ငွေဆောင်ကမ်းခြေရှိ ဥယျာဉ်ခြံမြေများ အတင်းအဓမ္မသိမ်းယူခံရ
များက အတင်းအဓမ္မသိမ်းယူခဲ့ကြောင်းသိရပါတယ်။
၁၁.၀၅.၁၉၉၇ ခုနှစ်မှာ ကမ်းခြေဖွံ့ ဖြိုးရေးကော်မတီဥက္ကဌဦးရင်စိန် ဆိုသူမှ
(၄)ရက်ကွက် ဘူးကွဲကြီးကျေးရွာနေ ဒေါ်စမ်းမြ ၊ ဦးလှဘော်၊ ဒေါ်မိမြိုင် နှင့်
ဦးတလုတ်ကြီး တို့ ပိုင်ဆိုင်တဲ့ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်
လာတဲ့ ဥယျာဉ်ခြံမြေ (၁၃)ဧကကျော်ကို အာဏာနှင့်ခြိမ်းခြောက်ကာ
သိမ်းယူခဲ့တာဖြစ်ပါတယ်။ သိမ်းယူစဉ်မှာ အုန်းပင် သီးပင် တစ်ပင်ကို (၁၂၀၀)
ကျပ်နှုန်းနှင့် အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခဲ့ကြောင်း တောင်သူများက
ပြောပါတယ်။
အဆိုပါ အုန်းခြံမြေ ပိုင်ဆိုင်မှုအတွက် တောင်သူတွေကို မည့်သည့်နစ်နာကြေး
မျိုးမှလည်း ပေးဆောင်ခြင်းမရှိတဲ့အပြင် အဲဒီခြံမြေတွေကို အာဏာပိုင်တွေက
ဦးတင်အေး၊ ဒေါ်သူသူအိဟန် တို့ ဆီ လက်လွဲရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ 
သိမ်းယူခံရတဲ့ မြေနေရာများမှာ နိုင်ငံတော်အတွက် မည့်သည့် အဆောက်အအုံ
ကိုမှ ဆောက်လုပ်ခြင်းမရှိတာကြောင့် သက်ဆိုင်ရာ ဧရာဝတီတိုင်း လွှတ်တော်
ဥက္ကဌဦးဆန်းဆင့် ထံ တင်ပြပေမယ့်လည်း အကျိုးအကြောင်းပြန်ဆို ပြောကြား
ခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။
စီမံကိန်းအတွက်ဟု ဆိုကာ အဆိုပါသိမ်းယူထားတဲ့ ဥယျာဉ်ခြံမြေများကို အတိုင်း
အတာအတိအကျမသိရဘဲ ညှိနှိုင်းမှုလုံးဝမရှိဘဲ အားကစားဝန်ကြီးဌာနပိုင် မြေ
နေရာဟု ဆိုင်းဘုတ်စိုက်ထူသွားပါတယ်။
သတင်းစာများနှင့်ရုပ်မြင်သံကြားသတင်းတွေမှာ ဒေသခံများနှင့်တွေ့ ဆုံညှိနှိုင်း
ပြီး အားကစားဝန်ကြီးဌာနအတွက် မြေနေရာသတ်မှတ်လိုက်ပါသည်ဟု ကြေ
ညာခဲ့သော်လည်း ခြံမြေပိုင်ရှင် တဦးတယောက်ကိုမှ လာရောက်တွေ့ ဆုံညှိ
နှိုင်းခြင်းမရှိကြောင်း မူလခြံမြေပိုင်ရှင်တောင်သူများကပြောပါတယ်။
ဒေသခံတောင်သူများမှာ အဆိုပါအုန်းခြံမြေများကိုသာ အမှီပြုစားသောက်နေ
ရတဲ့အတွက် အဆိုပါကိစ္စကို နိုင်ငံတော်အာဏာပိုင်များမှ မှန်မှန်ကန်ကန်
ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတောင်သူများက Myanmar
News Now ကိုပြောဆိုထားပါတယ်။
လျော်ကြေးမပေးပဲ အားကစားဝန်ကြီးဌာနပိုင်မြေဟု ဆိုင်းဘုတ်စိုက်ထူထားတာပုံပါ။
အတင်းအဓမ္မသိမ်းယူခံရတဲ့ဥယျာဉ်ခြံမြေများ
 Myanmar News Now
ငွေဆောင်ကမ်းခြေရှိ ဥယျာဉ်ခြံမြေများ အတင်းအဓမ္မသိမ်းယူခံရ ငွေဆောင်ကမ်းခြေရှိ ဥယျာဉ်ခြံမြေများ အတင်းအဓမ္မသိမ်းယူခံရ Reviewed by သစ်ထူးလွင် on 06:32 Rating: 5
3 comments:
မြတ်နိုး said...
အင်္ဂလိပ်ခေတ်ရောက်နေသလိုပဲနော်။
babagyi said...
ပြောင်းလဲနေပြီလို့သာအော်နေတာဘာမှလဲမပြောင်းလဲဘူး။
ူ့freedomlover said...
ဒါမျိုးတွေလုပ်နေတယ်ဆိုတာ......... န၀တရဲ့အာဏာရှိသေးတယ်ဆိုတာကို သူငယ်ချင်းကဖော်ပြလိုက်လို့ ကျေးဇူး.. အမေစုရဲ့ ပြောစကား မှန်မှမှန်...
ဘယ်အချိန်မဆို အာဏာရှင်ခတ်ပြန်ရောက်သွားနိင်တယ်....
အော်တော့အော်တာဘဲ...ပြောတော့ပြောတာဘဲသမတ က ဒါပေမယ့်အောက်ဃြေက သမတ ကိုရုပ်ရှင်ရုံလိုသဘောထားဒါ ဒီသမတမသိတာ.......... ပညာတတ်သမတဖြစ်လို့ထင်တယ်
Powered by Blogger.