အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူမည်

“ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အဆိုတင်သွင်းခဲ့တဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်ရေး အတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ (Anti- Corruption Law) အား ပြင်ဆင်ရေးဆွဲရေးနှင့် ဥပဒေပြဋ္ဌာန်းပြီးနောက် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အဆုံးအဖြတ် ခံယူသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရပေါ်ပေါက်လာရေး အတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် လွတ်လပ်ပြီး အများ ပြည်သူ ယုံကြည်လက်ခံနိုင်သော အမျိုးသား အဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအား လွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုနဲ့စပ်လျဉ်းပြီး .  .  .
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့ သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက် စွာအရေးယူနိုင်ရန် လွတ်လပ်ပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်သော အမျိုးသား အဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံတော်အစိုးရအား လွှတ်တော်မှ တိုက်တွန်းကြောင်း’ အဆိုနဲ့စပ်လျဉ်းပြီး ဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက အမည် စာရင်းပေးထားတာ ရှိပါတယ်။ဒီအဆိုနဲ့ အဓိပ္ပာယ်ချင်းဆင်ပြီး ပိုမိုလေးနက် ခိုင်မာမယ့် အကြောင်းအရာတစ်ခုကို ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အတွင်းမှာ ပြည်ထောင်စု လွှတ်တော် နာယက ကပြောကြားခဲ့တာ ရှိပါတယ်။ ဒါကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဗဟုသုတအဖြစ် လေ့လာဖို့ပေးထားတဲ့ Anti- Corruption Law ကိစ္စကို ကိုယ်စားလှယ်များက အစည်းအဝေးမှာ တင်ပြတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် နာယက က ဒါသည် ဗဟုသုတ အတွက် လေ့လာဖို့မဟုတ်ဘူး။ တခြား နိုင်ငံတွေမှာ မည်သို့ဆောင်ရွက်နေတယ်။ မည်သို့ ဥပဒေပြုထားတာ ဖြစ်တယ်ဆိုတာ သိအောင်နဲ့ လိုမယ်ဆိုရင် ဥပဒေပြဋ္ဌာန်းနိုင်အောင် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားခဲ့တာရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်အတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို မိမိ ရုံးခန်းထံခေါ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ ညှိနှိုင်း ဆောင်ရွက်မှု အခြေအနေကို ရှင်းပြပါတယ်။ ရှင်းပြတဲ့ အခြေအနေက အခု အမျိုးသား လွှတ်တော်မှာ ဖြန့်ဝေထားတဲ့ Anti- Corruption Law နဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ထုတ်ပြန်ထားတာတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ထပ်မံဖြန့်ဝေပြီးတော့ လေ့လာဖို့ လေ့လာပြီးရင် မိမိတို့ဆီမှာရှိတဲ့ တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များ ပြင်ဆင် ဖြည့်စွက် အတည်ပြုဖို့နဲ့ အဲဒီလို အတည်ပြုလာတဲ့အခါမှာ ဒီဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူများက လိုက်နာဆောင်ရွက်ဖို့ အမှန် တကယ် ဒီနေ့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုတင်သွင်းထားတဲ့ ဦးသိန်းညွန့်ရဲ့ သဘောထား ပြောပါဆိုတဲ့အခါမှာ ဥက္ကဋ္ဌကြီး နဲ့ နာယကကြီးတို့ရဲ့ စီစဉ်မှုကောင်းပါတယ်။ ဒါကြောင့်မို့ ဒီအဆိုကို သင့်တော်သလို ဆောင်ရွက်ပေးပါလို့ ပြန်လည်တင်ပြခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ သိတဲ့အတိုင်း ပဲ အဆိုတစ်ခုကို လွှတ်တော်က လက်ခံဆွေးနွေးပြီး ဆိုလို့ရှိရင် ဒီအဆိုကို ပြန်လည်ရုပ်သိမ်းဖို့ ကာယကံရှင်က တောင်းဆိုသော်လည်း လွှတ်တော်ကခွင့်ပြုချင်မှ ခွင့်ပြုမယ့် အနေအထားဖြစ်ပါတယ်။ သို့ရာတွင် ဒီအဆိုကတော့ အဆိုကိုရုပ်သိမ်းမှာ မဟုတ်ဘဲ ပိုမိုခိုင်မာအောင် ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တဲ့အတွက် ဒါကိုတော့ မိမိတို့ ပြည်ထောင်စု လွှတ်တော်က ဆက်လက် ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်”ဟု မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့နောက် မတ်လ ၁၆ ရက်နေ့ တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းအဆိုကို တင်သွင်း၍ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုအတည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ အဆုံးအဖြတ် ခံယူသွားမည်ဖြစ်သည်။    
EMG
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူမည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူမည် Reviewed by သစ်ထူးလွင် on 12:02 Rating: 5

4 comments:

saw 00 said...

အဂတိလိုက်စားမှု တိုက်ဖျက်ရေါး် ကြွေးကြော်သံကတော့ လှတယ် ကြွေးကြော်နေတာလဲကြာပြီ၊ လက်တွေ့ အကောင်အထည်ဖေါ်ဘို့ကိုတော့ လက်တွန့်နေတယ်၊ ဥပဒေ ကခုမှ ပြင်ရအုံးမတဲ့ ၊ အရင်တုန်းက အဂတိလိုက်စားသူတွေကို အရေးယူဘို့ ဥပဒေ တိတိကျကျ မရှိခဲ့တဲ့သဘောပေါ့ ၊ ဒီလိုနဲ့ဘဲ မြန်မာပြည်လဲ ခွေးတွေ ၀ိုင်း ရက်နေတဲ့ ထန်းညက်လုံး လို ဖြစ်နေပြီ ။

soeaung said...

if you wanna be a clean government and do anti corruption law,Arrest or try to arrest the retired stupid military tops and cronies first.

touchfromheart said...

အဆုံးအဖြတ်ခံကြအုံးမယ်ဆိုတော့အဂတိလိုက်စားကြအုံးမယ်ဆိုတဲ့သူတွေများနေလို့လား၊တစ်နှစ်လဲကျော်လာပြီအမြန်ဆုံးဥပဒေကိုပြင်ပေါ့၊ဥပဒေမပြင်ချင်တဲ့သူတွေကခိုးလို့မ၀သေးကြလို့လား။

realism said...

စံနမူနာအေ၇းယူပြမယ်ဆြို့ပီး..အငယ်တွေတော့ထိုးမကျွေးကြပါနဲ့ဗျာ...ထိထိေ၇ာက်ေ၇ာက်လေးသာလုပ်ကြပါ......

Powered by Blogger.