တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ခွေးသူရမ်းကြီး လွတ်နေခြင်း


ကျွန်တော်တို့နေပြည်တော် တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် အမည်ရ ခွေးသူရမ်းကြီးလွတ်နေပါသည်။

(၁)ဦးစီးဋ္ဌာနပိုင်မြေကို အထက်ခွင့်ပြုချက်မရဘဲ လက်သိပ်ထိုးရောင်းစားထားခြင်း ။
(၂) တိုင်းရင်းဆေး မှတ်ပုံတင် နှင့်လိုင်စင်လျှောက်ထားရာတွင် အခွန်အခ၊ဒဏ်ကြေးများ တရားဝင်မဟုတ်ဘဲ သူ့အတွက်သိန်း ရာပိုင်း၊ ထောင်ပိုင်း ရအောင် အာဏာအလွှဲသုံးစားပြု ပြောင်ပြောင်တင်းတင်းကောက်ခံနေခြင်း ။
(၃) ရုံးအလုပ်တွင် စိတ်မ၀င်စားဘဲ ရသမျှ ဂွင်ဖန်နေခြင်း ။ ရုံးသုံးစရိတ်များ အထက်မှကျလာလျှင် အရာရှိများထံမှ တစ်ဦးလျှင်သိန်းဂဏန်းဖြတ်ခုတ်ခြင်း။
(၄)၀န်ထမ်းအချင်းချင်းကြားသပ်ရှိုသွေးခွဲအုပ်ချုပ်ခြင်းကြောင့်ရုံးတွင်းစည်းလုံးရေး အင်အားပျက်စီး စေခြင်း။
(၅) သူ့ဂွင်ဖန်လုပ်ငန်းများ ကို ပူးပေါင်းမလုပ်ပါက ထိုသူများကို ပညာပြခြင်း၊ နှိပ်ကွပ်ခြင်း၊ နယ်ပြောင်းခြင်း စသည်ဖြင့် ရမ်းကားချင်တိုင်းရမ်းကား အကျင့်ပျက်နေပါသည်။

ထို့ကြောင့် နိုင်ငံတော် သမတ နှင့် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးများ ထံ အကြိမ်ကြိမ်တင်ပြ တိုင် ကြားခဲ့ပါသည်။သို့ပါသော်လည်း အဘယ်ကြောင့် မသိပါ။ အရေးယူ စစ်ဆေးခြင်း မရှိသေးပါ။ ထိုတိုင်စာများနှင့် ပက်သက်ပြီး ညွှန်ချုပ် ဒေါက်တာအောင်မြင့်က
"ကျန်းမာရေးဝန်ကြီးဋ္ဌာန ၀န်ကြီးက ငါ့သူငယ်ချင်း၊ သမတရုံးဝန်ကြီးက ငါနဲ့ တစ်မြို့တည်းသား ၊ မင်းတို့ဘာလုပ်ချင်လဲ၊ မင်းတို့တိုင်စာတွေ ဘာတတ်နိုင်လဲ၊ မင်းတို့ကို ကြမ်းကြမ်းကိုင်မယ်။ ဖြုတ်ပစ်မယ်။နယ်ရွေ့ပစ်မယ်" လို့ကြိမ်းဝါးပြီး ရုံးချုပ်မှာ ထင်တိုင်းကြဲနေပါသည်။

မကြာခင်ကလည်း ရုံးချုပ်မှာ ကွန်ပြူတာများ ပျောက်ပါသည်။သူနှင့်မတည့်သူများကို အမည်နာမ များဖြင့် စွပ်စွဲပြီး ရဲလက်အပ်ပါသည်။ "ဆေးဆရာလို့လည်း မမြင်နဲ့၊ အရာရှိလို့လည်း မမြင်နဲ့၊ သူခိုးကို သူခိုးလို့မြင်ပြီး ရိုက်စစ်ပါ။ရိုက်စစ်ခွင့်ပေးတယ်" ဆိုပြီး အနိုင်ကျင့် နှိပ်ကွပ်ပါသည်။ အမှုစစ်ပြီးသွားသောအခါ ရုံးစောင့် နှင့် ပြင်ပလူ များကိုမိပါသည်။ မတရား စွပ်စွဲခံရသူ အရာရှိနှင့်ဝန်ထမ်းများ နစ်နာလှပါသည်။

ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ နိုင်ငံတော် ၊ ပြည်သူလူထု နှင့် မိမိဝန်ထမ်းများအပေါ် အကျင့်ပျက် ကိုယ်ကျိုးရှာ အဂတိလိုက်စား အာဏာအလွဲသုံးစားပြုနေပုံ အချို့ကို ဖေါ်ပြပါမည်။

(၁) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ်၆၄ ရုံးအကွက် ၊မြေကွက်အမှတ် ၁၁၂(က) ဖြင့် ပေ ၆၀၊ပေ ၂၀၀ အကျယ်အ၀န်းရှိ တိုင်းရင်းဆေးဦးစီးဋ္ဌာန နှင့် တိုင်းရင်းဆေးဆရာအသင်းပူးတွဲ အမည်ပေါက် မြေတစ်ကွက်ရှိပါသည်။ စီးပွားရေးကွက်ကွင်းနေရာ အလွန်ကောင်းပြီး ကျပ် သိန်း ၃၀၀၀၊ ၄၀၀၀ တန်ဘိုးရှိပါသည်။ ထိုမြေကွက်ကို ဦးခင်တိုး ၊ မှတ်ပုံတင်အမှတ် ၁၂/ဒကန(နိုင်) ၀၂၂၆၃၈ ၊ လိပ်စာ ၊ အမှတ် ၉၇ ၊ လှည်းတန်းလမ်း ၊ ကမာရွတ် အား ကျပ်သိန်း တစ်ထောင် တည်းဖြင့် လက်သိပ်ထိုးရောင်းချခဲ့ပါသည်။ မည်သည့်အထက်အမိန့်မျှ မယူဘဲ ဦးစီးဋ္ဌာန၊ ညွှန်ချုပ်ရုံးခန်းတွင် စရံပေး အရောင်းအ၀ယ်စာချုပ်ကို ညွှန်ချုပ် ဒေါက်တာအောင်မြင့်ကိုယ်တိုင် လက်မှတ်ထိုးရောင်းချခဲ့ပါသည်။ ကျပ်သိန်းငါးရာ လာဘ်ယူ ခဲ့သည်ဟု သိရသည်။ ထိုသို့လက်မှတ်ရေးထိုးပွဲတွင် ဆေးဆရာအသင်းမှ ဦးမောင်ဥာဏ် နှင့် ဦးဖြေ(ပဲခူး) တို့ရှိကြသည်။

(၂) တိုင်းရင်းဆေး မှတ်ပုံတင်/လိုင်စင် လျှောက်ထားရာတွင်လည်း နည်းမျိုးစုံဖြင့် ကိုယ်ကျိုးရှာ ခြစားနေသည်။ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဒဏ်ကြေးရိုက်သည်။ စာလုံးပေါင်း တစ်လုံးမှားလျှင် တစ်သောင်းကျပ်၊ မှတ်ပုံတင်/လိုင်စင် နောက်ကျထုတ်လျှင် နောက်ကျကြေး တစ်လလျှင် နှစ်သောင်းကျပ်၊
ဓာတ်ခွဲကြေး ဆေးတစ်မျိုးလျှင် နှစ်သောင်းကျပ်၊ လိုင်စင်ရက်စွဲညှိရန် တစ်လလျှင် နှစ်သောင်းကျပ် စသည်ဖြင့်အမျိုးမျိုး ငွေကောက်ခံရာ လုပ်ငန်းရှင် တစ်ဦးတစ်ဦးလျှင် ကျပ် လေး ငါးသောင်း မှ
ရှစ်သိန်း၊ကိုးသိန်း အထိ ငွေပေးသွင်းနေရပါသည်။ ဒဏ်မရိုက်ခံရသောသူ မရှိပါ။
ငွေလက်ခံပြီး အပြည့်အစုံ ဘောက်ချာမဖြတ်ပါ။ လေးထောင်၊ ငါးထောင်ဘိုးထိသာ ဘောက်ချာ ဖြတ်ပါသည်။ ဘောက်ချာမဖြတ်သော ပိုငွေများကို ဆေးဝါးဋ္ဌာန ဒုညွှန်မှုး ဦးထွန်းမြင့်က အပတ်စဉ် ညွှန်ချုပ်ထံ ပို့ရပါသည်။ ရက်တစ်ပတ်တစ်ပတ်လျှင် ကျပ်ငွေ သိန်း သုံး၊ လေး ၊ ငါးဆယ် ပို့ရသည်။ထိုရငွေများ ကို တရားဝင် အစိုးရငွေစာရင်း၊ ဘဏ်စာရင်းများတွင် မသွင်းပါ။ ဋ္ဌာနအီးစီမှာလည်း အသိပေးဖေါ်ပြခြင်း မရှိပါ။ သူ၏ကိုယ်ကျိုးအတွက် ရယူပါသည်။တစ်လ တစ်လလျှင် ကျပ်သိန်းရာပိုင်း ရရှိနေသည်။ နိုင်ငံတော်နှင့်ပြည်သူလူထု အပေါ် ထိုသို့အကျင့်ပျက် ခြစားနေသည်မှာ နှစ်ချီနေပြီ ဖြစ်ပါသည်။ ငွေလက်ခံပေးရသော ၀န်ထမ်းငယ်များလည်း တာဝန်ကို မငြင်းဝန့်ပါ။ အလုပ်ပြုတ်မှာကို အမြဲတန်း စိုးရိမ်ပူပန်နေရပါသည်။

(၃) ဋ္ဌာနတွင်း အသုံးစရိတ်ရံပုံငွေ များကိုလည်း ရသမျှ ဂွင်ရိုက်နေသည်။
ဥပမာ… မော်တော်ယာဉ်ပြုပြင်စားရိတ် ထုတ်မပေးပါ။လစာနည်းအောက်ခြေ မော်တော်ယာဉ်ဝန်ထမ်းများ စိုက်ထုတ်ထားငွေပြန်မရပါ။ရုံးဝန်ထမ်းများလည်း ကားပျက်များဖြင့် နေ့စဉ် တထိတ်ထိတ် ရုံးဆင်း ရုံးတက်ပြုနေရသည်။
ညွှန်မှုး ဒေါက်တာစိန်ဝင်း အယ်ပီအာ ခံစားစဉ် ရရှိသော ကြိုတင်စိုက်ထုတ်ထားငွေ ကျပ် ရှစ်သိန်း ကို မပေးဘဲ ခိုးယူထားသည်။ ရုံးအရာရှိများအတွက် ခွင့်ပြု ရငွေမှလည်း တစ်ဦးလျှင် နှစ်သိန်းကျပ် ဖြတ်ခုတ်၏။

(၄) နေပြည်တော်၊ ပရဆေးဥယျာဉ်တွင် အငှားချထားသော စားသောက်ဆိုင်များ ရှိသည်။ဆိုင်ခန်း တစ်ဆိုင်လျှင် အခန်းငှားခ တစ်လ ကျပ် တစ်သိန်းငါးသောင်း ရရှိသည်။ သို့သော် နိုင်ငံတော်သို့ ကျပ် ခြောက်သောင်း သာပေးသွင်းသည်။ ကျန်ရှိသော ကျပ် ကိုးသောင်းကို ဒေါက်တာအောင်မြင့်က ရယူသည်။
ဆိုင်ခန်းအငှားစာချုပ် နှင့် ငွေလက်ခံဘောက်ချာ နှစ်မျိုးထားရှိပါသည်။ထိုသို့လုပ်နေသည်မှာ (နှစ်) နှစ်ခန့်ရှိ ပြီဖြစ်ပါသည်။

(၅) ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ ကိုယ်ကျိုးရှာလုပ်ငန်းများတွင် မပူးပေါင်းသော ၀န်ထမ်းများကို အမျိုးမျိုးနှိပ်ကွပ်ပါသည်။နေရာပြောင်းပစ်သည်။နယ်ရွေ့ပစ်သည်။ထိုအရာတို့သည် ၀န်ထမ်းကောင်းများ နေ့စဉ်ခံစားနေရသော ပြသနာကြီးဖြစ်ပါသည်။ပေါ်ပေါ်ထင်ထင်လည်း မတိုင်ရဲပါ။ကြီးစွာသော စိတ်ဆင်းရဲမှုများ ဖြစ်ပါသည်။
ထို့ကြောင့် အထက်သို့လိမ်ညာပြီး အကျင့်ပျက် ခြစား အာဏာအလွှဲသုံးစားပြုနေသှူ၊ ကိုယ်ကျိုးအတွက် လက်အောက်ဝန်ထမ်းများအား ဖျက်ဆီးအနိုင်ကျင့်နေသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် ရန်မှ ကယ်တင်ပေးကြပါရန် အထက်သို့ တိုင်ကြား တင်ပြပါသည်။

ဘအေး
တိုင်းရင်းဆေး (နေပြည်တော်)
တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ခွေးသူရမ်းကြီး လွတ်နေခြင်း တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ခွေးသူရမ်းကြီး လွတ်နေခြင်း Reviewed by သစ်ထူးလွင် on 03:17 Rating: 5

8 comments:

supergunner said...

ကောင်းတယ်ဦးဘအေး..
ဒီလိုပြောမှမှတ်မှာ.သူတစ်မြို့ တည်းသားက သေခါနီးသိန်းညွန်လား.ဗျ.
ဟိုဘိုချုပ်ဟောင်းစိုးမောင်လား..သူအမျိုးတောင်.သူမကယ်နိင်တာဗျာ
သမ္မတကြီးဆီတော့သွားမတင်လေနဲ့ အဲနှစ်ကောင်ဆီကနေပဲစာထွက်တာ..
ဒီတော့ပြည်သူလူထုကိုသိအောင်တာလုပ်ဗျာ.ဦးဘအေး.အထူးရှာတွေးမနေနဲ့ 
အခုသာပြေးပေတော့.ပြည်သူသိအောင်.သစ်ထူးလွင်မှာ.သွားထည့်ဗျို့ 
အဲ.ပုလိပ်ရန်တော့ကြည့်ရှောင်နော့
ကောင်းလင့်တေး...ကောင်းလင့်တေး..

soecyclone said...

အဲဒီခွေးသရမ်းကြီးကိုမိရင် သူ့ရဲ့လည်ပင်းကို ခွေးသံကြိုးနဲ့သာတစ်သက်လုံး
ခတ်ထားလိုက်ပါတော့.......

Anonymous said...

အော် ဘယ်တုံးကတည်းက ငတ်ပြတ်လာလို့ လက်အောက်ငယ်သားရပိုင်ခွင့်တွေကိုတောင်မကျန် ငွေကို ငမ်းငမ်းတက် ဖြစ်နေရတာလဲ ကိုယ့် ဂုဏ်သိက္ခာမှ မထောက် အခုလို တိုင်းသိ ပြည်သိ အရှက်ကွဲတော့ သူ့ သားသမီးတွေ လူပုံအလည်မှာ အရှက်ရပြီပေါ့ . . . သူအဖေက သူခိုးကြီးလို့  . . . အော်မျိုးဆက် တွေရဲ့ အနာဂတ်မှာ ဂုဏ်သေးသိမ်ရတော့မယ်ပေါ့နော် . . . မိဘ မကောင်း တော့ သားသမီး ဘ၀ ပျက်ရပြီပေါ့ . . . ရင်လေးစရာ

Shwe Mg said...

အကျင့်ပျက်ခြစားမှုတွေ...ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ခါစပဲရှိသေးတယ်..ကြားလိုက်ရတာ....တစ်နိုင်ငံလုံး အစိုးရအဖွဲ့အစည်းအကုန်လုံးလည်း..ဒီလိုအကျင့်ပျက်ခြစားနေမှတော့...နိုင်ငံမွဲနေတာမဆန်းပါဘူး...ဒါကိုအခုလက်ရှိသမ္မတတွေ၊ ခေါင်းဆောင်ပိုင်းတွေက အရင်ကမှားတာတွေအသာထားပြီး..အခုဆက်မှားနေတဲ့လူတွေကို ချက်ချင်း အမြန်ဆုံး ပြည်သူတွေရှေ့မှောက်မှာ အရေးယူပြမယ်ဆိုရင်ဖြင့်....

thihathuya said...

ခွေးသရမ်းကြီးဆိုတဲ့..ခေါင်းစဉ်ကိုတော့ကြိုက်တယ်ဗျာ.တိုင်းပြည်မှာလည်းအမြှီးကျက်အမြှီးစားခေါင်းကျက်ခေါင်းစားတွေကြီးပဲ.ထိထိရောက်ရောက်အရေးယူတာဆိုလို့တစ်ခုမှမရှိသေးဘူး..နိင်ငံကြီးလည်းတဖြည်းဖြည်းဒုက္ခသည်စခန်းဖြစ်နေပြီ..ဟူး.SoSးးးးးးးးးး

thihathuya said...

ခွေးသရမ်းကြီးဆိုတဲ့..ခေါင်းစဉ်ကိုတော့ကြိုက်တယ်ဗျာ.တိုင်းပြည်မှာလည်းအမြှီးကျက်အမြှီးစားခေါင်းကျက်ခေါင်းစားတွေကြီးပဲ.ထိထိရောက်ရောက်အရေးယူတာဆိုလို့တစ်ခုမှမရှိသေးဘူး..နိင်ငံကြီးလည်းတဖြည်းဖြည်းဒုက္ခသည်စခန်းဖြစ်နေပြီ..ဟူး.SoSးးးးးးးးးး

ဝေဖန်ရေး said...

မန်းလေးမှာ ငတ်ပြတ်ပြီး ရောက်သွားတာ။ဆေးကျောင်းမှာ ရာထူးကလဲ မတက်နိုင် ခိုးလို့လဲ မရဆိုတော့ တိုင်းရင်းဆေး ရောက်သွားတာ။ အလကား ကောင်ကြီးပါ။

Anonymous said...

အလွန်ဆိုးဝါးသော အဖြစ်အပျက်များဖြစ်ပါသည်။ သို့ ရာတွင် ဒီ့ထက်ဆိုးဝါးသော အဖြစ်အပျက်များ ကျန်းမာရေးဝန်ကြီးဌာန တွင်ရှိနေပါသေးသည်၊ှ ပြီးခဲ့တဲ့ (၁)ရက်နေ့ သည် အပြောင်းအလဲ တစ်နှစ် ပြည့်မြောက်သောနေ့ ဖြစ်ပါသည်၊ ကျမတို့ ၏ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ယူသည်မှာ လည်း တစ်နှစ်တင်းတင်းပြည့်မြောက်ပါပြီ၊ ဘာတွေထူးခြားလာ ပြီလဲ.. ဘာမှ မထူးခြားပါ။ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရလာဒ်ကောင်း များဘာတွေ ပေါ်ထွက်လာပြီလဲ..ပြည်သူလူထုအတွက် ဘာတွေများအကျိုးရှိလာပြီလဲ.. ဌာနမှ ၀န်ထမ်းများအတွက် ရော... ဘာတွေများလုပ်ဆောင်ခဲ့ပြီးပြီလဲ. တစ်ခုမှ မတွေ့ ရသေးပါ... ၀န်ကြီးစဉ်းစားပါဦး...

Powered by Blogger.