NLD-အစင်စံပြကျေးရွာဈေးရောင်း ပွဲတော်

NLD-အစင်စံပြကျေးရွာဈေးရောင်း  ပွဲတော်
 NLD-အစင်စံပြကျေးရွာဈေးရောင်းပွဲတော်နှင့်ချောင်းတောင်ရွာသို့စည်းရုံးရေးခရီး
           ပြီးခဲ့သည့်၂၆.၂.၂၀၁၂-ရက်တနင်္ဂနွေနေ့တွင် မွန်ပြည်နယ် ရေးမြို့နယ်NLD-
စည်းရုံးရေးအဖွဲ့ဝင်များသည် ရေးမြစ်၏တဖတ်ကမ်း၊ချောင်းတောင်ကျေးရွာသို့ 
စည်းရုံးရေးခရီးသွားရောက်ခဲ့ပါသည် ရပ်ကွက်(၃)အောက်ပိုက်တန်း-အမှတ်၅၄နေ ကိုသောင်းရီ၊မညိုအိမ်တွင်အစည်းအဝေးကျင်းပပြီးလက်ရှိအမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်မှတိုး
တက်ပြောင်းလဲလာသောနိုင်ငံရေးအခြေအနေကောင်းများကို
အမိအရဆုပ်ကိုင်လျှက်လွှတ်တော်ပြင်ပနိုင်ငံရေးဂွင်ကိုတိုးချဲ့
ကာ ဦးတည်ချက်သုံးရပ်ဖြစ်သော
(၁)ဥပဒေစိုးမိုးရေး
(၂)ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး
(၃)၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေး-စသည့်နိုင်ငံ
ရေးဖြစ်စဉ်များ ဟောပြောခြင်းအပြန်အလှန်ဆွေးနွေး
ခြင်း၊အဖွဲ့ဝင်သစ်လျှောက်ထားသူများကို လက်ခံခြင်းများဆောင်ရွက်နိုင်ခဲ့ပါသည်။
         ၂၇.၂.၂၀၁၂-ရက်နေ့တွင်လည်း အစင်စံပြကျေးရွာဘုရားပွဲတော်တွ
င်း NLD-အထိမ်းအမှတ်ဈေးရောင်းပွဲတော်ဆိုင်ခန်းဖွင့်ပွဲကျင်းပရာ ကျေးရွာ
စည်းရုံးရေးအဖွဲ့ကိုယ်စား ဦးအောင်မြင့်အေး၊ဦးရဲနိုင်ေ
ဝတို့မှ ဖဲကြိုးဖြတ်ကာ 
မိုးပျံဗူဘောင်းများလွှတ်တင်ဖွင့်လှစ်ခြင်း၊ရေးမြိုနယ်NLDစည်း ဦးမြ၀င်းမှ 
အမှာစကားပြောကြားခြင်းနှင့်အစင်စံပြကျေးရွာလူငယ်အမျိုးသား၊အမျိုးသမီးများမှ
NLDအထမ်းအမှတ်ပစ္စည်းများရောင်းချခဲ့ပါသည်၊ဖွင့်ပွဲအခန်းအနားသို့
ရေးမြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ဦးမြ၀င်း၊ဦးမြသန်း၊ဦးလှဦး(
သားဂန်း)ဦးအောင်ကျော်ဦးနှင့်လူငယ်အဖွဲ့ဝင်ကိုထွေး၊ဇော်ဇော်၊စိုင်းတုံ၊မိုးလှိုင်နဲ့မိန်းကလေး
များသွားရောက်ခဲ့ပြီး၊အစင်ကျေး
ရွာမှအတက်ကြွဆုံးသော အဒေါ်ကြီးများကလည်း
တတပ်တအားတက်ရောက်အားပေးကြပါသည်။
       ဇီးဖြူသောင်ကျေးရွာမှလည်း ကိုမျိုးမြင့်အောင်နှင့်အဖွဲ့
ဝင်များလာရောက်ပူးပေါင်းကာ အစင်စံပြကျေးရွာဈေးရောင်းပွဲတော်ကိုဆင်နွဲခဲ့ကြပါသည်။
                              
                                                                                 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
                              
                                                                                           ရေးမြို့နယ်
NLD-အစင်စံပြကျေးရွာဈေးရောင်း ပွဲတော် NLD-အစင်စံပြကျေးရွာဈေးရောင်း  ပွဲတော် Reviewed by သစ်ထူးလွင် on 04:15 Rating: 5

No comments:

Powered by Blogger.