ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။
RFA
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။
အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
RFA
ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ ၀န်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ Reviewed by သစ်ထူးလွင် on 08:30 Rating: 5

49 comments:

zzmyoe said...

ဦးပိုင်လီမိတက် ဆိုတာစစ်တပ်ပိုင်တာဘဲ၊ဒီမိုကရေစီ နိုင်ငံတော်ကို တစ်ကယ်သွားမယ်ဆို ရင် စစ်တပ်ကိုစီးပွားရေး မလုပ်စေချင်ဘူး၊စစ်တပ် ရဲ့အသုံး စရိတ်ဆိုတာ နိုင်ငံတော်က ကျခံရမယ်၊စစ်တပ်က တစ်ကယ်လည်းစီးပွားရေး မလုပ်တတ်ဘူး၊ အရင်ကလုပ်တာ လည်းအာဏာနဲ့လုပ်လာတာ။နိုင်ငံတော် စက်ရုံ၊အလုပ်ရုံ၊နေရာ အချက်အခြာ ကျတဲ့ နေရာတွေ ကိုမတရားယူတာတွေ၊ တိုင်းပြည်ကို နှစ်ပေါင်းများ စွာ စနစ်တကျ နဲ့ ဆင်းရဲ တွင်းပို့ခဲ့တာ၊ ပြည်သူရဲ့ မျက်နှာ ကိုထောက်ထား ပါတော့ လို့ ပြောချင်ပါတယ်။ ဦးပိုင် လီမိတက် ဆိုတာ မရှိတော့ရင် မြန်မာ နိုင်ငံ ဒီမိုကရေစီ စနစ်ကိုတစ်ကယ် သွားနေ ပြီ လို့မှတ်လိုက်မယ်။

အမြင်သစ် said...

ကြိုဆိုပါတယ်... ကြိုဆိုပါတယ်.
ထိထိရောက်ရောက် အရေးယူမယ်လို့မျှော်လင့်ပါတယ်၊
အလုပ်သဘော အလုပ်ပြရုံတော့ မလုပ်နဲ့နော်။
ဒါလေးတွေက အသေးအဖွဲလေးတွေဘဲရှိသေးတယ်။
တကယ် ဂွတ် အန် ကလင်း လုပ်ချင်ရင် ကြီးကြီးမားမား
အဂတိမှုတွေကို ဖော်ထုတ်ပါ။ ၀န်ကြီးဌာန အားလုံးက ၀န်ကြီး
တွေအားလုံးနီးပါး ဟာ သူခိုးအကြီးစားတွေဆိုတာ တကမ္ဘာလုံးက
သိပါတယ်ခင်ဗျာ။

ye gyi said...

ဖြုတ်လိုက်ပါတော့ကွာ၊နိုင်ငံတော်နှင့်ပြည်သူကို အလုပ်အကြွေးပြုချင်လို့မှ မဟုတ်တာ စပြီးတက်လာထဲက ဘယ်ဌာန ရောက်ရောက် မဟုတ်တာလုပ်ဖို့စဉ်းစားထားပြီးသား...ဒါကြောင့် ဖြုတ်ချိန်တန်နေပြီ... ပြုတ်ချိန်လည်းတန်နေပါပြီ...

JuMaung said...

ဒီလိုအဂတိလိုက်စားမှုတွေက နှစ်ပေါင်းမနည်းတော့ပါဘူး၊ ဒီစနစ်ကိုလုံးဝပျောက်ပျက်သွားအောင် လုပ်ဆောင်နိုင်ရင် အကောင်းဆုံးပါပဲ၊ ဒါမှလည်း တိုင်းပြည်ဟာ ဒီထက်မက တိုးတက်ကောင်းမှုလာမှာဖြစ်သလို ဒီလိုအဂတိလိုက်စားမှုတွေကို အမြစ်ပါမကျန်တွန်းလှန်နိုင်မယ်ဆိုရင် good government clean government ဆိုတာ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

tapaungthi said...

အများကြီးရှိနိုင်ပါသေးတယ်

Maunglusoe said...

အခြားဝန်ကြိးဌာနတွေလဲစစ် ကြည့်ပါအုံး
ဟို CNC စက်တွေကို ကျောင်းသားတွေသုံးဖို့ ဆိုပြိဝယ်တယ်
လေယဉ်သုတေသနလုပ်နေပါတယ် ဆို တာတွေကို စစ်ကြည့်လိုက်ပါ

sydney said...

shame!
that's why,people are talking that, in our country rich men can use 5000 notes as tissue papers, while the poors are calculating again and again to get into a tea shop.
frankly, i m not surprised but it hurts me.
they eat, they drink, they enjoy, while the ordinary people hunger and suffer.
but now this issue is exposed in the parliament so, this should be fore-alarm for those who waiting to steal the state's/people's money.
thanks to the union auditors of the parliament.

tarteegyi said...

good news, I like it.
now really start the improvement

Tint Lwin Swe, M. Engg. Geol., FGS, MMEC said...

သူခိုးတိုင်းပြည်။ ဘယ်တော့မှ မကြီးပွါးဘူး။

စောလူ said...

ဘယ်အရေဘဲခြုံခြုံပါဗျာတကယ်တော့..သခိုးဟာ..သခိုးပါပဲ...
သူလဲခိုး ငါလဲခိုးနေကြတာပါပဲ..ဟုတ်ဖူးလား...
လွှတ်တော်ဝန်ကြီးတွေကညာချတယ်လို့တောင်...ကိုဇာဂနာကဆိုထားတယ်
လေ.......သူက ၁ကျပ်ခိုးရင်...ငါက..၁၀..ခိုးမယ်ဆိုတဲ့လူတန်းစား
တွေပါ...

Unknown said...

အဂတိလိုက်စားတာမှန်၇င်...ပြတ်ပြတ်သားသားအေ၇းယူပေးပါ..ဒါမှ..ပြည်သူကယုံကြည်တဲ့..သန့် ရှင်းတဲ့ အစိုး၇ပေါ်ပေါက်လာမှာ..နောင်အစဉ်ကောင်းမွန်ဘို့ ..၀ိသမလောဘ..သမားများကို..ဖယ်ရှားပေးပါ။ပေါင်းစားတဲ့ ခေတ်..ခိုးစားတဲ့ လုပ်၇ပ်များ၇ပ်ပြီး..အေးချမ်းသန့် ရှင်တိုးတက်မှုကို..ပြည်သူအားလုံးအလိုရှိပါ၏။

chawthu said...

ဒီလို အဂတိ လိုက်စားမှုတွေကို အခုမှ တွေ့သယောင်ယောင် လုပ်ပြမနေပါနဲ့ဗျို့...... ပြည်သူတွေက သိခဲ့တာဖြင့် နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ.....။ ဒါတွေဟာ အရင်စစ်အာဏာရှင်ရဲ့ ဆိုးမွေတွေပေါ့......။ အခုလက်ရှိ တာဝန်ယူနေကြတဲ့ လူကြီးတွေမှာ အဂတိနဲ့ ကင်းလွတ်သူရှိရင် ပြပါဗျာ.... ပူဇော်ထားချင်လို့ပါ....။ အားလုံးလည်း ကြားကြမှာပါ.... အခုလက်ရှိ လူကြီးတွေက လာဘ်ပေး လာဘ်ယူကနေ ရရှိလာတဲ့ ငွေမည်းတွေကို သူတို့ အမျိုးအဆွေ နာမည်တွေနဲ့ပဲ ခွဲခြမ်းပြီး လုပ်ငန်းတွေ၊ အိမ်ခြံမြေတွေ၊ နိုင်ငံခြား ဘဏ်တွေ စသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေမှာရော၊ ပိုင်ဆိုင်မှုကို လွဲပြောင်းထားပြီးတော့ရော လုပ်ကိုင်နေကြတာဖြင့် ကြာလှပေါ့.....။ သူတို့ နာမည်နဲ့တော့ အစိုးရက ပေးထားတဲ့ ခံစားခွင့်နဲ့ပဲ နေသယောင်ယောင် လုပ်ပြထားတာ ကလေးက အစ သိတယ်.....။ ဝန်ကြီးတွေ ဒုဝန်ကြီးတွေ ထဲမှာလည်း မယားငယ်တွေ မယားကြီးတွေနဲ့ အမျိုးတွေကို လှည့်ပြီး နာမည်တွေ ခံလို့ ဖွက်စားနေကြတာတွေ၊ ကိုယ့်သားသမီး တွေကို လုပ်ငန်းထောင်ခိုင်းပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေလုပ်ဖို့ ဆိုပြီး အိပ်ထဲ ပိုက်ဆံ သဲ့ယူနေကြတာတွေ.....အောတိုက်လို့ ဗျာ။ အဲဒါတွေ အားလုံးကို မကင်းရာ မကင်းကြောင်းတွေနဲ့ မပြောသာလို့ ကြည့်နေကြရသလို..... မထိရဲ့လို့ လွတ်ထားတာတွေက မြန်မာနိုင်ငံရဲ့ ပြယုဒ် လိုတောင်ဖြစ်နေခဲ့တာ သမိုင်းချီနေပြီ......။ အစိုးရသစ်အနေနဲ့
တကယ်သာ Clean governance, good government လုပ်နေတယ် ဆိုရင်တော့ အားပေးပါတယ်..... တစ်ပင်လုံး မခုတ်နိုင်သေးတောင် အကိုင်းအခက်တွေ စချိုင်နေတာဆိုရင် ပြည်သူတွေက အစိုးရကို ထောက်ခံမှာပါ.....။ ထိုက်တန်တဲ့ လူတွေ လူမှန် နေရာမှန်ကို ရကြပါစေဗျာ......

min yar zar said...

UMEHL must stop involving in Economics. Otherwise, this is the one getting all the business opportunities and monopoli in Economics.

Anonymous said...

ဆောက်လုပ်ရေးဝန်ကြီးဌာနရောမစစ်ဆေးကြဘူးလား..
အင်ဂျင်နီယာတွေ.ငွေစာရင်းနဲ့ပေါင်းပီးခိုးစားထားတာတွေလဲစစ်ကြပါဦး.
ဆောက်လုပ်ရေးဝန်ကြီးဌာနက အင်ဂျင်နီယာချုပ်ဦးခင်အေးဆို.သူ့အိမ်မှာ
ခိုးထားတဲ့ငွေတွေထားစရာတောင်မရှိဘူး.တံတားတစ်စဉ်းဆောက်တိုင်း
ခိုးထားတဲ့ငွေတွေဟာ.တံတားတန်ဘိုးရဲ့.သုံးပုံတစ်ပုံလောက်ရှိတယ်
ခုတော့.ခတ်တည်တည်နဲ့.ပင်စင်ယူပီးငြိမ့်နေတယ်..

skull fish said...

ဟိဟိအဲဒါဆို ဂျပုဆော်ကြမ်း(ကျော်ဆန်း)ပြုတ်မှာလား။MRTV4နဲ့ FORVER COMPANY ကိုလည်းစစ်ဆေးသင့်ပါတယ်။လယ်၊ဆည် ကအရင်ဝန်ကြီးဌေးဦးကိုလည်းစစ်ဆေးသင့်တယ်၊ အရင်က၀န်ကြီးတွေက ပိုစားတာများတယ်လေ၊အောင်သောင်းလဲပါတယ်

dragon7 said...

နောက်ထပ်လည်း အများကြီးရှိနိုင်ပါသေးတယ်...သေသေချာချာစစ်ဆေးပြီး ပြည်သူ့ဘဏ္ဏာတွေကို ထိမ်းသိမ်းပေးကြပါ....

အမြင်သစ် said...

ဟိုး ..... ဦးနေ၀င်း မဆလ ခေတ် ကတည်းက
အာဏာရှင် အသိုင်းအ၀ိုင်း အဆက်ဆက် အဂတိလိုက်စား
လာတာ အခုထိပါဘဲ။ အခုမှ အထူးအဆန်းလာလုပ်နေတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက လူတွေကိုယ်တိုင်လည်း မကင်း
ပါဘူး။ ဂွတ် အန် ကလင်း လုပ်ပြတယ်ပေါ့လေ။ ကြိုဆိုပါတယ်ဗျာ။

ပုဂံစစ်သည် said...

မှန်မှန်ကန်ကန် ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Chit Chit said...

That Good News. Mr. President U Thein Sein start action to punishment for MINISTRY MURDER. We hope so......

kokomaung said...

အခုမှသိတာလား။အရင်ကတည်းစားထားတာဝနေပြီ။အခုလေလည်နေတာ။

Shwe Mg said...

စားတဲ့လူ ဖြုတ်ကြေးဆို....မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့စည်းတောင်ရှိတော့မှာမဟုတ်ဘူး...လွှတ်တော်မှာလည်း ဆိုင်းဘုတ်ပဲကျန်မယ်...မတရားနင်းကန်စားပြီး...နာမည်ဆိုးထွက်တဲ့လူတွေကို အရင်ဆုံးအရေးယူရင် နောက်လူတွေဆင်ခြင်သွားလိမ့်မယ်.....

su said...

တစ်ချို့ ဆိုရင် လူ့ပြည်မှာ စားဝလို့ ငရဲပြည်မှာတောင် ထပ်စားနေကြပြီ။ ဦးသိန်းစိန် အစိုးရ က အခုမှ စာမဖွဲ့လောက်တဲ့ အရေအတွက်ကို သတင်းထုတ်ပြန်ရုံလေး ရှိသေးတယ်။ ပြည်သူကဖြင့် သိနေတာကြာလှပေါ့။ တော်တော်လည်း မျက်နှာ ပြောင်ကြတာပဲ။ အခုအစိုးရအဖွဲ့ထဲမှာလည်း လွတ်တဲ့သူ လက်ညိုးထောင်ဆိုရင် အင်္ဂုလိမာလတောင် လက်ညောင်းလောက်တယ်။ သူခိုးကြီး၊ သူခိုးလေးပဲ ကွာတယ်။ စားထားကြတာလေ။

su said...

တစ်ချို့ ဆိုရင် လူ့ပြည်မှာ စားဝလို့ ငရဲပြည်မှာတောင် ထပ်စားနေကြပြီ။ ဦးသိန်းစိန် အစိုးရ က အခုမှ စာမဖွဲ့လောက်တဲ့ အရေအတွက်ကို သတင်းထုတ်ပြန်ရုံလေး ရှိသေးတယ်။ ပြည်သူကဖြင့် သိနေတာကြာလှပေါ့။ တော်တော်လည်း မျက်နှာ ပြောင်ကြတာပဲ။ အခုအစိုးရအဖွဲ့ထဲမှာလည်း လွတ်တဲ့သူ လက်ညိုးထောင်ဆိုရင် အင်္ဂုလိမာလတောင် လက်ညောင်းလောက်တယ်။ သူခိုးကြီး၊ သူခိုးလေးပဲ ကွာတယ်။ စားထားကြတာလေ။

Mr Moe said...

အခုလက်ရှိရော၊အရင်ဝန်ကြီးတွေကိုရော လာဘ်စားတာသေချာနေရင် ချက်ချင်းအရေးယူ၊ ပစ္စည်းတွေပိုင်ဆိုင်မှုတွေချိတ်ပိတ်လိုက်။အဲဒီငွေတွေအားလုံး ပြည့်သူငွေတွေဖြစ်ပါတယ်။ မန္တလေးစည်ပင်သာယာက မြို့တော်ဝန်နဲ့ဌာနမှူးတွေအားလုံးကို စစ်ဆေးကြည့်ပါ။ အများကြီးဘုံးထားတာတွေ့ပါလိမ့်မယ်။

date date day said...

စားတဲ့လူ၊ သာတဲ့လူ၊ လုပါ

tharzaw said...

(ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများ)

အခြားဝန်ကြီးဌာနတွေလည်းအများကြီးကျန်သေးတယ်ဗျ။
ဝုန်းကနဲဒိုင်းကနဲဆိုရင်တော့
ကိုရွှေမောင်ပြောသလို ဆိုင်းဘုတ်ပဲကျန်မှာ။

KPU -RAKHINE said...

ဆက်သွယ် ရေးကို သေသေချာချာ စစ်ရင် ပြန်ကြားရေးထက်ဆိုးတဲ့
စာ ရင်းလိမ်မျု တွေ တွေ့  ပါ လိမ့် မယ်
15 သိန်း 5သိန်းနဲ့ေ၇ာင်းထားတဲ့ ဖုန်းဖိုးတွေ

သားငယ်လေး said...

စားထားတဲ့ ဌာနက ပိုက်ဆံတွေ ပြန်ဖြည့်ခိုင်းပြီး နိုင်ငံခြားကယူထားတဲ့ အကြွေးတွေ အရင်ဆပ်လိုက်ပါ။ မြန်မာပြည်က သဘာဝသယံဇာတတွေ ပေါများတဲ့ နိုင်ငံဖြစ်လျှက်နဲ့ ခေတ်နောက်ကျန်ခဲ့ပြီး အကြွေးတင်နေတာ ရှက်စရာကောင်းပါတယ်။ ဆက်သွယ်ရေးလဲ စစ်ပေးပါဦးဗျာ။ ဘာတွေ ကလိန်ကျထားလဲ သိချင်လို့ ။ အမြတ်ငွေ အများကြီးရထားလျှက်နဲ့ အရှုံးပေါ်နေလို့ ဖုန်းခမလျော့နိုင်ဘူး ဆိုတားတာကိုးဗျ။ စာရင်းစစ်တွေလဲ စားရင်းစစ်နေတာတော့ မလုပ်နဲ့ ဗျာ။ သေသေချာချာလေးစစ်ပေးပါ။ ပြီးကုမ္ပဏီတွေလဲ စာရင်းတွေ သေချာလုပ်ပြီး နိုင်ငံတော်ကို အခွန်ငွေမှန်မှန်ကန်ကန် ဆောင်စေချင်တယ်ဗျာ။

taung pai gyi said...

အဲဒီဝန်ကြီးဆိုတဲ့လူ​တွေအားလုံး ကိုစစ်​ဆေးကြည့်ပါလား တစ်​ယောက်မှမကင်းလွတ်ပါဘူး သူတို့ ကအကြီးစားကြီ​တွေ

yangonthu said...

Good news, pls carry on take action for our country, thanks Mr. president.

yangonthu said...

Good news, pls carry on take action for our country, thanks Mr. president.

Myanmar said...

အင်း.. ဦးသိန်းစိန် သိပါတယ် ဒါတွေကို။ နှာစေးနေတာ သူလဲ မတတ်နိုင်သေးလို့ပါ။ ဒီလောက်အသံထွက်ခွင့်ပေးလိုက်တာထောက်၇င် အေ၇းယူစ၇ာ၇ှိတာတွေကို အေ၇းယူတော့မလားလို့တော့ မျှော်လင့်မိပါတယ်။ လက်နှက်ကိုင်အဖွဲ့စည်းတစ်၇ပ်က စီးပွားေ၇းလုပ်တယ်ဆိုတာ အေ၇းပေါ်ကာလမှာဘဲ ၇ှိသင့်ပါတယ်။ ဒီနေ့အချိန်မှာ မ၇ှိသင့် မ၇ှိအပ်တော့ပါဘူး။ ဦးသိန်းစိန် အစိုး၇ကို သန့်ချင်တယ်ဆို၇င် မလိုလားအပ်တဲ့သူတွေကို ဖြုတ်ထုတ်နားလုပ်သင့်နေပါပီ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သမ္မအနေနဲ့လည်း လုပ်၇ကိုင်၇ ပိုပီးလွယ်ကူသွားစေမှာဖြစ်ပါတယ်။ ။

Myanmar said...

ကြံ့ဖွတ်ကို မဲပေးမယ်ဆိုတဲ့သူတွေဟာ ဒီလိုကြံ့ဖွတ် အစိုး၇၇ဲ့လူယုတ်မာ ၀န်ကြီးတွေနဲ့ဘဲ စခန်းသွား၇မယ်။

lwannaymie said...

မြန်မာပြည်မှလက်ရှိကောင်းတဲ့ခေါင်းဆောင်း(၃)ယောက်မကျော်ပါဘူး။ ဦးပိုင်ဆိုတာအစထဲကမရှိသင့်ပါဘူး။သူတို့ဂွင်ဖန်ခြင်လို့ပါ။ တခြားနိုင်ငံမှဝန်ကြီးကပြည်သူတွေအတွက်သူ့တာဝန်(၉၀%)ဆောင်ရွက်ပြီးမှသူ့အတွက်စစဉ်းစားတာပါ။မလုပ်နိုင်ရင်ချက်ခြင်းဆင်းပေးရတယ်။ လမ်းဆိုလဲကောင်းမှကောင်း၊ရေမမှောက်ဘူး။ လျှပ်စစ်မီးဆိုလဲအကြောင်းမကြားဘဲပြတ်မိရင်၊ပြည်သူကိုငွေပြန်ရော်ပေးတယ်။ ဖုန်းဆိုလဲ နံပါတ်ယူရင်ဖုန်းခွံအပြင်တခြားဟာတွေအလက်ကားပေးတယ်။ (၂၀၁၅-အမေစုသမ္မတ၊ဦးသိန်းစိန်ဒုသမ္မတ)ဖြစ်ပါစေ။ သူတောင်းစားဝန်ကြီးများလက်ထိပ်၊တွေစောင့်နေတယ်မှတ်ထား။

myochit.mm.2012@gmail.com said...

သိုးရေခြုံသော ၀ံပုလွေတွေ.. အခုတော့ ဘာတတ်နိုင်သေးလဲ... အမြီးပေါ်လိုက် .. ခေါင်းပေါ်လိုက်နဲ့.. အခုတော့ တကိုယ်လုံးကို မြင်နေရပီ.. ကဲ ဘယ်လိုတွေငြင်းပြီး.. ဘယ်လိုတွေ ဖြေရှင်းတင်ပြမလဲ.. စောင့်ကြည့်လိုက်မယ်.

Sandi said...

Skull Fish ပြောတာမှန်တယ်၊ MRTV-4 နံမယ်ယူထားပြီး၊အစိုးရ၀န် ထမ်းတွေဘယ်နှစ်ယောက်လုပ်နေကြတာလဲ၊ကြည့်လိုက်ရင်ကြော်ငြာခများများရတဲ့ကိုးရီယားကားတွေနဲ့ အနှစ်သာရမရှိတဲ့အစီအစဉ်တွေပဲဆိုတော့၊မကြည့်
ကြတော့ဘူး။FOREVER မှာ ၀န်ထမ်းဘယ်လေယက်ရှိသလဲ။ အဆောက် အဦးငှားခ၊ လျှပ်စစ်မီတာခ၊ ရေခဘယ်လောက်ပေးသလဲ၊ ဒီနေရာမျိုးမှာ၊ ဒီလောက်ကျယ်တဲ့၊ အဆောက်အဦးမပြောနဲ့ ၊CONDO တစ်ခန်းတောင် ဘယ်လောက်ပေးရသလဲ။ နိုင်ငံ့ဝန်ထမ်းတွေကိုနှိမ့်ချပြီး၊ FOREVER ကို
ဝန်ကြီး၊ ညွှန်ချုပ် နဲ့ ညွှန်မှူး တွေက ဘာဖြစ်လို့ အရမ်းဦးစားပေးနေရ
တာလဲ၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်လွန်လွန်းလို့ လား။ SKYNET လိုကိုယ်
ပိုင်နေရာမှာ FOREVER ကဘာဖြစ်လို့ မလုပ်နိုင်တာလဲ။ကြာရင်ဒီနေရာကြီး
ကို “ကုလားအုပ်” လို ၀င်ယူလို့ ၊နိုင်ငံပိုင် TV Channelကပြေးရတော့
မယ်။ ၀န်ကြီးတို့ DG တို့ တွေဟာ FOREVER အတွက်တော့အလွန်ဈေး
ပါလှပါတယ်။ မန္တလေးFM တို့ ၊FOREVER သင်တန်းကျောင်း၊တွေက
ကော၊ဘယ်နေရာတွေကိုယူပြီးဖွင့်နေတာလဲ။ ပြောလိုက်ရင် ”နိုင်ငံနဲ့ လူမျိုးကိုချစ်ဖို့ ”ဆိုတာ၊ ဓါတ်ပြားတိုက်ထဲကဓါတ်ပြားတွေထက်များနေပြီ။
နေ့ ည မရှောင် ငတ်တစ်လှဲ့ ပြတ်တစ်လှဲ့ လုပ်နေတဲ့ဝန်ထမ်းတွေလို၊
ဝန်ကြီးတို့ DG တို့ နိုင်ငံနဲ့ လူမျိုးကိုချစ်နိုင်ကြပါသလား။

Unknown said...

awww,,,,,,all...
alll.alll
alll

Trump said...

လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လိုင်ဆိုရင် သူမြေးအမည်နဲ့ မြေကွက်တွေတောင်ရှိတယ်။ အဲဒီမြေတွေက တောင်သူတွေရဲ့ လယ်မြေတွေပါ။ သူတို့ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးက အထက်ပိုင်းလူကြီး အားလုံးသိပါတယ်။ ဒါပေမဲ့ ၀န်ကြီးပဲ ဘယ်သူမှလဲ ဂရုစိုက်စရာမှမလိုတာ။ သူကိုဘယ်သူကမှ ၀န်ကြီးကနေ ဖြုတ်လို့မှမရတာ။တွေး၇င်းနဲ့ ကိုယ်နိုင်ငံအတွက် ရင်လေးမိပါတယ်။

zawzaw said...

အေဟေ့ဒါကြောင့်မီးခဏခဏလောင်းနေတာဟေ့။

zawzaw said...

ဒါကြောင့်မီးခဏခဏလောင်နေတာ။

sydney said...

many ordinary government officials were taken actions against the corruption law, and some were sent to prison,the fame rotten.the entire family was down......but what about them(men from the article)? they are still enjoying the life(look at kyaw san,pretending as he did nothing wrong), as what they did was like, who cares? do the government give them(ministers) the license to do whatever they want?
by the way in this week The Voice one ret.army personal pointed out the difference of figures declared by a former brig. gen. Able and present union min. hla tun. in his letter he put-up in detail.i want you to read that. the figures did not match. difference is twice the amount.
what i am wondering is do they(ministers)know their job academically or they are just ordering do this, do that, whatever from the upper level said........what do you think my dear reader?

Myanmar said...

မပြောမဖြစ်ပြောရပါဦးမယ် ဘယ်တော့များ တို့မြန်မာ တပါးသူမြောက်ပေးတာကို လက်မခံပဲ နေရပါ့မလဲ။ အခုကြည့်လေ မြစ်ဆုံ ပီမလိုနဲ့ တို့မြန်မာ အိမ်ခြေမဲ့ဖြစ်နေတုန်းပဲံ။ ရက်စက်တဲ့ စစ်အစိုးရ အ၇ိပ့်အငွေ့ ဘယ်တော့ပြောက်ပါ့မလဲ။ ဆက်သွယ်ဖို့လွယ်ကူရန် ဘယ်တော့များ ခွင့်ပြုပါ့မလဲ အော် ရက်စက်ခဲ့သောအချိန်များ

Myanmar said...

အခုလိုလိမ်လည်မှုမျိုးကို ၀န်ကြီးဌာနတိုင်းမှာ လိုက်ပီး စစ်ရင်ပိုကောင်းပါလိမ့်ဘယ် ဘာကြောင့်လဲဆိုတော့အခု စစ်ဆေးတွေ့ရှိမှုသည် အနည်းဆုံးတွေ့ရှိမှုဖြစ်နိုင်တယ်လို့ယူဆပါတယ်။ ဥပမာ= ဆက်သွယ်ရေးဌာနဆိုပါဆို့ လူတစ်ယောက်ကို ဖုန်းတစ်လုံး ငါးသိန်း ဆယ်ယောက်သိန်းငါးဆယ် တစ်နေ့ လူတစ်ယောက်ကို ၂၀၀ ဖိုးသုံး ဘယ်လောက်များတဲါ့ဘတ်ဂျက်လဲဗျာ .။ ဘာကြောင့် မကောင်းရသေးတာလဲ

Myanmar said...

မပြောမဖြစ်ပြောရပါဦးမယ် ဘယ်တော့များ တို့မြန်မာ တပါးသူမြောက်ပေးတာကို လက်မခံပဲ နေရပါ့မလဲ။ အခုကြည့်လေ မြစ်ဆုံ ပီမလိုနဲ့ တို့မြန်မာ အိမ်ခြေမဲ့ဖြစ်နေတုန်းပဲံ။ ရက်စက်တဲ့ စစ်အစိုးရ အ၇ိပ့်အငွေ့ ဘယ်တော့ပြောက်ပါ့မလဲ။ ဆက်သွယ်ဖို့လွယ်ကူရန် ဘယ်တော့များ ခွင့်ပြုပါ့မလဲ အော် ရက်စက်ခဲ့သောအချိန်များ

pyaponthu said...

ဘာဖြစ်လို့ တရုတ်နဲ့ဘဲပက်သက်နေရတာလဲ။တရုတ်တွေလဲ မြန်မာပြည်က သံယဇာတတွေနဲ့ချမ်းသာပြီး မြန်မာပြည်သူတွေ မွဲနေပြီးဒါတောင်မမှတ်ဘဲတရုတ်နဲ့ဆက်ပြီးစီမံကိုန်းတွေဆက်လုပ်လို့ကတော့ မြန်မာ ပြည်သူတွေ သူတောင်းစားဖြစ်တော့မယ်။ခုတောင်သူများနိုင်ငံမှာ ကျွန်ခံနေရပြီး။

Unknown said...

အစ ဆွဲထုတ်မယ့်သူတွေကို အမြဲတမ်း welcome ပါ...ဒါပေမယ့် အဆုံးသတ်ပေးမယ့်သူတွေ အများကြီးလိုနေပါသေးတယ်...

MYO CHIT said...

ခင်ဗျားပြောတာကိုထောက်ခံတယ်ဗျာ

soe thu said...

ဖြစ်ရလေ...အခုမှသိတာလား ကောလဟာလဖြစ်ပါစေ အရေးယူမယ့်သူမှမရှိတာ ပြည်သူတွေကြားရင် ရင်နာနေလိမ့်မယ်.....

uwinnaing said...

ဟုတ်ရင်ပေါ် ပုပ်ရင်နံ ဆိုတဲ့စကာပုံအတိုင်ပါပဲးဗျာ။
အာဏာရှင်စနစ်လတ်ထက်မှာ ပြည်သူရဲ့ပိုင်ဆိုင်တဲ့ငွေတွေကို
ကိုယ်ကျိုးအတွက်သုံးရဲးတဲ့ စားရဲ့တဲ့ကောင်တွေ လုပ်ရဲးရင်
ခံရဲးရမှာပေါ့ကွာ။

Powered by Blogger.