ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော် ၊ မတ် ၂၇

အရပ်သား အစိုးရအဖွဲ့ လက်ထပ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် နေပြည်တော်၌ ပြုလုပ်သော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ထူးခြားမှုအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့်ခေါင်းဆောင်ဟောင်းများ အပေါ်ကျေးဇူးတင်ထိုက်သူများအဖြစ် ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ စစ်ရေးပြ မိန့်ခွန်းမှ ကောက်နုတ်ချက်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာ သင်ယူခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ( B.I.A ) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလဲ လူ၊လက်နက်အင်အား တိုးတက်အောင်၊ စစ်ပညာရပ်များ မြင့်မားရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပြည်တွင်း ပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလဲ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အား တိုးချဲ့ တည်ဆောက်နိုင်ခဲ့တယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ တပ်မတော် ခေါင်းဆောင်များဟာ ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အဆင့်အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် စစ်ကျောင်းကြီးများ နဲ့ လေ့ကျင့်ရေး ကျောင်းကြီးများကို အဆင့်မြှင့်ခြင်း ၊ ဖွင့်လှစ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စတင်တည်ထောင်ပေးခဲ့တဲ့ ဒို့တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။
 
၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မှတ်တမ်း

 The Voice Weekly
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား Reviewed by သစ်ထူးလွင် on 06:21 Rating: 5

27 comments:

ကိုကို said...

မြန်မာ့လွပ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့.
လူသတ်သမား.လူသတ်တရားခံ သူခိုးဒမြ ၂ယောက်ကို
ဘာအကြောင်းနဲ့မှ.နိုင်းယှဉ်ပြောစရာမလိုဘူး.
ဆီနဲ့.ရေလိုကွာခြားတယ်.
မင်းအောင်လိုင်.မင်းလဲ.အဲ့ဒီလူ့အယုတ်တမာ ၂ကောင်နောက်
မလိုက်မိအောင်ကြိုးစားပါ..

Anonymous said...

ဗိုလ်ချုပ် အောင်ဆန်းလဲ ရန်သူမျိုးငါးပါး က မလွတ်ကင်းပါလားနော်။
ရေ၊မီး၊မင်း၊ခိုးသူ၊ အမွေခံအမွေဆိုး........

မောင် said...

ဗိုလ်ချုပ်အောင်ဆန်းဟာ ခေါင်းဆောင်ကောင်းနဲ့
ပြည့်စုံတဲ့အပြင် ရိုးသားခြင်းကြောင့် လေးစားချစ်၊ ကိုယ်ကျိုးအတွက် ပိုင်ဆိုင်မှု ဘာမှမယူခဲ့တာကြောင့် သနားချစ် စတဲ့ အချစ်မျိုးစုံကြောင့် ကျဆုံးသွားတဲ့အခါ ပြည်သူလူထုက ၉ လတိုင်
လေးစားချစ်ခင်နှမြောစွာနဲ့ အလေးပြုပြီးမှ အလွန်တရာဝမ်းနည်းပူဆွေးမှုနဲ့ ကောင်းမွန်စွာ သင်္ဂြိုလ်ခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်း ကတော့ ကိုယ်ကျိုးကို ကြည့်သူ၊ အယုတ်တမာ၊ နာဗူး၊ ကြာကူလီ။
အလုပ်သမား၊ လယ်သမား၊ ကျောင်းသားစတဲ့ အလွှာပေါင်းစုံက ပြည်သူတွေကို
နှိပ်စက်သူဖြစ်လို့
လူမသိ သူမသိ နဲ့ ကိစ္စပြီးခဲ့ရတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဆိုရင်တော့ (သူကအားလုံးထက်ရာထူးပိုကြီးလို့လားမသိပါ)
ပြည်သူလူထုရဲ့ ပြောမပြနိုင်လောက်အောင် စိတ်ပျက်စရာအကောင်းဆုံး၊ အရက်စက်ဆုံး အာဏာရှင်စစ်ခေါင်းဆောင်ဖြစ်ခဲ့လို
တိုင်းပြည်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ကြုံရမယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရေ..
မင်း ဘယ်လို သေဘို့စဉ်းစားသလဲကွယ်။

အမှန်တရား said...

ဗိုလ်ချုပ်အောင်ဆန်းတော့ဟုတ်ပါတယ်။ ကျန်တဲ့ (၂) ယောက်တော့မပါဘူး။

ladyjune said...

ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကို မိန့်ခွန်းထဲမှာ ထည့်ပြောရလောက်အောင် ဖြစ်သွားပြီပေါ့.တစ်ဦးထဲကိုပဲ သီသန့်ပြောစေချင်ပါတယ်။။နှိုင်းယှဉ်မပြောသင့်ပါဘူး..."လုံးဝ"မထိုက်တန်လို့ပါ.

pyaponthu said...

ဗိုလ်ချူပ်အောင်ဆန်းဆိုတာ ဟုတ်တယ်။ခေါင်းဆောင်ဆို တာ ဗိုလ်ချူပ်တို့ခေတ် က ခေါင်ဆောင်ဟောင်းများဖြစ်တယ်။ဗိုလ်နေဝင်းနောက်ပိုင်းလုံးဝ လုံးဝမပါ။ပြည်သူတွေ အပေါ် ၇က်စက်ယုတ်မာတဲ့လူသတ်မား ဗိုလ်ချူပ်အမည်ခံတွေ။

tharzaw said...

ဗိုလ်မင်းအောင်လှိုင်ရယ်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ကိုပဲ ကျေးဇူးတင်ရမှာပါကွယ် ...
နည်းနည်းလေးပဲစဉ်းစားကြည့်ရင်တောင်မှ သိနိုင်ပါတယ်ကွယ့်။

B I G E Y E S B I G E A R S said...

ဗိုလ်ချုပ်အောင်ဆန်း က ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့ပြီး၊ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ခဲ့တယ်။ မြန်မာနိုင်ငံသား အားလုံအတွက် လွတ်လပ်ရေး ကို ရအောင်ယူပေးခဲ့တယ်၊ ဗိုလ်ချူပ်တို့ လုပ်ကြံခံရတော့ တတိုင်းပြည်လုံး ယူကျူံးမရ ငိုကျွေးခဲ့ကြရတယ်။ ဗိုလ်နေဝင်း က တပ်မတော်တခုလုံးကို ကျောင်းသား၊ အလုပ်သမား၊ နဲ့ လယ်သမား တွေကို အပြစ်မဲ့ ပစ်သတ်ခိုင်းခဲ့တယ်။ နိုင်ငံပိုင် ကျောက်သံပတ္တမြား တွေခိုးပြီး နိုင်ငံခြားမှာသွားရောင်းစားတယ်။ မိန်းမ တယောက်ပြီး တယောက်ယူတယ်။ နိုင်ငံခြားဘဏ်မှာ အပ်ထားတဲ့ နိုင်ငံပိုင်"ရွှေ" တွေ ခိုးထုတ်သွားတယ်၊( အဲဒီက စပြီး "ပုံ - စံလင်း၊ မည်သည့်ဘဏ်တွင်မဆို လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်" ဆိုတဲ့ စာကြောင်း ငွေစက္ကူတွေပေါ်မှာ မတွေ့ရတော့သည်မှာ ယနေ့တိုင်ဖြစ်သည်)။ မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဖြစ်စေခဲ့တယ်၊ ဗိုလ်နေဝင်း သေတော့လည်း ခိုးကြောင်ခိုးဝှက်သေသွား ရရှာတယ်။ သူ့နောက် ထူးဆန်းတဲ့ ရာထူးနဲ့တက်လာသူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဲ့၊ လူသတ်တယ်၊ဘုန်ကြီးလည်း သတ်တယ်၊ ထောင်နှစ်ရှည်ချတယ်၊ သူ့မျက်နှာကြီးနဲ့ ဘုရားဆင်းတု ထုတယ်၊ အိမ်ဦးခန်းမှာ အရူးမွေးထားတယ်၊ကိုယ်ရေပြားရောဂါ ဖြစ်နေတဲ့ ဆင် ကို ကန်တော့တယ်၊ ကြွက်တွင်းတွေတူးတယ်၊ နိုင်ငံပိုင်သယံဇာတအကုန် ခိုးတယ်၊ တိုင်းပြည်တခုလုံး တရုပ်ပြည်ကို ရောင်းတယ်၊ သံဖြူပြားနဲ့ နျူကလီးယားဗုံး ဖြစ်အောင်လုပ်ဖို့ ကျိုးစားတယ်၊ အခု လုံခြုံရေးအရ ငရဲပြည် ကို ရာသက်ပန်ပြောင်းနေဖို့ "ဗီဇာ" စောင့်နေတယ်၊ သူသွားလျှင် ပြည်သူပြည်သားတွေ ၇ ရက်တိုင်ပျော်ပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပမယ်။
ဗိုလ်ချုပ်ကြီးမင်အောင်လှိုင် လည်း ကိုယ့် သမိုင်း ကို ကိုယ်ပိုင်ဉာဏ်သုံးပြီး ရေးပါ လို့ အကြံပြု ပါရစေ။

Anonymous said...

ယခုလက်ရှိတော့ အကောင်းဘက်ကို အားသာတယ်လို့ ယူဆရတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရေ နောက်နှစ် တော်လှန်ရေးနေ့ မှာတော့ တပ်မတော်သားတွေကို မိန့်ခွန်းချွေတဲ့ အခါ မြန်မာ့သမိုင်းမှာ နာမည်ကောင်းနဲ့ ထင်ရှားခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အခုလိုမျိုး မနှိုင်းကောင်းတာတွေကို မနှိုင်းမိစေဖို့  မိန့်ခွန်းကို သေချာ စိစစ်ရေးသားပြီးမှ ပြောစေချင်တယ် . . ဘာကြောင့်လဲဆို အခုတက်လာတဲ့ အစိုးရသစ်ရဲ့ အုပ်ချုပ်မှု့ အပေါ်မှာလဲ ဘ မျိုး ဘို တူပဲလားဆိုပြီး နေ၀င်း နဲ့ သန်းရွှေ အစိုးရလို သံသယ တွေနဲ့ ထင်သွားမှာစိုးလို့ ပါ . . လက်ရှိဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လဲ သူတို့ လို သမိုင်းမှာ နာမည်ဆိုးနဲ့ မကျန်ခဲ့စေချင်ရင် တပ်မတော် နဲ့ ပြည်သူ တစ်သားတည်း ဖြစ်အောင် ပြည်သူက တပ်မတော်ကို လေးစားချစ်ခင် ယုံကြည်လာအောင် ပြုပြင်ပြောင်းလဲပေးပါ . . .

အညာသားကြီး said...

္ထမျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခင်ဗျား... တပ်မတော်၇ဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ ကိုယ်ကျိုးမမက် နိုင်ငံအတွက်သာ အဓိကလို့ နှလုံးသားထဲမှာခံယူထားတဲ့ အာဇာနည်သူရဲကောင်ူးပါ။ သူ့နာမည်ကို အခုလို အခုတ်တရ သုံးပြောခဲ့တာ ကြိုဆိုပါတယ်။မြန်မာ့တပ်မတော်ဟာ စိတ်ဓါတ် တွေ ပြောင်းလဲခဲ့တာကြာခဲ့ပါပြီ။ "ကိုယ်ကျိုးစီးပွားကြည့်တဲ့တပ်မတော်"။ "အာဏာရှုးတဲ့တပ်မတော်"။ "လူတစု အတွက် တပ်မတော် "။ အဆိုးဆုံးကတော့ ပြည်သူတွေ နဲ့ ပြည်သူ့တပ်မတော်ကို "လူတစုရဲ့ စနစ်တကျသွေးခွဲ ခံလိုက်ရပြီး" သူတို့ခါးပိုက်ဆောင်တပ်အဖြစ် ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံလိုက်ရတဲ့ အချက်ဖြစ်ပါတယ်။တကယ်တော့ တပ်မတော်ဆိုတာ ပြည်သူတွေကြားကပေါက်ဖွားလာတဲ့ ပြည်သူ့အတွက်တပ်မတော် ပြည်သူချစ်တဲ့ တပ်မတော်သားတွေဖြစ်သင့်ပါတယ်။ တပ်မတော် ခေါင်းဆောင်တွေအဆက်ဆက်မှာ သမိုင်းကြောင်းအဆိုးဆုံးကတော့ ဦးနေ၀င်းနဲ့ ဦးသန်းရွှေခေတ်ပါ်ဲ့။ ဦးသန်းရွှေ လက်ထက်မှာ စစ်တပ်ဟာမြင်းဂျိုတပ်ပေးခံလိုက်ရသလိုပါပဲ စစ်တပ်ဟာ ချစားမူ့တွေ အများဆုံးနဲ့ သိက္ခာအမဲ့ဆုံးတပ်မတော်ဖြစ်ခဲ့ရပါတော့တယ်။ ဒီစိတ်ဓါတ်တွေပျက်စီးနေတဲ့ တပ်မတော်ကို ပြည်သူတွေနဲ့ ပြန်ပြီး တသားထဲ ဖြစ်အောင် ပြုပြင်ဖို့ဆိုတာ အခု မျိုးဆက်သစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ က ပြည်သူ့အတွက်တပ်မတော်ပြန်ဖြစ်လာဖို့ မျှော်လင်စောင့်စာ့းနေကြပါတယ်။ ယခု မျိုးဆက်သစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့တကွ ပြည်သူ့ တပ်မတော်သားအားလုံး မိမိတို့ နိုင်ငံသမိုင်းမှာ နာမည်အမည်းစက်အစွန်းအထင်းမှ လွတ်ကင်း အောင် ကြံဆောင်နိုင်ကြပါစေ။ ဗိုလ်ချုပ်အောင်ဆန်းလို "တကယ့်စွန့်လွတ်စွန့်စားပြည်သူ့အတွက်တပ်မတော်သားတွေ" အဖြစ် ရပ်တည်နိုင်ကြပါစေ.... ပြည်သူ့တပ်မတော်သားအပေါင်းကို ဂုဏ်ပြုလျက်ပါ.......

aungaungmoe said...

ဗိုလ်ချုပ်ကို တကယ်လေးစားရင် မင်းတို.ဘာလို. အောင်ဆန်းစစ်ကြောင်း ကို ဖြုတ်ပစ်တာလဲ

ရာရာ said...

ကျေးဇူးတင်ရမှာတဲ့လား..."စစ်တတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး..တည့်တည့်ပစ်တယ်..." ဆိုတာ နေ၀င်းရဲ့ သမိုင်းဆိုးတွင်ရစ်တဲ့စကား၊ ပြည်သူတွေအတွက်ခါးသီးတဲ့ အသံ။
ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေလို့လူလို့ သတ်မှတ်ရပေမယ့် လူရုပ်လုံးဝမပေါက်တဲ့ လူစိတ်လည်းလုံးဝ မရှိတဲ့ သန်းရွှေ...။ ဗိုလ်ချုပ်ကိုငါတို့ လုံးဝ မမှီခဲ့ပေမယ့် သူ့စိတ်၊ သူ့အရိပ်တွေ ဘယ်တော့မှမသေလို့ ငါတို့ခုထိသူ့ကိုမြင်နေရဆဲပဲ။ သူ့သွေးတွေစီးဆင်းနေတဲ့ သူ့သမီးရဲ့ လုပ်ရပ်တွေကို ကြည့်ယုံနဲ့ သူ့စိတ်စေတနာကိုအလွယ်လေးဖတ်နိုင်တယ်။ ဗိုလ်ချုပ်နဲ့ ဒီအမျိုးယုတ်တွေနဲ့ နှိုင်းယှဉ်ပြီးမပြောနဲ့...။

ကျော်ထိုက် said...

သတိ .........တို့ ဗိုလ်ချုပ်အောင်ဆန်း ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ပြည်ဖျက် ဗိုလ်နေ၀င်း နဲ့ လူသတ်သမား ဗိုလ်ချုပ်သန်းရွှေ တို့လို ကောင်တွေ နဲ့ လုံးဝ မနှိုင်း ယှဉ် ပါနဲ့ .........ဖားတာ က ကြည့်ဖား သင့်ပါတယ်....ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ခင်ဗျား......

မောင်မောင် said...

မတန်လိုက်တာ..ဗျုာ..

ko htoo said...

ထောပတ်တစ်ခဲ အရင်ထည့်တယ်၊ ပြီးတော့ မစင်နှစ်တုံးပစ်ထည့်လိုက်တယ်။ ဟင်းတစ်ခွက်လုံး ပစ်လိုက်ရရော။ ကြိုက်တတ်ရင်တော့ စားကြပေါ့။

http://www.mediafire.com/?06bg1xw6e7v7ml9 said...

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကပြည်သူတွေအတွက် နိုင်ငံအတွက်တပ်မတော်ဖြစ်ဖို့ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ.လက်အောက်ငယ်သားတွေအပေါ်မှာလည်းအရမ်းကိုနုညံ့ပါတယ်..သူ့ရဲ့ရည်ရွှယ်ချက်ကတော့ တပ်မတော်ဟာ နိုင်ငံအတွက်ဘဲဖြစ်ရမယ်
လေးစားလျှက်ပါ...ဗိုလ်ချုပ်ကြီး

Anonymous said...

အမှန် တန်ဖိုး ရှိတဲ့ တပ်မတော် ဖြစ်စေချင်ပါတယ်.....
အများကလည်း ချစ်ခင်... သပ်ရပ်တဲ့ ၀တ်စုံလေးနဲ့.....
စစ်သား တစ်ယောက် ရှိနေရင်ကိုပဲ အားကိုး တစ်ယောက် ရှိနေသလိုမျိုး....
နိုင်ငံတကာ အကြမ်း ဖက်မှုတွေကို နှိမ်နင်းတဲ့ နေရာမှာ မြန်မာ့ တပ်မတော်က အားအကိုးရဆုံး....
စစ်ရေး အမြင် နိုင်ငံရေး အမြင် ထက်မြက်မှု လည်းရှိတဲ့ မြန်မာ့ တပ်မတော်..... စသဖြင့်ပေါ့လေ....
လောလောဆယ်တော့ နသဆီနဲ့ အီး .....
ဘာဆို ဘာမှ မဆိုင် ရှိနေသေးကြောင်းပါဗျာ......

ဦးပြောင် said...

မန္တလေး နန်းတွင်းထဲကို ဗိုလ်ချုပ်အောင်ဆန်းပုံကပ်ထားတဲ့ကားကို ပေးမ၀င်တဲ့အကြောင်း ဓါတ်ပုံကို ခွာခိုင်းကြောင်းသတင်း ဖတ်လိုက်ရတယ်ဗျာ၊ အဲ့ဒါမျိုးတွေမဖြစ်အောင် ပြန်ပြင်ကြပါဦး၊ အောက်ခြေကလူတွေက သူတို့စိတ်ကူးနဲ့သူတို့လုပ်နေကြတာလား၊ ဒါမှမဟုတ် အထက်ကလူတွေက လူရှေ့မှာ ပြောတော့တမျိုး နောက်ကွယ်ကထုတ်ထားတဲ့ အမိန့်တွေကတမျိုး ဖြစ်နေတာလား ပြန်ပြီးဆန်းစစ်စေချင်တယ်။

Anonymous said...

နားလည်ပေးကြပါဗျာ..ဟိုနှစ်ယောက်ကျတော့..ထည့်မပြောရင်.. မရလို့ဖြစ်လို့နေမှာပါ..ဒါကြောင့် ထည့်ပြောလိုက်တယ် ထင်ပါရဲ့..
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုကြည့်ရတာတော့..သူတော်ကောင်း တစ်ယောက်ဖြစ်မယ်ထင်တာပဲ...စောင့်ကြည့်ကြအုံးမယ်လေ.. အပေါင်းသင်းတို့နော်..

ဖြိုးသီဟ said...

ဒို့ဗိုလ်ချုပ်ကိုဒီလူသတ်သမား၂ယောက်နဲ့များယှဉ်ရအောင်ရှးများနေလား

မြန်မာပြည်သား said...

မြန်မာပြည်သူတွေတင်မက ကမ္ဘာကတောင်လေးစားရတဲ့ကျုပ်
တို့ရဲ့ဗိုလ်ချုပ်ကိုဒီလူသတ်သမားနှစ်ယောက်နဲ့မှ နှိုင်းရက်လေခြင်း..
ခင်ဗျားတို့ဗိုလ်ချုပ်ကြီးတွေရဲ့ပါးစပ်က ကျုပ်တို့ဗိုလ်ချုပ်အကြောင်း
ကိုထည့်မပြောချင်နေပါ..ကိုယ့်အကျိုးစီးပွားကိုဘဲကိုကြည့်တတ်တဲ့ဒီလိုလူယုတ်မာနှစ်ယောက်နှင့်တော့ ကျုပ်တို့ဗိုလ်ချုပ်ကိုမနှိုင်းပါနဲ့
ရင်နာလွန်းလို့ပါဗျာ...

စစ်ကိုမုန်း said...

နှိုင်းမှ နှိုင်းရက်တယ် .. အရောင်ချင်းတူပေမယ့် ချောကလက်နဲ့ ကြောင်ချီး ၂ တုံး ဘယ်လိုတူမှာတုန်းဗျာ...

Myanmar said...

အဲဒိလို များ အမြင်မှန်ရခဲ့ရင် မြန်မာပြည်သားတွေ ငတ်မှာမဟုတ်ဘူး။ ဒါကြောင့် အမှန်ကိုအမှန်တိုင်း ပြောသင့်တာ ဒီလိုစကားကို မပြော မကြား၇တာကြာပါပီ ကျေးဇူးတော့နည်းတည်းပါ...။

ဒါပေမဲ့ ပြည်သူသတ်တဲ့သူတွေနဲ့ နောက်နှောင် မနိုင်းပါနဲ့ ဂုဏ်၊ သမာဓိ ၊ နိုင်ငံချစ်စိတ်မတူလို့ပါနော်။

နောက်လဲ ဗိုလ်ချုပ်ကို လေးတတ်ပါစေဗျာ...။

အမြင်သစ် said...

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာ သင်ယူခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ( B.I.A ) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ကာလတွေမှာလူ၊လက်နက်အင်အားတိုးတက်အောင်၊ စစ်ပညာရပ်များ မြင့်မားရေးတို့ကို အခြေအနေပေးသရွေ့နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပြည်တွင်း ပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်ကတော့အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့တိုင်းပြည်ကို ၁၉၆၂မှာအာဏာသိမ်းခဲ့တယ်။စစ်အာဏာရှင်စနစ်ကိုစပီးအ သက်သွင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကြိုးစားပမ်းစားတည်
ထောင်ခဲတဲ့တပ်မတော်ကို ပြည်သူနဲ့သွေးခွဲပီးတပ်မတော်
ဂုဏ်သိက္ခာကျဆင်းအောင်စပီးလုပ်ဆောင်ခဲ့တယ်။ ၂၆နှစ်
အကြာ၁၉၈၈ခုနှစ်နောက်ပိုင်းမှာတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဦးဆောင်တဲ့တပ်မတော် ခေါင်းဆောင်များဟာ ပြည်သူများကို
ပိုပြီးနှိပ်ကွပ်နိုင်စေရန် ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံးကိုလက်နက်ပစ္စည်းကိရိယာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အဆင့်အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် စစ်ကျောင်းကြီးများ နဲ့ လေ့ကျင့်ရေး ကျောင်းကြီးများကို အဆင့်မြှင့်ခြင်း ၊ ဖွင့်လှစ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စတင်တည်ထောင်ပေးခဲ့တဲ့ဒို့တပ်မတော်ကိုဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့်ကမ်း အမွေဆက်ခံပြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သြ၀ါဒတွေကို သွေဖီကာစည်းကမ်းကောင်းတဲ့တပ်မတော်ဖြစ်အောင်မတည်ဆောက်ဘဲ
အကျင့်ပျက်တပ်မတော်ဖြစ်အောင်ပြောင်းလဲခဲ့တယ်။
စစ်အာဏာရှင်စနစ်ဆိုးကို ကျင့်သုံးပီး တပ်မတော်ရဲ့ဖခင်အစစ်
ဗိုလ်ချုပ်အောင်ဆန်းကိုပါ ပြည်သူတွေမေ့လျော့အောင်နည်းမျိုး
စုံကြိုးပမ်းခဲ့ကြတယ်။၂၀၀၈ခုနှစ်မှာနာဂစ်အခြေခံဥပဒေရေးဆွဲခဲ့တယ်။၂၀၁၀ ပြည့်နှစ်မှာတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းချင်ရောင်ဆောင်ပီး အဓမ္မ ရွေးကောက်ပွဲ
ကျင်းပခဲ့တယ်။သမ္မတကြီးကအစ လွှတ်တော်နှစ်ရပ်လုံးမှာ
ယူနီဖောင်းချွတ်ပီး ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့
အစိုးရအဖြစ်အယောင်ဆောင်နေတဲ့တပ်မတော်သားတွေချည်း
မြင်တွေ့ရမှာဖြစ်တယ်။ပြည်သူ့ဘဏ္ဏာတွေကို အိတ်ထဲထည့်ပီး
ဒီမိုကရေစီလမ်းစဉ်ကို ချမှတ်ပေးခဲ့တယ်လို့ ကြုံးဝါးသွားခဲ့တဲ့
ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ကျုပ်ကိုလည်း ကာချုပ်ကြီးအဖြစ်
တင်မြှောက်ပေးခဲ့ပီး စစ်အာဏာရှင်စနစ် အဓွန့်ရှည်နိုင်သမျှ
ရှည်အောင်ငါးတပိုင်းဖားတပိုင်းအစိုးရတစ်ရပ်တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။
(မင်းအောင်လှိုင်) ကာကွယ်ရေးဦးစီးချုပ်

space said...

ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးတင်ထိုက်ကြောင်းမပြောရင်လည်း လူ့ဝတ္တရားအရ ယဉ်ကျေးမှုမရှိရာရောက်သွားမှာပေါ့...ဒါပေမယ့် နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အမှန်တရားကိုချစ်မြတ်နိုးသူဖြစ်ပြီး အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ကာချုပ်ကြီးကိုလည်း ကျွန်တော်တို့လေးစားတဲ့ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပေးပါရစေ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခင်ဗျား..။...။
(အောင်ပင်လယ်)

aung san lin said...

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခင်ဗျား ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးတင်ထိုက်သူ အဖြင့် တပ်မတော်က အသိအမှတ်ပြုတယ်ဆိုရင်

ကျုပ်တို့ ဖခင်ကြီး ပြောကြားခဲ့တဲ့ မိန့်မှာစကားထဲမှာ....
" တပ်မတော်သည်တိုင်းပြည်အတွက်...
တိုင်းပြည်သည်တပ်မတော်အတွက်မဟုတ်..."
" စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမယ့်အစါး
အဲဒီစစ်တပ်မရှိတာတိုင်းပြည်အတွက် ပိုကောင်းတယ်..." ဆိုတဲ့ ဖခင်ကြီးရဲ့ စကားအတိုင်း တပ်မတော်ကြီးရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်စေပြီး ပြည်သူချစ်သောတပ်မတော်ကြီးကို ဗိုလ်ချုပ်တို့လိုစိတ်ထားပြီးပြုပြင်စေချင်ပါတယ်...နေ၀င်း လိုပြည်ထောင်စုသားအချင်းချင်း သက်ဖျတ်စေလိုခြင်းကင်းဝေးနိုင်ပါစေ သန်းရွှေ လိုမျိုး ငါ့စစ်တပ်ကောင်းစားရင် အာဏာရှိရင်ပြီးရော ဘယ်တိုင်းရင်းသားပြည်သူကိုမှ ကြည့်စရာမလိုဘူး ဆိုတဲ့ အတွေးတွေမ၀င်စေပဲ ယုခု ကချင်ပြည်သူတွေ အတွက်စစ်ငြိမ်းချမ်းရေးနယ်မြေ ဖြစ်စေဖို့ တပ်တွေကို ပြန်ရုပ်သိမ်းစေချင်ပါသည် အဖ ချစ်သောပြည်သူများအတွက် အဖရဲ့ သားများပီပီ ကမ္ဘာမြေပထ၀ီကြီးမှ သက်သေထူနိုင်အောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှ စပြီး သက်သေထူနိုင်ပါစေလို့ မျှော်လင့်ပါတယ်....ဗိုလ်ချုပ်ကြီးအနေဖြင့် ပြည်သူချစ်သော သားကောင်းအာဇာနည်ဖခင်ကြီး ကဲ့သို့ပြည်သူအများလေးစား ယုံကြည်မှု့တွေ တနေ့တခြားရယူပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုရင်း တရိုတသေ တလေးတစားဖြင့်......
အောင်ဆန်းလင်း

minaung1149 said...

စစ်ကြောင်းတွေကိုနှလုံးသားကလာတဲ့စိတ်နဲ့ပန်းကုံးစွပ်ချင်ပါတယ်ဗိုလ်ချူပ်ကြီးမင်းအောင်လှိုင်ခင်ဗျာ။

Powered by Blogger.