စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ
 ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။ 
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ  ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
ကရပါတယ် ။ 
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ 
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။ 
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး  မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။ 
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏ 
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။ 
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။ 
 အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။ 
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်းရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------
 ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။ 
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ 
ဌာနမှူးက ““ ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ”“ဟု ဖြေပါသည်  ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
 အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
 ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ ရစဉ်
22 comments:
Anonymous said...
no brain no good.
Anonymous said...
Must have level 1 + underground car parking.
Anonymous said...
I think mayor is not qualified.
genius said...
"what a shame ".
60P said...
အရူးပဲ...လုပ်သင့်နေတာကြာပါပီ...ဒီကိစမှာစည်ပင်မှန်ပါတယ်...လူ၃၀၀လောက်အလုပ်လက်မဲ့တာအရေးမကြီးပါဘူး...မြို့ထဲမှာကားကြပ်ပီးလူတွေလုပ်ငန်းမတွင့်ကျယ်ပဲအချိန်တွေကုန်ပီး၁ရက်လုပ်ရမဲ့ဟာကို၂ရက်လောက်လုပ်နေရတာကိုဖြေလျော့နိုင်ရင်လူစွမ်းအားအရင်းအမြစ်တွေပိုမိုလာမှာဖြစ်ပါတယ်
ှဲKaung said...
ဘာပဲဖြစ်ဖြစ် ကားအစီးရေများလားတာနဲ့ အမျှ ကားပါကင်ကတော့ ရန်ကုန်မှာ လိုအပ်နေပါတယ် အဓိပ္ပါယ်ရှိရှိ သင်တော့်အောင် ဘယ်လိုလုပ်မလဲ သေချာစဉ်းစားသင့်ပါတယ်။
Ar Ga said...
မြန်မာနိုင်ငံမှာက မလုပ်ချင်၇င်လည်း အနှစ် 20 လောက် ဘယ်လို ပြောပြော သိသိကြီးနဲ့ မလုပ်ဘူး ။ အထက်က အမိန့်ကျလာလို့ လုပ်ပြီ ဆို၇င်လည်း ချက်ခြင်း ၁ ပါတ်အတွင်း ၊ ၁ လ အတွင်း။ သက်သက်လူတွေ ဒုက်ခေ၇ာက်၇တယ်။ ဒီလို ကိစ်စမျိုးက လုပ်ဖို့ သင့်တာမှန်ပါတယ် ။ ဘက်စုံ ထောင့်စုံ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချ၊ ပြီး၇င် ၆လ တန်သည်၊ ၁နှစ် တန်သည် ကြိုတင် ကြေငြာပြီးမှ လုပ်သင့်တဲ့ ကိစ်တွေပါ ။ သက်ဆိုင်သူအားလုံး အချိန်ယူ ကြိုတင် ပြင်ဆင်၇မယ့် ကိစ်စတွေကို အမိန့်နဲ့ ချက်ချင်း လုပ်ချင်နေသရွေ့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ပါ ။
Shwe Mg said...
လူနေအိမ်ယာတွေမှာ စနစ်ကျတဲ့ကားပါကင်တွေလိုအပ်ပါတယ်...သူများနိုင်ငံတွေမှာ..မြေညီထပ်အပါ..နောက်၂ထပ်လောက်ကို ကားပါကင်အဖြစ်သုံးပြီး..အပေါ်ထပ်တွေကိုမှလူနေအိမ်ရာတွေလုပ်ထားတယ်..နောက်ဆိုရန်ကုန်လည်း အဲ့လိုလုပ်မှတော်ကာကျမယ်...လမ်းပိတ်တာကလည်း ရပ်စရာနေရာမရှိတော့ လမ်းပေါ်မှာပဲရပ်...လမ်းပေါ်မှာရပ်တော့..လေးလမ်းသွားလမ်းက နှစ်လမ်းသွားလောက်ပဲဖြစ်...နှစ်လမ်းသွားက တစ်လမ်းသွားလောက်ပဲဖြစ်ပြီး ကားလမ်းတွေအကုန် ပိတ်ကုန်ရော...
Myanmarpyithar@SG said...
Not only Mayor, all contractors are also not qualifying. Car parking can be placed in level 1 (Ground Floor) by changing the structure design. Think Globally. Don’t use traditional contract design. Landing area can be shifted to corner or backside or suitable place (not in middle / center). Architects and Structure Design Engineers must consider the idle construction model with Ground Floor Car Parking for 25 x 50, 50 x 50, etc. BCA (Building & Construction Association) chairman, inguli Dr. Nwar Khin Shwe must organize and allow Design Competition among youth engineers.
genius said...
ုတာမွေ ၊ အလုံ ၊ကြည့်မြင်တိုင် ၊ မင်္ဂလာတောင်ညွန့် ၊ စမ်းချောင်း စသည်ဖြင့် မြို့နယ်အားလုံးလိုလို ၂၅ပေ ၊၅၀ပေ မြေကွက်တွေများပါတယ် ။
၂၃ပေ ၊၄၈ပေ အဆောက်အဦးကို ရင်ခွဲဆောက်ရင်ကားထည့်ဖို့မလွယ်ပါ ။
ကားပါကင်ဆိုရင် ကားတွေ ကွေ့ပတ်မောင်းပြီးပြန်ထွက်လို့ရတဲ့ မြေကွက်ကျယ်
တွေမှာ ဖြစ်သင့်ပါတယ် ။ ယုဇနပလာဇာလို Ocean Centre လို ကျယ်ဝန်းမှအဆင်ပြေမှာပါ ။ ရန်ကုန်မြို့မှာကားပါကင်တွေ အများကြီးလိုတာမှန်ပေမယ့် ဖြစ်နိုင်တာကို စီမံကိန်းချ ဆောက်ရွက်သင့်
ပါတယ် ။ ရှေ့နောက်တန်းစီပြီး ကျပ်ကျပ်တည်းတည်း တန်းစီဝင်ရပ်ရရင်
တော့ အဆင်မပြေနိုင်မှန်း အမိန်.ထုတ်ပြန်သူတွေ ကြိုတင်စဉ်းစားသင့်တာ
ပေါ့ ။
myan pyae thu said...
what a shame, myanmar goverment.Shame on you! How
No brain , no plan. Only follow the order.
kyaw said...
every time i hear order order order..
they are not qualified person?
Anonymous said...
သို့  ----- ကို Myanmarpyithar@SG(လေးစားစွာ) -------------------မြေညီထပ်ကားပါကင်
ကိစ်စ နှင့်ပတ်သက်ပြီး တိုင်ကြားကန့်ကွက်သူများပြားလာသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
သို့ ဖြစ်နိုင်မဖြစ်နိုင် ၂၀၁၂ခုနှစ် ၊ ဇန်န၀ါရီလတွင် အကူအညီတောင်းခံခဲ့ပါသည် ။ အကူအညီတောင်းခံခဲ့ပါသည် ။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ လူနေရပ်ကွက်အတွင်း မြေကွက်ငယ်
များတွင် ကားပါကင်များသတ်မှတ်ရန်မသင့်တော်ကြောင်းနှင့် နိုင်ငံတော်၏
မြေကွက်လပ်လွတ်များတွင် သီးခြား အထပ်မြင့် ကားပါကင်နေရာများ ဆောက်လုပ်ရန် ဖေဖော်ဝါရီလအတွင်း မြို့တော်စည်
ပင်သို့ အကြောင်းပြန်ကြားခဲ့ပြီးဖြစ်ပါသည် ။ သို့သော် မြို့တော်စည်ပင်မှ အ
ထက်အမိန်.ကို မလွန်ဆန်နိုင်ရဲသဖြင့် မဖြစ်နိုင်သောဥပဒေကို ဆက်လက်ပြဌာန်းထားခြင်းဖြစ်တယ် လို.အတိအကျ သိ၇တယ် ။ ဌာနမှုးကိုတက်မေးနိုင်ပါတယ် ။
Anonymous said...
Order it is possible.
Anonymous said...
myan pyae thu said is correct. they follow order that's right or wrong.
win said...
အထက်ကအမိန့်ပေးတိုင်းလုပ်ရမယ်ဆိုရင်လည်းအောက်ခြေအထိဆင်းပြီးစစ်ဆေးပြီးမှဆောင်ရွက်သင့်မသင့်ဆုံးဖြတ်သင့်တယ်၊တစ်ခါ ကလည်းရေမြောင်းတွေကျဉ်းလို့ရေဆင်းကောင်းအောင်ချဲ့ရမယ်ဆိုပြီး မြောင်းအရှည်တစ်လျှောက်လုံး မချဲ့ခိုင်းဘဲ ရပ်ကွက်တွေထဲမှာဆောက်လုပ်ဆဲ အိမ်ရှေ့ရေမြောင်း မူလက တစ်ပေ အကျယ်ရေမြောင်းကို နှစ်ပေ အကျယ် လုပ်ခိုင်းတယ် ဒါကအဆင်ပြေတယ်မှန်လည်းမှန်တယ် ဟိုးယခင် မြို့စတည်ကတည်းလုပ်ထားတာ ခေတ်နေအထားအရ ကျဉ်းလွန်းတယ် အဲဒိဆိုဒ်ချဲ့ပြီးအဖုံးတွေလုပ်ပြီးမှ နှစ်ပေက ကျဉ်းတယ် လေးပေအကျယ်လုပ်ရမယ်စီမံချက်ဆိုပြီးထပ်ချဲ့ရတယ် အဖုံးတွေလည်းပြန်လောင်းပေါ့၊ဒါတွေကပြဿနာမဟုတ်ပါဘူး အဓိကပြောပြချင်တာက အပေါ်ကနေပြီး အောက်ကိုငုံ့မကြည့်ဘူး အခြေနေကိုလည်း မေးမြန်းသုံးသပ်မှု့မရှိဘူးလုပ်ချင်ရာဇွတ်လုပ်ခိုင်းတယ်၊အဲ့ဒိလမ်းထဲမှာ အဲဒိလောက်အကျယ်ရေမြောင်းလိုကိုမလိုဘူး တူးလို့လည်းဘယ်လိုမှမဖြစ်နိုင်ဘူး အဲ့ဒိအကျယ်တူးလိုက်ရင် ရေပိုက်လိုင်းတစ်ခုလုံးရေမြောင်းထဲကိုရောက်သွားမှာ တစ်ဘက်က ဓါတ်တိုင်တွေအားလုံးမြောင်းထဲကိုရောက်သွားမှာ ဘယ်လိုမှတင်းပြလို့မရဘူး တူးပေးရတယ်၊အဲဒိလမ်းမှာ အိမ်တစ်အိမ်ကတော့တူးလိုက်ရတယ် လောလောဆယ်စီမံချက်မှာအဲဒိအိမ်ပဲပါတော့ အဲ့ဒိအိမ်ရှေ့ရေမြောင်းက လေးပေ ကျယ် ကျန်တဲ့ အိမ်ရှေ့ရေမြောင်းတွေက တစ်ပေ ကျယ်တယ် ရေအားလုံး လေးပေမှာသွားစုနေတယ်၊ နေရာတိုင်းမှာတာဝန်ရှိကြတဲ့အကြီးအကဲများဟာ အခြေနေအရပ်ရပ်ကိုလေ့လာသင့်ပါတယ် လိုအပ်လို့အောက်ခြေကတင်ပြတာကိုလည်း စဉ်းစားသုံးသပ်သင့်ပါတယ် ငါခိုင်းတာလုပ်ရမယ်ဆိုပြီး ငါတစ်ကော မလုပ်သင့်တော့ပါဘူး၊
သားငယ်လေး said...
အခု ပလက်ဖောင်းတွေကို ဆိုင်တွေနဲ့ car park အတွက် နေရာယူထားလို့ လူတွေ လမ်းလျှောက်ဖို့ တောင် အဆင်မပြေပါဘူး။ passport ရုံးနေရာပြောင်းသွားလို့ ရန်ကင်းစင်တာရဲ့ နောက်ဘက်လမ်းမှာ လမ်းဘေးဆိုင်တွေနဲ့ car parkင်ကြောင့် ကားတစ်စီးတောင် ၀င်လို့ မရပါဘူး။ ကားတွေ လမ်းမဘေးရပ်ပြီး ပလက်ဖောင်းပေါ် ဖင်ထိုးပြီး ပါကင်ယူထားတဲ့ အတွက် လူတွေ လမ်းလျှောက်ဖို့ နေရာတောင် မကျန်တော့ပါဘူး။ ကားပါကင်နှစ်ထပ်လောက်တောင် လုပ်သင့်ပါတယ်။ အစိုးရမကောင်းကြောင်းပဲ ပြောနေကြတာ မဖြစ်သင့်ပါဘူး။ ယာဉ်ကြောပိတ်ဆို့ ခြင်းရဲ့ အဓိကအကြောင်းက ကားပါကင်မရှိဘဲ လမ်းဘေးမှာ ရပ်ထားလို့ ပါပဲ။ အိမ်တိုင်းမှာ အခန်းအရေအတွက်အလိုက် ကားပါကင် ရှိသင့်ပါတယ်
Anonymous said...
MEA advises and reply to YCDC ground floor car parking in small resident area is not possible.
Anonymous said...
win --- အဲဒီရေ မြောင်းကိစ်စ က ဒီမိုကေ၇စီနိုင်ငံတွေမှာဆို၇င် အမိန်.ပေးသူ ထောင် တောင်ကျသွားမှာ ။ ငွေကြေးနစ်နာမှု သိန်း ထောင် ဂဏန်း ။ ပြည်သူတွေနစ်နာမှု က ခုထိ ဘဲ ၊ စည်ပင်ကခုထိ ပြန်လုပ်မပေးဘူး ၊ ခု ကားပါကင်ကိစ်စ လဲ ဒီတိုင်းဘဲ ၊မြေညီထပ်ကားပါကင်ကိုပြည်သူ ၉၅% လောက်ကထောက်ခံကြတယ် ၊ ခုဟာက ၂၅×၅၀ ၊၃၀×၅၀ ၊ စတဲ.မြေကွက်တွေမှာကားတွေ ဘယ်လိုဝင်ထွက် ၇ပ်နားမလဲ ဆိုတာပါ ။ ဒါကို အမိန်.ထုတ်သူကိုယ်တိုင်၇ှင်းမပြတတ်ဘူး၊ ဒါတော.မဖြစ်သင်.ဘူးလေ ၊
myan pyae thu said...
well,, you know most of the officers from Myanmar Government are former soldiers. They only know how to follow the order, how to do the corruption for singing on the papers, know nothing about specific information and do nothing.
We should not allow them anymore to have the right people in the right place in Burma.
myan pyae thu said...
Even they go back their place sooner, we still have to sort out their mess after they left.Although it will take time,we have to get up for our new generation freedom.
Anonymous said...
2012 ၊ မတ် လ (၁၄)ရက် နေ.တွင် အထက်အမိန်.အရ မြို.တော်ဝန်မှ မြေညီထပ်ကားပါကင်အမိန်.အားပယ်ဖျက်ကြောင်း ထုတ်ပြန်သည် ။ -------- .... YCDC ....
Powered by Blogger.