ရတနာပုံ တယ်လီပို့ Web Protal ဌာနမှ ဝန်ထမ်းများအတွက် အမှူဆောင် အရာရှိချုပ်ဦးတင်ဝင်းရဲ့ ဖြေရှင်းချက်

ရတနာပုံ တယ်လီပို့
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဦးမျိုးညွန့်အောင်ရဲ့ အာဏာသုံး ရိုင်းပျကြမ်းတမ်းစွာ ဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ တိုင်ကြား ကန့်ကွက်လိုက်တာကို ယနေ့ (၂၈.၂.၁၂) ရက်နေ့တွင် ရတနာပုံ တယ်လီပို့ အမှုဆောင်အရာရှိချုပ်ဦးတင်ဝင်းမှ Web Portal အပါအဝင် ရတနာပုံ တယ်လီပို့ (ပြင်ဦးလွင်) ရှိ ဝန်ထမ်းများ အားလုံးနှင့် တွေ့ဆုံပြီး အရေးပေါ်အစည်းအဝေး တစ်ခု ပြုလုပ်သွားကြောင်း သိရပါသည်။    

အမှုဆောင်အရာရှိချုပ်က တိုင်ကြားစာပါ အချက်(၂)ချက်ကို အခြေခံပြီး လာရောက် ဆွေးနွေး နှစ်သိမ့်ပေးသွားပါတယ်။ ပထမအချက်ဖြစ်တဲ့  "ရတနာပုံ Web Portal ရဲ့ ဌာနကြီးမှူး ဦးမျိုးညွှန့်အောင်ကို အားလုံးကမကျေနပ်ကြပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်" ဆိုတဲ့ အချက်ကို ပြန်လည် ဆွေးနွေးရာတွင် ရတနာပုံ Web Protal ဝန်ထမ်းများ၏ သဘောထားအားသူကောင်းစွာ သဘောပေါက်ကြောင်း သူ့အနေဖြင့် အကောင်းဆုံး ဘက်ညီဆုံး သင့်တင့်မျှတဆုံးသော အဖြေကို ရှာမည်ဖြစ်ကြောင်း အားလုံးရဲ့ စိုးရိမ်ထိတ်လန့်မှု စိတ်ဓာတ်ပျက်ပြားမှုများကို ကောင်းစွာသဘောက်ပေါက်ကြောင်း အားလုံးမျှော်လင့်ထားတဲ့ ရလဒ်မျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသွားကြောင်း သိရပါတယ်။

နောက်တချက်က "ရတနာပုံ ဌာနကြီးမှူး ဖြစ်သော ဦးမျိုးညွန့်အောင်က ဆိုလာစက်ရုံတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် ခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်" ဆိုတဲ့ အချက်အပေါ်ကို အမှုဆောင်အရာရှိချုပ်က အားလုံးဟာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှာသာလျှင်  မူလအတိုင်း ဆက်လက် လုပ်ဆောင်ရန် အတည်ပြုပြောကြားသွားသည်။ ပြောင်းရွှေ့ခံ ဝန်ထမ်းများ အပေါ် ရတနာပုံ ဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင်၏ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုမှာ မှန်ကန်ကြောင်းဦးမျိုးညွန့်အောင်ကိုယ်တိုင် အမှုဆောင်အရာရှိချုပ်ထံ ဝန်ခံကတိပြုသွားကြောင်း သိရပါသည်။

ရတနာပုံ တယ်လီပို့ အမှုဆောင် အရာရှိချုပ်က ဦးမျိုးညွှန့်အောင် အား ဌာနကြီးမှူး အဖြစ်မှ နှုတ်ထွက်ပေးရမည် ဆိုသည့် Web Portal ဝန်ထမ်းများ၏ တောင်းဆိုချက်ကိုမူ ပြန်လည် သုံးသပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။ အမှုဆောင်အရာရှိချုပ်၏ တရားမျှတစွာ ဖြေရှင်းပေးမည်ဟူသော ပြောကြားချက်ကို ဝန်ထမ်းများ အားလုံးမှ ယုံကြည်မျှော်လင့် စောင့်စားနေကြကြောင်းလည်း သိရှိရသည်။

သိုဖြစ်ပါ၍ အမှုဆောင်အရာရှိချုပ်အနေဖြင့် ဖြစ်ရပ်အားလုံးအပေါ်ကိုလည်း သိရှိပြီး ဝန်ထမ်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သောကြောင့် ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများအားလုံးရဲ့ ညီညွတ်သော ဆန္ဒနှင့် သဘောထားများကို သိရှိပြီး ညီညွှတ်မျှတသော မှန်ကန်သော ဘက်ညီသော တရားနည်းလမ်းကျ ဖြေရှင်းမှု့ကို ပြုလုပ်မည်ဟု ယုံကြည် မျှော်လင့်ထားကြကြောင်း ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများက Myanmar News Now ကို ပြောပြပါသည်။
သစ်ထူးလွင်
ရတနာပုံ တယ်လီပို့ Web Protal ဌာနမှ ဝန်ထမ်းများအတွက် အမှူဆောင် အရာရှိချုပ်ဦးတင်ဝင်းရဲ့ ဖြေရှင်းချက် ရတနာပုံ တယ်လီပို့ Web Protal ဌာနမှ ဝန်ထမ်းများအတွက် အမှူဆောင် အရာရှိချုပ်ဦးတင်ဝင်းရဲ့ ဖြေရှင်းချက် Reviewed by သစ်ထူးလွင် on 23:12 Rating: 5

24 comments:

Mg Khwe said...

မိဒီယာဟာ ပြည်သူအတွက် ဘယ်လောက် အရေးကြီတယ် ဆိုတာ အခု သိနေရပြီ။ လွန်ခဲ့တဲ့ ၂ နှစ်က ဆိုရင် ဒါမျိုးကို တွေးတောင် တွေးဝန့်မှာ မဟုတ်ဘူး။ ၀န်ထမ်းတွေလည်း လုပ်ရဲလာပြီ ဆိုတာ တွေ့လာရတယ်။ လုပ်ရဲ တယ် ဆိုတာထက် အမှန်တရားဘက်က ရပ်တည် တတ်လာတာက အင်မတန် ၀မ်းသာစရာပါ။ စင်ကာပူမှာ လူတွေရဲ့ စာရိတကို ပြင်တာ ၁၀ နှစ် ကြာခဲ့တယ် လို့သိရတယ်။ မြန်မာပြည် မှာ အဲဒီလောက် ကြာမှာ မဟုတ်ပါဘူး။ မြန်မာပြည်သားတွေဟာ စံထားလောက်တဲ့ လူသားတွေ ဆိုတာ တစ်နေ့ ကဘာ က သိလာမှာပါ။ ကြိုးစားကြစို့။

Tin Myint Soe said...

ကြားရတဲ့ သတင်း အတွက် များစွာ ၀မ်းသာပါတယ်...
တစ်စုံတစ်ခုသော ကိစ္စ ကြောင့်၊ ဖြစ်ပေါ်လာသော ဆန္ဒ လိုက်လျောပေးစေလိုမှု အကောင်းထည်ဖော်မယ်လို့ သိရတာ တရားတယ်လို့မြင်ပါတယ်...အားလုံး အဆင်ပြေချောမွေ့နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

တိုင်၇ီ ကိစ္စ လည်း ခုလိုဖြစ်စေချင်ပါတယ်....
ဒါပေမယ့် ကျွန်တော့် တစ်ဦးတည်းအမြင်ပေါ့နော်..
တိုင်ရီ နဲ့ ရတနာပုံ ကိစ္စမှာ ကွာခြားချက်လို့ခေါ်မလာ...ရတနာပုံ က ပညာရှင် များ ပြဿနာပေါ့.။ တိုင်ရီကတော့ အောက်ခြေလူတန်းစား ပြဿနာလို့ ခေါ်မလာ... ဆိုတော့... ခုထိ အဖြေမပေါ်သေးတာလား...အဖြေမထုတ်ပေးတာလား ကျွန်တော်မသိဘူး..
သို့ပေမယ့်...တိုင်ရီ ပြဿနာ ကို လည်း အမှန်ဆုံးပြေလည်စေချင်ပါတယ်...ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

အောင်ဗလ said...

ဦးမျိုးညွန့်အောင်ဆိုသူ၏ ရိုင်းပျသောအပြုအမူ
ခြိမ်းချောက်သောစကားလုံးများအတွက်
နိုင်ငံတော်ရှေ့နေချုပ်ရုံးမှ
ရာဇ၀တ်ကြောင်းအရတရားစွဲတင်ပို့ပါရန်အကြံပြုပါသည်။

paukpauk said...

အကိုကြီးညီလေးတို့ Regime ဘယ်လောက် ဘက်လိုက်သလဲ မှန်ကန်သလဲ စောင့်ကြည့်ကြသေးတာပေါ့။

အာကာထက် said...

အဲဒီလိုလာပြောတယ်ဆိုရင် ၀မ်းသာတယ် ပညာတတ်တွေဆိုတာ အဲဒါကိုခေါ်တာ ပညာရှိနည်းနဲ့ အမှန်တရားကိုဖေါ်ထုတ်တတ်တာရယ် မှန်ကန်တဲ့ဘက်က ရပ်တည်နေတဲ့သူမျိုးကိုခေါ်တယ် ဌာနဆိုင်ရာတခုမှာ အောက်ခြေ၀န်ထမ်းကြောင့်ဘယ်တော့မှ ပြသနာ စပြီးမဖြစ်ပါ အထက်အရာရှိဆိုးများကြောင့်သာ ၀န်ထမ်းပြသနာ ကြုံရပါသည်
အပေါ်မှာ တရားမျှတလျှင် အောက်ခြေမှတည်ငြိမ်ပါသည် ဆိုးတဲ့ဝန်ထမ်းရှိလျှင်တဦးပဲထိခိုက်ပါသည်အရာရှိဆိုးပါက အားလုံးထိခိုက်ပါသည်ယနေ့ခေတ်ကာလမှာ အရာရှိလုပ်ဖို့လူမရှားပါ ၀န်ထမ်းကောင်းတဦးအတွက် အလွန်ရှားပြီးတန်ဘိုးရှိပါသည် ဦးတင်ဝင်းအနေဖြင့် ၀န်ထမ်းအားလုံးဖက်ကရပ်တည် ပါကအားလုံးရဲ့ယုံကြည်လေးစားခြင်းကို ခံရပါမည် တဦးတယောက်ဖက်ကရပ်တည်လိုက်ပါက သမိုင်းအတွက်အမဲစက်ဖြစ်သွားပါမည်

U Thar said...

လွတ်လပ်တဲ့ media ကိုသုံးခွင့်ပြုတာအ၇မ်း
ကိုကျေးဇူးတင်၇မယ် ဒါပေမဲ့ထိေ၇ာက်အောင်တော့
အေ၇းယူဆောင်၇ွက်သင့်တယ်

thuyawin02 said...

So sweet!!! Now he realize his misconduct!

Ko Tee said...

media အရေးပါကြောင်းလက်တွေ့ပြလိုက်တာပဲ ပြည်သူတွေကလည်း ကြောက်စိတ်ကိုဖယ်ရှားပြီး ရဲရဲတင်းတင်းခုလိုတင်ပြရဲတာဟာလည်းကောင်းတဲ့လုပ်ရပ်ပဲဒါကိုကြိုဆိုတယ်
သစ်ထူးလွင် ကိုလည်းကျေးဇူးတင်ပါတယ်

Anonymous said...

သိပ်သေချာတာပေါ့ ကိုမောင်ခွေး။

ဒီအတွက် ကျုပ်တို့ဒွေ သိပ်ရှုပ်ရှုပ်ထွေးထွေးမလိုပါဘူး။

၁။ မဟုတ်မခံ
၂။ မမှန်ပြန်ပြော

ဒါပဲ။

Anonymous said...

အမှုဆောင်အရာရှိချုပ်ဦးတင်ဝင်း ၏လုပ်ဆောင်ချက်အား ကြိုဆိုပါသည်....
လုပ်ငန်း အနေအထား အမျိုးမျိုး အပေါ်နာလည်ပါသည်....
ဤသို့ရိုင်းပျစွာ ဆက်ဆံခြင်းမျိုး ကို နေရာအတော်များများမှာ တွေ့နေရပါသဖြင့် ကန့်ကွက်လိုခြင်းသာ ဖြစ်ပါသည်...
Web Portal ၀န်ထမ်းများ အတွက်လည်း ဂုဏ်ယူပါသည်.....
အုပ်ချုပ်သူ အဖွဲ့မှ မိမိတို့အသံကို အလေးထားခြင်းအား အသိအမှတ်ပြုသည့် အနေဖြင့် မိမိတို့အားနည်းချက်များ ကိုလည်း သုံးသပ်ပြီး ပိုမိုကြိုးစား လုပ်ကိုင်သင့်ပါကြောင်း အကြံပြုပါသည်.....

LMKS said...

thank u so much Aba! :)

LMKS said...

now we are getting closer to HUMAN RIGHT :)

Kyaw said...

မီဒီယာ၏အကျိုးကျေးဇူးဖြစ်ပါသည်။
ယခုကိစ္စမည်သည့်အရေးယူမှုဆောင်ရွက်သည်ဖြစ်စေ နောင်တွင်ဆင်ကြင်ကြရမည်မှာ အကျိုးကျေးဇူးတစ်ခုပင်ဖြစ်ပေသည်။

iuheshethey said...

"broken relationship" လို့ခေါ်တဲ့ အက်ကြောင်းလိုက် ပျက်စီးသွားတဲ့ ဆက်ဆံရေးရဲ့ နောက်ဆက်တွဲရလာဒ်ကို ဆင်ခြင်ကြစေလိုပါတယ်ဗျာ။ နောက်ပြီး မိမိအပြုအမူကြောင့် "respect" ဆုံးရှုံးသွားရတဲ့ အကြီးအကဲတစ်ယောက်ရဲ့ လက်အောက်မှာ "operation" တွေ ဘယ်လောက် ထိခိုက်မယ် "productive" ပိုင်း ထိခိုက်မယ် ဆိုတာလဲ အများအကျိုးမျှော်ပြီး ဝိုင်းဝန်းကာ နှိုးဆော်ပေးကြပါဦး ခင်ဗျ။ "Public relationship" နဲ့ "Delegation" သဘောတရားတွေ အရေးပါတယ်ဆိုတာ ကို "လေ" သက်သက်လို့ ထင်နေလို့ကတော့ တိုးတက်ဖို့ ဝေးပါသေးတယ်။

iuheshethey said...

ချစ်၍၊ မုန်း၍၊ ကြောက်၍၊ မသိ၍ ဆိုတဲ့ အဂတိ လေးပါးမှာ ငြိနေတာတွေက အများသား။

Robot said...

ဦးမျိုးညွန့်အောင်ဆိုသူ၏ ရိုင်းပျသောအပြုအမူ
ခြိမ်းချောက်သောစကားလုံးများအတွက်
နိုင်ငံတော်ရှေ့နေချုပ်ရုံးမှ
ရာဇ၀တ်ကြောင်းအရတရားစွဲတင်ပို့ပါရန်အကြံပြုပါသည်

အောင်ဗလ အကိုပြောတာလုံးဝထောက်ခံတယ်
ပညာတတ်တွေကိုစော်ကားတာ
နိင်ငံတော် ကိုစော်ကားတာကို
စံပြအနေနဲ.ကိုပညာပေးသင်.တယ်
thithtoolwin website ကိုလည်းအရမ်းကျေးဇူးတယ်ပါတယ်

သက်မောင် said...

မီဒီယာကို အသုံးချပြီး မှန်ကန်သော တည့်မတ်သော လမ်းပေါ်လျှောက်လှမ်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြပါစို့...

yangonthu said...

Media's success, thank you so much this site and all friends who write the comments.

စစ်ခွေး ဖမ်းသူ said...

iuheshethey @ respect ဆုံးရှုံးသွားရတဲ့ အကြီးအကဲတစ်ယောက်လို့ ပြောရအောင် မင်းလူကြီးက respect ပေးချင်စရာကောင်းအောင် ပြုမူနေထိုင်နေလို့လား။ စစ်တပ်က အသုံးမကျလို့ အရပ်ဘက်ရောက်လာပြီး စစ်ခွေးစိတ်မပျောက်ရင်တော့ ပြောရမှာပဲ။operation ပိုင်းတွေ productive ပိုင်းတွေ ထိခိုက်မယ်ပြောရအောင် မင်းရဲ့ စစ်ခွေးက ဘယ်လောက်လုပ်ငန်းနဲ့ပက်သတ်ပြီး ဘယ်လောက်တတ်သိနားလည်နေလို့လဲ

007747 said...

ုဒီလို‌ေ ခါင္း‌ေ ဆာင္မ်ိူး‌ေ တြအစိုးရဌာန‌ေ တာ္‌ေ တာ္မ်ားမ်ားမှာရှိ‌ေ နသေးတယ္။ တဖြည်းနဲ့အမြစ်ဖြတ်ကြပါစို့

tharzaw said...

ရတနာပုံ တယ်လီပို့ အမှုဆောင် အရာရှိချုပ်က ဦးမျိုးညွှန့်အောင် အား ဌာနကြီးမှူး အဖြစ်မှ နှုတ်ထွက်ပေးရမည် ဆိုသည့် Web Portal ဝန်ထမ်းများ၏ တောင်းဆိုချက်ကိုမူ ပြန်လည် သုံးသပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။ အမှုဆောင်အရာရှိချုပ်၏ တရားမျှတစွာ ဖြေရှင်းပေးမည်ဟူသော ပြောကြားချက်ကို ဝန်ထမ်းများ အားလုံးမှ ယုံကြည်မျှော်လင့် စောင့်စားနေကြကြောင်းလည်း သိရှိရသည်။

(အင်း ... ညီလေး အစ်ကိုကြီးနဲ့ပဲပြီးသွားမလားပဲ)
စောင့်ကြည့်နေတယ်နော် ... ။

hasi said...

မျိုးညွှန့်အောင်ဆိုဒါသွားခေါကြီးနဲ့အပေါ်ဖားအောက်ဖိကောင်ကြီးတပ်ထဲမှာတုံးကအရမ်းဆဲတဲ့လူသူပါးစပ်ထဲမှာ အရုပ်တအနပ်တတွေပြည့်နေတာ။ဝန်ကြီးနဲ့ပိုင်တယ်ဆိုပြီးလုပ်တာ။ကိုင်ပစ်လိုက်ဂိတ်ပေါက်စောင့်ကိုမတန်တရာသွားပေးထားတာသူကဂိတ်ပေါက်ပဲစောင့်တတ်တာ

kokomaung said...

မျိုးညွှန်.အောင်ကို နာနာလေးဆော်လိုက်ပါတရားသူကြီးရယ်
တခြားကောင်တွေလည်း ယဉ်ကျေးသွားအောင်လို.။
ဖအေတူသားတွေ တော်တော်များတာပဲ။
ုkokomaung B.E.(Electronics)
M.I.T

sawzarhay said...

ဲ့ပဲခူးက ၀ယ်တဲ့ GSM လိုင်းကတ်က ရန်ကုန်မှာသုံးလို့ မရသေးဘူး
ဘယ်တော့ သုံးလို့ ၇မလဲ

Powered by Blogger.