ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။ ''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။ 
ပေါ်ပြူလာဂျာနယ်(ဖေ့စ်ဘုတ်)
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည် ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည် Reviewed by သစ်ထူးလွင် on 17:38 Rating: 5

13 comments:

soe said...

company တခုထဲတွင် အတူတူ အလုပ် လုပ်သော..ညားခါစ လင်မယား ၂ ယောက် အလုပ်ရုံ သဌေး ထံ ပျားရည်ဆမ်း ခရီးထွက်ရန် အတွက် ခွင့်တောင်း
ခံရာ...သဌေး ပြောလိုက်ပုံက..."သွာတော့သွား..ဒါပေမဲ့..တယောက် တလည့်စီ သွား" ဟူသတည်း။

soe said...

ဆိုလိုတာက ယူတော့ယူ...ဒါပေမဲ့ မရအောင်ယူ။

amtkhunlay said...

ကိုက် ၅၀၀ ဆိုတော့ ပေ ၁၅၀၀။
ဘာမြင်ရမလဲ။ ဘာကြားရမလဲ။ ဘယ်သူ့ကို ဘယ်လိုမေးရမလဲ။
တစ်ခုတော့ ကောင်းကောင်းမြင်နိုင်ပါတယ်။
" သတိ ကိုက်(၅၀၀)အတွင်း မဲရုံ ရှိသည်။ ရှေ့မတိုးရ။ "
တိုးလျှင် စွမ်းအားရှင် ရိုက်မည်။ ခြသေ့င်္ံ ကိုက်မည်။
အော်....ပြန်အိပ်တာပဲ ကောင်းပါတယ်လေ။
အဲဒီလိုများ ဖြစ်မနေဘူးလားခင်ဗျား။

Tri Asian Taste said...

ကိုက် ၅၀၀ နည်းပါတယ် တယူဇနာ အကွာလောက်ကဆို ရလောက်ပါတယ်။ သတင်းထောက် ပညာကို စမ်းတာပေါ့။ မိုင်ပေါင်းထောင်ချီတဲ့ အရပ်က သတင်းတောင် ယူလို့ရသေး။
ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လန့်သွားအောင် ကိုသစ်ထူးလွင်ရေး လွှတ်တော်ထဲမ၀င်ဘဲ အထဲက ဘာညာကွီကွ သတင်းလေး တပုဒ်လောက် လုပ်ပြဘို့ တောင်းဆိုလိုက်ပါတယ်။

tommy said...

ဦးတင်အေးရေ ....

ခင်ဗျားတို.ဟာက " ချီးတော့ပါ ၊သေးတော့မထွက် စေနဲ." ဆိုတာလိုဖြစ်နေပြီ ... ရိုးရိုးသားသားပဲ သတင်းယူခွင့်မပြုနိုင်ဘူးဆိုလဲပြီးတာပါပဲဗျာ ...

yelpaing said...

ကိုက်၅၀၀ဆိုတာလုပ်ချင်တာလုပ်လို့ ရတဲ့အကွာအဝေးပါဘဲ။အဲဒီတော့လူတစ်ရောက်မှမဝင်ဘဲ ကင်မရာတွေဘဲတပ်ထားလို့ ရမလားမေးကြည့်ကြပေါ့ဗျာ။

ထူးထူး said...

ဗိုလ်ခူပ်မှုးကြီး သန်းရွှေရဲ့ လူယုံတော် PAကြီး ဦးတင်အေး အရင်ထက်တောင် ဆိုးနေပါလား အဘရဲ့ခွင့်ပြုမိန့် အတိုင်းလုပ်နေတာလား ဥပဒေတိတိကျကျမရှိဘူးလား ပြောနေတာက ဝါးတားတားနဲ့  ကျွန်တော်က လုပ်ပါ မလုပ်နဲ့ မပြောခြင်ဘူးဆိုတဲ့ စကားက ဥပဒေကို ကိုယ်စားမပြုဘူးဗျ
တိုင်ရင်တော့ အရေးယူမယ် မတိုင်ရင်အရေးမယူဘူး ကြံဖွတ်ကတော့တိုင်မှာဘဲ
မစားရတဲ့ အမဲ သဲနဲ့ ပက်မှာဘဲ သတင်းသမားတွေ သတိသာထားကြဗို့ 

lwannaymie said...

သူတို့မဲမလိမ်အောင်...မှတ်တမ်းဓါတ်ပုံရိုက်ဖို့...အဆင်သင့်ဖြစ်ဖို့တာအဓိကပါ။
မေးခွင့်မရတာအရေးမကြီးပါဘူး...တော်ကြာ...မေးခြင်ဇောနဲ့သူတို့....ဥပဒေနဲ့ညှိ့ပြီးအဝေးဆွဲထုတ်သွားပြီးမှ...နောက်ပိုင်းအချိန်မဲကြောင့်ပြဿနာတက်မှဓါတ်ပုံရိုက်မဲ့လူမရှိဘဲဖြစ်နေမယ်။
မီဒီယာများများရှိလေကောင်းလေပေါ့။

သုခ said...

ကိုက်၅၀၀ကွာကနေteleနဲ့ဆွဲရိုက်ကွာ ပီးတော့tele-sound camera ဆိုတာရှိတယ် ကိုက်၅၀၀လောက်တော့အသာလေး
သူညစ်ရင် ကိုညစ်ပေါ့။

ko pwa said...

ကိုယ် မဲပေးတာကို ဓာတ်ပုံလိုက်ရိုက်ရင်တော့ အဆင်မပြေဘူးလေ. ဘယ်သူ့ပဲတယ်ဆိုတာ သိကုန်မှာပေါ့ဗျ. စတုတ္ထ မဏ္ဍိုလ်က ကျွန်တော်တို့ရဲ့ Privacy ကို ထိပါးမယ်ဆိုရင် လက်မခံဘူးဗျာ.

Toe Toe said...

ကိုက်၅၀၀ ဆိုတော့ မဲရုံတော့မြင်နေရပါသေးတယ်။ မေးမနေပါနဲ့လာသမျှလူရဲ့
၇၅% က NLD ထည့်မဲ့သူတွေချည်းပါ၊တကယ်ဆိုကိုက်၁၀၀လောက်ထိတော့ဝင်
ခွင့်ပြုသင့်တယ်။၂၀၁၅ ကျရင်တော့ရချင်ရမှာပေါ့ဗျာ၊ထုံးစံအတိုင်းသူတို့ရဲ့လက်
တမ်းစီမံချက်နဲ့၂မျိုးဘဲရှိတဲ့လုပ်နည်း ခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့ထပ်ပြင်ပေး
မယ်ထင်ပါတယ်။ကင်မရာzoom ကောင်းကောင်းဝယ်ထားကြပေါ့့။

aung naing said...

သူတို့မဲခိုးတာတွေလူတွေသိကုန်မှာစိုးလို့ပါ။ဘယ်နိုင်ငံမှာမှမရှိတဲ့စည်းကမ်းတွေပါ။ပြောတော့လေကြီးမိုးကြီးတွေ၊စစ်အာဏာရှင်တွေတပုံစံထဲဘဲ။

မျိုးချစ်လူငယ် said...

စစ်အာဏာရှင်တွေတပုံစံထဲဘဲ။ It's really true....

Powered by Blogger.