ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်

ဥရောပ ပါလီမန်
ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောသည်။

ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်သည်။

ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေသည်။

EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့သည်။

သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ်
ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။
နယူးဒေလီ (မဇ္ဈိမ)
ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည် ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည် Reviewed by သစ်ထူးလွင် on 22:42 Rating: 5

11 comments:

khristimatic said...

သိပ်မလုပ်ကြပါနဲ.ဗျာ..မနာလိုစိတ်ယုတ်ပြီး aunty su ကိုဟိုတားဒီတားတားနေပါအုံးမယ်

Lin Myat said...

အမေစုကို ခါးခါးသီးသီး ဖြစ်နေတဲ့ကောင်တွေ မြဲမြဲမှတ်ထား အမေ့ကို ကမ္ဘာကသိတယ် လေးစားတယ် မင်းတို့ကို ဘယ်သူမှ ဆောက်ဂရုမစိုက်ဘူး နားလည်လား သိန်းအောင်ဆိုတဲ့ အရူး

Anonymous said...

အန်တီစုရယ်..
မိန့်ခွန်းနည်းနည်းလျှော့ပြောပါ။ စစ်တပ်က ကတော်ကြီးတွေလည်း အားကျမခံ မိန့်ခွန်းတွေပြောနေကြလို့ပါ။

gawleee said...

အမေစု..ခရီးသွားရင် တင်ရီ နဲ့ သိန်းအောင် ကို ခေါ်သွားပါတယောက်က ထီးကိုင်/ တယောက် ဖိနပ်ကိုင် ဖို့ပါ..မိန်းမတယောက်ကို မနာလိုတဲ့ကောင်းတွေ ဒီလိုခိုင်းရမယ်...ဒင်းတို့သေရင် ကိုကျော်သူက လက်ခံပါ့မလားမသိဘူး.အဲဒါမှဒုက္ခ...

thethnin said...

တင်ရီနဲ့ သိန်းအောင် အပြင် တင့်ဆန်း နဲ့ ကျော် ဆန်းကိုပါ ခေါ်သွားခိုင်း
ဥရောပ ပါလီမန်ထဲ ရောက်ဖူးဖို့ သူတို့ အရည်ချင်းနဲ့ မဖြစ်နိုင်တော့
ရောက်ဖူးသွားတာပေါ့လေ..

naung said...

ွကွယ်....ကိုကို သိန်းစိန်ကလဲ နော်...။
ဆင်ဖြူတော်မှီပြီး...ကြံပဲစုတ်ချင်နေ တော့တာပဲ နော်..။
EUတို့ရေ... ကန်လေးရေ.. နဲ့ ။ အရေး မပါတဲ့ မပြောင်းလဲတဲ့
အသေးအဖွဲလေး တွေ လုပ်ချင်ယောင် ဆောင်နေပြီလေ...နဲ့..။
ဟမ်းဟမ်းယက်ပဲ..။ အရမ်းသိသာ နေပြီနော်..။ မရှိတဲ့ အိန်ဒရေလေး
ဘာလေး နဲနဲပါးပါးတော့ ဆောင်ပါအုံးတော့လား..။ တကတဲ မှပဲ..။

zay said...

အမေ့ကိုထာဝရလေးစားလျက်

hantai Guy said...

mite te byar... mother su ka tot

Toe Gyi said...

သိန်းအောင်နဲ့ တင်ရီတို့ နှစ်ယောက်ထဲတော့ ကွက်မခေါ်သင့် ပါဘူး၊ ကျန်းခဲ့တစ်ယောက် မနာလိုဖြစ်နေပါမယ်၊ ထမီခေါက် ခိုင်းဘို့ တင့်ဆန်းလည်း ခေါ်သွားပါဗျာ.. ပြောရင်တော့ ငါတို့ ယောင်္ကျား မိန်းမထက်မြတ်တယ် လို့အော်ပြီး ဒီမိန်းမကို လိုက်ယှဉ်နေတာ မြတ်တဲ့ ကောင်တွေလားကွ။

Anonymous said...

ယောင်္ကျားတွေ နာမည်ကလဲကွာ။ အရှေ့က ဦး၊ကို၊ဒေါ်၊မောင်၊မ မတပ်ရင် လိင်မကွဲနာမည်တွေကိုးကွ။

tharzaw said...

ကမ္ဘာက လေးစား အသိအမှတ်ပြုတဲ့ ဒို့ရဲ့ အမေစု။
မြင်ကြသလား လွှတ်တော်ထဲမှာ ရန်ထောင်နေတဲ့ကောင်တွေ။

Powered by Blogger.