ပုလဲမြို့ မှာ ဒီလိုလေး ခြစ်တက်ရင် ရပြီ

ပုလဲမြို့ မှာ ဒီလိုလေး ခြစ်တက်ရင် ရပြီ
၂၉၊ ၃၊ ၂၀၁၂ ရက်နေ့၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂ မဲဆွယ်စည်းရုံးရေးခရီးစဉ်သို့ ဖျော်ဖြေပေးကြသော အနုပညာရှင်များ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ အဘဦးဝင်းတင်၊ မုံရွာခရိုင်ရွေးကောက်ပွဲအောင်နိုင်ရေးမှ ဦးအောင်ရှင်၊ ဒေါ်သန်းဝင်း၊ ဒေါ်မြင့်မြင့်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူငယ်တာဝန်ခံများ၊ သတင်းနှင့် မီဒီယာမှ ပုဂ္ဂိုလ်များ၊ ပုလဲရွေးကောက်ပွဲအောင်နိုင်ရေး၊ ပုလဲလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တို့ပါဝင်ပြီး၊ ရန်ကုန်မှ ဒါရိုက်တာဝိုင်း ဦးဆောင်သော အနုပညာရှင်များဖြစ်ကြတဲ့ ကိုလူမင်းနှင့် ဇနီး၊ ကိုဝေဠုကျော်၊ ကိုရဲတိုက်၊ တေးသံရှင်များ ဖြစ်ကြတဲ့ ကိုဇော်လတ်၊ ကိုမာရဇ္ဖ၊ ကိုအနဂ္ဂ၊ မသံသာဝင်း၊ မကဗျာဘွဲ့မှူး၊ မသျှီ
နှင့် အဖွဲ့သားများ ပုလဲမြို့သို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးမှု ပြုလုပ်ခဲ့ပါသည်။

၎င်းခရီးစဉ်တွင် မုံရွာမြို့သို့ ခဏ ၀င်ရောက်တည်းခိုပြီး ပုလဲမြို့သို့ ဆက်လက်သွားခဲ့သည်။ လမ်းခရီးတွင် ပုလဲမြို့သူ၊ မြို့သား၊ နယ်သူ၊ နယ်သားများက ၀မ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြပြီး အားပေးသည့် ပရိသတ်ပေါင်း သောင်းနှစ်ချီ  ရှိပါသည်။

အေးမြမြလွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
မုံရွာမြို့နယ်
ပုလဲမြို့ မှာ ဒီလိုလေး ခြစ်တက်ရင် ရပြီ ပုလဲမြို့ မှာ ဒီလိုလေး ခြစ်တက်ရင် ရပြီ Reviewed by သစ်ထူးလွင် on 16:56 Rating: 5

2 comments:

dingyi said...

လေးစားတယ်ဗျာ

ပုလဲသားလေး said...

ကိုလူမင်း,ကိုဝေဠုနှင်. ကိုရဲတိုက်တို.ကို လေးစားတယ် ခင်ဗျာ

Powered by Blogger.