ကျောင်းသားအား ဖမ်းဆီးနှိပ်စက်တဲ့  ကျောင်းအုပ်ဆရာ အရေးယူရေး ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည်


 

တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်နှက်ခံရတဲ့ ကျောင်းသားမောင်ပြည့်စုံ(၁၂)နှစ်

သင်္ဃန်းကျွှန်းမြို့နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် သတ္တမတန်းကျောင်းသားအား ကြိုးတုတ်ဖမ်းဆီးမှုနှင့်ပတ်သက်၍
ပညာရေးဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြပြီး ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်အား အခြေခံပညာဦးစီးဌာနမှ စစ်ဆေးလေ့လာထားပြီးဖြစ်ကာ ပညာရေးဝန်ကြီိးဌာနပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒု-ညွှန်ချုပ်ကိုယ်တိုင် စစ်ဆေးနေပါတယ်။ ပညာရေးဝန်ကြီးကို အစီရင်ခံစာတင်ပြဖို့ရှိပါတယ်။ အဲဒီကမှ ဆုံးဖြတ်ချက်ထွက်လာမှာပါ။ ဂျာနယ်တွေ မှာ ပါနေတာတချို့က တကယ့်အဖြစ်မှန်နဲ့ ကွဲပြားနေတာရှိပါတယ်။ ကလေးကိုကြိုးတုတ်ထားတဲ့ တစ်ချက်တော့ရှိတယ်” ဟု ၄င်းကဆိုသည်။
ယခုလ၁၄ရက်တွင် သင်္ဃန်းကျွှန်းမြို့နယ် အ.ထ.က (၁)ကျောင်း၌ သတ္တမတန်းတက်ရောက်နေသော အသက် ၁၂ အရွယ်ကျောင်းသားတစ်ဦးသည်
၎င်းနေထိုင်ရာရပ်ကွက်အနီးရှိ အ.မ.က ၂၀ ကျောင်းပြင်ပတွင် အခြားကလေးငယ်များနှင့် အတူဘောလုံးကစားနေစဉ် အဆိုပါကျောင်းအပေါ်ထပ်ရှိ
ဝရန်တာတွင်ကြိုးတုတ်ဖမ်းဆီးခံရခြင်းဇြစ်သည်။       
ကျောင်းအပေါ်ထပ်ဝရန်တာတွင် ကျောင်းသားအား ၄နာရီခန့် ကြိုးတုတ်ဖမ်းဆီးထားပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဆိုကာ မိဘအုပ်ထိန်းသူများ က အ.မ.က ၂၀ ကျောင်းအုပ်ကြီး၊ အထွေထွေလုပ်သား(ကျောင်းစောင့်) နှင့် အခြားသူတစ်ဦးတို့အား တိုင်ကြားသဖြင့် သင်္ဃန်းကျွှန်းရဲစခန်းတွင် ပ- ၅၈ ။ ၂၀၁၂ ၊ပုဒ်မ – ၃၄၂ ၊ ၃၅၂ ၊ ၁၁၄ တို့ဖြင့်အမှုဖွင့်ထားသည်။
´´နောက်ထပ်ဒီလိုမျိုးထပ်မလုပ်မိစေဖို့ဘဲ အဓိကရည်ရွယ်တာပါ၊ ကျောင်းအုပ်ဆရာကြီးကတော့ လာတောင်းပန်ထားပါတယ်။ ကျွှန်တော်တို့ကတော့
အခုအမှုဖွင့်ထားတဲ့အတွက် အဲဒီအတိုင်းဘဲ၊ ဆက်ဆောင်ရွက်သွားမှာပါ။ သားနဲ့သမီးကတော့ ကလေးဖြစ်နေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တော့
ပိုပြီးဒေါသဖြစ်နေကြတယ်´´ဟု ကျောင်းသားဖခင်ကပြောသည်။
ကျောင်းသားငယ်သည် ဖမ်းဆီးခံရပြီးနောက် နေအိမ်ပြန်ရောက်ချိန်တွင် အားနည်းခြင်းနှင့်အကြောက်လွန်နေခါ၊ သတိလစ်နေသောကြောင့်
သင်္ဃန်းကျွှန်းစံပြဈေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရကြောင်းသိရသည်။
 အဆိုပါကိစ္စနှင့်ပတ်သက်၍ အ.မ.က ၂၀ မှ ကျောင်းအုပ်ကြီးက ´´ကိစ္စကပြိးသွားပြီဆိုတော့ဘာမှတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး၊
သူ့မိဘနဲ့လည်း ရန်ငြိုးမရှိဘူး ။ ရိုက်စရာလည်း ဘာအကြောင်းမှမရှိပါဘူး။ ဂျာနယ်တွေက သူ့အလုပ်တာဆိုပေမဲ့လည်း ကျွှန်တော်တို့ကဌာနဆိုင်ရာ ၀န်ထမ်းဖြစ်တော့ အများကြီးဖြေရှင်းရပါတယ်။ ဌာနကဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း လိုက်နာရမှာပါဘဲ´´ဟု ဆိုသည်။
 7 day news journal
ကျောင်းသားအား ဖမ်းဆီးနှိပ်စက်တဲ့  ကျောင်းအုပ်ဆရာ အရေးယူရေး ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည် ကျောင်းသားအား ဖမ်းဆီးနှိပ်စက်တဲ့  ကျောင်းအုပ်ဆရာ အရေးယူရေး ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည် Reviewed by သစ်ထူးလွင် on 16:39 Rating: 5

6 comments:

Android Myanmar said...

"ဂျာနယ်တွေ မှာ ပါနေတာတချို့က တကယ့်အဖြစ်မှန်နဲ့ ကွဲပြားနေတာရှိပါတယ်" ဆိုတော့ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိပုံရသည်ဟု ယူဆမိပါသည်။ ထို့အတွက် အဖြစ်မှန်ကို ရှင်းလင်းစေလိုပါသည်။ မည်သို့ပင်ဖြစ်စေ ကလေးသူငယ်တစ်ဦးအား ကြိုးတုပ်သည်ဆိုကတည်းက ဥပဒေနှင့် ညိစွန်းပါသည်ဆိုကြောင်းကိုတော့ သိစေအပ်ပါသည်။

Violin Angle said...

ရိုက်စရာအကြောင်းမရှိဘူးဆိုတော့ ကလေးကဆရာကြီးကို မကျေနပ်လို့ သူ့ဘာသာသူပြန်ရိုက်တာလား မသိဘူးနော် ထူးဆန်းပါပေ့

Maunglusoe said...

ကျေအေးစ၇ာအကြောင်းမ၇ှိဘူးနော်
ဥပဒေ အရအေ၇းယူ ၇မှာဘဲ
တောင်းပန်တိုင်းကျေအေးမနေ နဲ့ 

Anonymous said...

ကျောင်းအုပ်ရဲ့  စိတ်ကိုလဲ စစ်ဆေးကြည့်သင့်ပါတယ် . . . normal မဟုတ်တာတော့ သေချာတယ် . . . စိတ်ဝေဒနာရှိနေတယ်ဆိုရင် ဒီအလုပ်ဆက်လုပ်လို့ မဖြစ်ဘူး . . .အဲဒီ့အချက်ကိုတော့ လူကြီးတွေ ထည့်စဉ်းစားသင့်တယ်နော် . . .သူထွက်ဆိုတဲ့ စကားတွေက ကျောင်းဆရာ တစ်ယောက်ရဲ့ စိတ်ဓါတ်လိုမျိုး ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်မကျဘူး . . . ဒီအလုပ်နဲ့  မတန်ဘူးပေါ့ . .

TTT said...

ကျောင်းအုပ်တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို ၄နာရီကြာ ကြိုးတုတ်စရာ ဘာအကြောင်းမှ မရှိဘူး။ သူခိုးဖမ်းမိတာတောင် ရဲလက်ထဲ ချက်ချင်းအပ်ရတာလေ။ ကလေးတစ်ယောက်ကို ရက်ရက်စက်စက် အခုလိုလုပ်တာ သူ့ကို ဒီအလုပ်ကနေ ဖြုတ်ကို ပြစ်ရမှာ။ စိတ်မူမမှန်ဘူးဆိုရင် ကျောင်းဆရာတစ်ယောက်အနေနဲ့ ပြန်ခန့်ရင်တောင် ကလေးတွေအတွက် အန္တရယ်ရှိတယ်။

Mesua Ferrea said...

ဟုတ်တယ် ဒါလူပါးဝတာ ကျေအေးစရာမရှိ

Powered by Blogger.