NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည်

ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက အာအက်ဖ်အေကို ပြောပါတယ်။ “ကျွန်တော်တို့ အကြမ်းဖျင်းလျာထားချက်အရတော့ ကျွန်တော်ရယ်၊ ကိုလူမင်းရယ်၊ ဝေဠုကျော်ရယ်၊ ထွန်းအိန္ဒြာဗိုရယ်၊ ရုပ်ရှင်ထဲက။ နောက် ကျွန်တော်တို့ လူရွှင်တော် တစ်ယောက် နှစ်ယောက်နဲ့ သရုပ်ဆောင်ထဲက ရဲတိုက်ပါတယ်။ ဂီတဘက်မှာတော့ ကိုဆောင်းဦးပါမယ်။ သျှီ ပါမယ်။ ချစ်သုဝေပါမယ်။ နောက်ထပ်လည်း အနဂ္ဂပါမယ်။ သံသာဝင်း ပါမယ်။ နောက်ထပ် နှစ်ယောက် သုံးယောက်တော့ ခေါ်ဖို့ ရှိပါသေးတယ်ဗျ။ ကျွန်တော်တို့ အကြမ်းဖျင်း သတ်မှတ်တာကတော့ ရှစ်ရက်နေ့နောက်ပိုင်း ဆယ့်တစ်ရက်နေ့လောက် သတ်မှတ်ထားပါတယ်” အနုပညာရှင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်ခရီးစဉ်မှာ မဲပေးပုံပေးနည်း မမှားယွင်းရအောင် ပြည်သူတွေကို ပညာပေးရေး သရုပ်ဆောင်ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော အဆိုတော်တွေကလည်း အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗွီစီဒီအခွေ ရိုက်ကူးတဲ့အခါ ကူညီသရုပ်ဆောင်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ လာမယ့် မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာ ထုတ်လွှင့်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA
NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည် NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည် Reviewed by သစ်ထူးလွင် on 00:47 Rating: 5

8 comments:

aungmoecheng said...

အနုပညာရှင်များ အခုလို နိုင်ငံအတွက် ဒီအရေအတွက်ထက် ပိုပြီးပါဝင်စေချင်တယ်။ သားစိုးလို အနုပညာသမားမျိုး မြန်မာပြည်မှာ မများစေချင်ဘူး.။

Shwe Zin said...

This is not a movie shooting. It is a very important political activity in Burma.

phayoung2009@gmail.com said...

ဒီနေ့ဖတ်ရတဲ့သတင်းတွေထဲမှာ ဒီသတင်းက မင်္ဂလာအရှိဆုံးပဲဗျို့..
အရမ်းဝမ်းသာတယ် ဘယ်လိုပြောပြရမှန်းမသိဘူး .. မေစု ပင်ပန်းနေတဲ့အချိန်မှာ ကိုဝိုင်း၊လူမင်း၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗို၊ ရဲတိုက်၊ သျှီ ချစ်သုဝေ သံသာဝင်း တို့တွေအနုပညာရှင်တွေ ဒီလို တဘက်တလမ်းက မေစုကို ၀ိုင်းဝန်း ကူညီတဲ့အတွက် ပြည်သူတွေအားလုံးကိုယ်စား အရမ်းကို ကျေးဇူးတင် ၀မ်းသာပါတယ်လို့ပဲပြောတတ်တော့တယ် .. အများကြီးလဲ အားပေးနေမယ်နော်...

Myanmar said...

ေ၇ွှစင် သိပ်လောမကြီးပါနဲ့ကွာ။ ဒါဟာ နယ်က ပြည်သူလူထုကို စည်း၇ုံးဘို့ သိပ်ကိုကောင်းတဲ့ အိုက်ဒီယာပါ။ မင်းမယုံ၇င် စောင့်ကြည့်လိုက်ပါ။ ဒါဟာ စည်း၇ုံးေ၇းခရီးစဉ်ပါ။ ၇ည်၇ွယ်နဲ့ စိတ်ကူးသိပ်ကောင်းပါတယ်။ အနုပညာ၇ှင်တွေထက် ဒေါ်စု၇ဲ့ အ၇ှိန်ဝါက ပိုကြီးပါတယ်။ အနုပညာ၇ှင်များက နိုင်ငံအကျိုးအတွက် အပင်ပမ်းခံ အမုန်းခံပီး လိုက်ကူညီနေတာပါ။ အမြင်မမှားပါနဲ့။ ဖြစ်နိုင်၇င် နာမည်ကြီးသ၇ုပ်ဆောင်များပါနိုင်၇င် သိပ်ကိုကောင်းပါတယ်။

tharzaw said...

ဟုတ်တယ်ဗျို့ ..
ရှက်ကြိုးပြတ်နေကြသော သားစိုးလို မိုးဟေကိုတို့ မိုးယုစံတို့လို
အနုပညာသမားတို့ သမတို့ မများစေချင်ပါ။

Unknown said...

ဟုတ်ပါတယ်...
ပြည်သူချစ်သောအနုပညာရှင်များကလည်း...
ပြည်သူကိုချစ်ရင်...ဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးဗျာ။
:)

Min Min said...

အခုလို အနုပညာရှင်များက ဒီမိုကရေစီစနစ် ထူထောင်ရေးမှာ ကူညီကြမှာကို ကြားရ၍ ၀မ်းသာဂုဏ်ယူပါသည်။ လောကပါလတရား လွှမ်းမိုးသော နိုင်ငံ ဖြစ်အောင် ဆထက်တိုး ဆောင်ရွတ်နိုင်ပါစေ။

yelpaing said...

မရွှေစင်ဘာတွေလျှောက်ရေးထားတာလဲ။ခင်ဗျားမပြောလဲသူတို့ သိပါတယ်။လူထုကိုမှတ်မိလွယ်အောင်လိုက်ကူညီတဲ့သဘောပါ။ခင်ဗျားပြည်ပကနေအော်နေတာလား။ဘာမှမထိရောက်ဘူး။အထဲဝင်လိုက်ပါ။

Powered by Blogger.