နန်းဝိုးဖန် မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်

ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
''မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က (စ.စ.စ)လုံးကိုသွားတော့ ကျွန်မနဲ့ နန်းဝိုးဖန်ကို တစ်ခန်းစီ ခွဲစစ်တယ်။ အဲဒီက နန်းဝိုးဖန်တို့ ၀ယ်ထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လမ်းကြောင်းအရ စစ်တယ်လို့ ပြောတယ်။ ကျွန်မကို ဘာကြောင့် စစ်တာလည်း မသိလို့ မေးကြည့်တော့ အမှုနဲ့ပတ်သတ်နေတဲ့အတွက် ကိုယ်သိသလောက် ပြောပေးဖို့ ပြောတယ်။ ကျွန်မ သိတာတွေကို ပြောပြရတယ်။ အဲဒီနေ့ညမှာဘဲ နန်းဝိုးဖန်တည်းတဲ့ ဟိုတယ်မှာ သက်ဆိုင်ရာလူကြီးတွေနဲ့ သွားပြီးတော့ ရှိသမျ စာရွက်စာတမ်းတွေကို သိမ်းလိုက်တယ်။ ပြီးတော့ နန်းဝိုးဖန်က ဗဟန်းမှာ တိုက်ခန်းတစ်ခန်း ဌားထားတာရှိတယ်။ တိုက်ခန်းထဲက စာရွက် စာတမ်းနဲ့ လိုအပ်တာတွေ အကုန်လုံးကို ယူတယ်။ အဲဒီအချိန်မှာ ကျွန်မက အောက်မှာ အစောင့်တွေနဲ့ ကျန်ခဲ့တယ်။ နန်းဝိုးဖန်း တစ်ယောက်တည်း အပေါ်ကို ပါသွားတယ်။ ပြန်ဆင်းလာတော့ သူကငယ်လည်း ငယ်တော့ အရမ်းကို ကြောက်ပြီး ငိုနေတယ်။ ကျွန်မက အဲဒီချိန်မှာတော့ သူ့ကို ပြောလိုက်ပါတယ်။ စီးပွားရေးအရ ဖြေရှင်းတာ ဖြစ်တဲ့အတွက် မကြောက်ဖို့ကိုလည်း ပြောလိုက်ပါသေးတယ်''ဟု မနန်းဝိုးဖန်၏ အိမ်ခြံမြေကိစ္စများတွင် ဆောင်ရွက် ပေးခဲ့သော ရှေ့နေဖြစ်သူ မအိအိအောင်က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ''နောက်နေ့က စပြီး သူ့ကို စကားပြောလို့ မရတော့ဘူး။ လက်ဟန်နဲ့ဘဲ ပြောလို့ရတော့တယ်။ သူ့အနောက်မှာ တစ်ယောက် အမြဲတန်းပါတယ်။ ကျွန်မလည်း အိမ်သာသွားမလို့ ထတာနဲ့ တစ်ယောက် ကပ်လိုက်လာတယ်။ အမှန်တစ်ကယ်က မတ်လ ၂၂ ရက်နေ့ နေ့လည်ကတည်းက ကျွန်မကို ပြန်ခိုင်းတယ်။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နန်းဝိုးဖန်း ရန်ကုန်  ဆင်းလာတဲ့ အချိန်ကတည်းက ကျွန်မနဲ့အတူနေတာ လေးလလောက် ရှိပြီဆိုတော့ အဲဒီမှာဘဲ အတူတူ ဆက်နေလိုက်တယ်။
အဲဒီမှာဘဲ ညဘက်မှာ ခုံတွေဆက်ပြီး ညအိပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်တဲ့အတွက် ဗမာစကား ကောင်းကောင်း မပြောနိုင်တဲ့အတွက်ကို ရှမ်းစကားပြန်နဲ့ စစ်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မရှိဘူးလို့ပြော တယ်။ သူက ခုန်ချတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရမ်းကြောက်တတ်တယ်။ မတ်လ ၂၃ ရက်နေ့မှာဘဲ သူမူးလို့ဆိုပြီး သကြားရည် ဖျော်သောက်တယ်။ ပြီးတော့ အဲဒီနေရာမှာဘဲ မူးလှဲ သွားတယ်။ သူက သွေးပေါင်ကျတတ်တယ်။ အဲဒီက လူကြီးတစ်ယောက်က သွေးပေါင် လာတိုင်းတယ်။ သွေးပေါင်ချိန်က ပုံမှန်ပါဘဲလို့ ပြောတယ်။ လူကတော့ ဖြော့တော့တော့ ဖြစ်နေတယ်။
၂၃ ရက်နေ့ညက အစောင့်တွေနဲ့ အိမ်ပြန်ပြီး ရေမိုးချိုး မုန့်ထွက်စားကြတယ်။ ပြီးတော့ ဟော့ပေါ့စားတယ်။ တော်တော်များများကို စားတယ်။ ကျွန်မက သူ့ကို သိပ်မစားဖို့လည်း ပြောတယ်။ စားပြီး ပြန်လာတော့ သူ့ကိုစစ်ဖို့ လုပ်တဲ့အချိန် အိပ်ပျော်နေတယ်။ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်မနိုးတော့ ကြည့်လိုက်တဲ့အချိန်မှာ အစောင့်နှစ်နဲ့ သူနဲ့ ရှိနေတယ်။ သူက ကျွန်မအိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အင်္ဂျာီ အစိမ်းရောင်လေးနဲ့ ထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ သူက ဗိုက်နာတယ်ဆိုပြီး အိမ်သာသွားတယ်လို့ အစောင့်တွေက ပြောတယ်။ အန်မယ်လို့ ပြောပြီး ရှေ့ပြတင်းပေါက်မှာ သွားအန်တယ်။ ကျွန်မကတော့ လိုက်လို့မရဘူး။ ပြီးတော့ သူပြန်လာတယ်။ ကျွန်မကလည်း ပြန်ပြီး အိပ်လိုက်တဲ့အချိန်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အဲဒီမှာ ဖိနပ်သံတစ်ခုကို ကြားလိုက်တယ်။ အန်မယ်ဆိုတဲ့ အသံကိုတော့ တိုးတိုးလေး ကြားလိုက်ရတယ်။ ပြီးလည်း ပြီးတော့ လှစ်ခနဲ ထွက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီချိန် ကျွန်မကလည်း အစောင့်တွေကို အန်မယ်ဆိုပြီး ထွက်သွားပြန်ပြီးနဲ့တူတယ်လို့ ပြောလိုက်သေးတယ်။ ဒုက္ခပါဘဲတော် မရှိတော့ဘူး မရှိတော့ဘူးဆိုပြီး အသံတစ်ခု ကြားလိုက်တယ်။ အစောင့်တစ်ယောက်က လာကြည့်ကြည့်ဆိုပြီး ကျွန်မကိုပြတယ်။
ပြီးတော့မှ ထမီစအစိမ်းလေးဘဲ မြင်လိုက်ရတယ်။ ကျွန်မတို့ ဆင်းကြည့်တယ်။ အဲဒီချိန်မှာသူက ၀ူးဝူးဝါးဝါး အော်နေတာကိုဘဲ တွေ့ရတယ်။ ပြီးတော့ ဆေးရုံကိုပို့ လိုက်တယ်။ ကျွန်မလိုက်မေးကြည့်တော့ မနက် ၉ နာရီလောက်အထိကို အကုန်လုံးက မသေသေးဘူးလို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မနန်းဝိုးဖန်၏ ဖခင်ဖြစ်သူ ဦးအိုက်ခန်းကလည်း ''သမီးနဲ့ ဂျပန်နိုင်ငံသားတို့က ရှမ်းရိုးရာအနေနဲ့ လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီလောက်မှာ သမီးနေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ) လုံးက အကြောင်းကြားတယ်။ ည ၇ နာရီ လောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ သမီးက တာလော့မှာ အလုပ်သွားလုပ်ရင်း ဂျပန်နိုင်ငံသားနဲ့ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ စိတ်ကတော့ မပျော်ဘူး။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် မနန်းဝိုးဖန်၏ အမျိုးသားဖြစ်သူ ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုကလည်း '' အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်ပြီး (စ.စ.စ) က စစ်နေတာကို သိတယ်။ နန်းဝိုးဖန် နာမည်သုံးပြီး ၀ယ်တယ်ဆိုတာကို အဓိက ထားပြီး စစ်တယ်။ နန်းဝိုးဖန် နာမည်ကို ကျွန်တော်သုံးပြီး ၀ယ်တာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ အကုန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့လည်း  စာချုပ်စာတမ်းတွေ အကုန်ပေးထားတာပါ။ တကယ်လို့သာ အမည်ခံသာဆိုရင် နန်းဝိုးဖန်လက်ထဲမှာ ဒီစာချုပ်စာတမ်းတွေ ရှိနေစရာ အကြောင်းမရှိဘူး။ အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာကို မေးကြည့်တဲ့အခါမှာ အထက်ကို တင်ပြရမယ်လို့ပြောတယ်။ သူတို့ ဆုံးဖြတ်ချက်ချမလား။ ဒါမှမဟုတ် အဖေကို ပေးမလား။ အမေကို ပေးမလား။ စစ်ဆေးရေးကာလ သုံးရက်မှာ တစ်နေ့ကို နန်းဝိုးဖန်ကို ၂ နာရီလောက်ဘဲ ပြန်ခွင့်ပေးတယ်။ ၁၉ နှစ်အရွယ် မြန်မာလိုကလည်း မကျွမ်းဘူး။ ရှမ်းစကားဘဲ တတ်တယ်။ အနားမှာလည်း စကားပြန်မရှိဘူး။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလား။ ရန်ကုန်က မြန်မာတစ်ယောက်ဆိုရင် ဒီလိုဘဲ ခေါ်စစ်မှာလား။ ဘာကြောင့်လည်းဆိုရင် တစ်ရက်ကို နှစ်နာရီဘဲ ပြန်ခွင့်ပေးတယ်ဆိုတာ ထောင်ထဲ ထည့်ထားတာနဲ့ အတူတူဘဲ။ ကျွန်တော်ကတော့ ဖိအားဒဏ်တွေများပြီး သူ့ကိုသူ သေကြောင်းကြံသွားတယ်လို့ ထင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်မိန်းမကို စစ်ဆေးခဲ့သူကို အထက်လူကြီးတွေက ပြန်ပြီးစစ်ဆေးချင်ပါတယ် ''ဟု ပြောကြားခဲ့သည်။
''ဘယ်ဌာနဆိုင်ရာမဆို  ပြည်သူတစ်ဦးကို ခေါ်ယူစစ်ဆေးတာ ချုပ်နှောင်တာ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့  ညီမညီ သတိပြုရမှာဖြစ်ပါတယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။ ''နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခြင်းမပြုရ''ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ အရ သိရသည်။
ရဲထံ သတင်းပေးခြင်းနှင့် ရဲတို့ စုံစမ်းထောက်လှမ်းရန် အာဏာများ အခန်း၁၄ အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ၊ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ် သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းအချင်းအရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်မေးခြင်းခံရသူသည် အမှုနှင့် စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုခြင်း၊ ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိကြောင်း ပြစ်မှုဆိုင်ရာ ပြစ်ထုံးပုဒ်မ ၁၆၁ အရ သိရသည်။

မည်သည့် ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦး တစ်ယောက်မျှ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ကတိထားမှုတစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ကမ်းလှမ်းစေ ခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၃ တွင် ပြဋ္ဌာန်းထားပါသည်။

Eleven (EMG)
နန်းဝိုးဖန် မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ် နန်းဝိုးဖန် မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ် Reviewed by သစ်ထူးလွင် on 04:11 Rating: 5

56 comments:

yelpaing said...

ကျုပ်မနေ့ က comment ရေးတယ်။မြန်မာပြည်မှာ နွားခိုးဘဲဖြစ်ဖြစ် လူကုန်ကူးသူဘဲဖြစ်ဖြစ် မုဒိန်းကောင်တစ်ကောင်ဘဲဖြစ်ဖြစ် စစစ ဘဲဖြစ်ဖြစ် ရဲဘဲဖြစ်ဖြစ် မတော်တစ်ဆဖြစ်စေ တစ်မင်တကာဘဲဖြစ်စေ လူသတ်မိရင် သို့ မဟုတ် လူသေသွားရင် ပိုက်ဆံပေးနိုင်လို့ ကတော့ ဘာမှအကြောင်းမဟုတ်ဘူး ဆိုတဲ့ ဝါဒထွန်းကားနေတယ်ဆိုတာ ကမ္ဘာကသိနေအောင် time မဂ္ဂဇင်းကနေထည့်ရမယ်။

John said...

လုပ်ချင်သလိုလုပ်နေကြသေးတယ်နော်
ငါတို့နိုင်ငံက စစစ က လန်ထွက်နေတာပဲ
မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့အသက်က တန်ဖိုးမရှိပါလား
ဘယ်လိုရှေ့ဆက်ကြမှာလဲ?

Unknown said...

မြန်မာနိုင်ငံကလူ့အသက်တချောင်းကို
တန်ဘိုးမထားတတ်တဲ့သူတွေ သူများပိုင်ဆိုင်တာကို
အတင်းအဓမ ခြိမ်းခြောက်ပီးလိုချင်တဲ့ဟာတွေတ၇ား
လွန်တယ်စစ်ဆေးတာက၊ ကြောက်တတ်လို့ကတော့
ဖြဲခြောက်နေမယ် အဲ့ဒီစစ်ဆေးတဲ့သူတွေကိုတ၇ားပြန်
ဆွဲသင့်တယ်ထိေ၇ာက်စွာအေ၇းယူပေးသင့်တယ်

ရှမ်းတောင်ကြီးသား said...

ဒီအမှူဟာ လူ့အခွင့်အရေး ချိုးဖောက်မှူ ။ တိုင်းရင်းသားများအားလူမျိုးရေးခွဲခြားမှူ ။
အဖွဲ့အစည်းများစွာ မှ ဖြေရှင်းပေးကြပါ ၊
၁။ ILO
၂။ Human Rights Education Institute of Burma (HREIB)
၃။ ပြည်သူလွှတ်တော်- နိုင်ငံတော်သမတကြီး ၊ ဒုသမတ
၎။ SNLD/ ကျားဖြူပါတီ။
ရှမ်တိုင်းရင်းသား အားလုံးကိုယ်စားတောင်းဆိုလိုက်ပါသည်။

ko pwa said...

မြန်မာတွေလဲ အစစ်ခံရတာပါပဲ ဂျပန်တစ်ယောက်က မြန်မာနဲ့ တိုင်းရင်းသားတွေ သွေးခွဲစကား မပြောသင့်ပါဘူး။ မယုံရင် အစစ်ခံဘူးတဲ့သူတိုင်းကို မေးကြည့်ပါ. စစစ က စစ်တယ်ဆိုရင် သေချာတဲ့ အကြောင်းတခုရှိပါလိမ့်မယ်. ဒီဂျပန်ဘာကြံနေလဲ မသိဘူး. တိုင်းရင်းသူလေး ယူထားပြီးတော့ ယူတုန်းကလဲ ငယ်ငယ်လေးရှိသေးတယ်ဗျ

Toe Toe said...

အရင်တင်ထားတဲ့သတင်းတုံးကတော့ မနန်းဝိုးဖန် ကိုသက်သေခေါ်စစ်တဲ့ပုံစံမျိုး
ရေးထားတာလားလို့၊ခုတော့ဘယ်ဟုတ်မလဲ စစစ ကသူ့အလုပ်သူလုပ်တာဘဲ
ဒီသတင်းမှာပါတဲ့အချက်တွေအရ စစစ ပိုင်တဲ့အမှုပါ၊ သူမရိုးသားလို့ ဇာတ်သိမ်း
သွားတာဖြစ်နိုင်ပါတယ်။ အစကထဲက မှာထားပြီးသားလဲဖြစ်နေမလားမသိပါဘူး။
နိုင်ငံခြားသားကတိုင်းရင်းသူယူပြီးမြေ၀ယ်တာလေ။စီးပွားရေးအမှုပေါ့။မပြောရင်
စစ်စရာရှိတာတော့စစ်မှာဘဲ၊တိုင်းရင်းသူမို့မဟုတ်ပါဘူး၊ဗမာဆိုလဲဒီအမှုမျိုးဒီလိုဘဲ
စစ်မှာပါ။ူနံမည်ကိုက "အထူးစုံစမ်းစစ်ဆေးရေး" ပါ။ စစ်တာမခံနိုင်လို့ခုန်ချသွား
တာတော့သူ့ကံပေါ့ ။နောက် ကဆက်နွှယ်မှုကဘာရှိမှန်းမှမသိတာဘဲ။

Kyaw Khant Zaw said...

အထက်လူကြီးများ ဒီအမှုကို သေချာစစ်ဆေး စေချင်ပါတယ်

Kyaw Khant Zaw said...

အထက်လူကြီးများ ဒီအမှုကို သေချာစစ်ဆေး စေချင်ပါတယ်

Anonymous said...

ဒီအမှုမှာ စစစ မရိုးသားတာ သိပ်သိသာလွန်းပါတယ် ... ကောင်မလေးရဲ့ အားနည်းချက်တွေ ဖြစ်တဲ့ မြန်မာစကားကျွမ်းကျင်စွာ မပြောတတ်ခြင်း၊ အသက်ငယ်လွန်း၍ ကြောက်ရွံ့ ခြင်း၊ ဥပဒေ အကြောင်းကိစ္စများ နားလည်ကျွမ်းကျင်မှု မရှိခြင်း၊ နိုင်ငံခြားသားကို ယူထားမိ၍ အဲဒါကို အပြစ်တစ်ခုလို နင်းပြီး ခြောက်လှန့် ငွေညစ်ယူနေတယ်လို့ ပဲ မြင်တယ် . . . စစစ ရဲ့ မိုက်ရိုင်းချက်တွေကတော့ ကန်းကုန်ပါပဲ . . [b]သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ သူတို့ ထမင်းဝ [/b]မဲ့  [b]စစစ[/b] အပါအ၀င် [b]ရဲ[/b] တွေလည်း ထို့ နည်းတူပါပဲ . . မြန်မာနိုင်ငံမှာ ကျောထောက်နောက်ခံရှိမယ် ငွေရှိမယ်ဆိုရင် (နိုင်ငံရေးအမှု မှ လွဲ၍) ဘယ်အမှု မဆို နိုင်ပါတယ် ဒါဟာ ဒီနိုင်ငံရဲ့ အဓိက အားနည်းချက်ပါပဲ . . ဒီမိုကရေစီ နိုင်ငံသစ်မှာတော့ လုံးဝ (လုံးဝ) မဖြစ်သင့်တော့ဘူးဆိုတာ သမ္မတကြီးနှင့်တစ်ကွ ပြည်ထောင်စု ၀န်ကြီးများအားလုံးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို အသိပေးချင်ပါတယ် . . အခုအမှု့  ရဲ့ ဖြစ်ရပ်မှန်နဲ့ သတင်းမှန်ကို ကျူးလွန်သူ စစစ ၀န်းထမ်းများအား နာမည်နှင့်တစ်ကွ လူသိရှင်ကြားဖေါ်ပြပြီး ထိရောက်စွာ အရေးယူပေးပါရန် မြန်မာတစ်နိုင်ငံလုံးရှိ[b]အမှန်တရားကို ဘုရားလို ကိုးကွယ်အားထား[/b] တဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ကိုယ်စား တောင်းဆိုအပ်ပါတယ် . . .

ှဲKaung said...

ကဲ သက်ဆိုင်ရာရေ..
ကြည့်လုပ်ကြဦး ခင်ဗျားတို့ လဲ အလိုတူ အလိုပါ မဟုတ်ရင် ရှင်းပေးကြဦး

koko said...

ကိစွတစ်ခုပေါ်ပေါက်လာရင်(မှန်တယ် /မှားတယ်)ဆိုတာ ၇ှိတယ် ဒါပေမဲ့ စစစ နဲပိုရင်းနှိးလို့ ခင်မင်လို့ဆိုပြီး မှန်ယင်လဲ (အမြင်ကတ်ပုဒ်မနဲ)စွဲတတ်တဲ့ဓလေ့ရှိနေတယ် လို့ ကျတော်ပြောချင်တယ် စစစ နဲပိုခင်မင်ရင်းနှီးလို့ (မနာလိုသူတွေ )က ဂျပန်နဲယူထားတဲ့ မနန်းဝိုဖန်ကိုစစ်တာလား ။ဘာစွပ်စွဲစရာအရာမတွေ့သေးပဲနဲ (အပြစ်တစ်ခု မသေချာသေးပဲနဲ ဘာကြောင့်စကားပြောမရတော့တာလဲ ။ဘာကြောင့်လူတစ်ယောက်ရဲလွှတ်လပ်ခွင့်ကို ပိတ်ပင်ရတာလဲ ။စွဲချက်တင်လို့ရတဲ့အထိ ကို အပြစ်ရှိနေပြီလား ။အိမ်ခြ့မြေ အရောင်းအ၀ယ်လုပ်တာ အပြစ်ရှိသလား မှုယစ်ဆေးဝါး လုပ်တာမှမပာုတ်တာ ဘာကြောင့် စစ်ဆေးတာလဲ ။မနာလိုသူတွေက စစစ ရဲသူယ်ေချင်းလား မိတ်ဆွေကခိုင်းလို့စစစ ကလုပ်ရတာလား ။မီဒိယာတွေမေးယင်လိုက်ယင် အန္တှရာယ်၇ှိမယ်လို့ပြောတာ ဘာစကားလဲ ။ဘာဥပဒေနဲပြောတာလဲ ။စစစ ဌာနက မင်းမဲ့နေပြီလား ။စစစ ဆိုတာနဲ သေချာပေါက်ထောင်ကျ၇မလား ။စစစ စစ်တာနဲ ထောင်ဂွင်စင် လိုက်ပြီလား ။ရှိပါတယ် ။အများကြီးပါ စစစ ဆိုတာနဲကြောက်ပြီးရှေ့နေတောင် သိပ်မေးမြန်းမထူးရဲဘူး ၊မနာလိုသူတွေက လုပ်ခိုင်းတိုင်းလုပ် တိုင်စာ လိုလိုဘ့ာလိုလိုနဲ မသေချာပဲနဲတို်င်စာတင်ယင်လဲ စစ်ဆေးလို့ (ကို်ယ်ရေးကိုယ်တာကြောင့်ဆိုယင် ) (မမှန်ကန်ဘူးဆိုယင် ) တိုင်စာပို့သူကို ထိရောက်စွာအရေးယူပေး၇မယ်လေ ။ ခုတော့ တိုင်စာပစ်သူတွေ မမှန်ကန်ယင် လဲ စစစ က လိုက်လုပ်တယ်ဆိုယင် ။အဲဒါဘာအဓိပါယ်လဲ ။ဘာနိုင်ငံလဲ ဘာဥပဒေလဲ လုံးဝ ကိုနားမလည်းဘူး ။ သူယ်ေချင်းကိုပြောလိုက်ယင် အဲဒါမြန်မာပြည်လေ တဲ့ဗျာ ရေလည်အောက်တယ်ကွာ ။ မှန်ရက်နဲ လဲ စစစ စစ်ယင် ခံ၇မယ်ပာုတ်လား မမှန်ခဲ့ယင်စစစ ကိုတရားပြန်စွဲမယ် ရလား ။ ဒါကြောင့် တိုင်စာပစ်သူကို မပာုတ်ခဲ့ယင် တိုင်စာပစ်သူကို တရားပြန်စွဲနိုင်၇မယ် ။စစစက တရားလို့ လုပ်ပြီးစွဲ၇မယ်။

jaithein said...

ko pwa စကားကိုသေသေချာချာစဉ်းစားပြီးပြောစေချင်ပါတယ်
ခင်ဗျားရှမ်းပြည်ဘယ်နှစ်ခေါ်က်ရောက်ဘူးသလဲ...ဘယ်လောက်
ကြာကြာနေဘူးသလဲ...ရှမ်းပြည်နယ်နေ ပြည်သူတွေ ဘယ်လိုအကြောက်တရားနဲ့ ဘယ်လိုအနိမ်ခံနေရတယ်ဆိုတာအရင်လေ့လာပြီးမှပြောရင်ကောင်းမယ်ထင်တယ်...ကျနော်ရှမ်းတစ်ယောက်ပါ...

jaithein said...

ko pwa စကားကိုသေသေချာချာစဉ်းစားပြီးပြောစေချင်ပါတယ်
ခင်ဗျားရှမ်းပြည်ဘယ်နှစ်ခေါ်က်ရောက်ဘူးသလဲ...ဘယ်လောက်
ကြာကြာနေဘူးသလဲ...ရှမ်းပြည်နယ်နေ ပြည်သူတွေ ဘယ်လိုအကြောက်တရားနဲ့ ဘယ်လိုအနိမ်ခံနေရတယ်ဆိုတာအရင်လေ့လာပြီးမှပြောရင်ကောင်းမယ်ထင်တယ်...ကျနော်ရှမ်းတစ်ယောက်ပါ...

Anonymous said...

အခု ဒီမိုကရေစီ နိုင်ငံသစ်မှာ စစစ မကလို့ ရဲ ပဲ ဖြစ်ဖြစ် ဘာကိုမှ ကိုယ်ထင်ရာဆိုင်းပြီး လုပ်လို့ မရတော့ဘူး ဖြဲခြောက်လို့ မရတော့ဘူးနော် နံရံတိုင်းမှာ နားရှိတယ် မဟုတ်တာ မမှန်တာ ဖြစ်လာလို့ ကတော့ ဟစ်တိုင်ဆိုတဲ့ internet က မိနစ်ပိုင်းအတွင်းရောက်လာပြီး တစ်ကမ္ဘာလုံးကို သတင်းပေးနေတယ်ဆိုတာ အားလုံးသိထားဖို့ လိုတယ် ပြည်သူတွေလဲ အမှန်တရားကို ရဲရဲ ရင်ဆိုင် ရဲတဲ့ သတ္တိကို ဒီမိုကရေစီ စံနစ်သစ်မှာ မွေးထုတ် အသုံးချနိုင်ကြပါစေ . . စစ်အစိုးရရဲ့ ဖိနှိပ်မှု့ ကြောင့် ကြောက်တတ်တဲ့စိတ်တွေဒီအချိန်မှာ စွန့်ပစ်ဖို့ အချိန်ကျပါပြီ . . .အခုကိစ္စကလည်း ကြောက်တတ်တဲ့စိတ်ကို အနိုင်ယူပြီး အာဏာကို အလွဲသုံးစားလုပ်ခဲ့တာပါ . . ငွေကို မြင်လို့ တရားလိုက တရားခံဖြစ်အောင် ဖန်တီးလိုက်ပုံကတော့ စစစ ပီသပါပေတယ် . . .

sitmonelu said...

ဘယ်သူနဲ့ယူယူ မဝေဖန်သင့်ပါဘူး။ကိုယ့်တိုင်းပြည်ကကောင်မလေးကိုချစ်လို့ ကောင်မလေးနာမည်နဲ့ အမှန်တကယ်ဝယ်ပေးထားတာ ဘာပြောစရာလိုလဲ။။စစစ ကကောင်တွေကိုက စောက်ကျင့်မကောင်းတာ။ဘယ်ကငွေဝင်မလဲ ဂွင်ဆင်နေတာ၊။စစ်တာကိုက လူကို သေအောင်လုပ်ပြီးစစ်တာ။လူမသေရင် စိတ်ဓါတ်ကို သေအောင်၊အကြောက်တရားရအောင် နှိပသက်တာဗျ..

soecyclone said...

ပြီးခဲ့တဲ့တစ်ခါတုန်းကလည်း ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ ဂျပန်မလေးတစ်ယောက်ကို ကျောက်ပန်းတောင်းသားကမုဒိမ်းကျင့်လိုက်တယ်၊အကျင့်ခံရသူဂျပန်မလေးသေဆုံးသွားခဲ့တယ်၊အဲဒီတုန်းကလည်းဂျပန်နဲ့ဆက်ဆံရေးတော်တော်ကိုထိခိုက်ခဲ့ရတယ်လေ၊အခုလည်းလာပြန်ပြီ!ဂျပန်နဲ့ပတ်သက်နေတယ်လေ၊ကျုပ်တို့မြန်မာနိုင်ငံရဲ့လုပ်ဆောင်ချက်တွေကတော့အင်မတန်မှရှက်စရာကောင်းနေပြီ၊အခုလိုဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လမ်းနေတဲ့အချိန်မျိုးမှာဒါမျိုးတွေကခါးသီးစရာကောင်းလှပါတယ်၊မြန်မာနိုင်ငံရဲ့
ဥပဒေကဘယ်လိုမှကိုနားလည်လို့မရပါဘူး၊အခုဒီလိုဆိုရင်!ပြီးရင်ဟိုလိုဖြစ်
လိုက်နဲ့၊သူတို့ပြောင်းချင်သလိုပြောင်းလို့ရနေတယ်လေ၊(စ.စ.စ.)ဆိုပေမယ့်ဒီကိစ္စကိုဘယ်သူကဦးဆောင်ပြီးတော့စစ်ဆေးခိုင်းတာလဲ?မသင်္ကာလို့
စစ်ဆေးတာကိုတော့စစ်ဆေးခွင့်ရှိပါတယ်၊ဒါပေမယ့်ထောက်အထားမခိုင်လုံ
ပဲနဲ့တော့စာရွက်စာတမ်းတွေကိုတော့သိမ်းပိုင်ခွင့်မရှိပါဘူး၊မြန်မာစကားမကျွမ်း
ကျင်တဲ့လူကိုဒီအတိုင်းမေးလို့ကောဘယ်ရနိုင်ပါ့မလဲ၊စကားပြန်တစ်ယောက်
တော့မဖြစ်မနေပါရပါမယ်၊အဲဒါကိုက(စ.စ.စ.)ဘက်ကအခွင့်အရေးတစ်
ချက်ယူတာပါ၊အင်း!မြန်မာကဂျပန်နဲ့တော်တော်ကိုရေစက်ပါနေပါ့လား!
သူများတစ်ဖက်သားကိုဒီလောက်ထိစစ်ဆေးစရာမလိုပါ၊တစ်ပါးသူပိုင်ပစ္စည်း
ကိုဓားပြတိုက်ခြင်းနှင့်တူနေပါသည်၊ဒေါ်စုပြောသောစကားကိုပြောရပါအုံးမည်
"ရှိမှန်းတောင်မသိရတဲ့အစိုးရဟာကောင်းဆုံးပါ"ဟုပြောဖူးပါသည်၊သို့ပေမယ့်
ယခုအစိုးရကတော့ရှိမှန်းတောင်သိလွန်းနေပါသည်။အဘယ့်ကြောင့်ဆိုသော်
မျို၊ဆို့ နေတာကများသောကြောင့်ဖြစ်ပါတယ်၊ဟုတ်ကဲ့!မြန်မာနိုင်ငံတော်ကြီး
ကအင်မတန်မှတိုးတက်ပါအုံးမည်၊တစ်ခြားသောနိုင်ငံများထက်နှစ်၅၀လောက်
ကိုရှေ့ရောက်နေပါပြီ၊မြန်မာနိုင်ငံမှထုတ်လုပ်သော တီဗီ၊ကား၊ဟမ်းဖုန်း၊
စစ်လက်နက်၊လေယာဉ် အစရှိသဖြင့်(Made in Myanmar)ပစ္စည်းများ
များလည်းနိုင်ငံခြားသို့နေ့စဉ်နဲ့အမျှပို့ပေးနေရပါသည်၊အဓိကတရုတ်နိုင်ငံသို့
တင်ပို့နေရပါသည်၊မြန်မာနိုင်ငံသည်အစစအရာရာကောင်းမွန်နေပါသည်၊
စင်္ကာပူနိုင်ငံကတောင်လာရောက်အတုခိုးနေရပါသည်။ထို့ကြောင့်သမ္မတကြီး
နှင့်တကွအထက်လူကြီးများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိလှပါသည်ဟု
ပြည်သူပြည်သားများအားလုံးကိုယ်စားပြောကြားအပ်ပါသည်။
ပုံ>သီဟသန်းရွှေသိန်းစိန်စိုင်းမောက်ဇော်ဇော်မြင့်ဦး

Yanchin said...

စစစ ဘာလဲဆိုတာ အားလုံးသိပြီးသားဖြစ်လို့ မပြောလိုတော့ပါဘူး။ ဒါပေမဲ့ ဂျပန်လူမျိုးတစ်ယောက်က ၁၉နှစ်အရွယ် ရှမ်းအမျိုးသမီးငယ်တစ်ယောက်ကို ယူထားပြီး ဘာဖြစ်လို့ မြေကွက် ၂၇ကွက်၊ ၂၈ကွက်လောက်ဝယ်ပေးထားရတာလဲ။ သိပ်ချစ်လွန်းလို့လား။ သိပ်ချစ်လွန်းလို့ဆိုရင်လည်း ဂျပန်ကို ခေါ်မထားနိုင်ဘူးလား။ စာဖတ်တဲ့ပုဂ္ဂိုလ်များကို တစ်ခုလောက်မေးချင်ပါတယ်။ ကိုယ်ကလည်း သိပါချမ်းသာမယ်။ ကိုယ့်ဇနီးကိုလည်း သိပ်ချစ်တယ်ဆိုရင် မြေကွက်တွေ ဒီလောက်အများကြီးဝယ်ပေးမလား၊ အဆင့်မြင့်မြင့်အိမ်နဲ့ သိန်း၃သောင်း၊ ၄သောင်း တန်တစ်ကွက်လောက်ဝယ်ပေးပြီး တင့်တောင့်တင့်တယ်ထားချင်မလား။
အခုကိစ္စက စီးပွါးရေးကိစ္စလို့ထင်ပါတယ်။ လူတစ်ယောက်ထဲနံမည်နဲ့ မြေ ၂၇ကွက်လောက်ပိုင်ပြီဆိုရင်တော့ (ဘာ BACKING မှမရှိ၇ရင်ပေါ့လေ) အစစ်ခံရတော့မှာပါဘဲ။ ဘယ်လိုစစ်သင့်သလဲ၊ ဘယ်လိုစစ်သလဲ ဆိုတာကတော့ . . . . . အဖြေမရမချင်း စစ်မှာပါဘဲ။
ဂျပန်က မလည်မ၀ယ် မြန်မာစကားမရေလည်တဲ့ ရိုးသားတဲ့ ရှမ်းအမျိုးသမီးငယ်တစ်ယောက်ကို ရွေးခဲ့တာ သူ့အမှားဘဲလို့ထင်ပါတယ်။ စီးပွါးရေးလုပ်မယ်ဆိုရင် ဂျင်လိုလည်တဲ့ အမျိုးသမီးမျိုးရွေးရမှာပါ။ သူ့ကို ဖြတ်ခုတ်သွားမှာလည်း ကြောက်တယ်လို့ ထင်ပါတယ်။

koko said...

စစစ က အကြောင်းတစ်ခုမရှိယင် မစစ်ဆေးဘူး ဆိုတဲ့စကား မှန်တာပေါ့ ။တိုင်တဲ့သူတွေက တစ်ချိုများသောအားဖြင့်က သူများ ကောင်းစားတာကို မနာလို နေတဲ့စိတ်နဲတိုင်ယင်လဲ စစ်တာပဲမပာုတ်လား ။ ကိစွပေါ်မှုတည်ပြီး မှားတယ်မှန်တယ်ဆိုတာကိုအယင်ဝေခွဲသင့်တယ် ။မနာလိုသူတွေတိုင်တိုင်း တရားခံမပာုတ်သေးဘူးလေ ။တရာခံလို့စစ်ဆေးလို့ပဲ သေနေတာ များနေပြီးနော်။ ကျေနပ်လို့ နိုင်ငံခြားသားကိုယူတာ ဘာအပြစ်ရှိလို့လဲ ။ကိုယ်ငွေရှိလို့အိမ်ခြ့မြေလုပ်တာ ဘာအပြစ်ရှိလဲ ။ကြိုးစားလို့ချမ်းသလာတာလဲ အပြစ်လား ။ မြန်မာပြည်က မနာလိုသူနဲမတရားတိုင်ချင်တိုင်းတိုင်စာသင်သူကိုလဲ ထိရောက်စွာအရေးယူပေးမှ ရတယ် ဒါမှ မပာုတ်တာကို မလုပ်မပြောရဲမှာပေါ့ နိုင်ငံတော်ကို အနောက်ယုက်ပေးနေတာ အဲဒိ အရင်းမြစ်မ၇ှိတဲံမနာလိုသူတိုင်စာတွေပေါ့ဗျာ ။

myo said...

yanchin ဂျပန်လူမျိုးတစ်ယောက်က သူ့ ဖာသာသူ စေတနာ ရှိရှိလို့ဘဲဖြစ်ဖြစ်
စီးပွားရေး လုပ်ချင်လို့ဘဲဖြစ်ဇြစ် ဒါသူတို့အချင်းချင်းနားလည်မူ နဲ့ လုပ်ထားတာ ဘဲ ဒီလောက်အထိဖြစ်စရာလိုလား မြန်မာနိုင်ငံမှာ ဂျပန်တွေ
ဒီနိုင်ငံက လူတွေနာမည်သုံးပြီး စီးပွားရေးလုပ်နေကြတာ အများကြီးဒါမဆန်းပါဘူး ဒါနဲ့မင်းက စစစ နဲ့ဘာ တော်လဲ ဆွေမျိုးတွေလား

ပွကြီး said...

Yanchin ပြောတာကို လက်ခံပါတယ်။ သေဆုံးသူအတွက် နှမသားချင်း စာနာမိပါတယ်။ ဒါပေမယ့် ဇာတ်ရှုပ်လို့ထင်ပါတယ်။ ကွန်မန့်ရေးသူများကတော့ ထုံးစံအတိုင်း ဆဲလိုက်ကြမယ် ကောင်းကောင်း ဆိုသလိုပါပဲ။ လူမျိုးရေးသပ်လျှိုမှုကလဲ မပါမဖြစ် ထုံးစံအတိုင်းပေါ့။ သူ့ဇာတ်သူမနိုင်လို့ သူ့ဖာသာပဲ ဇာတ်သိမ်းတာလား။ အားနည်းလို့ ပြုတ်ကြသလားဆိုတာတော့ ကာယကံရှင်ပဲ သိနိုင်တော့မယ်။ ထစ်ခနဲရှိ တာဝန်ရှိသူတွေကိုဆဲတတ်ကြတာ နောက်ကို မြန်မာနိုင်ငံ၏ ဓလေ့ထုံးတမ်းများ စာအုပ်မှာတောင် ထည့်ရမယ့်ပုံပါ။ စစစ ကစစ်တယ်ဆိုကထဲကတော့ အမှုပေါ်အောင် စစ်ရမှာပဲလေ။ မိန်းမ ယောကျာင်္း တိုင်းရင်းသား ဘာသာခြား ဘာဆိုဘာမှ ရွေးမယ်မထင်ပါ။ သူတို့လဲ သူတို့အလုပ်လုပ်တာပါပဲ။ ဘာ့ကြောင့်စစ်တယ်ဆိုတာကို ပေါ်လွင်အောင် ဘယ်သူကမှလဲ မရေးကြပါဘူး။ ရှေ့နေဆိုတဲ့ အမျိုးသမီးကလဲ ခုမှအသံကောင်းဟစ်နေတာပါ။ သူပြောတာတွေက သေချာရေရာမှုဘာမှမရှိဘူး။ အမှုမှန်ပေါ်ဖို့ထက် အစွန်းထွက် ပြသနာသိပ်ကြီးသွားစေလောက်တဲ့စကားတွေချည်းပဲ။ တခုတော့ရှိတယ်။ သိပ်ရိုးသားတဲ့ မိန်းကလေးလေးက ၁၆နှစ်နဲ့တော့ ယောကျာင်္းမယူတတ်ကြဘူး။ မိဘရင်ငွေ့ ခိုလှုံလို့ အကောင်းဆုံးအရွယ် ၁၀တန်းကျောင်းသူ အရွယ်နဲ့ ယောကျာင်္းယူထားတာတစ်ချက်တော့ တွေးကြည့်ကြဦးပေါ့ဗျာ။

ko pwa said...

ကျွန်တော်ပြောတာက စစစ အစစ်ခံရရင် မြန်မာ၊ ရှမ်းမရွေးဘူး ပယ်ပယ်နယ်နယ်စစ်တယ် လို့ပြောတာပါ. နိုင်ငံခြားသား က ရှမ်း၊ ဗမာ ခွဲမပြောသင့်ဘူးလို့ ပြောတာပါ. ကျွန်တော်ပြောထားတဲ့ အထဲမှာလဲ မှားတာ မပါပါဘူးဗျ

yarzar said...

ဂျပန်ကစီးပွားရေးအရပဲဝယ်ထားထားဘာကြောင့်ဝယ်ထားထားသူ့ပိုက်ဆံနဲ့သူမိန်းမနံမယ်နဲ့တရားဝင်ဝယ်ထားတာပါ
.နိုင်ငံတော်ပိုင်ငွေတွေကိုအလွဲသုးံစားလုပ်ထားတာမဟုတ်ပါ
ဘူးစသုံးလုးံကသိပ်စစ်ချင်ရင်ဘယ်ကရမှန်းမသိ
တဲ့ငွေတွေနဲ့သိန်းသောင်းပေါင်းများစွာတန်တဲ့အိမ်ခြံတွေ
ပိုင်နေတဲ့အကောင်ကြီးကြီးတွေတရုတ်တွေကိုသွားစစ်ပါလား
.ခုအမှုကကောင်မလေးကြောက်တတ်မှန်းသိလို့
တရားလိုကနေတရားခံဖြစ်အောင်ခြိမ်းခြောက်ပြီးသူတို့အတွက်
ဂွင်ရှာတာပါ.တရားခံလို့မပြောနိုင်သေးတဲ့လူတယောက်ကိုနေ့
မအိပ်ညမအိပ်စိတ်ဖိစီးမှုဖြစ်အောင်လုပ်ပြီးစစ်တာလူ့အခွင့်အ
ရေးချိုးဖေါက်တာပါ.ဒီလိုစိတ်ဓါတ်တွေနဲ့ဒီမိုကရေစီတော်တော်
ဝေးပါသေးတယ်.အမှုမှန်မပေါ်ပေါ်အောင်ဆက်လိုက်စေချင်ပါတယ်.ဒါမှနောက်ပိုင်းအဲဒိလိုအနိုင်ကျင့်ခံရမှုတွေနည်းသွားမှာပါ
ကျမအထင်ကောင်မလေးစိတ်ဖိစီးမှုဒဏ်ကြောင့်ခုန်ချသွားတာ
ပါ..သူ့အနားမှာအစောင့်၂ယောက်အမြဲရှိတယ်ဆို.သူတို့ဘာ
လုပ်နေကြလဲ.နောက်သူတို့ငိုနေတယ်လို့လဲရှေ့နေမကပြောတ
ယ်.မတော်တဆပြုတ်ကျရင်ဘယ်သူမဆိုချက်ချင်းအောက်ကို
ဆင်းပြီးပြေးကြည့်မှာပဲ.ထိုင်ငိုနေမှာမဟုတ်ပါဘူး.လူသားချင်း
ကိုယ်ချင်းစာလို့အမှန်တရားပေါ်စေချင်လို့ဒီcommentကိုရေး
တာပါကျမကရှမ်းလူမျိုးမဟုတ်ပါဘူး.

lwannaymie said...

သူ့မိန်းမကိုချစ်လို့ဘဲဖြစ်ဖြစ်...စီးပွားရေးလုပ်ခြင်လို့ဘဲဖြစ်ဖြစ်..မြေဝယ်တာဘာဖြစ်လဲ။....အကယ်၍ဖြစ်တယ်ဆိုရင်...လိုင်စင်မဲ့ကားနှစ်ဆယ်ကျော်ရှိတဲ့၊သစ်ခိုးထုတ်တဲ့၊မြေအဓမ္မသိမ်းတဲ့၊...သူခိုး၊ဒမြတွေကိုတော့(စစစ)ကမမြင်ဘူးပေါ့။ငါ့သူငယ်ချင်း၊သူခိုးတောင်...မြေကြီးဘဲ...သိန်း-တစ်သောင်းကျော်ပိုင်နေပြီ၊ စာရင်းဆိုတာဘာလဲတဲ့...(မြန်မာပြည်ကအေးဆေးပါကွာ၊မင်းလဲသိနေတာဘဲ)...တဲ့။
ဂျပန်ဇနီးမောင်နှံအတွက်...တကယ်စိတ်မကောင်းဖြစ်မိပါတယ်။

Aung San Win said...

အခုကိစ္စမှာ ရှမ်းမလေး မှားနေပါသည်လို့ သဘောထားပေးပါ့မယ်။ အဲဒီလိုမှားနေတာပဲ ရက်ကြာကြာစစ်ရသလား။ မအိပ်မနေစစ်ရသလား။ တရားရုံးမှာ လူသိရှင်ကြားစစ်လို့မရဘူးလား။ ရက်ချိန်းပေးပြီး တရားခွင်မှာ မစစ်ရဲဘူးလား။ အခု ဒီလိုဖြစ်သွားတော့ အဲဒီ စစစ ကို ဘယ်သူတွေက တရားစွဲလို့ရသလဲ။ ဥပဒေ အထက်မှာ ဘယ်သူတွေရှိသလဲ။ ဒီလိုနဲ့ အသက်တွေဆုံရှုံးသွားတဲ့လူတွေကိုရော အဲဒီ စစစ က အစဉ်အဆက် တာဝန်ယူဘူးသလား။ တကယ်လို့ဒီကိစ္စသာ သူတို့မှန်ရင် တရားဝင် စစ်ဆေး သင့်တယ်။ တရားစွဲဆိုခွင့် လည်းပေးရမယ်။ ဘယ်တရားရုံးက လက်ခံမလဲ ဒီအမှုကို . . . . . . အော် ဒီအမျိုးကရေစီ ပါကွာ သူတို့အတွက်ပဲကြည့်တာလား? သမ္မတရော ဘာလုပ်မလဲ- သိတောင်သိမှာမဟုတ်ဘူး။ ဒီလိုပါပဲ ဒုသမ္မတ တွေရော။ ရင်လေးပါတယ် အုပ်ချုပ်သူတို့ရယ် မမြင်တာလား? မမြင်ချင်ယောင်ဆောင်တာလား?

Anonymous said...

သူ ဂျပန်ကြီးနဲ့ဘယ်စကားနဲ့ပြောပါလိမ့်နော်...မြန်မာမိန်းကလေးတော်တော်များများလည်း လက်ကျောတင်းအောင် အလုပ်မလုပ်ပဲ Sponsor ပဲရှာနေကြတယ်နော် ခုတော့ Int'l Sponsor တောင်ရှာတတ်နေပြီနော်..စိတ်မကောင်းစရာပါပဲ..

Yeyint said...

ဟုတ်ပါတယ် မြန်မာနိုင်ငံသားတွေက တစ်ခုခုဖြစ်ရင် အတိတ်ကိုပြန်သွားပြီး
အားနဲချက်တွေကိုထောက်ပြတက်ပါတယ် စစစ ကလဲမသေချာပဲဒီအမှုကို ကိုင်
တွယ်တာမဖြစ်နိုင်ပါဘူး သေချာတဲ့ဇာတ်ရှုပ်တစ်ခုရှိကိုရှိနိုငပါတယ် ဒါကို အားလုံးနားလည်သင့်ပါတယ် အချိန်တန်ရင်အဖြေပေါ်မှာပါ

Anonymous said...

လုပ်ကြံမှုလား ? ပေါ.ဆမှုလား ? တိတိကျကျ ဖေါ်ထုတ်သင်.ပါတယ် ။

honey said...

ဒီနေရာမှာကျမအမှန်တ၇ားတွေကိုတင်ပြချင်တာပါ။
ကျမတို့မြန်မာပြည်ကစီအိုင်တီ..စစစတွေဟာ
အကျင့်ပျက်လာဘ်များများစားကြတဲ့သူတွေအဖြစ်
ရပ်တည်နေပါတယ်။ဝန်ထမ်းတိုင်းမဟုတ်ရင်တောင်
၁၀ယောက်မှာ၈လောက်ကအထက်ပါဖြစ်စဉ်အတိုင်းပါပဲ။
ကြောက်တက်တဲ့သူကိုဖြဲခြောက်တယ်။
ဖြစ်စဉ်တခုလေးကိုကြုံလို့တင်ပြလိုက်ပါတယ်။
ကျမတို့မိတ်ဆွေတဦးနိုင်ငံခြားသားကိုရီးယားတွေကိုအမည်ခံ
ပြီးcoလုပ်ငန်းတွေကိုလုပ်ကိုင်ပေးတယ်။
ကိုရီးယားတွေတယောက်နဲ့တယောက်ငွေလိမ်မှုဖြစ်ပေါ်တယ်။
မြန်မာပြည်မှာရှိနေတဲ့ကိုရီးယား၂ယောက်ကပူးပေါင်းပြီး
တောင်ကိုရီးယားနိုင်ငံကသူဌေးတွေဆီကငွေလိမ်တယ်။
၂ယောက်ထဲကတယောက်ကတော့ကိုရီးယားဆိုက်လူယုံ
မြန်မာအမည်ခံဘက်ကကျန်တယောက်ကမြန်မာနဲ့မိတ်ဆွေ
ကိုရီးယားလူယုံကမြန်မာအမည်ခံco.ကိုတ၇ားစွဲပြတယ်။
ကျန်တယောက်ကထွက်ပြေးတိမ်းရှောင်သွားတယ်။
မြန်မာဆိုက်ကငွေရေးကြေးေ၇းကိစ္စကို
ဘာမှအပေးယူလုပ်ထားခြင်းမရှိဘူး။
coကိုတရားစွဲတော့ရဲမှာအစစ်ခံလိုက်ပါတယ်။
အမှုတည်ဆောက်လို့မရတာနဲ့စီအိုင်တီကို
လူယုံကိုရီးယားကငွေပေးပြီးတရားစွဲတင်ခိုင်းတယ်။
တ၇ားရုံးကိုအမှုေ၇ာက်မှသူကိုယ်တိုင်လိမ်ထားတဲ့ကိစ္စ
မပေါ်ပေါက်အောင်ပေါ့။ဒါကိုမျိုးချစ်စီအိုင်တီကကျမမိတ်ဆွေကို
ခေါ်စစ်တယ်။ချိန်းခြောက်တယ်။
စစ်ဆေးရေးအခန်းမှာခေါ်ထားတယ်တနေကုန်ဆိုရင်ပဲ
ရင်တုန်ကြောက်နေတက်ပြီ။ဘာလို့လဲဆိုတော့မြန်မာပြည်၇ဲ့တ၇ား
ဥပဒေစိုးမိုးရေးဆိုတာမရှိသေးလို့ပဲ။အမှန်တရားရှိနေပါသော်လည်း
ငွေနောက်လိုက်အကျင့်ပျက်ရဲတွေကြောင့်တရားခံမစစ်ပဲ
တရားခံတွေဖြစ်ခဲ့ရလို့အကြောက်တ၇ားတွေကလွမ်းမိုးနေပြီ။
နောက်ဆုံးတော့အတွေ့ကြုံမရှိဘူးသူ..ရဲ..ရဲ့သွေးဆောင်သိမ်းသွံင်း
လီဆယ်မှုကြောင့်တ၇ားခံဖြစ်ခဲ့တယ်။စီးသွားတဲ့ကားကိုယူထားလိုက်တယ်။
ငွေသိန်း၅၀ယူလာခဲ့တဲ့။ငွေမပါရင်ကားပြန်မပေးဘူးတဲ့
။ကားဆိုတာလည်းဒီကိုရီးယားတွေနဲ့အလုပ်မလုပ်ခင်
ကတည်းက၀ယ်ထားတဲ့ကားကိုယူထားတာသဘာဝကျလား။
ဒါနဲ့သူ့ကမိတ်ဆွေတယောက်ဆီမှာငွေအတိုးနဲ့ချေးတယ်။
ကားကသိန်း၁၂၀လောက်တန်တယ်။
သူကငွေကိုအတိုးနဲ့ချေးပေးလိုက်တယ်။ငွေကိုညတွင်းချင်း
အင်းစိန်စီအိုင်တီမှာသွားပေးတော့
ရပ်ကွက်လူကြီးခေါ်ပြီးငွေသိန်းပေါင်း၅၉၆၀ထဲက
ပိုငွေသိန်း၅၀ဆိုပြီးလက်မှတ်လိမ်ထိုးခိုင်းတယ်။တ၇ားရုံးရောက်ရင်
ကျွန်တော်အမှုကလွတ်ဖို့ကူညီပေးမှာပါတဲ့။
ရဲကပြောတယ်ကျွန်တော်အမှုကိုတ၇ားရုံးမတင်၇င်
အထက်ကထောင်းမယ်တဲ့။ကျွန်တော့်ကိုကူညီပါတဲ့.
.ဒီအမှုကတ၇ားရုံးရောက်ရင်ပြီးသွားမှာပါတဲ့။
အမှုမှာငွေကိုဟွန်တီငွေနဲ့အပေးယူလုပ်နေတာတွေက
ထွက်ပြေးတိမ်းရှောင်တဲ့ကိုရီးယားနဲ့အမှုစွဲတဲ့ကိုရီးယား
၂ယောက်ရဲ့အပေးယူတွေကိုမြန်မာလက်မှတ်ပါလို့ငွေပေးလိုက်ပါတယ်တဲ့
လက်မှတ်ကိုစီအိုင်တီကစစ်တော့လည်းထင်မြင်ချက်မပေးနိုင်ပါတဲ့
ဒါကိုရအောင်အမှုစွဲတယ်။တကယ်ပဲလွယ်လွယ်နဲ့ပြီးမယ်ထင်ခဲ့တယ်။
ကိုယ်တိုင်ကမယူထားတော့ခရီးဝေးကနေလာပြီးဖြေရှင်းပေးခဲ့တယ်။
ကိုရီးယား၂ယောက်ကပေါင်းရိုက်သွားတဲ့ကိစ္စတယောက်ကိုရှောင်ခိုင်းပြီး
မြန်မာလူမျိုးကိုဓားစာခံလုပ်လိုက်တာကိုမြန်မာမျိုးချစ်ရဲတွေကလာဘ်စားပြီး
ကိုယ့်မြန်မာဘက်ကမကာကွယ်ပဲအမှုကိုတရားရုံးတင်လိုက်ပါတယ်။
နေထိုင်တဲ့အိမ်လည်းပျောက်..ဂုဏ်သိက္ခာပွန်းပဲ့ပြီးစီးပွါးရေးတွေလည်း
ဘာမှဆက်လက်လုပ်ကိုင်လို့မရအောင်ဘ၀ပျက်ခဲ့တယ်။
သူတို့ပြောတဲ့တ၇ားရုံေ၇ာက်ရင်ပြီးသွားမှာပါတဲ့..ကုန်လိုက်တဲ့ငွေတွေ
တောက်တောက်လဲ..ခုထိအမှုကိုနိုင်ငံခြားသားနဲ့ဖြစ်လို့အမှန်တရားကို
မဆုံးဖြတ်ရဲလို့ခရိုင်တက်တိုင်းတက်နဲ့အမှုကကြာနေပြီ။
မိသားစုဘ၀အများကြီးထိခိုက်သွားတာ
စီအိုင်တီရဲကိုယ်ချင်းမစာနာခဲ့လို့ပါ။သူကိုင်တိုင်လာဘ်မစားရင်လည်း
ရဲမှုးကြီးထံငွေနဲ့အတူအမှုရောက်သွားလို့က
ဒီအမှုကိုတရားရုံးမေ၇ာက်ေ၇ာက်အောင်တင်ဆိုရင်ပဲ
တော်ပါတယ်..ရဲတွေကရောက်အောင်တင်ပေးတက်တာ..
ရှင်းနေရတဲ့ကာယကံရှင်တယောက်ကျန်းမာေ၇းစီးပွါးေ၇းလူမှုရေး
မိသားစုဘ၀မျက်စိရှေ့အများကြီးထိခိုက်နစ်နာခဲ့ပါတယ်။
ခုလည်းအထက်ကနိုင်ငံခြားသားကိုအမည်ခံပြီးဝယ်ပေးလည်း
အဲ့လောက်ထိစစ်စရာမှမလိုတာထောက်လှမ်းရေးပညာသင်ထားရင်
အချိန်ယူပြီးအဲ့ဒီလူတယောက်ရဲ့လုပ်ဆောင်ချက်တွေကိုလိုက်ကြည့်
ကြပါလား။ရဲစခန်းထဲရောက်ရင်ကိုအ၇မ်းကြောက်မိသလိုပဲ...
တိုင်းရင်းသူဆိုတော့ပိုဆိုးပေါ့။သူတို့ကတော့ဘယ်သူ့ဖြစ်ဖြစ်
မညှာပါဘူး။သူ့စားဝတ်နေရေးအတွက်ဘယ်သူ့ယူယူ
အကြင်နာတရားနဲ့ကိုယ်ချင်းစာနာမှုရှိဖို့ကအဓိကပါ။
မြန်မာအချင်းချင်းလက်ထပ်ပြီးနှိပ်စက်ညှင်းပမ်းပြီးငွေမရှာပေးပဲ
ညဖက်ကလပ်တွေမှာမိန်းမကငွေရှာပေးရတဲ့မြန်မာယောကျာင်္းတွေလည်း
ရှိနေကြပါတယ်။ဒီလိုဆိုပိုပြီးအခံရခက်ပါတယ်
။မြန်မာအချင်းချင်းပိုပြီးလူစိတ်ရှိရမှာပေါ့။အိမ်ထောင်ဲပြုတယ်ဆိုတာ
လူမျိုးေ၇းဘာသာရေးနိုင်ငံရေးနဲ့မည်သို့မှမသက်ဆိုင်ဘူးဆိုတာ
ပညာတက်ရင်တွေးလို့ရပါတယ်။
ခုပြသာနာမျိုးတွေကိုနောက်ထပ်မဖြစ်အောင်
နိုင်ငံတော်အုပ်ချုပ်တဲ့အစိုးရမှာအများကြီးတာဝန်ရှိတယ်။
အောက်ခြေအထိအကုန်လုံးစိတ်ဓါတ်စနစ်ကိုယ်ချင်းစာတ၇ားတွေကို
သင်ကြားပေးသင့်တာမို့..နိုင်ငံတော်တိုးတက်ရေး
အမေစုရဲ့အကြံဥာဏ်တွေနဲ့သီကုံးပေးသင့်ပါပြီ။
နစ်နာမှုတွေလျော့ပါးရေးအမေစုကိုမဲပေးစို့...

pt said...

ကိုယ့်လူတို့....နယ်မြေသိမ်းပုံသိမ်းနည်းတွေကအမျိုးမျိုးရှိတယ်ဆိုတာကိုတော့ထည့်စဉ်းစားစေချင်တယ်ဗျာ....တစ်ချို့လုပ်ရပ်တွေက လွယ်မယောင်နဲ့ခက်တယ်ဗျ...ပြသနာရယ်လို့ဖြစ်လာရင်တော့၂ဖက်လုံးကိုသေသေချာချာမြင်အောင်ကြည့်သင့်တယ်ဗျာ...ဘာကိုရည်ရွယ်နေတာလဲကျုပ်တို့သေသေချာချာမှမသိပဲဗျ....ရှမ်းပြည်မှာလဲချမ်းသာတဲ့သူတွေဒုနဲ့ဒေးပါပဲဗျာ...ပြသနာမရှိရင်တော့ ပြသနာမရှိဘူးပေါ့....ရန်ကုန်မှာနေပီးနိုင်ငံခြားသားနဲ့ညားတဲ့တိုင်းရင်းသားတွေလဲ အများကြီးပါ....နောက်ကွယ်မှာသာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အေုကာင်းအရာတစ်ခုခုကတော့ရှိနေပြီလို့တော့ပြောရဲတယ်ဗျာ....သေချာတာကတော့သူတို့ပွင့်ပွင့်လင်းလင်းသေသေချာချာ အေုကာင်းအကျိုးညီညွတ်စွာ ရှင်းပြတာကိုတော့နားထောင်ဦးမှနဲ့တူတယ်...ရှင်းမပြလို့လဲရမှမရတော့တာဒီခေတ်မှာလေ

ထူးထူး said...

ဂျပန်ကြီးေ၇ စစ်ခိုင်းမနေနဲ့  မပေါ်ဘူး။ မှတ်မိကြသေးလားရန်ကုန်မြို့ က ၅လောင်းပြိုင်လူသတ်မှုလေ မြန်မာပြည်ကနံမည်ကြီးမိသားစုပါ ဘယ်လိုနံမည်ကြီးတာလဲဆိုရင် တော်တော်များများကြားဘူးကြလိမ့်မယ် ငွေကို "လေ" လိုသုံးသူဆိုတဲ့ ဦးမြမောင်ပါ(စာရေးဆရာ သော်တာဆွေရေး)ရဲ့မိသားစုပါ ချမ်းသာမှုကတော့မပြောတော့ပါဘူး သတ်ခံရတဲ့နေ့ က ခြံတခြံရောင်းလို့ စရံငွေ
သိန်း၄၀၀၀၊အိမ်ထဲကနေ ပျောက်သွှားတယ် လက်သည်မပေါ်ဘူး ခေတ်အဆက်ဆက် သိမ်းထားတဲ့ သန်းပေါင်းသိန်းပေါင်း များစွာတန်တဲ့ မိုးကုတ်ကျောက်တွေ ဝယ်ယူစုဆောင်းထားတဲ့စိန် အလုံးကြီးပေါင်းအမြောက်အများပျောက်ဆုံးမှုတွေ မြန်မာပြည်က ဘီလျံနာသူဌေး ရဲ့အမှုတောင် မပေါ်ခဲ့တာ ခင်ဗျားပိုင်ဆိုင်မှုကသေးသေးလေးမို့ လို့ မပေါ်လောက်ဘူး မြန်မာတိုင်းရင်းသူ ညီမအရွယ် သေဆုံးမှုကို ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းပါဘူး

Myanmar said...

ဒါကြောင့်ပြောတာပေါ့ဗျာ။ေ၇ှ့ကလူမိုက်က ကိုယ်ကျိုး၇ှာ ဥပဒေတွေကို အာဏာနဲ့ပြဌာန်း ဘေးက လူယုတ်မာ ကိုယ်ကျိုးသမား ပုလင်းတူဘူးဆို့တွေက အတည်ပြုပေးလိုက်တယ်။ မြန်မာပြည်၇ဲ့ ဥပဒေမြောင်းထဲကိုပစ်ချပီး မီး၇ှို့သွားတဲ့ တ၇ားခံကြီး သက်၇ှိထင်၇ှား ၇ှိနေသေးတယ်ဟေ့..........။ ။

မန်းလေးသား said...

ကျွန်တော်က ဗမာတိုင်းရင်းသား တစ်ယောက်ပါ..သေသွားတဲ့ရှမ်မလေးအတွက် စိတ်မကောင်းပါဘူး.... ဒီအမူ့မှာ ၁-တရားလိုက တရားခံပုံစံမျိုးဖြစ်ရတယ်.. ၂-နန်းဂိုဖန်ရဲ့ အိမ်ခြံမြေကိစ္စဆောင်ရွက်နေတဲ့အဖွဲ့က အိမ်ခြံတွေဝယ်တဲ့ငွေဟာ ဘယ်ကရတဲ့ငွေဆိုတာ မစုံစမ်းခဲ့ဘူးလား.. ၃-မစုံစမ်းခဲ့ဘူးဆိုရင် သူတို့အလုပ်တွက် ( နန်းဂိုဖန်အတွက် ) ၁၀၀% တာဝန်မယူနိုင်လို့ပေါ့ ... ၄-စုံစမ်းခဲ့တယ်ဆိုရင် အိမ်ခြံကိစ္စအဝဝ အတွက်တာဝန်ယူနိုင်ရမှာပေါ့ ဥပမာ-ဝင်ငွေခွန်..... ၅-မအိအိအောင် ပြောသွားတဲ့အထဲမှာ ကို..... ကိုအလွဲသုံးစားမူ့နဲ့ တရားစွဲဖို့ပြင်နေတယ်လို့ပြောခဲ့တယ်..အခုအဲဒီလူဘယ်ရောက်နေလဲ... ၆-စစစ အဖွဲ့ကရော ဘာကြောင့် နန်းဂိုဖန်ကိုပဲ တရားမဝင်စစ်ဆေးခဲ့တာလဲ.... ၇-မနန်းဂိုဖန် နဲ့ ဂျပန်အမျိုးသား တို့ဟာအကြင်လင်မယား ဖြစ်တာတောင် ၃ နှစ်ရှိနေပြီး မိန်းမကိုဂျပန်နိုင်ငံသားအဖြစ် မခံခိုင်းတာလဲ.... မနန်းဂိုဖန်ကိုအရမ်းမေတ္တာ ရှိတယ်ဆိုရင် သူကဘာလို့မြန်မာနိုင်ငံသားမခံယူတာလဲ... ဒါတွေဟာကျွန်တော်တွေးမိတဲ့ အခြေခံအချက်တွေပါ..ဒီဖြစ်စဉ်မှာ မပါဝင်တဲ့ အခြားကိစ္စတစ်ခုရှိလိမ့်ပါဦးမယ်... ညီမလေးမနန်းဂိုဖန် ကောင်းရာသုဂတိလားပါစေ... ဒီအမှူ့လည်းအမြန်ဆုံး အမှန်ကန်ပေါ်ပေါက်ပါစေ.... တိုင်းရင်းသားညီအကိုမောင်နှမအချင်းချင်း စိတ်ဝမ်းမကွဲဘဲ အာဏာရှင်စံနစ်ဆိုးကြီးကနေ လွတ်မြောက်အောင်ဆောင်ရွက်ကြပါစို့.....

ko htoo said...

ဒီအမှုမှာ စသုံးလုံးဘက်က မရိုးသားတာတွေ သတိထားမိပါတယ်။
(၁) စသုံးလုံးနဲ့ စီအိုင်ဒီဆိုတာ အထက်ညွှန်ကြားချက်မရှိဘဲ အမှုတစ်ခုကို လာတိုင်တာနဲ့ အမှုလက်ခံလို့ မရပါဘူး။
(၂) တကယ်လို့ အထက်ကညွှန်ကြားတာဆို ဘာဖြစ်လို့ အိမ်ကိုလာမဖမ်းသလဲ၊ ဘာဖြစ်လို့ချုပ်ရီမန် မယူသလဲ စဉ်းစားစရာပါ။
(၃) တစ်ရက်ကို နှစ်နာရီ အစောင့်အရှောက်နဲ့ အိမ်ပြန်ခွင့်ပြုတယ်ဆိုတာ ချုပ်ရီမန်မရှိလို့ ၂၄ နာရီမကျော်အောင် ဝိနည်းလွတ်လုပ်တာပါ။
(၄) တရားခံမဟုတ်လို့ရီမန်မယူတာဆိုရင် ဘာဖြစ်လို့ တရားခံလို နေ့ညမနားစစ်သလဲ စဉ်းစားမရပါ။
(၅) လမ်းကြောင်းအမှန်က နစ်နာသူက ( နိုင်ငံတော်မဟုတ်ခဲ့ရင်) ရဲစခန်းမှာတိုင်ချက်ဖွင့်ရပါမယ်။ ရဲကအရေးမယူရင်၊ အရေးယူတာအားနည်းရင် အထက်အဆင့်ဆင့်ကို တိုင်စာပို့ရပါမယ်။ အထက်အဆင့်က သင့်တော်မဲ့အဖွဲ့အစည်းတစ်ခုခု(စသုံးလုံး၊ စီအိုင်ဒီ၊ သတင်းတပ်ဖွဲ့ စသည်)ကို အရေးယူဆောင်ရွက်ဖို့ အမိန့်ပေးရပါမယ်။ ဒီတာဝန်ပေးခံရတဲ့ အဖွဲ့အစည်းအနေနဲ့လဲ အရေးကြီးအမှုတစ်ခုအဖြစ် အမှုမှန်ပေါ်အောင် ကျိုးစားပန်းစား ဆောင်ရွက်ကြရပါတယ်။
(၆) ဒီဖြစ်ရပ်မှာတော့ ဘောင်ကျော်တာတွေ၊ ဝိနည်းလွတ် လှည့်ပတ်တာတွေ၊ ကရော်ကမည်ပြုမူဆောင်ရွက်တာတွေ အများကြီးတွေ့ရပါတယ်။
(၇) အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အထက်အဆင့်ရဲ့ ညွှန်ကြားချက်မဟုတ်ဘဲ အောက်ခြေအဆင့်ဝန်ထမ်းတွေပူးပေါင်းပြီး၊ ရိုက်စားခွင်တစ်ခုအနေနဲ့ ( သေဆုံးသူအနေနဲ့ ဥပဒေဘောင်ကျော်တာတွေ၊ မလွတ်ကင်းတာတွေ ရှိကောင်းရှိနိုင်တာကိုး) ခြိမ်းချောက်ငွေညှစ်ရာက အကုသိုလ်ဝင်သွားခြင်းသာ ဖြစ်နိုင်ကြောင်းပါခင်ဗျား။

Cho said...

စစစ နဲ့ ရဲ တွေရဲ့ သောက်ကျင့်မကောင်းတာကတော့ လက်လန်တယ်.။ဟိုတလောက ပြစ်မှုပေါင်း များစွာနဲ့ အဖမ်းခဲရတဲ့ ပဲမြစ်နဲ့ ပဲမြစ်ရဲ့ လိုင်စင်မဲ့ကား ၆ စီးရယ်၊ လိုင်စင်မဲ့ ဆိုင်ကယ် ၈ စီးရယ်ဆိုတာလေ..။ အမယ်လေးး..ပဲမြစ်ရဲ့ဖိုးစိန်လမ်းက ခြံထဲမှာ လူရော၊ ကားတွေရော ဘာအနှောင်အဖွဲ့မှမရှိဘဲ ပြန်ရောက်နေတယ်တော့..။

Oo lay Gyi said...

နိုင်ငံခြားသားနဲ့ယူရင်တော့အဲံလောက်တော့စစ်ရမှာပဲ
သူကငွေတွေကိုင်ပြီးကစားနေတာကိုး
သူကစားလို့နစ်နာတဲ့လူတွေရှိတယ်.............
ချမ်းသာသွားတဲ့လူတွေရှိတယ်.............အားလုံးမြင်အောင်ကြည့်ကြပါ

micromyo said...

တူသောအကျိုးပေးပါစေ။

すみえさん(ဗန်းမော်သူရှမ်းမ)7。မေ.1986. said...

စစစ ရေ..ကျွန်မတို့လူမျိုး ရှမ်းမလေး ကို သေအောင် စစ်နိုင်တာ တော်လိုက်တာနော်..ရှမ်းမလေးက သူ့အမျိုးသားငွေနဲ့သူ့ဘာသာ ဘာဝယ်ဝယ်ပါ။သူတို့ ကိုယ်ပိုင်ငွေနဲ့ဝယ်တာပဲလေ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေ က ပြည်သူပိုင်ငွေတွေနဲ့ ၀ယ်နေတာတွေကိုလဲ စစ်ပေးလိုက်ကြပါ။ ဦးသန်းရွှေ ရယူခဲ့တဲ့ ပြည်သူပိုင်ငွေတွေ ပစ္စည်းတွေကိုလဲ လစာနဲ့ဝယ်တာလား လို့စစ်ပေးပါဦး။ သူတို့ လစာ တော်တော်ကောင်းခဲ့ပုံရပါတယ်။တို့ရှမ်းမကိုသေအောင်စစ်တဲ့ စစစရေ..ရှင်တို့အစွမ်းကို ပြည်သူတွေကိုပဲ ပြမနေကြပါနဲ့။
တကယ်အစွမ်းရှိရင် သူခိုးကြီးတွေ ကို ခုချက်ချင်း စစ်ပြစမ်းပါ။ဘာလို့ တို့ပြည်သူတွေကိုပဲ နှိပ်စက်နေတာလဲ စစစ
..စစစကိုထိလို့ နာတဲ့သူတွေ ကိုတော့ အံ့ပါရဲ့။ဘာစားပြီး ကြီးလာတာတုန်းအေ။

moe said...

စောအဲလဘတ်ဆိုတာ စီအိုင်ဒီကကလိမ်ကကျစ်အမှူပွဲစားတစ်ယောက်ပဲမအိအိအောင်နဲ့ရှေ့နေဦးသန်းညွန့်အဖွဲဆိုတာလဲရှေ့နေလောကမှာမဟုတ်တာအကုန်လုပ်တဲ့အဖွဲ့ဆိုတာသိနေတာပဲအဲဒီလိုလူမျိုးတွေနဲ့တွဲမိတဲ့မနန်းဝိုးဖန်းကလဲဘယ်လောက်အတိုင်းတာထိမှန်ကန်မှူရှိမလဲဗမာစကားမတက်ဖူးဆိုတာမဖြစ်နိုင်ပါဘူးဗျာသူတို့ဟာနဲ့သူတို့ပေါ်လွန်နေပါတယ်

myochitnanda said...

ပါးစပ်တွေ- လက်တွေ- ထက်လိုက်၊ သွက်လိုက်ကြတာ... အတွေးအခေါ်၊ ဗဟုသုတတွေ ထက်ဖို့ ၊နှံ့ ဖို့ ပဲ ကျန်တော့တယ်... ကိုယ်တိုင်လည်း ဘာမှရေရေရာရာမသိပဲ ရေးလိုက်ကြတာကတော့ တကယ့်မျိုးချစ်၊ အမှန်တရားဘက်တော်သားတွေစတိုင်လ် အပြည့်ပဲ... ကျန်တာတွေသိတာ၊မသိတာ အသာထား- စီအိုင်တီမှန်း- စီအိုင်ဒီမှန်းသေချာမသိတဲ့ လူတစ်ယောက် ပြောတဲ့သတင်း ဘယ်လောက်ယုံကြည်စိတ်ချရမှာလဲဗျာ... ဆိုလိုတာက ရေးချင်ရင်လည်း ချင့်ချင့်ချိန်ချိန်၊ မှန်မှန်ကန်ကန် အတိုင်းအဆလေးတွေနဲ့  ရေးကြပါ... ဒီအမှုမှာလည်း ခပ်ရိုင်းရိုင်းပြောရရင် ကိုယ့်အဖိုးအရွယ်တစ်ယောက်ကို ယူထားတဲ့ မိန်းကလေးရယ်၊ အဲဒါကိုမှ ကြည်ဖြူနိုင်တဲ့ အဲသည်မိန်းကလေးရဲ့  အသိုင်းအ၀ိုင်းရဲ့  စိတ်ထား၊ ခံယူချက်တွေကိုတော့ အံ့သြမိတယ်။ ဂျပန်အိုကြီးကရော- ဘာရည်ရွယ်ချက်- ဘယ်လိုအကြံတွေနဲ့  ကိုယ်မြေးလောက်ရှိတဲ့ မိန်းကလေးကို လက်ထပ်ရတာတုံး ? ကိုကို ဆိုတဲ့ လူနဲ့  ဒီမိန်းကလေးနဲ့ ကရော ဘယ်လိုပတ်သက်မှုတွေ ရှိနေသလဲ ? အတွေးအခေါ် ဗဟုသုတရှိသူတိုင်း သိကြပါတယ်... ၀င်တော့မရေးတော့ဖူးလို့  နေမလို့ ပါပဲ... အခုက ဂျပန်အိုကြီးဖက်က နာရတာနဲ့  "စစစ" ကိုပဲ နွှာချင်ရတာနဲ့ ၊ ဒီကြားထဲ လူမျိုးရေးတွေပါ စွဲထည့်လာကြသေး.. ရှမ်းရယ်၊ ဗမာရယ်မခွဲပါနဲ့ ... အာဏာကို ခုတုံးလုပ် နှိပ်စက်ခံနေရတာ ပြည်သူအားလုံး ခံနေရတာပါ... အစိုးရ၀န်ထမ်းအဖွဲ့ အစည်းတစ်ရပ်ရဲ့  လုပ်ငန်းဆောင်တာဆိုတာ အရမ်းကျယ်ပြန့် ပါတယ်... သက်ဆိုင်ရာ အဖွဲ့ အစည်းရဲ့  တာဝန်ရှိသူတွေ အာဏာကို အလွဲသုံးစားလုပ်တာ၊မလုပ်တာ တကန့် ပေါ့... ဒီအမှုမှာလည်း ဂျပန်အိုကြီးရဲ့  မရိုးသားမှုတွေကြောင့် အကျိုးဆက်အဖြစ် ဒီကောင်မလေး သေတဲ့အထိဖြစ်သွားရတာ မြင်ကြစမ်းပါ... တရုတ်တွေမြေ၀ယ်တာ ဘာမှမပြောပဲ ဒီဂျပန်ကြီးကို မှ ပြသနာရှာရသလား မလုပ်ပါနဲ့ ... ပြောပြီးသားပါ- တရုတ်က ဂေါင်ကို ဘယ်လိုကိုင်ထားတယ်ဆိုတာ... ဒါကြောင့် ခေတ်ပြောင်း၊ စနစ်ပြောင်းအောင် ဒီမိုကရေစီဘက်တော်သားတွေ ကြိုးစားပမ်းစား ဆောင်ရွက်နေကြတာပေါ့... တရုတ်ကို မနိုင်တာနဲ့  ဂျပန်ကိုလည်းလွှတ်၊ ကုလားကိုလည်းပေး၊ ထိုင်း ကိုလည်းကုန်း လုပ်နေရမှာလား ? စကားတွေ အလွယ်မပြောပါနဲ့ - မှတ်ချက်တွေ အလွယ်မပေးပါနဲ့ ... ဘာရေးရမှန်းမသိရင် ဘာမှမရေးတာ အကောင်းဆုံးပါပဲ... အနည်းဆုံးတော့ အင်္ဂလိပ်လိုပဲ ရေးရေး၊ မြန်မာလိုပဲရေးရေး စာလုံးပေါင်းလေးတွေတော့ မှန်စေချင်တယ်... စာလုံးပေါင်းတောင် မှန်အောင်မရေးတတ်ပဲ သူမှားအမှားတွေ လျှောက်ထောက်နေတာလောက် ရုပ်ပျက်လွန်းတာ မရှိဖူး ထင်တာပါပဲ...

pyaponthu said...

သေသွား တဲ့သူမအ တွက်တော့စိတ်မကောင်းပါဘူး။ဒါပေမဲ့ စစစ စစ်ပြီးဆို လူမျိုး မခွဲဘူး။ဘာပြုလို့လဲဆိုတော့ အသိတယောက် ဟာလည်း စစစ စစ်တာ မခံနိုင်လို့ သတ်သေသွားတယ်။ပိုဆိုးတာ က သတ်သေသွားတာ နောက်ပိုင်း ရင်းနှီးတဲ့သူပြောပြလို့သိတာ။စစစ ပြောတာ ရောဂါ နဲ့သေ သွားတယ်ပြောတယ်။ကဲ ဘယ်လိုလုပ်မလဲ။ဂျပန်က စာမတတ် တဲ့သူ စကားမတတ် တဲ့သူ ယူထားတာ အကြောင်းတခုခု ထက်မက ရှိတာ သိသွားလို့နေမယ်။

ရှမ်းတောင်ကြီးသား said...

၁။ရှမ်းပြည်ကျေးလက်ဒေသမှာ ၁၃ -၁၄ နှစ်အရွယ် ရှမ်းပျိုဖြူတွေ အိမ်ထောင်ပြုတာ ရှမ်းဓလေ့ထုံးစံ တခုပါ။ ၁၆-၁၇ နှစ်အရွယ် ရှမ်းပျိုဖြူတွေ အိမ်ထောင်မပြုသေးရင် ရွာထဲမှာ အပျိုကြီးဖြစ်သွားပြီ။ မြန်မာ တနိုင်ငံလုံးတောေ၇ာ မြို့ ပါ မကျန် ၁၃ -၁၄ နှစ်အရွယ် မိန်းကလေးတွေ အိမ်ထောင်ပြုတာ ရေတွက်လို့တောင် မရပါဘူး။
၂။ မြန်မာနိုင်ငံ ရဲ့စီးပွားရေးမြို့တော် ရန်ကုန်မြို့ လယ်ခေါင် စစစ ရုံးမှာ အခုလို ရှမ်းတိုင်းရင်းသူတယောက်ကို ခွဲခြားဖိနှိပ်ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ပြီး အစဖျောက်တဲ့ လူသေမှူ ကြီးကို နိုင်ငံတကာ သိအောင် Times Magazine Cover ကနေထည့်ပေးနိုင်ရင် အကောင်းဆုံးပဲ။ပြည်တွင်း မှာလည်းရှမ်းလူမျိုးတွေ အားလုံးသိအောင် အခြားတိုင်းရင်းသားတွေ အားလုံးသိအောင်ပြော ပေးကြပါ။
၃။ အခုဖြစ်ရပ်ကို သတင်း မီဒီယာတွေလိုက် တော့-- မင်းဒုက္ခရောက်သွားချင်လား။ မင်းအတွက် အသက်အန္တရာယ်ရှိတယ်၊ အဲ့ဒီလိုခြိမ်းခြောက် တဲ့ စစစ ရုံး။
၎။သေဆုံးသူနဲ့ လေး-ငါး လအတူတူ ရှိနေတဲ့ ရှေ့နေ အိအိအောင်
သေဆုံးသူ မှ အမှူ ဖွင့်ထားတဲ့ အလုပ်သမား ကိုကို (ကုလား)
သေဆုံးသူ ကိုစစ်ဆေးတဲ့ စစစ ဝန်ထမ်း
သေဆုံးသူ ကိုစစ်ဆေးတဲ့ စစစ ကိုလွှဲပေးလိုက်တဲ့ ဒုရဲအုပ်
သူတို့ကိုအထူးခုံရုံးဖွဲ့ပြီး စစ်ဆေးပေးပါ။ ဖြစ်ရပ်မှန်ကို ပြည်သူလူထုအားအသိပေးပါ။
ရှမ်းတိုင်းရင်းသား တွေရဲ့ အမျက်ဒေါသနာကြည်းမှူတွေ အမုန်းတရားတွေကို ဖြေဖျောက်ပေးပါ။ အမှန် တရား နဲ့ ကုစားပေးပါ။
၅။ တရားခံ ကိုကို (ကုလား) ဒီကောင် က MAIN ပဲ။
ဒီကောင် ကို ဆွဲ စေ့ နိုင် ရင် အကုန်ပေါ်ပြီ။

myo said...

မောင်မျိုးချစ်ရေ ကိုယ်တိုင်လည်းသေချာမသိဘဲနဲ့လို့ မင်းရေးလိုက်တဲ့ စာကြောင်းအရ ဒီအဖြစ်အပျက်က လူတစ်ယောက်လုံး သေသွားတာလေအားလုံးသိနေတာဘဲ လို့ဝှက်မထားနိုင်လို့ပေါက်ကြားသွားတာလေ။ မင်းပြောတဲ့ ကိုယ့်အဘိုးအရွယ်ကိုယူတယ်ဆိုတာဒါသူ့ရဲ့ personality လေ။ ဥပဒေနဲ့ ညှိစွန်းနေ လို့လား။ ဂျပန်အိုကြောင့် သေတယ်ဆိုတော့ ဟိုအဘိုးကြီးကဂျပန်ကနေ အတွင်းအားနဲ့ ပြုတ်ကျအောင်လုပ်လိုက်တာလား ဒါမှမဟုတ်မန်းမှုတ်လိုက်တာလား။ ဟိုအဘိုးကြီးနဲ့လက်ထက်တဲ့ရည်ရွယ်ချက်ကလည်း ဒါသူတို့ဖာသာသူတို့စဉ်းစားမှာပေါ့ ကိုယ့်အရေးမှမဟုတ်တာဘဲ။ ဘက်လိုက်ပြောတာမဟုတ်ပါ။ပြီးတော့သူတို့စစ်တာကတရားလိုကို တရားခံပုံပေါက်အောင်စစ်နေသလိုဘဲ။ စာလုံးပေါင်းမှားရင်ခွင့်လွတ်ပါ။

feels said...

ရှမ်းလူမျိုး ဒု သမတကြီး ရဲ့ သုံးသပ်ချက် နဲ့ အကြံဥဏ် ကဘယ်လို ရှိပါလဲဆိုတာသိချင်ပါတယ်

koko said...

အလုံးကိုကျတော်လေးစားပါတယ် ။တစ်ခုမမေ့ဖို့ ကျတော် သတိပေးချင်ပါတယ် ။စစစ ကိုခုလို့စစ်ဆေးလာအောင် ပြုလုပ်ပေးလိုက်တဲ့နောက်ကလူ က ဘယ်သူလဲဆိုတာနဲသတင်းပေးသို့မပာုတ်(တိုင်စာ) ကိုအထူးသတိပြုရမှာဖြစ်တယ် ။ခွေးကိုတုတ်နဲပစ်တာ ခွေးက တုတ်ကို ပြန်ကိုက်တယ် အဲဒါမှားနေသလားလို့ ခွေးက တုတ်နဲပစ်လိုက်တဲ့လူကို အဓိကကိုက်ရမှာဖြစ်တယ် ။ ဒိတော့ဗျာ စစစ ကို (ခုလိုစစ်ဆေးအောင် )မနာလို့ လို့ တိုင်ကြားတာ သိသာထင်ရှားနေတယ်။ ဒါကို စစ်ဆေးလို့ မပာုတ်မှန်ခဲ့ယင် တိုင်စာပစ်သူကို ထိရောက်စွာအရေးမယူတော့ဘူးလား တဲ့ ဒါဆို သူသူကိုကို တိုင်စာပစ်တော့မှာပေါ့ မြန်မာပြည်တကမ္ဘာလုံးမည်သူမှ မအားတော့ပဲအမှုနဲရင်ဆိုင်နေရတော့မှာဖြစ်တယ် ။ဒိတော့ စစစ ကလဲ တိုင်စာပစ်သူကို စစ်ဆေးလို့မပာုတ်ခဲ့ယင် တိုင်စာပစ်သူကို တရားပြန်စွဲနိုင်တယ်ဆိုတာ ပေးသိသင့်တယ်ဗျာ ဒါဆိုယင် အပလာအမှုတွေနည်းပြီး ကျတော်တို့မြန်မာပြည်အေးချမ်းရတာပေါ့ဗျာ ။စစစ ကခေါ်စစ်ပြီးဆိုယင် အသားကိုတော့မထိပါဘူး ။သေမလောက် အသားနာတာထက် သေချင်စော်နံ လောက်အောင်ကို ဖြစ်စေတာတော့ အမှန်ပါပဲ ။(အချိန်နဲလူစိတ်ကို နိုပ်စက်သွားတာ )အပြစ်လုပ်ခဲ့ယင် တော့ မပြောဘူး ။အပြစ်မလုပ်ပဲနဲ အစစ်ဆေးခံရယင် သေပြီးပေါ့ဗျာ......း

koko said...

မောင်မျိုးချစ်ေ၇ ခင်ဗျာကောဘာတွေရေးပြီး ဘာစိတ်နဲရေးနေတာလဲဆိုတာကို ကိုယ်ရေးထားတဲ့စာကို တချက်လောက်ပြန်စစ်ပါလား ။မောင်မျိုးချစ်က တရုတ်ကိုမုန်းနေသလို့ပဲနော် ဒိပေါ်တက်ရေးနိုင်ယင် စိတ်ဓါတ်တိမ်းစောင်းနေယင် မောင်မျိုးချစ်လဲ နားပါ ။

myochitnanda said...

>myo and >koko : ကျုပ်ပြောပြီးသား.... မြန်မာစာလုံးမှ မှန်အောင်မပေါင်းတတ်ပဲ- ကျုပ်ပြောတဲ့ ဆိုလိုရင်းမှနားမလည်ပဲ သတင်းစာမျက်နှာတွေမှာ မှတ်ချက်(comment) ပေးတဲ့အလုပ်ကို လာမလုပ်တာ ပိုကောင်းပါလိမ့်မယ်... ခင်ဗျားတို့ လို အူကြောင်ကြားတွေ "ဒီမိုကရေစီ" စကားကို တွင်တွင်အော်နေကြတာ ဒီမိုကရေစီ နာမည်ပျက်ဖို့ ဖြစ်လာသလိုပဲ... ကိုယ့်အရည်အချင်း ကိုယ်သိရင် ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးပဲ နေပေးကြပါ... အမေစုကိုလည်း မချစ်ပြပါနဲ့ ... ရှမ်းမလေးကိုလည်း မသနားပြပါနဲ့ ... အမှန်တရားကိုလည်း မမြတ်နိုးပြကြပါနဲ့  ခေတ်သစ် "မြင်းထိန်း ငတာ" များ ခင်ဗျာ... မေတ္တာရပ်ခံပါတယ်.. ဒီမိုကရေစီ သဘောသဘာဝအရ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပေမယ့် ဒီမိုကရေစီရဲ့  သဘောတရားကို အကြမ်းဖျင်းနားလည်ပြီး ကိုယ်ပိုင်အခွင့်အရေးကို စည်းကမ်းရှိရှိ အသုံးချဖို့ တော့ လိုပါလိမ့်မယ်... အနည်းဆုံးတော့ သူတပါး အမှားကို ထောက်ပြချင်ရင် ကိုယ်တိုင်အမှားကင်း၊ အရည်အချင်းရှိဖို့ တော့ လိုပါလိမ့်မယ်....ဟုသာ ပြော...ပါ... ရ...စေ...လား....... ကျုပ်ရေးတာ မရှင်းရင် myochitnanda@gmail.com ကို ဆက်သွယ်လိုက်ပါ... အများပြည်သူ ဖတ်ရှုနေတဲ့ စာမျက်နှာတွေ၊ မှတ်ချက်တွေကို အတည်ပြုပေးနေရတဲ့ သက်ဆိုင်သူတွေကို စိတ်အနှောက်အယှက် မဖြစ်စေချင်လို့ ပါ... ဒါကိုမှ ဆက်ရေးမယ်ဆိုလဲ ခင်ဗျားတို့  သဘော... အမြင်မတော်တာတွေအတွက် ကျုပ်ကလဲ လူမရွေးပဲ ပြန်ပြီး တုံ့ ပြန်ရမှာပဲ...

myochitnanda said...

ထပ်ပြောလိုက်ပါဦးမယ် myo ဆိုတဲ့သူ.... ကျုပ်ကို မောင်မျိုးချစ်လို့  ခေါ်စရာအကြောင်းမရှိဖူး... ဘာဖြစ်လို့ လဲဆိုတော့ ခင်ဗျားရေးတဲ့ စာသားတွေအရ ခင်ဗျားဟာ လူလားမမြောက်သေးဖူး ( ဒါမှမဟုတ် ) အသက်သာကြီးပြီး အချိန်မစီးဖူး ဆိုတာပါပဲ... အဲသလိုလူ အမှန်တရားကို ချစ်ပြနေမှတော့ အမှန်တရား ကပါ နေရင်းထိုင်ရင်း ငုတ်တုတ်မေ့နေပါဦးမယ်... စကားမစပ် "personality" ဆိုတဲ့ သိုးဆောင်းစကားလုံးကို Oxford Dictionary ဖြစ်ဖြစ် တခြား အွန်လိုင်း dictionary ဖြစ်ဖြစ် သုံးပြီး ဆိုလိုရင်း ရှာကြည့်စမ်းပါ... ခင်ဗျားဗျာ- နာမ်လား၊ နာမ၀ိသေသနလားတောင် မကွဲပဲ အမှန်တရားကို မြတ်နိုးပြနေမှတော့ အမှန်တရားက သူ့ ကိုယ်ကိုယ် သတ်သေလို့  အမှန်တရား ပျောက်ဆုံးသွားပါဦးမယ်ဗျာ... ခင်ဗျားရဲ့  အားနည်းချက်ကို နှိမ်တာမဟုတ်ဖူး... အသုံးမကျမှုကို နှိမ်တာ... အနှိမ်မခံချင်ရင် ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင်လုပ်- ပြီးမှ မတရားတဲ့ဖက်၊ အနှိမ်ခံဖက်က ရပ်တည်... ခင်ဗျားမှ ရေမကူးတတ်ပဲ ရေနစ်တဲ့သူကို သွားကယ်လို့ ကတော့ နှစ်ယောက်လုံး အကျိုးနည်းဖို့ ပဲ ရှိတာပဲ....

yarzar said...

myochitnanda
ရှင့်ကြည့်ရတာcommentရေးတဲ့လူတိုင်းရှင့်လောက်မသိနား
မလည်ကြဘူးထင်ပြီးကိုယ့်ကိုယ်ကိုအတော်အထင်ကြီးနေပုံရတ
ယ်ရှင့်ကိုတော်တော်သနားမိပါတယ်ရှင့်commentဖတ်ပြီးရှင်
ဘယ်လိုစိတ်ဓါတ်ရှိသလဲဆိုတာတွေးတတ်တဲ့လူတိုင်းသိပါတယ်
ဒီမိုကရေစီတွေဘာတွေလည်းပြောမနေပါနဲ့ရှင့်စိတ်ဓါတ်နဲ့မ
တန်ပါဘူးအချိန်ကုန်ခံပြီးရှင့်အတွက်commentမရေးဘူးလို့နေပေမယ့်အမြင်မတော်လို့ရေးလိုက်တာပါ.ရှင်အခုပေးထားတဲ့
နံမည်လေးနှမြောဖို့ကောင်းလိုက်တာ.မတန်တရာ...

ko htoo said...

မျိုးချစ်နန္ဒရေ။ ကျုပ်တို့ကတော့ သတင်းတစ်ခုခုဖတ်လိုက်ရလို့ တစ်ခုခုပြောချင်လာရင် comment ကလေး ဝင်ပေးမိတာပဲ။ ကွန်မင့်ဆိုတာက ထင်မြင်ချက်ဆိုတော့ ကိုယ်ထင်တဲ့အတိုင်းပြောကြတာပါ။ မောင်ရင်ပြောသလိုတော့ ထင်မြင်ချက်ပေးဖို့ ဘာအရည်အချင်းရှိရမယ် ညာအရည်အချင်းရှိရမယ်သတ်မှတ်တာ တစ်ခါမှမကြားဘူးပါဘူးကွာ။ ဒါကပညာရပ်ဆိုင်ရာ ညီလာခံမှမဟုတ်တာ။ ရပ်ကွက်ထဲမှာ အလ္လာပ သလ္လာပပြောကြသလိုပါဘဲ။ ကိုယ်ထင်ရာမြင်ရာ ပြောကြတာပေါ့။ ဒီကွန်မင့်တွေကိုလည်း အများစုက အရေးတယူ ဖတ်ကြတာမဟုတ်ပါဘူး။ မင်းတို့ငါတို့လို အားအားယားယားသမားတွေသာ ဖတ်ကြရေးကြ ကလော်ကြတာပါကွာ။ တခါတလေတော့ ထင်မြင်ချက်ဆိုတာ သောက်တလွဲဖြစ်တာတွေလဲ အများကြီးကြုံရမှာပါဘဲ။ ဒါပေမယ့် သတင်းမှားတစ်ပုဒ်ကြောင့် အများကြီးထိခိုက်နိုင်ပေမယ့် သတင်းအောက်က ကွန်မင့်အမှားတစ်ခုကြောင့်တော့ ထိခိုက်တာမျိုးတော့ မရှိလောက်ပါဘူး။ မသကာ ကွန်မင့်ပေးသူကို သောက်ပေါလို့ သတ်မှတ်ရုံပေါ့။ မင့်မလဲ သောကတွေများလိုက်တာ ငါတို့လိုလူမျိုးတွေကြောင့်ဘဲ တိုင်းပြည်ပျက်စီးတော့မလိုလိုနဲ့။ တိုင်းပြည်က ငါတို့လိုလူမျိုးတွေကြောင့် ပျက်တာမဟုတ်ဘူးကွ၊ သူခိုးတွေ ဓါးပြတွေနှိပ်စက်လို့ ပျက်သွားတာ။
နောက်ဆုံးအနေနဲ့ မင်းကိုငါတစ်ခုလောက်တော့ပြောချင်တယ်၊ မျိုးချစ်ဆိုတဲ့ဘွဲ့ကို ကိုယ့်ဘာသာပေးလို့မရဘူးကွ။ ကိုယ့်လုပ်ရပ်ကိုကြည့်ပြီး လူအများကသတ်မှတ်ရမှာ။ ငါသိသလောက် ကိုယ့်ကိုယ်ကို မျိုးချစ်လို့ပြောတဲ့သူတိုင်းဟာ အချောင်သမားတွေနဲ့ အာဏာရှင်တွေချည်းဘဲ။ စတာလင်တို့ မော်စီတုန်းတို့ ကတ်စထရိုတို့ ကင်ဂျုံအီလ်တို့ကိုကြည့်။

u ye aung said...

နောင်မှာဒီထက်ရှုပ်ဦးမှာ၊ဒါအစဘဲရှိသေးတယ်။

koko said...

hinn နဲ ko htoo ကို ကျေးဇူးတင်ပါတယ် ။ ကျတော်လဲ ဒိစိတ်နဲပါ ။မောင်မျိုးချစ်ကြည်ရတာ စစစ လားမှမသိတာ ထားပါ ။သူ မာန်ကြောင် ပြီး ချမ်းသာဂုဏ်မောက်နေသလားမသိဘူး အင်တာနက် နဲ့(comment)၀င်တဲ့အနစ်ကို သူနားမလည်းသေးဘူး လို့ပဲသုံးသပ်တယ် ။ကျတော်က ပြည်နယ်တရားသူကြီး (ပင်စင်)ပါ။ကျတော်နိုင်ငံရေးကိုစိတ်ဝင်စားတယ် ။အလုံးကို လေးစားပါတယ် ။ အချင်းချင်း ဖလှယ်နိုင်တာပျော်စရာကောင်းပြီး အများအတွက် အကြံညဏ်ပေးသကဲ့သို့ပါ။ ခုဒါတွေထုချေနေရတာနဲကို အချိန်ကုန်တယ် ။ကိစွတစ်ခု မှာ အဆိုးနဲအကောင်းဒွန်းတွဲမြဲပါ။မပြည့်တဲ့အိုးဘောင်ခတ်နေတာကို ကျတော်စိတ်မကောင်းစွာနဲ့ ပြုံးလိုက်မိတယ်။ ရှမ်းမလေးကိစွကိုတော့ ဆက်လက် စစ်ဆေးအဖြေပေးလာနိုင်အောင် ကြိုးစားရေးသားပေးနိုင်ဖို့လိုတယ် ။ခုလို့အနှောက်ယုက်ဝင်တိုင်း အနောက်မခံနဲ စိတ်ဓါတ်မကျနဲ ဆက်ရေးကြမယ် ။ လေးစားလျက်ပါ။

ပြည်ချစ် said...

တော်ကြပါဗျို့..အပေါ်ကသူတွေ..

zzmyoe said...

မျိုးချစ်လား၊မျိုးကန်းလားဆိုသူရေ.....ဒီရှမ်းမလေးသာမင်းအမ၊ညီမ၊သမီးဖြစ်နေ ရင်မောင်ရင်ဘယ်လိုခံစားရမလဲသိချင်တယ်၊လူတစ်ယောက်အသက်လေ...........ကိုယ့်လက်ထိပ်ထိမှနာမှာလားဟင်၊ဦနှောက်နဲ့စဉ်းစားစမ်းပါ..လူတစ်ယောက်ကိုမသင်ကာလို့ခေါ်စစ်ဆေးရင်၂၄နာရီပေါ့၊

Oo lay Gyi said...

ကိုယ်လူတို့.............ကိုထင်တာရေးကြတာပဲ........လေ.ဒေါသလေတွေမပါကြပါနဲံ့
စမှားတာက နန်ဝိုးဖန်လို့ထင်တယ်...........သူဂျပန်နဲ့ယူပြီးမြေတွေအများကြီးဝယ်လို့
စစ်ခံရတာ စစစ ကသိရဲ့သားနဲိ့မစစ်ရင်...........မစစ်တဲ့ကောင်ထောင်(ရ)နှစ်ကျမှာ...........နီိးစပ်ရာလူတွေမေးကြည်ပါ............
မြေမ၀ယ်ပဲ............ဂျပန်သူဌေးပေးတာအသာထိုင်စားနေရင်ဒီလိုတွေတို့
ငြင်းနေစရာမလိုတော့ပါဘူး.............သူမလိုနောက်ထပ်ငါတို့ ပြည်သူတွေ
မဖြစ်အောင်ပဲ ထိမ်းကြောင်းပေးကြရအောင်ပါ............ဥပဒေဘောင်ကျော်သွားခဲ့ရင်းကအတွေ့အကြုံမရှိနားမလည်းတော့မှားခဲ့တာလို့ထင်ပါတယ်

thatonthar said...

သူငယ်ချင်ရေ...မင်တို့...စစစ....ကိုတော့ပြောနေကြပြီးနော်

Panyailaynge said...

ဂျပန်က အဲဒီအချိန် ဂျပန်ရောက်နေတာဆိုရင် သူမိန်းမကို ဘာလို့ခေါ်မသွားလဲ။
မြန်မာပြည်တင်ပေါင်းဖို့ယူထားတဲ့သဘောလား။
သူကိုယ်ကျိုးစီးပွားချမ်းသာအတွက် ကြိုတင်ရင်းနှီးမြုပ်နှံထားတာတော့အသေချာဆုံးပဲ။
အခုမှ အသံကောင်းဟစ်နေတာဂျပန်ကလဲ.

Powered by Blogger.