အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်

မတ်လ ၂၆ရက် နေ့ ည(၉) နာရီ အချိန်တွင် ရန်ကုန်မြို့ မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(ဗဟို) ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက ပြင်ဦီးလွင်၊ စစ်ကိုင်း ၊ ပုလဲမြို့ များသို့ စည်းရုံးရေးနှင့် မဲသရုပ်ဖော် ပြသခြင်းများပြုလုပ် ကြမည်ဖြစ်သည်။ အထက်ပါ ခရီးစဉ်တွင် အနုပညာရှင်များက တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည် ။



 ပေါ်ပြူလာဂျာနယ် (ဖေ့စ်ဘုတ်)
အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ် အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ် Reviewed by သစ်ထူးလွင် on 17:34 Rating: 5

18 comments:

Shwe Mg said...

မိုက်တယ်ဗျာ...ကျွန်တော့်အနုပညာရှင် ညီအကိုတွေ အားပေးရကျိုးနပ်တယ်ဗျာ...ဒီဓာတ်ပုံလေးတွေကြည့်ရတာ အရမ်းကျေနပ်ပီတိဖြစ်ရတယ်...

ပြည်ချစ်သား said...

အရမ်းကိုလေးစားပါတယ်..ပြည်သူချစ်သောအနုပညာမောင်နှစ်မများအတွက်...( အမေစု )အတွက် စည်းရုံးရေးခရီးထွက်နေတဲ့အနု
ပညာရှင်များအတွက်သာ...နောင်နှစ်ပေါင်းများစွာတိုင်အောင်အနု
ပညာခရီးဖြောင့်ဖြူးပါစေလို့ ...ဆုတောင်းလိုက်ရင်း..NLD ကိုမဲပေးကြပါစို့ ......NLD အောင်နိုင်ပါစေ ယခုမှစပြီးနောင်လာမယ့် ၂၀၁၅ မှာတစ်နိုင်ငံလုံးမဲအပြတ်အသတ်
နဲ့ အောင်နိုင်ပါစေ.........၁၀၀% အောင်မြင်ပါစေ

ပြည်ချစ်သား said...

အရမ်းကိုလေးစားပါတယ်..မထွန်းအိင်္ဒြာဗို.ညီမလေး ချစ်သုဝေ..သံသာဝင်း..ကိုဝေဠုကျော်..ကိုလူမင်း..
ဒါရိုက်တာဝိုင်း..ကိုလူမင်း..ကိုဆောင်းဦးလှိုင်..
ကိုမာရဇ္ဖ့..အနဂ္ဂ အစ်မေစုအတွက်..မအားလပ်တဲ့ကြားက.စည်းရုံး
ရေးဆင်းပေးတဲ့..ညီလေး...ရဲတိုက်တို့ အတွက်....အောင်နိုင်ပါစေ..NLD

095343387 said...

တစ်တက်တစ်အားပါဝင်လှုပ်ရှားမှုပြုလုပ်သည့်အတွက်
ကျေးဇူးပါတယ်

095343387 said...

ကျေးဇူးတင်ပါတယ်

အောင်ရဲမိုး said...

မေတ္တာ တရားရှေ့ ထားပြီး ကူညီ တဲ့ အနုပညာရှင်တွေ ကိုလေးစားပါတယ်။
နန်းစု တို့ နဲ့ တော့ တော်တော် ကွာတယ်။

myochitnanda said...

တွေ့ ရ၊ မြင်ရ၊ ကြားရ..ကျက်သရေမင်္ဂလာ ရှိလှဗျ... ပြည်သူ့ အကျိုးအတွက် နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် လိုအပ်တဲ့အချိန်မှာ ပြည်သူချစ်တဲ့ နာမည်ကြီးအနုပညာရှင်များကပါ တစ်တပ်တစ်အား၊ တစ်ဖက်တစ်လမ်းက စွမ်းသလောက်ပါဝင်ပေးနေုကတာ တွေ့ ရ၊ မြင်ရ၊ ကြားရ ကျက်သရေပြည့်ဝလှလေခြင်းလို့ သာ....

မန်းလေးသား said...

တစ်ယောက်တစ်လက်ဝိုင်းလို့ကူ နိုင်ရမည်မှာမလွဲပါ

ka joe ka jaung said...

ခြင်္သေ့မနိုင်ယင် တော်ပါပြီဗျာ။ လိမ်နည်းမျိုးစုံသုံး အာဏာသုံးပြီး ကြံ့ဖွတ်တွေ နိုင်တာကို ပြည်သူတွေ တခဲနက်ထောက်ခံမှု့လို့ ဦးဌေးဦး ပြောတာ တော်တော် ခံရခက်တယ်ဗျာ။

nandar said...

ကျေးဇူးအထူးတင်ရှိပါကြောင်း အနုပညာရှင် အပေါင်းတို့ရှင့်။

nwenwe said...

အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းပေးနေကြတဲ့ အနုပညာရှင်များကိုလေးစားပါတယ် .........ဂီတနဲ့  အနုပညာရှင်တွေရဲ့ စည်းရုံးရေးလှုပ်ရှားမှုတွေဟာ ပြည်သူတွေရဲ့ ရင်ထဲကို အလွယ်တကူနဲ့ တိုက်ရိုက်အထိရောက်ဆုံးဖြစ်စေပါတယ်..........၉၀ ခုနှစ်တုံးကလို .အောင်နိုင်ရေးကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ ပြီးဆုံးပါစေ.............

david soegyi said...

ဒါမှ အနုပညာရှင် စစ်စစ်

ကိုကို said...

ကောင်းတယ်ဗျို့.
အရမ်းကိုအားရစရာပဲ..
လွင်မိုးတစ်ယောက်တော့.ဖတ်ပဲ..

Myeik Group (Korea) said...

ကိုဇာဂနာ ပျောက်နေတယ်...

thihathuya said...

အားကျတယ်...အားရတယ်..အင်အားရှိလို့..အားအင်ရှိတယ်..!!!

mashwemya said...

အရမ်းကို ကျေနပ်ပီတိ ဖြစ်မိပါတယ်။ ခုလိုမျိုး အမေစုကို ကူညီတယ်လို့ သဘောမထားပဲ ပြည်သူတွေအတွက်ဆိုတဲ့ စိတ်လေးနဲ့ သဘောထားပေးပါ။
အရမ်းကို ကျေနပ်ပါတယ်။ စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ လူချမ်းသာခြင်း တူတာတောင် အမတို့ အကိုတို့က လူသားဆန်သော လူချမ်းသာများဆိုတာ လက်ခံလိုက်ပါပီ။
ဆက်ပီး လှုပ်ရှားပေးပါ။ ကျေးဇူးတင်စွာဖြင့်

aung naing said...

ပြည်သူတွေအမြန်စစ်ကျွန်ဘ၀ကလွတ်မြောက်အောင်ကူညီပေးသောအနုပညာရှင်တွေဘေးရန်ခတ်သိမ်းကင်ဝေးပါစေ၊လိုရာဆန္ဒပြည့်ဝပါစေ။

Unknown said...

ဖွတ်မိုးတစ်ယောက်တော့ သူ့ကိုယ်သူသိလို့
ဇာတ်ကားတောင် မထွက်တော့ဘူးထင်ပါ့။
အနုပညာသမားတွေနှင့် NLD နှင့်ပူးပေါင်းလှုပ်ရှားသူအားလုံး
လေးစားပါတယ်ဗျာ။ ဂုဏ်ယူတယ်.. အားကျတယ်..

Powered by Blogger.