We Are Flying To Be Free အခမ်းအနားတွင်ကိုကိုကြီး၏ပြောကြားချက်

အကျဉ်းထောင်အုတ်ရိုးလေးကြားထဲမှာ နေခဲ့တဲ့အချိန် မှာပဲ အုတ်ရိုးထဲကို စိမ့်ဝင်လာတဲ့ ကျွန်တော်တို့ နှစ်နဲ့ချီ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ပထမဦးဆုံး အတွေ့အကြုံက နာဂစ်ပါ။ ကျွန်တော်တို့ထောင်ထဲမှာ ဧရာမနှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ အပင်ကြီးတွေလည်း ပြိုလဲပြီးတော့ ကွယ်လွန်သွားခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံ သားတွေအတွက်ကို ကျွန်တော်တို့ ထောင်ကျနေရင်းနဲ့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နောက်တစ်ခါ ဂီရိရခိုင် ဒေသ၊ နောက်တစ်ခါ ကျွန်တော်မိုင်းဆက်ထောင်ကျတော့ ကျွန်တော်တို့ ကိုယ်တိုင် အကျဉ်းကျခံစားနေရတဲ့ ကြားထဲက ကျွန် တော်တို့ သွေးချင်းသားချင်းတွေ နိုင်ငံသားတွေနဲ့ ထပ်တူ ခံစားခဲ့ရပါတယ်။ နောက်ဆုံး ထောင်ကမလွတ်ခင်မှာ ကျွန်တော်တို့ တစ်စွန်းတစ်စသိခဲ့ရတဲ့ အနိဌာရုံတွေက ဒီကချင်ဒေသ ကျွန်တော်တို့ သွေးချင်းတွေ အိုးမဲ့အိမ်မဲ့ ပြေးလွှားနေရတဲ့ အနိဌာရုံတွေ ကျွန်တော်တို့က အကျဉ်း ကျတယ်ဆိုပေမဲ့ မိုးလုံလေလုံ ရေမီးအစုံနဲ့ နေနေတဲ့ အချိန်မှာ တောထဲ တောင်ထဲမှာ ပြေးလွှားနေရတဲ့ ကျွန် တော်တို့ သွေးချင်းသားချင်းတွေအတွက် ကျွန်တော်တို့ပို ပြီး ခံစားခဲ့ရပါတယ်။ အဲတော့ အဲဒီဒုက္ခ၊ သုက္ခတွေ သောကတွေကို ကျွန်တော်တို့က ကိုယ်ထိလက်ရောက် ကာယကံမြောက် မကူညီပေးနိုင်ခဲ့တဲ့ အချိန်မှာ ကျွန်တော် တို့ ညီငယ်ညီမငယ်တွေ အပါအဝင် တခြားစေတနာရှင် အဖွဲ့အစည်း အသီးသီးက ဒါဟာ ငါတို့နဲ့ ဆိုင်တဲ့ကိစ္စ ငါတို့နဲ့ ပတ်သက်တဲ့ ကိစ္စပဲဆိုပြီး အားလုံးက ပူးပေါင်း ဆောင်ရွက်တဲ့ ဆောင်ရွက်မှုဟာ ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ကြွေးကြော်မနေဘဲနဲ့ ကြွေးကြာ်သံတွေ ထုတ်မနေဘဲ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆောင်ရွက်မှုပါ။ အဲဒီအတွက် ကျွန်တော်တို့ အကျဉ်းထောင်နံရံတွေ ကြား ထဲက လှိုက်လှိုက်လှဲလှဲဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးလွတ် ခါနီးလေးမှာ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီး နိုင်ငံသူ နိုင်ငံ သားတွေ ဝိုင်းဝန်းလက်မှတ်ထိုးတယ်။ ဒီကိစ္စဟာ ကချင် လူမျိုးတစ်မျိုးတည်းရဲ့ ကိစ္စမဟုတ်ဘူး။ ဟောဒီ ဧရာဝတီ ဟာ ငါတို့အားလုံးရဲ့ ရင်ထဲမှာ စီးနေတဲ့ မြစ်ကြီးတစ် စင်း နှစ်ပေါင်းများစွာ ဖြတ်ပြီး စီးနေတဲ့ မြစ်ကြီးတစ် စင်း အဲဒီမြစ်ကြီးကို ငါတို့ အသွေးအသားနဲ့ ထပ်တူပြု ပြီး ခံစားကြမယ်ဆိုပြီး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခဲ့ ကြတဲ့အတွက်ကြောင့် နိုင်ငံတော်သမ္မတ ကိုယ်၌က ဒီ ဆည်စီမံကိန်းကြီးကို ရပ်တန့်ပစ်ခဲ့ရတဲ့အထိ ကျွန်တော် တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေး လုပ်တယ်ဆိုတဲ့အခါ လူတွေက အန္တရာယ်ရှိတဲ့ကိစ္စလို မလုပ်ရဲတဲ့ ကိုယ်နဲ့ မပတ်သက်တဲ့ ကိစ္စလို ထင်နေရင်း နဲ့ တဖြည်းဖြည်း ကျွန်တော်ဆုံးရှုံးနစ်နာခဲ့ရတာတွေ သား မြေးတွေအထိ ဆက်ပြီး ခံစားရမယ့် ဝေဒနာတွေကို ကျွန်တော်တို့လက်ထက်မှာ နှုတ်ပယ်ပေးဖို့ ဖြေလျော့ ပေးဖို့ အားလုံးတစ်ပေါင်းတစ်စည်းထဲ ဝိုင်းဝန်းကြိုးပမ်း ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
မက်စင်ဂျာဂျာနယ်
We Are Flying To Be Free အခမ်းအနားတွင်ကိုကိုကြီး၏ပြောကြားချက် We Are Flying To Be Free အခမ်းအနားတွင်ကိုကိုကြီး၏ပြောကြားချက် Reviewed by သစ်ထူးလွင် on 16:48 Rating: 5

No comments:

Powered by Blogger.