ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လေ့လာ




ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၄၅မိနစ်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံကို မိနစ် ၃၀ နီးပါးကြာ တက်ရောက်လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော်လွှတ်တော် ခန်းမ အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လေ့လာ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လေ့လာ Reviewed by သစ်ထူးလွင် on 17:40 Rating: 5

4 comments:

lwinmin said...

ကောင်းသတင်းလေးပါဘဲဗျာ...ဦးသူရရွေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့လက်တွဲညီညီတွဲပြီး တိုင်းပြည်ကောင်းကျိုးတွေ ဆောက်ရွက်နိုင်ပါစေ...လို့

Chit San Maung said...

ကျက်သရေအပေါင်းခညောင်းတဲ့ မြင်ကွင်းပါ...။
Brovo ပါ ဒီမိုကရေစီဘက်တော်သား ဦးရွှေမန်း၊ ဦးခင်အောင်မြင့်ခင်ဗျား..။
ဒေါ်စုတို့ လွှတ်တော်ထဲရောက်ခဲ့ရင်လည်း ဆက်လက်ပြီး မျှမျှတတဆောင်ရွက်ပေးမယ်၊ စစ်မှန်တဲ့ဒီမိုကရေစီအတွက် လက်တွဲဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။

kokhent said...

သမင် ဆယ်လှမ်း ကျားတစ်လှမ်း
ကျား ဆယ်လှမ်းထက် ဆယ်ဆ ကွာ
သမင်မမျက်လုံး ပိုသာတယ်
သွေးညှီနံ့သက် ဟိန်းဟောက်လျှက်ပင်
သမင်မျိုးတုန်း မရှိထုံးဘူး
သခင်တို့ ဘုန်း ပိတ်မဆုံးဘူး။

purewhite said...

ဒီလိုမြင်ကွင်မျိုးလေးတွေကို ပြည်သူအားလုံးကြည့်ပြီးကျေနပ်ကြပါ။ တိုင်းပြည်ရဲ့အနာဂတ်ဟာ ပြည်သူအားလုံးနဲ့လဲဆိုင်ပါတယ်။ အမေစုနဲ့ လက်၇ှိအစိုးရပူးပေါင်းပြီးရလာမယ့် ကောင်းကျိုးတွေကပြည်သူအားလုံးခံစားရမှာပါ။

Powered by Blogger.