွေ ရွှေစင်စကြာရဲ့ ဆယ်ပုံတစ်ပုံလောက် သတ္တိကောင်းကြရင်... ကျွန်းစုစည်းရုံးရေးခရီးစဉ်လည်း တစ်ဝက်တစ်ပျက်ဖြစ်မှာမဟုတ်၊ မကွေးခရီးစဉ်လည်းပျက်မှာမဟုတ်ဘူး။ သူတို့ကို အပြစ်တင်တာမဟုတ်ပါ၊ အားမလိုအားမရ ဖြစ်မိတာပါဗျာ။

myat said...

ဒီလိုဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ငွေကြေးမြောက်များစွာလှုဒါန်းတဲ့ ရွှေစင်စကြာအဝေးပြေးယာဉ်လိုင်းကို ပြည်သူတွေ အားလုံးက ပြန်လည်ဂုဏ်ပြုကြပါစို့...အရမ်းကို လေးစားတယ်ဗျာ...သူ့ထက်ချမ်းသာနေတဲ့ ယာဉ်လိုင်းတွေ အများကြီးရှိပါတယ်...သူကတော့ စေတနာအရာမှာ အချမ်းသာဆုံးဆိုတာ ငြင်းပယ်လို့ မရတော့ပါဘူး...

Tri Asian Taste said...

ဟေ့ ငဖွတ်တွေ၊ ငကြံတွေ မင်းတို့ ရွှေစင်စကြာရဲ့ ချီး(မစင်)ကို တနေ့ နည်းနည်းစား။ အဲးဒါမှ မင်းတို့ လူစိတ်ပေါက်လာမယ်။ အခုကြည့်စမ်း ရွှေစင်စကြာဟာ ဘာလုပ်ရင် ဘယ်လိုတန်းဘိုးရှိတယ်ဆိုတာ ရယ်၊ သူတော်ကောင်း၊ မြင့်မြတ်တဲ့ ပုဂ္ဂုလ်တွေကို အလေးထားရင် အများပြည်သူတွေအတွက် လယ်လိုအကျိုးရှိတယ်ဆိုတာရယ် သိတဲ့ သူတော်ကောင်းဓါတ်ခံရှိတဲ့ သူတွေ။ သူတို့၇ဲ့ လုပ်ရပ်ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ၊။ လေးစာ ဦးညွှတ်ပါတယ်၊ သာဓုလည်း အကြိမ်ကြိမ်ခေါ်ပါတယ်။ ဖြစ်လေရာဘ၀တိုင်း ကြံဖွတ်တွေကို အုပ်စိုးနိုင်တဲ့ အရှင်သခင်တွေဖြစ်ပါစေ။

ေ၇ာသမမွှေ said...

ဝမ်းသာတယ်ဗျာ

ပုဂံစစ်သည် said...

အော် ကားထောင်ထားတဲ့သူတွေကတောင် အသိတရားလေးနဲ့ သိန်းတစ်ထောင်လာလှူတာ လေယာဉ်ပျံကြီးထောင်ထားတဲ့ ပြည်သူ့ပိုက်ဆံတွေကို ခိုးထားတဲ့အဖွဲ့တွေက လှူသံတွေလဲ မကြားရသေးပါ့လားနော်။

သားငယ်လေး said...

နောက်ဘယ်သွားသွားေ၇ွှစင်စင်္ကြာယာဉ်လိုင်းပဲ စီးမယ်။ ပြည်သူတွေကလည်း တဘက်တလမ်းက ပြန်ကူညီကြတာပေါ့။

Nyein Chan said...

ရွှေစင်စကြာ ယဉ်လိုင်းကို လေးစားပါတယ်...ကျတော်လည်း ရွှေစင်စကြာနဲ့ခရီးသွားနေကျ ဖောက်သည်တစ်ဦးပါ..ယဉ်လိုင်းတွေမှာ ရွှေစင်စကြာလောက် ဆက်ဆံရေးအစ အားလုံး သန့်ရှင်း တာဝန်ကြေတာ မတွေ့သေးပါဘူး..၀န်ထမ်းတွေကလည်း အရမ်း စေတနာ ပြည့်ဝပါတယ်..ကြော်ငြာခြင်းမဟုတ်ပါ...တကယ်ကောင်းလို့ ဂုဏ်ယူပြီး ပြောမိတာပါ....

အဆင့်ရှိပြည်သူများ said...

သတိ ကြံ့ဖွတ် တွေ မျက်စောင်းထိုးနေတယ်
သူတို့ကို မဲ နိုင်အောင် ဗိုလ်ချုပ် အတွက် သွားလှူနေဦးမယ်

Simpleman said...

Yes Good. I always take shwe zin sat kyar bus whenever i go back to hometown. Thank for your kind support for Our Father.

ktd said...

ဗိုလ်ချုပ် အသက်(၁၀၀)ပြည့်တာလဲ။ ၂၀၁၅ခုနှစ်၊
ရွေးကောက်ပွဲကြီးကလည်း အဲဒီနှစ်မှာ၊
မြင်ယောင်သေးတယ်၊ NLD တွေ အလုံးစုံ အနိုင်ရပြီး၊
တိုင်းပြည်အတွက် ကောင်းကျိုးပြုမဲ့နှစ်မြတ်၊
ဖွံ့တွေ အစပျောက်မဲ့နှစ်ကို ကြိုပျော်နေမိတယ်။
အစစအရာရာ အောင်မြင်ပါစေ။ NLD အောင်ရမည်။ ။ ။

winn said...

ရွှေစင်စကြာမှအလှူရှင်များဆထက်တိုးအောင်မြင်ပါစေ။အအေမေစုခရီးစဉ်ပျက်အောင်လုပ်တဲ့ပြည့်ဖြိုးထွန်းရှပ်ပြေးယာဉ်ပိုင်ရှင်များကိုယ့်ုယ့်အကုသိုလ်နဲ့ကိုယ်။

zaw htay said...

ဝမ်းသာလိုက်တာဗျာ တော်တော်လေးစားဖို့ ကောင်းပါတယ်

Mr Moe said...

ဝမ်းသာတယ်ဗျာ။
ဒါသတင်းကောင်းပဲ။

အမေ့သား said...

အံသြတယ်..ဂုဏ်ယူတယ်...၀မ်းသာတယ်ဗျာ....
နောက်နောင်ဒီထက်ပို တိုးတက်အောင်မြင်ပါစေ လို့ ဆုတောင်းပေးပါတယ်..
ရွှေစင်စင်္ကြာနှင့်လူကြီးမင်းများ.....ခင်ဗျား....
ဗိုလ်ချုပ်ကားကို နိုင်င်္ငတာကာတန်းတူ ရိုက်နိုင်ရင် အရမ်းကောင်းမှာဘဲလို့ မျော်လင့်မိပါတယ် ....
ပိုက်ဆံတော့တော်တော်ကုန်မှာဘဲနော်.........

စေလိုရာ said...

ယဉ်လိုင်းပိုင်ရှင်များဝန်ထမ်များရွှေစင်စကြာကိုအမြဲအားပေးနေတဲ့ပြည်သူများအန္တရာယ်ကင်းဘေးရှင်းပါစေဒီအလှူကိုသိကြတဲ့ပြည်သူပြည်သားများအနေနဲ့ရွှေစင်စကြာယဉ်လိုင်းကိုအမြဲအားပေးရင်းတစ်ဖက်တစ်လမ်းကကူညီပေးနိုင်ပါစေလို့ဆုတောင်းပါတယ်ဗျာအမြဲအောင်မြင်ပါစေ

ကိုကို said...

ပြည်ပရောက်မြန်မာများမှလဲ.အလူငွေထည့်ဝင်လိုပါတယ်.
အလူငွေပေးပို့ရန်လိပ်စာနဲ့.ဖုံးနံပါတ်များတင်ပေးစေလိုပါတယ်.
မိမိတို့အနေအဖွဲ့အစည်းနဲ.့နိုင်ငံအလိုက်လူချင်သော်ပါလည်း..
ယနေ့အထိမည်သည့်အဖွဲ့အစည်းကမှစတင်ဆောင်ရွက်တာ
မတွေ့ရသေးတဲ့အတွက်.တိုက်ရိုက်လူနိုင်ရန်အတွက်ဖြစ်ပါတယ်.
ကျေးဇူးတင်ပါသည်။

romeo.aung1 said...

ဝမ်းသာပါတယ်ခင်ဗျာ

Toe Toe said...

သတင်းဖတ်ပြီးလှိုက်လှိုက်လှဲလှဲဝမ်းသာမိပါတယ်။ရွှေစင်စင်္ကြာကားသင်းကြီး
ထာဝရတည်တံ့တဲ့တိုးတက်မှုတွေနဲ့ပြည်သူကိုဝန်ဆောင်မှုတွေပေးနိုင်ပါစေဗျာ။
လက်မှတ်ဝယ်လို့မရတဲ့အခါကလွဲရင်အမြဲတမ်းအမှတ်တရအားပေးနေပါ့မယ်။
ပြည်သူအားလုံးအားပေးကြပါ။အမျိုးသားရေးအသိစိတ်တွေနိုးကြားကြပါ။ဒီ
လိုကားသင်းကိုဂရုတစိုက်အားပေးခြင်းဖြင့်ဂုဏ်ပြုကြပါ။ သာဓု.သာဓု.သာဓု ။

Anonymous said...

အင်မတန် မွန်မြတ်တဲ့ လေးစွာဖွယ်ရာ အလှူပါဘဲဗျာ... ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဖက်က ပါဝင်တဲ့ အနေနဲ့ ရွှေစင်စင်္ကြာ ယာဉ်ကိုဘဲ အားပေးတော့မယ်ဗျာ...

Shwe Mg said...

ရွှေစင်စကြာက အခုနောက်ပိုင်း ကောင်းသတင်းတွေကြားကြားနေရတာတော့ တော်တော်ကြာပြီ နောက်လည်း ရွှေစင်စကြာယာဉ်လိုင်း..ဒီထက်မက အောင်မြင်ပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို တက်နိုင်တဲ့ဘက်က စွမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ဗျာ...

ladyjune said...

ဒီလို သတ္တိရှိသောစေတနာရှင်များမြန်မာနိုင်ငံမှာ ရှိနေတဲ့အတွက် အထူးပင်ဝမ်းသာဂုဏ်ယူ မိပါသည်.ရွှေစင်စင်္ကြာ ယာဉ်လိုင်း အောင်မြင်တိုးတက်ပါစေ.

AG said...

ကြက်သီးတောင် ထတယ်။

ဖိုးပွကြီး said...

ရွှေစင်စကြာ. မိသားစုခင်ဗျာ..
ဒါမှန်ကန်တဲ့ အလှူဖြစ်ပါတယ်.၀မ်းသာမိကြောင်းပါ.
ဗိုလ်ချုပ်နဲ့ သမိုင်းကို မေပျောက်ဖယ်ရှားဖို့ လူယုတ်မာတွေက ကြိုးစားနေကြတာဗျ.
ဒီလိုရာဇ၀င်အမှန်ရုပ်ရှင်တွေပေါ်ထွက်လာမှကိုဖြစ်မှာပါ.
ကိုပုဂံရေ.
မြန်မာပြည်မှာ ဂုဏ်သေ၇ရှိလူတန်းစားမှသာ လေကြောင်းလိုင်းပိုင်တာလို့ သူတို့ကိုယ်သူတို့ ဆိုနေကြတာဗျ.
ဘုန်းကြီးရူးနဲ့လှေလူး.
ပုဇင်း နဲ့ ပုရွက်ဆိတ် အပြန်လှန်အထင်ကြီးနေကြတာပေါ့.ဗျာ.
ဖင်ချင်းပေါက်နိုင်ငံလောက်ကို ဖြစ်ဖြစ်မည် ပျံနေကြရှာတာပါဗျာ.
သနားပါတယ်. မလှူခိုင်းပါနဲ့ဗျာ.
VIP ခရီးစဉ်ဘဲသူခဗျာ ဆွဲပေးနေရတာ.

Unknown said...

ကောင်းတယ်ဗျာ....
ကျွန်တော်မလှူနိုင်သေးပေမယ့်...
လှူနိုင်သူများအား...လေးစားဂုဏ်ယူမိပါတယ်။
တခြားသောအဖွဲ့အစည်းများမှလည်းယခုလိုလှူဒါန်းစေချင်ပါတယ်။

ep said...

ရွှေစင်စကြာမိသားစု ကို လေးစားမိပါတယ် -- သာဓုခေါ်ပါတယ် -- ကိုယ်ပိုင် လေယာဉ်ပျံ ကိုယ်ပိုင် ရဟတ်ယာဉ် ကောင်းပေ့ဆိုတဲ့ ပြိုင်ကားတွေ စီးနေကြတဲ့ သူတွေတောင် ဒီလို လှူဖို့ မရှိပါဘူး ----
NYEIN CHAN ပြောတဲ့အတိုင်းဆို ကျုပ်လည်း ဒီတခေါက်ပြန်ရင် ရွှေစင်စကြာကို အားပေးပြီး ကုသိုလ်ယူပါဦးမယ် -- ရွှေစင်စကြာကို အားပေးစီးနင်းကြတဲ့ ခရီးသည်များလည်း ဘေးရန်ကင်းရှင်းကြမှာပါ -- ရွှေစင်စကြာ မိသားစု / ရွှေစင်စကြာ ဝန်ထမ်းနဲ့ မိသားစုများ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ကြပါစေဗျား =======
( ရွှေစင်စကြာ လုပ်ငန်းကို မကြားခဲ့/မသိခဲ့ရိုး အမှန်ပါ )

thihathuya said...

မွန်မြတ်သောအလှူအတွက်..အမြဲဂုဏ်ပြုပါတယ်..နတ်,လူ,ဗြဟ္မာ..သာဓုခေါ်ဆိုနေမှာပါ..ရွှေစင်စကြာ..သာဓုသာဓုသဓု.....

lin lin said...

အခုလိုမြင်ရ ကြားရ သိရ တာဟာ အရမ်းကို မင်္ဂလာ ရှိလိုက်တာဗျာ ဒီလို လူကောင်းတွေရှိသေးတယ်ဆိုတာ တစ်ကယ်စိတ်ချမ်းသာစရာ ရှိလိုက်တာဗျာ

Oo lay Gyi said...

လေးစားဂုဏ်ယူပါတယ်ဗျာ............ခင်များတို့ယာဉ်လိုင်းကိုလေးစားမိပါတယ်.....................

Oo lay Gyi said...

သာဓု..သာဓု..........သာဓုလို့ ကားကြီးတွေတွေ့တိုင်းခေါ်နေမယ်........

နဂါးနီ မျိုးမြန်မာ said...

လေးစားပါတယ်။မြင့်မားတဲ့စိတ်ဓာတ်ကို။အမြဲအမှတ်ရနေမှာပါ။

Powered by Blogger.