တရားစွဲခံထားရသူ သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် အကောက်ခွန်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ

သရုပ်ဆောင် မင်းအုပ်စိုး ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ညနေ (၅)နာရီအချိန်တွင် ဗဟန်းမြို့ နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဖိုးစိန်လမ်း Holiday စားသောက်ရှေ့တွင် မူးယစ်ရမ်းကားနေစဉ်
မူးယစ်ရမ်းကားမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ ရဲဌာနယာဉ်ဖျက်ဆီးမှုအပါအ၀င်
အခြားအမှုများဖြင့်ပါ တရားစဲဆိုခံထားရသူ သရုပ်ဆောင် မင်းအုပ်စိုး ၏ နေအိမ်
တွင် အကောက်ခွန်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ၍ သွင်းကုန်ထုတ်
ကုန် ဥပဒေပုဒ်မ(၁)၅/၃ ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်း ဒေသ
ကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှသိရသည်။
 အဆိုပါနေအိမ်သို့ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ တွင် သွားရောက်စစ်ဆေးစဉ် အ
ကောက်ခွန်မဲ့ Land Roder ယာဉ်သုံးစီး ၊ Hummer တစ်စီးနှင့် BSAဆိုင်ကယ်
သုံးစီးကို တွေ့ ရှိခဲ့ကြောင်း ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်း၏ ထုတ်ပြန်ချက်အရ
သိရှိရသည်။
သတင်းအပြည့်အစုံကို အောက်ပါ PDF ဖိုင်မှာ
View in fullscreen ကိုနှိပ်ပြီး အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
mos (1)
တရားစွဲခံထားရသူ သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် အကောက်ခွန်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ တရားစွဲခံထားရသူ သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် အကောက်ခွန်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ Reviewed by သစ်ထူးလွင် on 04:51 Rating: 5

25 comments:

Anonymous said...

ကြက်ကလေးငှက်ကလေး လိုင်စင်မဲ့တွေရှိတာများအဆန်းလုပ်လို့ဗျာ။ ၀က်ကြီးလဒကြီးတွေဆီမှာ ပေါလွန်းလို့။ စစ်တပ်တွေ၊ ရဲစခန်းတွေထဲ သွားဖမ်းကြပါဦး။

pinegapore said...

Pls try for life
Actually life is very difficult
But we must do
We can do anything

ဖေကြီး said...

မသိလို့ပါ ပြည်သူ့ရဲဆိုတာ( ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင် ) ဆိုတဲ့ ဆောင်ပုဒ် နဲ့အလုပ်လုပ်နေတာ ဟုတ်ပါတယ်နော်...။

Killer said...

လိုင်စင်မဲ့သာဖမ်းမယ်ဆိုရင် ... ရန်ကုန်မှာရှိတဲ့ ဆိုင်ကယ်တွေကိုအရင်ဖမ်းစမ်းပါဗျာ... ဘာကောင်တွေမို့လို့ဆိုင်ကယ်စီးနေမှန်းကိုမသိတာ....

စောလူ said...

သိတယ်မို့ လားကြီးတဲ့အမှုငယ်စေလေ(မှတ်ချက်) လက်ဆောင် ........ဒီလောက်ကတော့အမှုလို့ မခေါ်ပါဘူး.....သူဟာနဲ့ သူတော့လဲပြီးသွားမှာပါ....

စောလူ said...

သိတယ်မို့ လားကြီးတဲ့အမှုငယ်စေလေ(မှတ်ချက်) လက်ဆောင် ........ဒီလောက်ကတော့အမှုလို့ မခေါ်ပါဘူး.....သူဟာနဲ့ သူတော့လဲပြီးသွားမှာပါ....

Anonymous said...

အဲဒီ လိုင်စင်မဲ့တွေက ရန်ကုန်တိုင်းကြိုးမဲ့နဲ့ကြေးနန်းယာဉ်ထိန်းရုံးနဲ့ ညှိပြီးဝယ်ထားတာ
အရေးယူရင် ယာဉ်ထိန်းတွေကိုပါ တွဲပြီး အရေးယူမှ မျှတပါမယ်။

တမာတောမြေ said...

လက်နက်ပုန်းကို ပြည်သူအကြား ထုတ်ဖေါ်ပြသမှုရောပါလားဟင်....:D

Show said...

မူးရစ်ရမ်းကားမှုနဲ့ဖမ်းတယ်ဆိုရင်လက်ခံပါတယ်
လိုင်စင်မဲ့ကားကတော့ဗျာ လူကြီးသားသမီးတွေလဲစီးတာပဲ
ရန်ကုန်မှာဖမ်းမယ်ဆိုရင်တောင်တော်တော်မိမှာ
နယ်မှာဆိုရင်တော့မပြောနဲ့တော့
အဲဒါကို ခင်ဗျားတို့မသိဘူးလား

nilaraung15 said...

တစ်ခါတစ်လေတော့လည်းမှားမှာပေါ့

nilaraung15 said...

အရက်ဆိုတာ တခဏလေးအတွင်းမှာပဲ အရာအားလုံးကိုမှားစေနိုင်တယ်။

Myanmar said...

အင်းဒီကောင်တော့ ထိုင်နေအကောင်းသား ထသွားမှ... သေပြီဆ၇ာ။ ။

ktd said...

နားမလည်၊ ပါးမလည်တဲ့ ကောင်ဘဲ၊ လိုင်စင်မဲ့၊ ကား၊ ဆိုင်ကယ်တွေဆိုတာ မင်းတို့လိုကောင်တွေအတွက် မဟုတ်ဘူး၊ စစ်တပ်တွေ၊ ရဲတွေ၊ မော်တော်ပီကယ်နဲ့ အာဏာမပိုင်တပိုင်၊ ကြောင်ကျားတွေ အတွက်ကွ၊

smithphyolay said...

အဲဒီကောင် တော်တော်လေးမိုက်ရိုင်းတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဟံသာဝတီအဝိုင်းနားမှာ The Sea စားသောက်ဆိုင်မှာ အဲလိုပဲရန်းကားလို့ ဝိုင်းအရိုက်ခံခဲ့ရဘူးတယ်။ ပြည်လမ်းပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ကျန်ခဲ့တာ ဒါတောင်မမှတ်ဘူး။ ဒီကြားထဲမှာ ဘယ်လောက်တောင်မိုက်ရိုင်းပြီးပြီလဲမသိဘူး။ နိုင်ငံသားတွေအားလုံးတိုင်းပြည်ကောင်းဖို့ လုပ်နေကြတဲ့အချိန်မှာ အဲလိုအမှိုက်တွေကို ထောင်ထဲသာ တစ်သက်လုံးထည့်ထားလိုက်

TheReader said...

မိုက်ရိုင်းနိုင်ဘို့ လွယ်တာမှတ်လို့..နောက်မှာ ဘာညာ ဘာညာ ရှိမှ

NLD (lee pae) said...

cute ball

phomesatpaing said...

မင်းအုပ်စိုးက အရက်မူးလို့ရမ်းတာ ၊တချို့ ကဘာမှမသောက်ဘဲနဲ့ ဘာမူးပြီး
ရမ်းတာလဲမသိဘူး၊

kaungkin said...

ထားဝယ်သားလေးပါ
လိုင်စင်မဲ့ယာဉ်တွေဖမ်းမယ်ဆိုရင်လေ ထားဝယ်မှာလာဖမ်းစမ်းပါ
အများကြီး
လူတိုင်း without ပဲစီးတာလေ ဟီးးးး.....

lavender said...

OMG မင်းသား or director ဖြစ်နေပြီးတော့ မူးယစ်သောက်စားနေပြီးရမ်းကားနေတာ ကိုယ့်စရိုက်ဟောင်းကိုပြန်ဖော်ပြနေ တယ်။

SkyIslandGirl said...

SO BAD! HE IS A CELEBRITY AND HOW COULD HE DO LIKE THAT?OMG

Anonymous said...

ရဲတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း ရှိမရှိ ကြည့်မယ်....

Anonymous said...

တောက်!
မင်းအုပ်စိုးက ဘာကောင်မို့လို့ ဒီလိုရမ်းကားတာလဲ
ဒါဟာ စည်းကမ်းမဲ့တာဖြစ်တယ်..ဒီမိုကရေစီမဆန်တာဖြစ်တယ်..
ထိရောက်တဲ့ ပြစ်ဒဏ်ပေးရမယ်..
နောက်ဘယ်သူမှ လိုက်မလုပ်ရဲရအောင်..

Redheart said...

လူတိုင်းမှာ အမှားကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် လူတွေက ကိုယ့်အမှားကိုတော့ ဖုံးကွယ်ထားကြပြီး သူ့များတွေရဲ့ အမှားကိုတော့ ဖော်ထုတ်ချင်ကြတယ်။ ဖြစ်နိုင်ရင် ကိုယ့်အမှားကို ပြုပြင်ပြီးမှ သူများတွေရဲ့ အမှားကို ပြုပြင်ရင် မကောင်းဘူ့းလား ဒါမှ သန့်ရှင်းတဲ့ အစိုးရဖြစ်မှာပေါ့..

kokomaung said...

မင်းအုပ်စိုး GRAND ROYAL သောက်တာဖြစ်ရမယ်။နဂိုကအရှက်မရှိပါဘူးဆိုgrand နဲ. တွေ.တော.ပိုဆိုးတာပေါ.ဟ။

သက်မောင် said...

ဒီမိုကရေစီခေတ်မှာ ဒီလိုရမ်းကားမှုမျိုးလက်မခံနိုင်ပါ... ကြိုက်ရင်သောက်ပါ သို့သော်... အများပြည်သူကို မနှောင့်ယှက်ပါနှင့် ဒီမိုကရေစီသည် သင်ရသင့်သော သင့်အခွင့်အရေးကို သင်ရပိုင်/လုပ်ပိုင်ခွင့်ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သင်စောင့်ထိန်းရမယ့် ကျင့်ဝတ်တာဝန်ကို လိုက်နာဖို့လိုပါလိမ့်မည်......

Powered by Blogger.