ရန်ကုန်မြို့တော် အတွင်းရှိ အခွန်ကောက်ခံသည့် လုပ်ငန်းများအား မျှတမှန်ကန်စွာ လေလံခေါ်ရန်လိုဟု လုပ်ငန်းရှင်များ ပြောကြား

7251
ကျပ်သိန်းပေါင်း ၅၀၅၀ ဖြင့် လေလံအောင်ခဲ့သည့် လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်များထဲတွင် ပါဝင်သော
တညင်းကုန်းလမ်း အသုံးပြုခ ကောက်ခံရေးစခန်းကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အများပြည်သူထံမှ အခွန်ကောက်ခံသည့် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လေလံတင် အငှားချထားရာတွင် မျှတမှန်ကန်မှုရှိလျှင် နိုင်ငံတော်အခွန် ပိုမိုရရှိမည် ဖြစ်ကြောင်း လေလံဆွဲသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ လမ်းအသုံးပြုခ၊ ယာဉ်ဝင်ခ၊ ညအိပ်ခွန်၊ တံတားဖြတ်သန်းခအပါအ၀င် အများပြည်သူထံမှ အခွန်အခငွေကြေး ကောက်ခံသည့် လုပ်ငန်း ၂၁ ခုအား လေလံတင် အငှားချထားရန် ကြေညာခဲ့ပြီး အမှန်တကယ် လေလံတင်အငှားချရာ၌ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်း၏ ယာဉ်ဝင်ခနှင့် ညအိပ်ခွန်ကောက်ခံသည့် လုပ်ငန်းအား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
လေလံစာရင်းများ ပြန်လည် ပယ်ဖျက်ခြင်းအပြင် ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်း ယာဉ်ဝင် ခ၊ သီရိမင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် မင်္ဂလာဈေးကဲ့သို့သော ယာဉ်ဝင်ထွက်မှု များပြားသည့် နေရာများကိုမူ လေလံစာရင်းတွင်ပင် ထည့်သွင်းခြင်းမရှိပဲ ကွက်ကျန်နေခဲ့ကြောင်း သိရသည်။

တကယ့် အရေးအပါတဲ့၊ လေလံဈေး အများအပြားရနိုင်တဲ့ နေရာတွေ ကွက်ကျန်နေတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ၀င်ငွေအမြောက်အမြား နစ်နာသွားနိုင်ပါတယ်။ တစ်ကယ်လို့ အဲဒီနေရာတွေ၊ လုပ်ငန်းတွေကို လက်ရှိ လုပ်ကိုင်နေတဲ့သူတွေဟာ ဦးစားပေးရမယ့်သူ၊ အခွင့် ထူးခံတွေဖြစ်နေတယ် ဆိုရင်တောင် မျှတမှုအတွက်၊ ဘဏ္ဍာငွေအတွက် ကွက်ကျန်နေတဲ့ လုပ်ငန်းအားလုံးကို လေလံပစ်ပေးသင့်ပါတယ်  . . .

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပန်းဥယျာဉ်နှင့် အားကစားကွင်း ၂၇ ခုအား လေလံတင်ရန် တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ကန်တော်ကြီး သဘာဝဥယျာဉ် အပါအ၀င်ပန်းဥယျာဉ် အချို့အား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ချန်လှပ်မှု၊ ပြန်လည် ပယ်ဖျက်မှုများသည် လေလံတင် အငှားချထားမှုအား မျှတမှုမရှိဟု ယူဆ စေနိုင်သည့်အပြင် လေလံတင်ခြင်းဖြင့် အများပြည်သူအတွက် အခွန်ပိုမို ရရှိစေနိုင်သည့် အကျိုးအမြတ်ကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြပါသည်။
7251a
လေလံတင်ရာတွင် မပါဝင်ခဲ့သည့် သီရိမင်္ဂလာဈေး ယာဉ်ဝင်ခ ကောက်ခံမှုလုပ်ငန်းအား တွေ့ရစဉ်
“လမ်းတံတားအသုံးပြုခ၊ ယာဉ် ၀င်ခ၊ ညအိပ်ခွန် ဒါမျိုးတွေကောက်ခံ နေတဲ့လုပ်ငန်း ၂၁ ခုကို လေလံတင် အငှားချတယ်။ ဒါပေမယ့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း၊ မင်္ဂလာ ဈေး၊ ဗိုလ်ချုပ်ဈေးနဲ့ သီရိမင်္ဂလာ ဈေးယာဉ်ဝင်ခတို့ ဘာတို့ကိုတော့ လေလံမတင်ခဲ့ဘူး။ အဲဒါအပြင် လေလံတင်မယ်လို့ ကြေညာထားတဲ့ အထဲက ဘုရင့်နောင်ပွဲရုံယာဉ်ဝင်ခ၊ ညအိပ်ခွန်ကောက်တဲ့ လုပ်ငန်းကို လည်း ပြန်ပယ်ဖျက်တယ်။ လေလံဆွဲမယ့်သူက စပေါ်ငွေတင်ထားပြီးခါမှ ပြန်ပယ်ဖျက်တဲ့အတွက် စပေါ် ငွေတင်ထားတဲ့ အချိန်ကာလအတွင်း မှာ ငွေအိပ်တယ်၊ လေလံဖိုးဆုံးတယ်။ ကျွန်တော်တို့လုပ်နေကျ လုပ်ငန်းတွေကျတော့ လေလံစာရင်းထဲ ပါတယ်။ တချို့လုပ်ငန်းတွေ လေလံ စာရင်းထဲမပါဘဲ ကွက်ကျန်သွားတာမျိုးက ထင်သာမြင်သာမဖြစ်ဘူး၊ မ မျှတဘူးလို့ ကျွန်တော်တို့ခံစားရ တယ်။ နောက် ပန်းခြံတို့ကစားကွင်း တို့လေလံတင်တော့လဲ လေလံတင်မယ့် စာရင်းထဲမှာ ဖော်ပြထားပြီး ကာမှ ကန်တော်ကြီးသဘာဝဥယျာဉ် ကို ပြန်ပြီးပယ်ဖျက်ခဲ့တယ်။ ဘာ ကြောင့်လဲဆိုတာ မသိရဘူး။ စပေါ် ငွေပြန်ထုတ်ဖို့ပဲပြောတယ်။ ဥပမာ- ပန်းခြံနဲ့ အားကစားကွင်းတွေကို လေလံတင်တဲ့အခါ ကန်တော်ကြီး လိုပဲ အခြားပန်းခြံတွေကို နှစ်စဉ် လုပ်ကိုင်နေတဲ့သူတွေရှိတာပဲ သူတို့ လည်း သူတို့လုပ်ကိုင်နေကျလုပ်ငန်း ကို ပြန်လိုချင်တဲ့အတွက် ဈေးအပြိုင် ပေးပြန်ဆွဲပြီးလုပ်ကိုင်ရတာပဲ။ အခု က အခွင့်အရေးပေးတယ်လို့ အမြင် စောင်းနိုင်တာပေါ့။ ကျန်တဲ့လူ ၂၀ လောက်က ဈေးအပြိုင်နဲ့အလုပ်လုပ် တဲ့အချိန်မှာ တချို့ကတော့ အေးအေးဆေးဆေးနဲ့ အပြိုင်မဟုတ်တဲ့ လေလံဈေးနဲ့ ဆက်လုပ်ခွင့်ရတာမျိုးကျတော့ ထင်သာမြင်သာလည်း မဖြစ်ဘူးလို့ ကျွန်တော်မြင်တယ်”ဟု လေလံဆွဲခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။
“လေလံတင်တာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မနှစ် က ကျပ်သိန်းပေါင်း ၂၅၀၀၀ နဲ့ လေလံအောင်ထားတဲ့ နေရာက ဒီနှစ် ကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်နဲ့မှ လေလံအောင်တဲ့အတွက် အခွန်ငွေ ပိုရခဲ့တယ်။ နှစ်ဆနီးပါးကို ရခဲ့တယ်လေ။ ဒါအများပြည်သူအတွက် အခွန်တိုးတာပဲပေါ့။ တကယ်တော့ ဌာနဆိုင်ရာတစ်ခုက လေလံတင်မယ်ဆိုရင် ဒီနေရာတော့ မင်းပဲယူ ကျန်တာလေလံပစ်မယ် လုပ်လို့မရဘူး။ လေလံပစ်ရင်အားလုံးပစ် အားလုံးဈေးပြိုင်နဲ့ အလုပ်လုပ်။ အောင်တဲ့သူက လေလံစည်းကမ်းအတိုင်း အများပြည်သူဆီက ပြန်ကောက်ခံ။ ပိုကောက်ရင် လေလံပြန်ရုပ်ပစ်တာ မျိုးပဲဖြစ်ရမှာ။ ဒါမှ မျှတသလို နိုင်ငံ အတွက် လိုအပ်တဲ့ အခွန်ငွေလည်း ပိုရမှာ။ အခု လုပ်ငန်းတစ်ခုတည်းတောင် မနှစ်ကထက် ၂ ဆလောက် ထိတိုးလာတယ်ဆိုရင် ဘာမှမချန်ဘဲ ပစ်ရင် ဒီထက်ပိုတိုးနိုင်တာပေါ့။ မလုပ်သင့်ဘူး။ ကျွန်တော် စုံစမ်းကြည့်တယ်။ မင်္ဂလာဈေးတို့ ဘာတို့ လေလံဘာကြောင့် မတင်တာလဲလို့ မေးတဲ့အခါ တချို့ဈေးသာယာရေး ကော်မတီတွေကို ပြန်ပေးထားလို့ ပါလို့ ဖြေတယ်။ ဈေးသာယာရေး ကော်မတီဆိုရင် လုပ်ပိုင်ခွင့် ပိုရတာလား၊ ဒါမှမဟုတ် သူကအခွင့်ထူးခံလားလို့ မေးစရာဖြစ်သွားမှာပေါ့။ အပေါင်ဆိုင် လုပ်ငန်းတို့ ဘာတို့ကျတော့လဲ လေလံ ပြန်တင်တာ မတွေ့ရဘူး”ဟု လေလံဆွဲခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
“ဦးရန်နိုင်ဆိုတဲ့ အမည်နဲ့အခြား လေလံဆွဲတဲ့သူတစ်ဦးနဲ့ လုပ်ငန်း ရှင်နှစ်ဦးက မှော်ဘီ၊ အင်းတိုင်၊ တ ညင်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်၊ ဖောင်ကြီး၊ ရွာသာကြီး လမ်းအသုံး ပြုခကောက်ခံရေး လုပ်ငန်းအတွက် အပြိုင်လေလံဆွဲတယ်။ ဦးရန်နိုင် က မနှစ်ကတည်းက အဲဒီနေရာတွေကို လုပ်နေတဲ့သူလို့သိရတယ်။ ဒါပေမယ့် သူ့လုပ်ငန်းသူ ဆက်လုပ်ချင်တဲ့အတွက် အပြိုင်ဈေးပေးပြီး နောက်ဆုံးမနှစ်ကထက် လေလံဈေး နှစ်ဆလောက် ပေးဆွဲသွားတယ်။ တကယ်လို့ ဘုရင့်နောင် ပွဲရုံကိုသာ လေလံစာရင်းကပြန်မဖျက်ရင် မနှစ် ကထက် နှစ်ဆလောက် အခွန်ပိုရနိုင်တယ်လေ။ မျှလည်းမျှတသွားမယ်။ ပြီးတော့ ဘုရင့်နောင်ပွဲရုံဆိုတာ မြန်မာတစ်နိုင်ငံလုံးက ယာဉ်ပေါင်းစုံ ၀င်ထွက်နေတဲ့ နေရာဖြစ်လို့ ကျပ် သိန်းပေါင်း ၂၀၀၀၀ လောက်မှ လေလံအောင်မှာပါ။ ဒါဆိုရင် နိုင်ငံတော် အတွက် အခွန်တွေပိုရမှာပေါ့။ အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ဝင်ခနဲ့ ညအိပ်ခွန်ကို ကျပ်သိန်းပေါင်း ၁၂၀၀၀ နဲ့ လုပ်ငန်းရှင်တစ်ဦးက လေလံအောင် သွားတယ်။ အဲဒီအတွက် ဘုရင့် နောင်ပွဲရုံဆို ကျပ်သိန်းပေါင်း ၂၀၀၀၀ ၀န်းကျင်လောက်မှ လေလံအောင်မယ်လို့ ခန့်မှန်းတာ။ အခုလို လေလံတင်လိုက်တဲ့အတွက် မနှစ်က ကျပ် သိန်း ၂၀၀၀ လောက်နဲ့ လေလံအောင်တဲ့နေရာက ဒီနှစ်ကျပ်သိန်း ၁၂၀၀၀ လောက်အထိ ဈေးပြိုင်ဆွဲပြီး လေလံ အောင်လို့ ၆ ဆလောက်ပိုသွားတဲ့ အတွက် နိုင်ငံတော်အတွက် ကောင်းတယ်။ ဒါပေမယ့် တကယ့်အရေး အပါတဲ့၊ လေလံဈေး အများအပြား ရနိုင်တဲ့နေရာတွေ ကွက်ကျန်နေတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွက် ၀င်ငွေ အမြောက်အမြား နစ်နာသွားနိုင်ပါတယ်။ တစ်ကယ်လို့ အဲဒီနေရာတွေ၊ လုပ်ငန်းတွေကို လက်ရှိ လုပ်ကိုင်နေတဲ့သူတွေဟာ ဦးစားပေးရမယ့်သူ၊ အခွင့်ထူးခံတွေ ဖြစ်နေတယ်ဆိုရင်တောင် မျှတမှု အတွက်၊ ဘဏ္ဍာငွေအတွက် ကွက် ကျန်နေတဲ့လုပ်ငန်း အားလုံးကို လေလံပစ်ပေးသင့်ပါတယ်”ဟု လေလံပွဲဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။
ကွက်ကျန်နေသည့် နေရာများမှာ လေလံဈေးကောင်းရရှိမည့် နေရာများသာ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ပန်းခြံနှင့်ကစားကွင်း လေလံတွင် ကန်တော်ကြီး သဘာဝဥယျာဉ် လူနှင့်ယာဉ်ဝင်ခ လုပ်ငန်းမှာ လေလံ ဈေးအမြင့်ဆုံး ရနိုင်မည့်နေရာ ဖြစ်သော်လည်း ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း၊ ထို့အတူ အခွန်ဌာနမှ လေလံတင်သည့် အထဲတွင် ယာဉ်ဝင်ခနှင့် ညအိပ်ခွန်ကောက်ခံသည့် အထဲ၌ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ခနှင့် ညအိပ်ခွန်လုပ်ငန်းမှာ လေလံဈေး အများအပြား ရနိုင်သော်လည်း လေလံ စာရင်းပါပြီးမှ ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဈေးများထဲ၌လည်း မင်္ဂလာဈေး၊ သီရိမင်္ဂလာဈေးနှင့် ဗိုလ်ချုပ်ဈေးများ၏ ယာဉ်ဝင်ခ ကောက်ခံသည့် လုပ်ငန်းမှာ လေလံဈေးမြင့် ရရှိနိုင်မည့် နေရာများ ဖြစ်သော်လည်း လေလံစာရင်းတွင်ပင် ပါမလာဘဲ ကျန်နေခဲ့ကြောင်း ထို့အတွက် ကျပ်ဘီလျံပေါင်းများစွာ ရရှိနိုင်မည့် အနေအထားမှ သွေဖည်ခဲ့သည်ဟုလည်း ဆိုကြသည်။
“စည်ပင်က အခုလို ဈေးပြိုင် စနစ်နဲ့ လေလံပစ်ပေးတာ ကောင်းတဲ့စနစ်ပါ။ ကြိုလည်းကြိုဆိုပါ တယ်။ ဒါပေမယ့် လုပ်ငန်းအားလုံးကိုသာ ပစ်ပေးရင် ပိုကောင်းမယ့် အနေအထား ဆိုတာကို ပြောလိုတာပါ။ နောက်နှစ်တွေလည်း အခုလိုပဲ လေလံတင်မယ်ဆိုရင် လုပ်ငန်းအားလုံးကို ထင်သာမြင်သာဖနဲ့ ချန်ထားရတဲ့ အကြောင်းရင်း ခိုင်ခိုင်လုံလုံ ပြောမယ်၊ နောက်တစ်ချက်က လေလံမဆွဲခင်၊ လေလံစာရင်း မထုတ်ပြန်ခင် ကတည်းက ဒါတွေက ဘာကြောင့်မပါ တာပါလို့ ရှင်းထားရင် လေလံပုံစံ ဖိုးကုန်တာ၊ စပေါ်ငွေသွင်းတဲ့ကုန် ကျစရိတ်တွေပါ သက်သာ သွားနိုင်တယ်လေ”ဟု လေလံဆွဲခဲ့သူတစ်ဦး ကပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း လုပ်ငန်းများအား BOT စနစ်ဖြင့် ချထားပေးမည် ဆိုပါကလည်း တစ်ဦးတစ်ယောက်တည်း ချထားပေးခြင်းထက် လုပ်ငန်းရှင်အများစုအား ဈေးပြိုင်လေလံစနစ်ဖြင့် ချထားပါက အခွန်ငွေပိုမို ရရှိစေနိုင်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။ 
EMG
ရန်ကုန်မြို့တော် အတွင်းရှိ အခွန်ကောက်ခံသည့် လုပ်ငန်းများအား မျှတမှန်ကန်စွာ လေလံခေါ်ရန်လိုဟု လုပ်ငန်းရှင်များ ပြောကြား ရန်ကုန်မြို့တော်  အတွင်းရှိ အခွန်ကောက်ခံသည့် လုပ်ငန်းများအား မျှတမှန်ကန်စွာ လေလံခေါ်ရန်လိုဟု လုပ်ငန်းရှင်များ ပြောကြား Reviewed by သစ်ထူးလွင် on 11:55 Rating: 5

3 comments:

ktd said...

အစိုးရပိုင်၊ ပြည်သူပိုင်၊ အများပိုင်၊ ဌာနပိုင် ဆိုတာတွေက အပျက်အစီးမြန်တယ်။ သူလည်းမပိုင်၊ ငါနဲ့လည်းမဆိုင်ဆိုပေမဲ့ သုံးလိုက်ကြတာ ဘရမ်းဘဒါဘဲ၊
ကန်ထရိုက်ပေးလိုက်တော့မှ အရင်ထက်သာလာတာတော့ မှန်ပါတယ်။
ဒါပေမဲ့ ကန်ထရိုက်ကြေးများများ ပေးထားရလို့ဆိုပြီး နင်းကန်ဝင်ငွေကို ပြန်ရှာပြီး၊ ၀န်ဆောင်မှုအားနည်းတယ်ဆိုရင်တော့ အရင်လိုဘဲ၊ ထူးမခြားနား ဖြစ်လာရင် အခွန်ပေးဆောင်ရတဲ့ ပြည်သူအတွက် နစ်နာပါတယ်။
ပြည်သူအတွက် အခွန်အခချိုသာ၊ ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင်သော လုပ်ငန်းများဖြစ်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းသင့်တယ်။ ။ ။ ငွေက အရေးမကြီးပါ၊ အရာရာကို ငွေဖြင့်တိုင်းတာမှု ကင်းဝေးနိုင်ပါစေ။ ။ ။

tertee said...

လေလံမှာ ဈေးတွေကိုမတရားပေးဆွဲ ပြီးတော.မှ အများပြည်သူဆီက ဈေးတွေတင်တောင်း ဈေးတွေတက်ကြတယ်..မနှစ် က လှိုင်သာယာ တံတားကြေး..ကားသေးအတွက် ၅၀ ကနေ ၂၀၀ ထိတိုးကောက်ပါတယ်...အများက ကန်.
.ကွက်ကြ.. ဂျာနယ်တွေမှာပါတော. မှ ၁၀၀ ကျပ်.ပြန်လုပ်ပါတယ်...လေလံပစ်ကတည်းက.ဘယ်လောက်ကောက်ရမယ်စည်းမျဉ်းမရှိဘူးလား..
ဒီနှုန်း ဒီနှုန်းဘဲကောက်ရမယ်..တတ်နိုင်တဲ.ဈေး..ကိုက်မဲ.ဈေးဘဲပေးပြေါ...... ကိုယ်ပေးချင်တဲ.ဈေးပေးဆွဲပြီး..နောက်မှ ရှုံးလို.ပါဆိုပြီးဈေးတက်လို.မရဘူးလေ..ရှုးံ..ခံပေါ.
အစိုးရ ကလဲသေခြာကြပ်မတ်သင်.ပါတယ်...ငွေရပြီးရောမလုပ်သင်.ပါ
ပြည်သူ.မျက်နှာ ကိုဘဲကြည်.ရမှာပါ

WinMyint said...

စည်ပင်ကနည်းစနစ်ဘာမှနားမလည်တာထင်ရှားတယ်။နိုင်ငံဝန်ထမ်းတွေနည်းစနစ်လေ့လာမှု့အားနည်းတာခေါင်းဆောင်ညံ့နေတာအပါအဝင်ပေါ့။

Powered by Blogger.