ရွှေပြည်သာ ADK အထည်ချုပ်စက်ရုံမှ ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွား

၁၅-၃-၂၀၁၂ ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ် စက်ရုံတရုံဖြစ်တဲ့ ADK အထည်ချုပ်စက်ရုံက အချိန်ပို အလုပ်ဆင်းချိန် ဖြစ်တဲ့ ည ၉း၀၀ နာရီမှာ ပိုင်ရှင် (ယာဉ်မောင်း ကျော်မင်း (၄၀) နှစ်ခန့် မောင်းနှင်လာတဲ့ ဒိုင်နာကားဟာ ဒညင်းကုန်း လမ်းဆုံ မရောက်ခင် အစာမှတ်တိုင်နားမှာ ရှေ့က ကားတစီးကို ကျော်တက်ရင်း ကွန်တင်နာ တင်လာတဲ့ ကားနောက်ပိုင်းကိုနောက်မြီးချင်း ချိတ်မိလို့ ဒိုင်နာကား အမိုးပြုတ်ထွက်သွားပြီး ကားပေါ်ပါလာတဲ့ အထည်ချုပ် အလုပ်သမတွေ ပြုတ်ကျကုန်တာကြောင့် အလုပ်သမ ဒေါ်ယုကြည် (၄၅) နှစ် နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်။

ဒေါ်အေးမြင့် (၄၂) နှစ်၊ မသီတာဝင်း (၂၂ နှစ်) ကိုယ်ဝန် (၅) လ၊ မဝင်းမာစန်း (ခ) လွင်မာဦး (၂၅ နှစ်)၊ နောက်တနေ့ အင်းစိန်ဆေးရုံမှာ ထပ်မံ သေဆုံး။ နှင်းပပအေး (၂၁ နှစ်) ဘယ်ဘက်ပုခုံး အဆစ်ပြုတ်၊ သန်းစန္ဒာထွေး (၂၄ နှစ်) ခေါင်းထိ ဘယ်ဘက်နံရိုး အမှတ်(၂) ကနေ အမှတ် (၁၁) အထိ ကျိုး၊ သန္တာလင်း (၂၇)နှစ် သားနံရိုးက သားအိမ်ကို ထိုးမိသည့်အတွက် သားအိမ်ထုတ်ရ၊သူဇာလင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ရောက်နေ၊ ခေါင်းထိ၊ သရက်ရွက်ကြွေ၊ နှလုံးထိ၊ နံရိုးကျိုး၊ တင်ပဆုံထိ၊ မဝင်းခိုင် (၁၈)နှစ် ဘယ်ဘက်ခေါင်းထိ၊ နှင်းပွင့်ဖြူ (၁၆)နှစ် ညာဘက်လက်သန်း၊ လက်သကြွယ်၊ လက်ခလယ်ပြတ်၊ စက်ရုံက အခုထိ ဆေးဝါးကုသမှု ကုန်ကျစရိတ်ကို လုံလောက်စွာ မပေးတာကြောင့် ဒဏ်ရာ ရနေတဲ့ အလုပ်သမတွေ ဓါတ်မှန်ရိုက်ဖို့ ကုန်ကျစရိတ် မတတ်နိုင်တဲ့ အခြေအနေတွေ ရင်ဆိုင်နေကြရတယ်။ စက်ရုံက ပါကင်ဌာန အလုပ်သမား ကျော်မင်းထွန်း တယောက်ကိုသာ ဆေးရုံကို စေလွှတ်ပြီး ဆေးဖိုးငွေ အနည်းအကျဉ်း ထုတ်ပေးတယ်။ စက်ရုံမန်နေဂျာ ဒေါ်စန္ဒာထွန်း အပါအဝင် တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုတာ မရှိဘူး။ ကျော်မင်းထွန်းက စက်ရုံမန်နေဂျာကို ဆေးဝယ်ဖို့ ဘောက်ချာတွေကို ဆရာဝန်တွေ ပေးထားပြီး ဝယ်ဖို့ ငွေလိုနေကြောင်း ဖုန်းဆက် အကြောင်းကြားတာကို မန်နေဂျာက ဖုန်းမကိုင်ဘဲ နေတယ်လို့ သိရတယ်။ ဖုန်းနံပါတ်က 0943107824 ဖြစ်။ အင်းစိန်ဆေးရုံမှာ အလုပ်သမားတွေ ဒုက္ခရောက်နေကြတယ်။ လူသေဆုံးမှုဖြစ်ရင် သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနကို တနာရီအတွင်း အကြောင်းရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေးမယ့် အဲဒီ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိ ဆိုတာကိုလည်း မသိရဘူး။ မြို့နယ်တာဝန်ရှိသူတွေ ဆေးရုံကို ရောက်မလာတာကို ကြည့်ရင် စက်ရုံဘက်က အကြောင်း မကြားတာ ဖြစ်နိုင်သလို တာဝန်ရှိသူတွေနဲ့ စက်ရုံပိုင်ရှင်တွေကြား အပေးအယူ လုပ်ပြီး မသိချင် ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ အခု အမှုမှာ ဆေးရုံ တာဝန်ရှိသူတွေကလည်း အပေးအယူထဲမှာ ပါနိုင်တယ်။ဆေးရုံကို ရောက်လာပြီး သေဆုံးရတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီတိုက်မှုမှာ ဆေးရုံ တာဝန်ရှိသူတွေကို ပေးကမ်းခြင်း မရှိဘဲနဲ့ အမှုပိတ်ထားလို့ မရဘူး။

ဒီအမှုမှာ စက်ရုံတာဝန်ရှိသူတွေ ပါဝင်တာဝန်ရှိတယ်။ စက်ရုံမန်နေဂျာဘက်က အလုပ်ချိန်ပြင်ပမှာ ဖြစ်တယ်လို့ အလုပ်သမားတွေထဲ သတင်းဖြန့်ထားပေမယ့် ဥပဒေ အရ လုပ်ငန်းခွင်က အိမ်ပြန်စဉ်ဖြစ်တာ အချိန်ပိုခေါ်ပြီး ပြန်လွှတ်ချိန်မှာ ဖြစ်တာကို လုပ်ငန်းခွင်ထဲ ဖြစ်တာလို့ သတ်မှတ်တယ်။

 အခုဖြစ်စဉ်မှာအလုပ်သမားတွေက အခု ကားကို မစီးလိုကြောင်း ၃ ရက်လောက် စက်ရုံကို တိုင်ကြားခဲ့တယ်။ စက်ရုံဘက်က ဒီကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းမပေးခဲ့ဘူး။ ကားသမားက အလုပ်သမားတွေကို ထိပါး နှောက်ယှက်ဖို့ လုပ်တာ၊ လမ်းမှာ အခြား ယောကျာ်းလေးတွေ ခေါ်တင်ပြီး မိန်းကလေးတွေကို ထိပါး စနောက်တာတွေကြောင့် အလုပ်သမားတွေက စက်ရုံမန်နေဂျာကို တိုင်ကြားပြီး ကားချိန်းပေးဖို့ ပြောတာကို စက်ရုံဘက် လုပ်မပေးဘဲ ကားသမားကို ပြန်ပြောခဲ့လို့ ကားသမားက အလုပ်သမားတွေ အပေါ် အညှိးထားပြီး နင်တို့ကို ပညာပေးမယ် ပြောပြီး ကားကို အတင်းအရှိန်မြှင့် မောင်းနှင်တာကို အလုပ်သမားတွေ ဝိုင်းအော်တားနေတဲ့ကြားက ဒီယာဉ်တိုက်မှု ဖြစ်ရတာ ဖြစ်တယ်။

 ကားသမားဟာ ယာဉ်မောင်းနေစဉ်မှာ အရက်မူးနေတာလည်း ဖြစ်တယ်။ ဒီစက်ရုံဟာ တရုတ်ပိုင်ဖြစ်ပြီး အလုပ်သမား ၃၅၀၀ ခန့် ရှိတဲ့ စက်ရုံကြီးလည်း ဖြစ်တယ်။ စက်မှုဇုန်တွေက ဖယ်ရီကားတွေဟာ အလုပ်ပြန်ချိန် ညအချိန် (၉) နာရီလောက်မှာ ကြိုပို့လုပ်ရတာ ဖြစ်တဲ့အတွက် မိမိတို့အိမ်ကို အမြန် ပြန်ရောက်ချင်ဇောနဲ့ကားတွေကို အရှိန်မြှင့် မောင်းကြသလို၊ တချို့  ကားသမားတွေဟာလည်း ကားနားချိန်ဖြစ်လို့အရက် သောက်ထားကြတွေလည်း ရှိတယ်။ အလုပ်ပြန်လွှတ်ချိန်မှာ စက်ရုံ တာဝန်ရှိသူတွေဟာ အလုပ်သမားတွေ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိဘဲ အလုပ်သမားတွေဟာ ကားဆီ ရောက်အောင် အလုအယက် ပြေးကြရတယ်။ လူများတဲ့ စက်ရုံတွေမှာ အလုပ်ဆိုင်းအလိုက် အသုတ်လိုက် ခွဲပြီး ပြန်ခိုင်းလို့ ကားတစီးကျပြီး အဆိုင်းမတူတဲ့ အလုပ်သမားတွေဟာ ကားမမှီဘဲ လမ်းလျောက် ပြန်ရတာတွေ ရှိနေတယ်။ ကားသမားတွေက လူစုံအောင် စောင့်တင်တာမျိုး မရှိဘူး။ ဒါတွေကို ကြည့်ရင် စက်ရုံပိုင်ရှင်တွေ မန်နေဂျာတွေဟာ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို နားလည် စာနာပေးမှု မရှိဘဲ သူတို့ အကျိုးစီးပွားတခုတည်း ကြည့်နေတာကို တွေ့တယ်။ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း အလုပ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ထက် အလုပ်ရှင်တွေဆီက လာဘ်ငွေ ယူဖို့ကိုသာ အဓိက ထားနေတာ ဖြစ်ပါတယ်။

BurmaVJ Media Network


မနှင်းပပအေး (၂၁ နှစ်) ဘယ်ဘက်ပုခုံး အဆစ်ပြုတ်
မနှင်းပပအေး (၂၁ နှစ်) ဘယ်ဘက်ပုခုံး အဆစ်ပြုတ်


မသန္တာလင်း
မသန္တာလင်း
မနှင်းပွင့်ဖြူ (၁၆)နှစ် ညာဘက်လက်သန်း၊ လက်သကြွယ်၊ လက်ခလယ်ပြတ်
မနှင်းပွင့်ဖြူ (၁၆)နှစ် ညာဘက်လက်သန်း၊ လက်သကြွယ်၊ လက်ခလယ်ပြတ်

ဘားမားဗီဂျေ
ရွှေပြည်သာ ADK အထည်ချုပ်စက်ရုံမှ ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွား ရွှေပြည်သာ ADK အထည်ချုပ်စက်ရုံမှ ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:23 Rating: 5

24 comments:

Killer said...

ကဲ.. ဘယ်ရောက်ကုန်လဲ အလုပ်သမားသမ္မဂ၊ အမျိုးသမီးရေးရာ... ဘယ်ဂျောင်ရောက်နေပြီလဲ...

Ko Htet said...

ဒါကိုကြည့်ရင် သိနိုင်ပါတယ်---
ဆောက်ကျင့်မကောင်းတဲ့ လူမျိုးဆိုတာ မြန်မာပြည်လာနေပြီး လူပါးဝတာ-----
ဒါတောင်အစိုးရ က လေးလေးစားစား ဆက်ဆံနေတယ်။

dingyi said...

ရင်နာစရာကောင်းလိုက်တာကွာ

John said...

နိုင်ငံတော် သမ္မတကြီး ဒီနေရာမှ အမှတ်မယူရင်ဘယ်နေရာမှာယူမှာလဲ။ အားကိုးရာမဲ့ အလုပ်သမားတွေရှေ့ကမား၂ မတ်၂ရပ်ပေးပါလို့ ပြည်သူတွေကိုယ်စား မတ္တာ ရပ်ခံပါတယ်။
သမ္မတကြီး သတ္တိရှိဖို့ လိုတယ်။

Anonymous said...

ဒီကိစ္စ ပေါ့ပျက်ပျက်လုပ်လို့ မရဘူး မြန်မာနိုင်ငံသားတွေကို အလေးမထား တန်ဖိုးမထားတဲ့ သဘောပဲ . . . အခုအစိုးရသစ်မှာ ဒါတွေကို ဘယ်လို ဖြေရှင်းမလဲ အလုပ်ရှင်အပါအ၀င် တာဝန်ရှိသူအားလုံး နဲ့  ကားသမားရဲ့ တမင်တကာ ရန်ငြိုးနဲ့  ရမ်းကားစွာကြမ်းကြမ်းတမ်းတမ်းမောင်းနှင်းပြီး အသက်ပေါင်းများစွာ သေစေတဲ့အတွက် ထောင်တစ်သက်နဲ့ ကြေပါ့မလား . . . နောက်ပိုင်း တရုတ်ကုမ္မဏီတွေဆို အလုပ်ရှောင်ကြဖို့ အလုပ်သမားအများစုကိုလဲ တိုက်တွန်းချင်တယ် . . အခုဆိုမြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံမဲ့ အခြားပြည်ပ နိုင်ငံတွေ ရောက်လာတော့မှာပါ . . နောင်ဆို အလုပ်ရှင်ကောင်းကို ရွေးချယ်ခွင့် လုပ်ကိုင်ခွင့် ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် . . .

သုဘရာဇာ said...

ဘယ်သူကို ဘာမှမပြောချင်ပါဘူး..ဒါပေမယ့်..သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကိုတော့ အတိုင်းအဆမရှိဝမ်းနဲခံစားရပါတယ်...

joseph said...

ကားသမားတစ်ယောက်ပေါ့ဆမူကြောင့်အသက်ပေါင်းများစွာဆုံးရူံးရတယ်။

ရွှေမိုးကြီး said...

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံမန်နေဂျာတွေအပေါ်မှာပိုတာဝန်ရှိပါတယ်
အလုပ်သမားတွေက သတိပေးတောင်းဆိုပါရက်နဲ့ လစ်လျူရု့တာ ဒီလူတွကို အရေးယူမှု့ ထိုက်ထိုက်တန်တန် အပြစ်ပေးမှု့ပြုလုပ်သင့်ပါတယ်
သက်ဆိုင်သူများခင်များ

Anonymous said...

Ta Yoke ar koe ....pa sein yoe...

ကျော်ထိုက် said...

နိုင်ငံတိုင်း မှာ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အလုပ်သမား အဖွဲ့အစည်း အများကြီးရှိ တယ်... .ကိုယ့် မြန်မာ ပြည် မှာ ဒါမျိုး မရှိလို့ ပိုင်ရှင်ဖြစ်တဲ့ နိုင် ငံခြားသားတွေ....အုပ်ချုပ်မှုပိုင်းမှာရှိတဲ့ လူတွေက လုပ်ချင်သလိုလုပ်နေကြတာပါ....နောက်ဆို စက်ရုံတွေ က များလာမှာပါ...ခုကတည်းက ဒါတွေကို ကြည့်ပြီး တော့ လုပ်ဆောင်ကြပါလို့ ကျွန်တော် ပြော ချင်ပါ တယ်...ကိုယ့် မြန်မာ အမျိုးသမီး တွေ မသေသင့်ပဲ သေဆုံး ကြ ...ဒဏ်၇ာ အနာတရ ဖြစ်ကြတဲ့ အတွက် တကယ့် ကို စိတ်မကောင်းပါဘူးခင်ဗျာ....အရမ်းဝမ်းနည်းရပါတယ်....ကိုယ်ဝန်သည် တယောက်လဲပါတဲ့အတွက် ၀မ်းနည်းလို့ မဆုံး ပါဘူး...အမှန်တကယ် က ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက သူများနိုင်ငံတွေမှာ ခွင့်ရက် အပြည့်ပေးထားကြတာပါ....ဒါကို ပိုင်ရှင်တွေက ခိုင်းလို့ ရ သလောက် ခိုင်းမယ် ဆိုပြီး လုပ်နေကြတာပါ.....ဆုံးပါးသွားတဲ့သူများ ကောင်းရာသု
ဂတိရောက် ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ...

Myanmar said...

အန်အယ်လ်ဒီက ဘာတွေ ကူညီနိုင်မလဲ ဘာတွေ ကူညီနေပြီလဲဆိုတာလေး သိ၇င်တင်ပေးပါလားဗျာ။ ဘယ်သူတွေ မကူ၇င်နေပါစေ။ ကျနော်တို့ချစ်တဲ့ ပါတီက ဘာလုပ်ပေးနိုင်သလဲ ဘာလုပ်ပေးနေသလဲဆိုတာဘဲ သိပါ၇စေဗျာ။ ။

foreverybody said...

ကယ်ဆယ်ေ၇းဝန်ကြီး အလုပ်သမားဝန်ကြီးပြည်ထဲေ၇းဝန်ကြီးဘာလုပ်နေကြလည်း၇န်ကုန်ဝန်ကြီးချုပ်ကော်မကြားဘူးလားgood government မဖြစ်ချင်တော့ဘူးလား ဆင်း၇ဲသားအလုပ်သမားပြည်သူတွေကိုဒီတိုင်းကြည့်နေတော့မှာလား

amtkhunlay said...

ရင်နာစရာ အဖြစ်ဆိုးကြီးတစ်ခုပါကွယ်။ တစ်ပြားယူပြီး ပြန်ပေးလိုက်ရတာရယ် အကျိုးအပဲ့နဲ့ အသက်တွေပဲပေါ့ကွယ် မောင့်မျက်ရည်ဝိုင်း မောင့်မျက်ရည်ဝိုင် ပြန်ပြောင်းကာ ဒီအကြောင်းကို မစဉ်းစားချင်တယ် အော့နှလုံးနာတဲ့ အာဏာရှင်စနစ်ဆိုးရယ်။

တိပံင်ကောံ said...

မသီတာဝင်းကကိုယ်ဝန်ငါးလရှိနေတာတောင်အလုပ်ကခွင့်မပေးသေးဘူးလား။ အမှန်တော့ကိုယ်ဝန်ငါးလထဲဝင်ရင် ခွင့်မပေးတာတောင် အချိန်ပိုတော့ပေးမဆင်းသင့်တော့ဘူးထင်တယ်။ အလုပ်သမားများရဲ့ကျန်းမာရေးကြာင့် ခွင့်ယူလို့ရမယ့်ရက်ကိုလည်း တိတိကျကျပြဌာန်းပေးချင်တယ်ဗျာ။

taung pai gyi said...

ကား​မောင်းတဲ့​ကောင်မ​သေဘူးလား အဲဒီ​ကောင်​ခွေး​သေ ​သေရမှာ.ကိုယ်အင်ဂါအစိတ်အပိုင်းဆုံးရှံ့းတဲ့သူ​တွေ အသက်ဆူံးရှုံးသူ​တွေအတွက် ဘယ်လူကြီး​တွေကဘယ်လိုတာဝန်ယူ​ဆောင်ရွက်​ပေးမလဲဆိုတာ​စောင့်ကြည့်ကြတာ​ပေါ့ဗျာ

Aung Soe Oo said...

မြန်မာပြည်မှာ တရုတ်ကုမ္ပဏီတွေအကုန်လုံးကိုရပ်ဆိုင်းပြီး တရုတ်လူမျိုးလုပ်ငန်းရှင်တွေကိုပြည်သူတရပ်လုံးဝိုင်းဝန်းပြီးဆန္ဒပြသပိတ်မှောက်သင့်တယ်....ဒါမှမဟုတ်ဗိုလ်ချုပ်ပြောသလိုအခွင့်အရေးဆိုတာတောင်းယူလို့မရရင်တိုက်ယူရမယ်တဲ့မရရင်အဲဒီစက်ရုံတွေမီးရှို့ဖျက်ဆီးကြဗျာ......

Aung Soe Oo said...

တ၇ုပ်အားကိုး ကိုရွေကိုမျိုးတွေ(သူခိုး)တွေပါအမြစ်ပြုတ်အောင်တိုက်ကြမယ်သူငယ်ချင်းတို့ရေ......

Anonymous said...

ဗမာပြည်မှာ စီးပွားရှာပြီး အကြီးအကျယ်ချမ်းသာနေတဲ့ တရုတ်ကုမဏီအများစုဟာ ဗမာဝန်ထမ်းတွေအပေါ် ဂုတ်သွေးစုပ်လို့ရသမျှစုပ် ပေးသင့်တဲ့အခွင့်အရေးတွေမပေးပဲ ညစ်လို့ရနိုင်သမျှညစ် အာဏာရှိသူတွေကို ငွေနဲ့ပေါက် အပိုင်ပေါင်းပြီး မြန်မာတွေကို နှိပ်ကွပ်.. တချို့သော ဗမာဝန်ထမ်းတွေကလည်း အခွင့်အရေးလေး နဲနဲရရင် ကိုယ့်လူမျိုးချင်း ပြန်ပြီးနှိပ်ကွယ်ဖို့ ဝန်မလေးဘူး။ လုပ်ငန်းခွင်တွေမှာလည်း အချင်းချင်း ရန်တိုက်၊ သွေးခွဲအုပ်ချုပ်တဲ့နေရာမှာ ဒီသောက်တရုတ်တွေ ကျွမ်းမှကျွမ်း။ ကျုပ်တို့လူတွေကလည်း အခွင့်အရေးနဲ့ စည်းရုံးလိုက်ရင် နှစ်ခါမစည်းရုံးရဘူး၊ လွယ်မှလွယ်။ တရုတ်တွေအတွက် ဗမာတွေက အချဉ်လို ဖြစ်နေတယ်။ အစဉ်အလာလိုကြီး ဖြစ်လာတယ်။ ဒီအစဉ်အလာကြီးကို ရွံတယ်ဗျာ.. ဘာလုပ်ရမလဲမသိဘူး။ အစိုးရက ကိုယ့်လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေကို ကာဗာလုပ်ပေးသင့်တယ်။ အသိဥာဏ်တွေ အမှန်တကယ် ပွင့်လင်းလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးသင့်တယ်။

tin said...

tha ye kyoe 2 htote

linnzawhtike said...

ကိုယ်ဝန်ရှိသူရယ် အသက်၁၈နှစ်မပြည့်သေးသူရယ် အလုပ်ခွင် ၀င်လုပ်နေရတာတော့ မဟုတ်သေးဘူး

ep said...

တိုင်းပြည်ရဲ့ ဖွတ်ကျား ခေါင်းဆောင်တွေကိုက " တရား အားထုတ် " ချင်ကြသကိုး !!!!!!!!!!!!!!!!!!
<<< တရုတ် အားထား >>>

kiki said...

ဒီကိစ္စအတွက် ကုမ္ပဏီမှာ လုံးဝ တာဝန်ရှိတယ် ။ အလုပ်သမား တယောက် .အလုပ်တက်ဖို့  အိမ်က ထွက်လာတာနဲ့ အလုပ်ဆင်းလို့ အိမ်အပြန်လမ်းမှာ ဖြစ်တဲ့ မတော်တဆ မှု လုပ်ငန်းချိန်မှာ ထိခိုက်မှု တွေအတွက် အလုပ်ဌာန(စက်ရုံ ၊ ကုမ္ပဏီ ) မှ တာဝန်ယူပေးရမယ် ။ အလုပ်သမား ကျန်းမာရေးခံစားမှု ထိခိုက်ဒါဏ်ရာရမှု တွေ အတွက်လည်း အာမခံထားရှိပေးရမယ် ။ ဆေးကုစရိတ်ကို ရာနှုန်းအလိုက် ပေးရမယ် ။ ( လူများတဲ့ စက်ရုံ အလုပ်သမားထောင်ချီရှိတဲ့စက်ရုံ တွေဆိုရင် အသေးစား နေထိုင်မကောင်း ထိခိုက်ဒါဏ်ရာ အတွက် ဆရာဝန် ဆရာမ standby ရှိတဲ့ ဆေးခန်းငယ်လေး တွဲဖက် ထားရှိပေးရမယ် ) ။ ဒါတွေက .. နိုင်ငံတကာ မှာ ရှိတဲ့ စက်ရုံ အလုပ်ရုံတွေ အတွက် မရှိမဖြစ် အခြေခံ လိုအပ်ချက်တွေ ၊ ပြဌာန်းထားရှိ မှု တွေ ပါ ။
မြန်မာပြည် မှာ လည်း နောင်ဆို စက်ရုံ အလုပ်ရုံကြီးတွေ များသထက်များ လာတော့မှာ ဆိုတော့ ၊ အလုပ်သမားများအတွက် ထိခိုက်နစ်နာမှု မရှိစေအောင် သက်ဆိုင်ရာ ဥပဒေတွေ အမြန်ဆုံး ပြဌာန်းပေးဖို့  လိုအပ်နေပါပြီ ။
ကိုယ့်လူမျိုး အချင်းချင်း အထက်ဖါး အောက်ဖိတဲ့ အုပ်ချုပ်သူ ( တာဝန်ခံ .. မန်နေဂျာ စသူတွေ ) ကလည်း .. ကိုယ်ချင်းစာနာ စိတ်လေးများ ထားရှိပေးနိုင်ကြပါစေ ..
သေဆုံးသွားသူ ၊ထိခိုက်ဒါဏ်ရာရသူများအတွက် ဝမ်းနည်းခြင်းများစွာ ဖြစ်ရပါတယ် ..သူတို့ အတွက် ရ သင့် ရထိုက်တဲ့ လျော်ကြေးငွေ များ လည်း ရအောင် ဝိုင်းပြီး ဆောင်ရွက်ပေးကြဖို့  လိုပါတယ်။

Shin Myochit said...

It was a great shock after I have seen this news and at the same time I feel sad for our myanmar people with no human right.It is totally different from other countries as I compare.I like to share some of my knowledge.
In Singapore,14 years old Thai girl loses her legs after subway train accident because she was feeling dizzy before the accident.But she was free of charge for hospitalization and received s$250,000 donation from Singapore Red Cross,SMRTs$5000 anddonar gives50,000.you can read detail in(sg.news.yahoo.com/blog/singaporescene
What is more,Jolovan Wham(Executive director of Home,an organisation) that fight for the right of migrant workers living in Singapore.You can read in detail (Jan.25 2012 in yahoo written byJeanette Tan.What do you think?But this is true.
UN HCHR Navi Pillay said "Every one should enjoy all human rights.No one should be excluded,All human beings are born free and equal in dignity and rights Non-discrimination must be prevail".Even Jolovan Wham can help different nationalities,why same nationality cannot help.Where is authority for this issue.What is your very good management?I feel shame of your negligence.Our myanmar people, please read knowledgeable books so that you can differentiate good or bad,right or wrong.WAKE UP please.

irrawaddy said...

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကြီးရေ လူကြီးမင်း စာတက်ရင်တော့ ဖတ်တက်မှာပါနော် ကြည့်လုပ်ပါအုံး အလုပ်သမား အခွင့်ရေးတွေ ရေးဆွဲနေတယ်ဆို ဘယ်ဖြစ်တာလဲ

Powered by Blogger.