ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ မိုင်ဒါကွင်း လူထုဟောပြောပွဲ (ရုပ်/သံ)


မတ်လ ၆ ရက်နေ့က တောင်ငူမြို့ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ငူမြို့ မိုင်ဒါကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မဲဆွယ်စည်းရုံး ဟောပြောပွဲကို သောင်းနဲ့ချီ တက်ရောက်လာတဲ့ တောင်ငူမြို့ခံ ပြည်သူလူထုတွေကို လူငယ်နဲ့ပညာရေးအကြောင်း အဓိက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က 'လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်ဖြစ်တယ်၊ ကျမတို့ လူငယ်တွေ ပညာမတတ်လို့၊ အရည်အချင်း မပြည့်ဝလို့တော့ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တာကြောင့်မို့လို့ လူငယ်တွေ ပညာတတ်ရေးအတွက်ကို အားလုံးက တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းပြီးတော့ ကူညီကြပါ၊ ကျမတို့ နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဘာတွေ လွဲချော်နေလို့ လူငယ်တွေ ဘွဲ့ရပြီးတော့ အလုပ်မရတာလဲဆိုတာ အများကြီး စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်' လို့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။
ဘားမားဗီဂျေ

ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ မိုင်ဒါကွင်း လူထုဟောပြောပွဲ (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ မိုင်ဒါကွင်း လူထုဟောပြောပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 07:22 Rating: 5

5 comments:

123456 said...

တောင်ငူ က အပြန်မှာ ၊ ခဲနှင့်ပေါက်ခံထိတယ် မဟုတ်လား။ မိန့်ခွန်းထဲ မှာ ဒီကောင်တွေထိသွားတယ်ထင်။

ဇော်ေ၇ာင်းဝယ်ရေး said...

ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည် ကို လည်း ချစ်ခင် လေးစားတယ်ပါတယ်။ ဒါပေမဲ. လက်တွေ.အကောင်ထည် ဖေါ်ဆောင်ပေး နေတဲ. ပြည်ခိုင်ဖြိုး ပါတီ ကို ပိုချစ်တယ်။ ပြည်သူတွေ အားပေး ရွေးချယ်ထားတဲ. ပြည်ခိုင်ဖြိုးပါတီ ကို ဆက်လက်ထောက်ခံ အားကိုနေမယ်။

iban said...

ဗွီဒီယိုဖိုင်မှာ ဒေါ်စုအသံကို နားထောင်လို့မရအောင် အသံတွေ နှစ်ထပ်ဖြစ်ဖြစ်နေတာ၊ (((အမေစု ကျန်းမာပါစေ)))ဆိုတဲ့အသံတွေ ရှုပ်ရှက်ခပ်နေတာ ဘာကြောင့်လဲ။ Pause နှိပ်လိုက်ပြီး ပြန်ဖွင့်ရင် ပျောက်သွားပြန်ရော၊ ခဏနေပြန်ပေါ်လာပြန်ရော။ အဲဒါ ရိုးရိုးသားသား ဖြစ်တာလား၊ အသံကို နားထောင်လို့မရအောင် အစိုးရဘက်က အသံတွေဆူညံနေအောင် ကြားဖြတ်ပြီး နည်းပညာနဲ့ အသံတွေထပ်နေအောင်လုပ်ထားတာလား။ ဒီဆိုက်က တာဝန်ရှိသူတွေ ပြန်လည်စစ်ဆေးကြည့်စေချင်ပါတယ်။ ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီးကြည့်ရင်တော့ အဆင်ပြေတယ်။ တစ်ခုခုတော့ မှားနေပြီလို့ အကြံပြုချင်ပါတယ်။

tertee said...

တောင် ငူပွဲက နဲနဲ အဖျက်အမှောင်.လေးရှိသလိုဘဲနော်..အသံတွေဆူညံစေပြီး..
စကားပြောတာ(ပရိပ်သတ်) ကြမ်းသလိုဘဲ..

myan pyae thu said...

well,
Member of PKP party!
What the hell are you talking about? Tell me something that your party is trying to get better life of Burmese people.
Do not think for yourself only, please think for our future generation.

Powered by Blogger.