NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး စည်းရုံးရေးခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက်ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။

 ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်ကနေ စတင် လောင်ကျွမ်းတယ် ဆိုတာကိုတော့ စုံစမ်းဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရှိရပါတယ်။

By BurmaVJ Media Network
NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:04 Rating: 5

15 comments:

ဧဒင်အချစ်ပုံပြင် said...

နေ့စဉ်သတင်းလေးတွေအဆက်မပြတ်သွားအောင်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..အမြဲတမ်းလာရောက်နေပါတယ်..

supergunner said...

တစ်အိမ်တစ်ယောက်နေခဲ့ပါလို့ ပြောထားရက်နဲ့ ဗျာ..
..အခုတစ်လောဒို့ မြန်မာနိုင်ငံမီးတွေလောင်နေတာ
ကပ်များဆိုက်လားမသိဘူး.......
ကြွယ်ဝချမ်းသာသူများ.. ကူညီကြပါ..အဲဒီရွာတွေမှာဒီနေ့ တိုင်အောင်ရေရှား
ပါးနေတာ..ရောက်ဘူးသူတိုင်းသိကြပါတယ်..
ရိုင်းပင်းကြပါစို့ ...

amtkhunlay said...

နောက်ဆုံးမို့ပြောရအုံးမယ် ဘယ်သူ့အတွက်ရှို့တာလဲ။

Unknown said...

လောင်လိုက်တဲ့ မီး..နေ၇ာအနှံ့ ...သူတို့ ပြောနေတဲ့ ဆင်း၇ဲနွမ်းပါးမှုလျှော့ ချေ၇းကိုဒီနည်းဗျူဟာနဲ့ များကျင့် သုံးနေကြသလား---သံသယဖြစ်စ၇ာဘဲ---ဗျာ

tharzaw said...

ရှို့မီးများလား ...

myochitthu said...

ဒါကြီးကတော့အရမ်းကိုသိသာလွန်းအားကြီးပါတယ်ဘယ်သူ့လက်ချက်ဆိုတာ
မိးဘေးသငိ့ပြည်သူကိုနီးစပ်ရာမှဝိုင်းဝန်းကူညီကြပါနော်

eint said...

ခြောက်သွေ.ရာသီ ရောက်လာတော့ "မီး သတိပြု" ကြပါ..
ပေါ့ဆမီးမဟုတ်ဘဲ ရှို.မီးဆို ရင်တော့ မီးရှို.တဲ့ကောင်တွေ ကံ ကံရဲ့ အကျိုးကို မသိ ကြဘူးလား ...ဒါမှမဟုတ် မယုံကြည်တာလား... နင်တို့ သတိသာထားပေ တော့...ပြန်ခံရတော့မယ်...

tertee said...

ရှို. မီးဖြစ်နိုင်တယ်
တယ်လဲ လူစိတ်မဲ.ကြပါလား

Myanmar said...

ပွဲဖျက်တာပါဗျာ။ လုပ်၇က်လိုက်ကြတာ။ ။

Han Gyi said...

Zero Global ရေခင်ဗျား ကွန်မန်ကြိုက်တယ်ဗျာ ဖြစ်နိုင်တယ် ဆင်းရဲမှု့ပပျောက်ပြီး တောင်းစားမှု့တိုးလာလိမ့်မယ်။ ဒါတွေက ဒီကောင်တွေလုပ်ရိုးလုပ်စဉ်တွေပါ။ အဘိုးအဘွားတွေ ပြောတာကြာဖူးတယ် ဟိုးအရင်တုံးက အစိုးရက မြေကွက်တွေလိုချင်ရင် မီးကွင်းပြစ်ပြီးရှို့တာတဲ့။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ တက်နိုင်သမျှကူညီကြတာပေါ့ ဒုက္ခရောက်သူတွေကို...

Anonymous said...

သူတို့ပါပဲ.ဒီအဆင်တွေကိုသိပြီးသားပါ။
အော်....မြန်မာအချင်းချင်းဒုက္ခပေးပုံများ
ကုလားကားထဲကလူဆိုးလူမိုက်တွေလိုပါပဲ။

dingyi said...

အချင်းချင်း ကူညီရိုင်းပိုင်းပေးကြပါဗျာ
တိုက်ဆိုင်လွန်းတော့ သိပ်တော့မရိုးသားဘူး
ဘာပဲဖြစ်ဖြစ် ကူညီပေးနိုင်ကြပါစေ
ကူညီစည်းလုံးမှုဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့

Paing said...

လူဆိုးလူမိုက်တောင်မဟုတ်ပါဘူး လူလို့တောင်မခေါ်သင့်တာ

nwenwe said...

မိုက်ရိုင်းလိုက်တာ အရမ်းဘဲ..............လုံးဝ ယုံကြည်စရာမရှိဘူးနော်..လူတွေကို အကြောက်တရားလွှမ်းမိုးအောင်လုပ်နေတာဘဲ.................

yannaing said...

ဟင်းဟင်း.......တစ်မျိုးပဲ.....သိပ်တော့မရိုးဘူးလို့ထင်သဗျာ...
မီးဘေးရှောင်လို့မလောင်ခင်တားကြပါ...ရန်သူထိုမီးကိုကြွင်းကျန်ထားလျှင်မှားကြတော့မှာ...အဲ...တစ်ခုတော့ရှိသဗျ....မီးမှာတံဆိပ်ကပ်ထားရင်တော့ဘယ်သူရှို့တယ်ဆိုတာ "ဂွိ" ကနဲမိရမှာပေါ့ဗျာ.....ထင်တာတော့လက်သည်ကရွာထဲဖွတ်ဝင်သွားတယ်ထင်တယ်....သြော်....တောထဲကဖွတ်ကိုပြောတာနော်....ဟီး

Powered by Blogger.