အမေစု ရန်ကုန်ပြန်သွားပြီး ဖြစ်တဲ့ အကြောင်း မြိတ်မြို့ မှ မိတ်ဆွေတဦး၏ ပေးစာ
ယနေ့နေ့လည်၂နာရီကျော်လောက်မှာ အမေစုက ကြိုတင်စီစဉ်ထားသော
ဦးစောဂျက် မြေကွက်လပ်တွင် ၁၀ မိနစ်ကျော်လောက်သာ မိန့်ခွန်းပြောနိုင်ပြီး
လေယာဉ်ချိန် အမှီ ပြန်သွားရတဲ့အတွက် လူထုအား တောင်းပန်စကားပြောကြား
သွားပါတယ်
အမေစုနေမကောင်းတဲ့အတွက် အသံတောင်မရှိတော့ပါဘူး၊ ဘိတ်သူ/သားများနှင့်
ကျွန်းစုမြို့နယ်သူ/သားများအားလုံးကအမေစုကိုတခဲနက်လေယာဉ်ကွင်း
ထိလိုက်ပါပို့ဆောင်ပေးလိုက်ပါတယ်
အမေလေယာဉ်ပေါ်ကိုချောချောမောမော
အန္တရာယ်ကင်းစွာပို့ပေးလိုက်ပါပြီ
အမေစုကိုချစ်ကြတဲ့ ပူပန်နေကြတဲ့ပြည်သူများကိုစိုးရိမ်မှုတွေ
 ပြေပျောက်စေလိုသဖြင့် တင်လိုက်တာပါ။ 
ကျွန်မလဲ အမေစုခရီးစဉ်တလျှောက်လုံးလိုက်ပါပြီး အင်အားဖြည့်ပါဝင်နေရလို့
နေမကောင်းဖြစ်နေပြီ ဒါကြောင့်ဓါတ်ပုံမပို့နိုင်တော့
ပါဘူး
ဒီစာတောင်ပြည်သူတွေစိုးရိမ်နေမှ
ာစိုးလို့ နေမကောင်းတဲ့ကြားကရေးလိုက်ရတာပါ။
 Myanmar News Now
9 comments:
Alexis said...
အမေ အမြန်ဆုံးနေကောင်းလာဖို့ဆုတောင်းပါတယ်..
Moe Moe said...
ကျေးဇူးပါ.. အမလဲနေကောင်းပါစေ.
ko htoo said...
ဲမြိတ်က အစ်မရေ၊ သတင်းအတွက်ရော ကိုယ်တိုင်ကိုယ်ကျ ကူညီမှုအတွက်ပါ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အစ်မလဲ မဲပေးပွဲမတိုင်မီ အရေးကြီးတဲ့ဒီလိုအချိန်မှာ အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
Tony said...
သတင်းတွေကို တင်ပေးတဲ့အတွက်ရော..အမေစု နဲ့အတူ အင်အားဖြည့်ပါဝင်ပေးသည့်အတွက်ရော..ကျေးဇူးပါခင်ဗျာ..အမေစု..အမြန်ဆုံးနေကောင်းပါစေ...အမေစု ကျန်းမာရေးကို ဂရုစိုက်ပေးကြပါခင်ဗျာ..
ကျော်ထိုက် said...
အမေ ရေ နားတော့ ရွေးကောက်ပွဲမပြီးမချင်း ဘယ်မှ မသွားနဲ့တော့ အိမ်မှာပဲ အနားယူတော့နော် အမေ....အမေ က ပိန်တယ် အဲ့ဒါကြောင့် ပင်ပန်းတာတွေ ဘာမှ မလုပ် ပါနဲ့တော့ အမေ ........ကျွန်တော် တို့မှာ အမေရှိလို့သာ တခြားနိုင်ငံ က ဒေါ်အောင်ဆန်းစုကြည် လို့ပြောမှသာ ကိုယ့် နိုင်ငံ ကို လူတွေသိတာ...မဟုတ်လို့ကတော့ ဘယ်နားကမှန်းတောင် သိမှာ မဟုတ်ဘူး..ဒါက အသေးအမွှားဆိုပေမယ့် ကျွန်တော် တို့ အတွက် ကတော့ ဂုဏ် အမြဲယူပြီး ပီတိဖြစ်နေတာပါ.....
I love NLD said...
မြန်မာပြည်ရဲ့သတင်းတွေကို ဒီဝက်ဆိုဒ် တစ်ခုတည်းနဲ့ ပြည့်ပြည့်စုံစုံ
အားပါးတရဖတ်ရတဲ့အတွက် သတင်းပေး သတင်းရေး သက်ဆိုင်သူ
များအားလုံးကို..အထူးပင်ကျေးဇူးတင်လေးစားမိပါတယ်..မရပ်မနား
သတင်းများအတွက်..ရော မြန်မာပြည်သူပြည်သားများအတွက်ရော
စိတ်ချမ်းမြေ့ဘွယ်ရာများ သတင်းကောင်းများ မကြာခင်ကြားရပါစေလို့..
Unknown said...
အမေစု ရဲ့ ကျမ္မာရေးအခြေအနေကို ရသလောက့် စုံစမ်းပြီး တင်ပေးပါဗျာ တနိုင်ငံလုံးက စိုးရိမ်နေကြပါတယ်။
နီယို said...
အမေစု ကျန်းမာပါစ .......အပေါ်က အကို အမ ညီမ ညီငယ်တေပြောသလိုပါဘဲ အမေစု ကျန်းမာရေးကို ဂရုစိုက်ပါဦးဗျာ.........စိတ်သွားတိုင်း ကိုယ် လိုက်ပါနဲ့တော့
အမေစုရယ်......
luckyboy said...
အမေစု
ကျန်းမာပါစေ အမေကျန်းမာမှကျွန်တော်တို့အားလုံးစိတ်ချမ်းသာ
နိုင်မှပါ။အမေစု အမြန်ဆုံးနေကောင်းပါစေ
Powered by Blogger.