ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန်

ဦးစိန်လှ(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ် (ဓါတ်ပုံ-EMG)
 မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI) ကျော်သူရမျိုး

လစ်လပ်မဲဆန္ဒနယ်မြေများအနက် ကိုယ်စားလှယ်လောင်းအများဆုံးပါဝင်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့က ထောက်ပြ ဝေဖန်ထားကြောင်း မန္တလေးမြို့ရှိနိုင်ငံရေးပါတီများနှင့် မြို့ခံအသိုင်းအ၀ိုင်းများထံမှ သိရသည်။

အဆိုပါ တစ်သီးပုဂ္ဂလဦးစိန်လှက ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ညပါတီတို့ အနေဖြင့် ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစား ပြုမှုများကိုဖော်ပြထားသည့် မဲဆွယ်လက်ကမ်းစာစောင်များကို ဖြန့်ဝေလျှက်ရှိကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းများထံမှ သိရသည်။

“လက်ကမ်းစာစောင်ထဲမှာ ပါတီကြီးနှစ်ခုကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်”ဟု ယင်းမဲဆန္ဒနယ်မှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလဦးကျော်ကျော်က ပြောသည်။

ယင်းမဲဆွယ်လက်ကမ်းစာစောင်ထဲတွင် သြဂုတ် ၁၃၊ ၂၀၁၀ နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးနှင့်  စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ ရန်ကုန်မြို့၊ အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်(၉)ရပ်ကွက်၊ အမှတ်(၁၁၃)၊ ဆပ်ပြာစက်ရုံ၊ အမှတ်(၂)ရှိ ပစ္စည်းအားလုံးနှင့် မြေအကျယ် (၁၂.၈၇၁)ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ငွေကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်ဟုဆိုပြီး ယခုအခါ အဆိုပါ ပါတီ၏ တင်ပြချက်အရ ငွေကျပ်သိန်းပေါင်း(၁၉၇၂၁.၂၇)ဖြင့် အခြားလုပ်ငန်းရှင်တစ်ဦးသို့ အပြီးအပြတ်ပြန်လည်ရောင်းချကြောင်း ဖော်ပြထားသည်။

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းမဒေါင့်ရှိ မြေဧကပေါင်း(၃၅.၅၂၄)ဧကရှိသော ဆပ်ပြာစက်ရုံအမှတ်(၁)ကို ဒီဇင်ဘာ(၁၅)၊ ၂၀၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီသို့ရောင်းချခဲ့ပြီးနောက် ယခုအခါ ထိုပါတီမှ နယူးဂျင်နရယ် ကုမ္မဏီလီမိတက်သို့ ငွေကျပ်သန်းပေါင်း(၃၅၀၀၀)ဖြင့် ပြီးပြတ်ရောင်းချလိုက်ကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါတစ်သီးပုဂ္ဂလဦးစိန်လှသည် ယင်းမဲဆွယ်လက်ကမ်းစာစောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်စဉ်အခါက သုံးထားသော ပြည်သူ့ဘဏ္ဍာများနှင့် အဆောက်အဦးများကို လွှတ်တော်မှတစ်ဆင့် စာရင်းရှင်းပြီး ပြည်သူလူထုကို ပြန်အပ်ရန်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ငွေကြေးဥစ္စာ မှန်သမျှတို့သည် ပြည်သူပိုင် ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပိုင် ငွေကြေးဥစ္စာမှန်သမျှအား လွှတ်တော်မှတဆင့် စာရင်းရှင်းပြီး ပြည်သူလူထုထံပြန် အပ်နှံရန် တောင်းဆိုထားသည်ကို ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခင်အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဟောင်း ဦးကျော်မြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ၄င်းပိုင်ရုံးရှေ့တွင် ပြည်သူကမိဘလား၊ အစိုးရကမိဘလားနှင့် ပြည်သူ့အာဏာပိုင်လား၊ အစိုးရ အာဏာပိုင်လားဟူသော စာတမ်းကပ်သည့်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ရသည့် နိုင်ငံရေးသမားဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။        ။
ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန် Reviewed by သစ်ထူးလွင် on 06:13 Rating: 5

10 comments:

Weik Zar said...

သိပ်မှန်တာပေါ့ဦးစိန်လှရယ်။သူတို့အရှက်မရှိ
ပြောဆိုလုပ်ကိုင်ထားခဲ့တာတွေ ပြည်သူကသိပါတယ်။
But don't worry,They will disappear from Burmese political scene soon.

ုkyaw said...

ဒီသတင်းကိုတင်ပြပေးတာ ကျေးဇူးတင်ပါတယ် တစည ကယူထားတဲ့မြေတွေဆို မြို့တိုင်းမှာရှိတယ် ကန်ထရိုက်တိုက်တွေဆောက်ပြီးနှပ်နေကြတာ နှစ်ပေါင်းမနည်းတော့ဘူး၊ဒါတွေဟာပြည်သူပိုင်နိုင်ငံပိုင်မြေတွေပဲဖြစ်၇မယ် ခုတော့တစ်ပါတီကောင်းစားဖို့လုပ်နေကြတယ် ၂၀၁၀ ရွေးကောက်ပွဲတုန်းကလဲငြိမ်ခံနေတာဒါတွေကိုစွန့်လွှတ်ရမှာကြောက်လို့ပဲ မှားလဲခံ မှန်လဲခံစနစ်နဲ့ပါတီကိုထောင်ထားတာပြည်သူတွေကိုသက်သက်မြေဇာပင်လုပ်တဲ့ပါတီပဲ၊ခုလဲငြိမ်နေတာအကောင်းမဟုတ်ဘူး ဘယ်သူ့ ရဲ့ လက်ကိုင်တုတ်လုပ်ဖို့ စောင့်နေတာလဲမသိဘူး ၊ပြည်သူတွေခွဲခြားသိဖို့လိုနေပြီး ဒီပါတီကအခွှင့်အရေးရရင်ဘာမဆိုဆောင့်ရှက်မရှိလုပ်မဲ့ပါတီမျိုးပဲ (၈၈)တုန်းကတိုင်းပြည်ဖျက်ဆီးတဲ့အထဲမှာဒီကောင်တွေကအဓိကပဲ ။

tharzaw said...

ဦးစိန်လှလို လူမျိုးတွေ များများလိုတယ်။
ဒါမှ သူခိုးတွေ များများဖော်ထုတ်နိုင်မှာ။

Toe Toe said...

ဦးစိန်လှလိုလူမျိုးတွေလွှတ်တော်ထဲကိုများများရောက်သွားဘို့လိုနေပြီ။ဒါမှခုလို
ပြည်သူကိုစစ်တပ်အားကိုးနဲ့အနိုင်ကျင့်ခိုးဆိုးနေတဲ့သူတွေကိုဖော်တုတ်တားစီး
နိုင်မှာပါ။ချီးကျူးပါတယ်။

ရာရာ said...

"ဒီ ဖွတ်တွေ တစ်လွဲလုပ်နေတာကို ဒီချုပ်တစ်ဖွဲ့တည်းပဲ ထောက်ပြကန့်ကွက်မယ့်သူ ရှိလား။ အခြားပါတီတွေဘာလုပ်နေလဲ။ သေကုန်ကြပြီလား .."ဟု ကျွန်တော်ကော်မန့်တစ်ခု ရေးခဲ့ဖူးပါသည်။ အဆိုပါ ကော်မန့်ကို ယ္ခု ရုပ်သိမ်းပါသည်။ ဦးလှစိန်ကိုလည်း ၀န်ချ တောင်းပန်ပါသည်။

ပုဂံစစ်သည် said...

လေးစားပါတယ်ခင်ဗျာ။ အမှန်ကိုအမှန်အတိုင်း ပြောရဲတဲ့သတ္တိကို လေးစားမိပါတယ်။

kaungkin said...

သိပ်မှန်တယ်ဗျာ၊ နိုင်ငံရေးပါတီတွေဟာ ပါတီလုပ်ငန်းတွေအတွက် နိုင်ငံတော် ငွေကြေး၊ပစ္စည်းတွေသုံးစွဲခွင့်မရှိပါဘူး၊ ပြည်ခိုင်ဖြိုးဆိုရင် ရုံးတွေကအစ နိုင်ငံတော်ငွေကြေးနှင့်ဆောက်ထားတာ။ အားလုံးပြည်သူကိုပြန်အပ်ရမယ်ဗျာ။ ကုက္ကိုင်းကရုံးချုပ်ကြီးဆိုရင်ဟီးနေတာပဲ။ နိုင်ငံတော်ကိုပြန်အပ်ဗျာ။
ပြည်သူအတွက်အကျိုးရှိမယ့် စာကြည့်တိုက်လို၊ ပြတိုက်လိုမျိုးလုပ်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး
ငြိမ်မနေကြပါနဲ့။

supergunner said...

ဇပြင်းသကိုးဦးလေးကြီးက
ကြိုက်တယ်ဗျား..တစ်ကိုယ်တော်ဆိုပြီးအခုလိုပြောရဲဆိုရဲတာ..ဒီလိုလေးလည်း
ရှိအုံးမှဗျ..ဒါပေမဲ့သတိထားအုံးဗျို့ တော်ကြားမီးမပေး.. ရေဖြတ်လို့ ဦးလေး.
စိတ်ညစ်နေအုံးမယ်..မပူပါနဲ့ ဗျာ..နွားချီးဘက်ထရီဆိုလား ရှိတယ်တဲ့ဗျို့ 
ရှာဝယ်လိုက်အုံး..ဗျ

Tony said...

အခုလိုမျိုး အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်းထောက်ပြရဲတဲ့ ဦးစိန်လှ လိုလူမျိုးများများ ရှိဖို့လိုပြီ..

WilliamLynn said...

ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ.... မန္တလေး ပြည်ခိုင်ဖြိုးတိုင်းရုံးက အရင်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးသိုလှောင်ရုံလို့ သိပါတယ်... ပြည်ခိုင်ဖြိုးက အစိုးရအဖွဲ့အစည်း ဖြစ်နေလို့ ယူသုံးတာ ထားပါတော့.... ခုတော့ ခပ်တည်တည်ပဲ ဆိုင်းဘုတ်တင်ပြီး ပါတီပိုင်လုပ်လိုက်တာ သိပ်တော့ နည်းလမ်းမကျဘူးထင်တာပဲ...

Powered by Blogger.