ဒေါ်အောင်ဆန်းစုကြည်အား ကန့် ကွက်ခဲ့တဲ့ ဦးတင်ရီ နှင့် တွေ့ ဆုံခြင်း (ရုပ်/သံ)


ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ရီဟာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဦးတင်ရီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟု ဆိုကာ ကန့်ကွက်စာကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က စတင် တင်သွင်းခဲ့ပြီး ခရိုင်ကော်မရှင်ရုံးမှတဆင့် တိုင်းကော်မရှင်ရုံးအထိ တိုင်ကြားခဲ့သူ ဖြစ်ပါတယ်။ ဦးတင်ရီဟာ ကော့မှူးမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းတို့နှင့်အတူ ယှဉ်ပြိုင်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ