ချေးငွေကို ချဲမထိုးရန် လယ်သမားများကို သမ္မတ မှာကြား

နေပြည်တော်၊ မတ်-၁၈
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့ တွေ့ဆုံ စကားပြောခဲ့သော အခမ်းအနား တွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေး ငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က သတိပေးပြော ကြားခဲ့သည်။
''ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့သူ ရှိလား။ မရှိဘူးနော်။ ဒိုင်တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေး ရော"ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ပြောကြား
ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်ငွေရရှိရန်စီစဉ်ပေးခြင်းသည်ဓာတ်မြေသြဇာ ၀ယ်ယူသုံးစွဲရန်အတွက် ဖြစ်သော်လည်း အတင်း
အကျပ်မ၀ယ်ခိုင်းလိုကြောင်းသမ္မတကြီးက ထပ်မံတိုက်တွန်းပြော ကြားခဲ့သည်။
ယင်းနောက်ဆက်လက်၍လည်း "ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာ လဲဆို
တာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ လယ်သမားများအား ပုလဲသွယ်စပ်မျိုးစပါးတင်း ၁၀၀လျှင်ကျပ်လေးသိန်းနှုန်းဖြင့် ကြိုတင်ငွေနှစ်သိန်းစီအား ဧက ၂၀၀ အတွက် စု စုပေါင်း ကျပ်သိန်း ၄၀၀ ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းင်းကြိုတင်ချေးငွေများအား တစ်တင်းဆံ့ ပလတ်စတစ် အိတ်ဖြင့် ထည့်ကာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ရန် ပြင်ဆင်လျက်ရှိ သည့် လူရွယ်တစ်ဦးကမူ "လောလောဆယ် လက်ထဲတော့ ငွေရောက်လာပြီ။ သုံးချင်တာတွေကတော့ အများကြီးပဲ"ဟူ၍ ပြောသည်။
အောင်ချမ်းသာကျေးရွာနှင့်အနီးရှိ ရွာတစ်ရွာတွင်မူ ဘုန်းတော်ကြီးတစ်ပါးက ကူညီထုတ်ချေးလိုက်သော ငွေများကို တိုက်တိုက် ဆိုင်ဆိုင်ဖြစ်လာသော အသုဘဖဲဝိုင်းတွင် ၀င်ရောက်ဆင်နွှဲလိုက်ကြ ရာမှ အားလုံးနီးပါးရှုံးသွားကြကြောင်းလည်း ဒေသခံများက ပြောကြသည်။ နှစ်လုံး၊ သုံးလုံး(ချဲ)ထီမှာ မြန်မာလူထုအတွင်း အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများ အဓိက ကစားလေ့ရှိပြီး သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး နောက် ၂၀၁၁ တွင် လျော့နည်း ပပျောက် အောင် ဆောင်ရွက်နေသည်။ သို့သော် ယခုနှစ်ပိုင်းအတွင်း အဆိုပါ လောင်းကစားနည်း ကစားသူ ပြန်များလာပြီဖြစ်သည်။

 7Day News Journal
ချေးငွေကို ချဲမထိုးရန် လယ်သမားများကို သမ္မတ မှာကြား ချေးငွေကို ချဲမထိုးရန် လယ်သမားများကို သမ္မတ မှာကြား Reviewed by သစ်ထူးလွင် on 14:40 Rating: 5

16 comments:

မင်းမြတ် said...

တဲထိုးနေရသူတွေကိုချဲမထိုးဖို့မိန့်မှာရင်းပဲစိုက်ဖို့ငွေထုတ်ချေးလိုက်တဲ့သမ္မတကြီးရေ၊လုံလောက်တဲ့ငွေပမာဏကိုထုတ်ချေးမှသာ တောင်သူလယ်သမားတွေ ပူပင်ကင်းစွာစိုက်ပျိုးလုပ်ကိုင်စားသောက်နိုင်မှာပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေး အတွက် ချဲဒိုင်တွေကိုထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖိြု့ ပည်ထဲရေးဝန်ကြီး ဌာနအောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပြောရမှာ လူမှားနေပြီသမ္မတကြီး

amtkhunlay said...

ချေးငွေများဖြင့် ချဲမထိုးရ။
ဘတ်ငွေများဖြင့်သာ ချဲထိုးရန်။ ဖဲရိုက်ရန်။

Anonymous said...

မြန်မာနိုင်ငံမှာ အခုအချိန်မှာ သမ္မတ လာလုပ်ရတာ တော်တော်စိတ်ညစ်နေ ရှာမှာပဲ အဘ ဦးသိန်းစိန် ရေနော်.. တစ်ယောက်တစ်ပေါက်နဲ့ အပေါက်တွေက သန်း(၅၀) ကျော် အဘရေ..မေတ္တာနဲ့သာ ယှဉ်လုပ်ပါ... အောင်မြင်မှာပါ..အဘကိုရော..အမေစုကိုရော ထောက်ခံပါတယ်..

thethnin said...

ဟောဂျာ
ဘာပြောရမှန်းတောင် မသိ ဖြစ်တော့တယ်

Android Myanmar said...

ချဲဒိုင်၊ နှစ်လုံးဒိုင်၊ ဘောဒိုင်တွေကို ထိထိရောက်ရောက် ဖမ်းမှပေါ့။ အခုဟာက ဒိုင်တွေဆီက ဆက်ကြေးတွေကောက်ပြီး လုပ်စားခွင့်ပေးထားတော့.....
ငါ့နှယ် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး....

ဘုတလင်သားလေး said...

သမတကြီးစကားကို ကျနော်တို့ပြည်သူပြည်သားတွေ နားထောင်ကြပါတယ်ခင်ဗျ အဲ နားမထောင်တာဆိုလို့ ဟို ဦးအောင်တောင်းနဲ့သမတကြီးရဲ့ပါတီအဖွဲ့ဝင်တွေလေ လိမ်လို့လိမ် ခိုးလို့ခိုး ညစ်လို့ညစ်နဲ့ ဘာနဲ့နှိုင်းပြောရမှန်း မသိလောက်အောင်ကို ဆိုးသွမ်းနေကြပါတယ်ခင်ဗျ....အင်တာနက်လေး ဘာလေးလဲ ကြည့်ပါဦး

United States of Myanmar said...

သမ္မတကြီးကိုယ်တိုင် ငွေပေးမဲဆွယ်နေတာပဲ

Chit San Maung said...

သမ္မတကြီးခင်ဗျား..
အခုတလော စပါးဈေးတွေကမကောင်း၊ ရာသီဥတုတွေက ဖောက်ပြန်နေတော့ တောင်သူတွေ များများမရင်းရဲ၊ များများအလုပ်ရဲဘူးဖြစ်နေပါတယ်..။ စပါးဈေးကောင်းမယ်၊ သေချာမယ်ဆိုရင် တောင်သူတွေအတွက် Incentive ရှိလာမှာဖြစ်ပြီး အားထည့်လုပ်မှာမို့ သိပ် Drive လုပ်စရာမလိုပါဘူး..။
ကမ္ဘာ့ဈေးကွက်ကို မြန်မာ့ဆန်တွေ အလွယ်တကူရောက်နိုင်ရင် ဈေးကောင်းရပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးလာမှာဖြစ်လို့ Rice Export Process လုပ်ငန်းစဉ်တစ်ခုလုံး ကောင်းမွန်ချောမွေ့အောင် (ပြည်ပပို့ကုန်အတွက် ဈေးကွက်ရှာဖွေရေးအပိုင်း၊ တပြေးညီ အလေးချိန်၊ အရည်သွေးစံချိန်နှုန်းအပိုင်း၊ ထုတ်ကုန်လိုင်စင်အား နှေးကွေးစွာ၊ ခက်ခဲစွာလျှောက်ထားမှုအပိုင်း၊ Company မှတ်ပုံတင်မှု သက်တမ်းတိုးမှု အခက်အခဲများအပိုင်း၊ Bank အပိုင်း၊ အခွန်အပိုင်း…….)တွေမှာ Micro အဆင့်၊ Macro အဆင့် ပြင်ဆင်ဆောင်ရွက်စရာများ ဆောင်ရွက်ပေးခဲ့ရင် ကမ္ဘာ့ထိပ်တန်းဆန်ပို့နိုင်ငံ ပြန်ဖြစ်လာမှာပါ..။
ဈေးကောင်းရမယ်၊ အမြတ်သေချာမယ်ဆိုရင် တောင်သူတွေ မျိုးကောင်းတွေဝယ်၊ စက်ကိရိယာတွေသုံး၊ ဓါတ်မြေသြဇာ
တွေထည့် ကိုယ်စွမ်းရှိသရွေ့ နှစ်သီးသုံးသီးတွန်းပြီး စိုက်ကြမှာမို့ ချဲထိုးဖို့ သတိရမှာမဟုတ်ပါဘူး..။

ဖိုးစလုံး said...

"ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာ လဲဆို
တာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။
သမ္မတကြီး မဲဆွေနေတာလား....????

ktd said...

လခလေးတိုးတာက သုံးသောင်းထဲ၊ တစ်နေ့ တစ်ထောင်ကျပ်ပေါ့၊
ရဲတွေအတွက် အခက်တွေ့တယ်၊ ချဲဒိုင်တွေ၊ လောင်းကစားလက်ခွဲဒိုင်တွေက
ဆက်ကြေးတောင်းရတဲ့ငွေနဲ့ အဆင်ပြေနေတုံး၊ ခေါက်ရိုးကျိုးနေတုံး၊
လစာတိုးပေးလိုက်လို့ အဂတိလိုက်စားတယ်၊ လာဘ်ယူတယ်ဆိုရင်
ရာထူးနဲ့ ရင်းရနိုင်တယ်၊ ပြုတ်ဆော်နံမယ်ဆိုတော့၊ အင်း၊ ဆက်ကြေးတွေကို
လက်လွတ်လိုက်ရမှာလား၊ လက်ခွဲ၊ လက်ရင်းဒိုင်တွေကရော၊ ရဲဆက်ကြေး
လာမတောင်းလို့၊ ရဲရဲတင်းတင်းဆက်လုပ်သင့်ပါ့မလား၊ ဒီတိုးတဲ့လစာလောက်နဲ့ရော၊ ရဲတွေအဖို့ တင်းတိမ်ပါ့မလား။ ရဲရှိလို့ ဒိုင်ရှိတာ၊ ဒိုင်ရှိလို့ ထိုးသားဖြစ်လာတာ။ ။ ။

lwannaymie said...

သမ္မတကြီးနဲ့ကောင်းတဲ့ဥက္ကဌကြီးများကို...တကယ်လေးစား၊ယုံကြည်၊အားကိုးပါတယ်ဗျာ.....(ခက်နေတာကဟို..ခွေးနဲ့စပ်ပြီးမွေးလာတဲ့..မကောင်းသောဝန်ချီးတွေကို...ထောင်ထဲထည့်သင့်တာကြာနေပြီ)...သမ္မတကြီးရဲ့အခက်ခဲကိုသိပါတယ်....
ဒါပေမဲ့ဘာကြောင့်အရေးယူလို့မရလဲဆိုတာ...ပြည်သူတွေကိုသေခြာသိအောင်ရှင်းပြစေခြင်ပါတယ်...ခင်ဗျား။

ye lin maung said...

ချဲဒိုင် ၂ လုံးဒိုင် ဖမ်းတဲ့ စီမံချက်ကို ထိထိရောက်ရောက် လုပ်ပြီး ။ စီမံချက်ရှိရင် ကြိုညှိနေကြတဲ့  နယ်ထိန်း အဖွဲ့ ကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ ပြူလုပ်ရင် လျှော့ကျသွားမယ် ထင်တာပဲ ။
မဟုတ်လည်း စလုံး အစိုးရလို 4D / TOTO ကို တရားဝင်ကိုင်ပြီးတဖြည်းဖြည်း လျှော့ချရင်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်

nationalism said...

gambling is seriously problalm in myanmar .Prevent with educating and law . some corrupt police are involt in illegal gambling .take more action on those .

tapaungthi said...

"ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာ လဲဆို
တာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။
သမ္မတကြီး မဲဆွေနေတာလား....????
သမ္မတကြီးက ဘာပြန်တောင်းနေတာပါလိမ့်
ဖွတ်လား(သို့)တို့အမေစုလား
တခုခုပဲနော်
အမေစုဖြစ်ပါစေလို့ ဆုတောင်းလျက်...။

purewhite said...

ပြောင်းလဲရေးလမ်းကြောင်းပေါ်လျှောက်နေတဲ့ သမ္မတနဲ့ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ကြည့်သော အပေါင်းအပါများကို ကြိုဆိုပါတယ်။ ချဲ၊နှစ်လုံးနဲ့ပတ်သက်လို့တော့ ဖမ်းချင်တဲ့လူကိုဖမ်း လွှတ်ချင်တဲ့လူကိုလွှတ် မမျှတမှုတွေကို ရှင်းပေးပါအုန်း သမ္မတ ကြီးရယ် ။ ရဲကိုလည်းဆက်ကြေးပေးရသေးတယ် တိုင်တဲ့လူရှိလို့ဆိုပြီး လာဖမ်းသွားတာ ကလေးအမေတစ်ယောက်ပါသွားတာ သနားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တိကျတဲ့ဥပဒေတခုခု ထုတ်သင့်ပါပြီ။

ှဆရာရဲ၏စာမျက်နှာများ said...

ချဲတွေပြန်လည်ခေါင်းထောင်လာတာ ဘာကြောင့်လည်း၊ ဘယ်သူ့ကြောင့်လည်း၊ ကလေးကအစ ခွေးအဆုံး အားလုံးသိကြပါတယ်။ မဲလိုချင်တယ်ဆိုယင်ပေးလိုက်ကြပါ။ ကန့်ကွက်မဲပေါ့။ တစ်ပြည်လုံးက အော့ကြောလန်နေတဲ့ အဖွဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုသိသင့်ပါပြီဗျာ။

Powered by Blogger.