ရတနာပုံတယ်လီပို့​ Web Portal ဌာနဝန်ထမ်း​များ​ စာပို့​ကန့်​ကွက်

ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့ ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့ ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။
“အဲဒါကတော့ ဌာနကို သူရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတယ်။ ဒီကလူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတဲ့အတွက် အဲဒါတွေကို မကျေနပ်ကြပါဘူး။ အဲဒီ့ လူကြီးကို မကျေနပ်ပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်၊ နောက်တချက်က အခုသူခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်၊ အခု စာချုပ်မှာ အကုန်ပါ ပါတယ်။ ကုမ္ပဏီက လိုအပ်ရင် လိုအပ်တဲ့နေရာမှာကို အားလုံးလွှတ်ရမယ်ဆိုတာ ပါပါတယ်။
အခုဒီက​နေ သွား​တဲ့​လူ​တွေအား​လုံး​က Web Programmer ၊​ Web Designer နဲ့​ Web Moderator ​တွေပါ။ အဲဒါတွေကို ဟိုဘက်မှာ ခဲအရည်ဖျော်ခိုင်းတယ်၊ နောက်တခုက ဘာမှပြန်မပြောနဲ့ ခိုင်းတာလုပ်ရမယ် ဆိုတဲ့ဟာတွေ အဲဒါတွေအားလုံးကို မကျေနပ်ပါဘူး။ အဲဒီ ၁၇ ​ယောက်စာအတွက်လည်း​ ပြန်စဉ်း​စား​ပေး​ပါ။ ပြီး​တော့​ ဒီလူကြီး​ကို
ဌာနကြီး​မှူး​အဖြစ် လုံး​ဝလက်မခံနိုင်ပါဘူး​။ အဲဒါကို တင်ပြထားတာပါ။”
အဲဒီ ကန့်​ကွက်စာကို ရတနာပုံတယ်လီပို့​ Web Portal ဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံးအထိ ကန့်ကွက်မယ်လို့ ကုမ္ပဏီက ၀န်ထမ်းက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အစိုးရနဲ့ ပုဂ္ဂလိက အစုစပ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ရတနာပုံ တယ်လီပို့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်းဝန်ကြီး ဦးသိန်းထွန်း ဖြစ်ပါတယ်။
ကန့်ကွက်တောင်းဆိုတာ မရရင်အားလုံးထွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး ကန့်ကွက်စာပို့တဲ့ အထဲမှာ ပါဝင်သူက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ရတနာပုံတယ်လီပို့​ဟာ www.yatanarpon.com.mm ဆိုက်တခု အပါအဝင် အင်တာနက်ဆား​ဗစ်​ပေး​သောလုပ်ငန်း​၊​ ဆိုလာ စက်ရုံ လုပ်ငန်း​ နဲ့ အခြား
လုပ်ငန်း​များ​စွာ လုပ်ကိုင်​နေ​တဲ့ ကုမ္ပဏီလည်း​ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ရတနာပုံတယ်လီပို့​ Web Portal ဌာနဝန်ထမ်း​များ​ စာပို့​ကန့်​ကွက် ရတနာပုံတယ်လီပို့​ Web Portal ဌာနဝန်ထမ်း​များ​ စာပို့​ကန့်​ကွက် Reviewed by သစ်ထူးလွင် on 20:38 Rating: 5

11 comments:

Bravo said...

လူနဲ့ တိရိစ္ဆာန် ဘာကွာပါသလဲ။
လူဟာ ပညာတတ်ပြီး စဉ်းစားဆင်ခြင်တတ်တယ်။ ဒါကြောင့် လူမှန်ရင်ပညာတတ်ဖို့ အရေးကြီးလို့ ကျောင်းတက်ပြီးပညာသင်နေကြရတာ။
ပညာတတ်ဖို့ မလိုဘူးဆိုရင် အဲဒီမှာ လူတွေမခန့်ပဲ တိရိစ္ဆာန်များသာခန့်ထားပါလား။ မြန်မာပြည်ကပေးတဲ့ မြန်မာအစိုးရကပေးတဲ့ဘွဲ့ကို ရာထူးကြီးကြီးယူထားတဲ့သူက စော်ကားတယ်ဆိုတော့ အစိုးရကိုပြန်စော်ကားတာပဲပေါ့။ ပညာတတ်ကို မမွေး၊ နေရာမပေးသမျှ တိုင်းပြည်တိုးတက်ဖို့ မမြင်ဘူးလို့ရဲရဲဝံ့ဝံ့ပြောပါရစေ။

d moe said...

ငါလူကြီးပဲဆိုပြီး အာဏာပြ...ပါဝါပြတာတွေကို လုံးဝလက်မခံနိုင်ပါဘူး။
ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်တာဆိုရင် လက်ခံနိုင်ပေမယ့်...ဒီလိုပုံစံတွေကိုတော့လုံးဝလက်မခံနိုင်ပါဘူး...နောက်ပြီးဒီမှာ ပညာရှင်ဖြစ်လာမယ့် မျိုးဆက်သစ်တွေကို မြေတောင်မမြှောက်ပေးဘဲနဲ့ ဒီလို အချိုးမျိုးချိုးတာတွေကိုလည်းလက်မခံနိုင်ပါဘူး... သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင်မသုံးဘဲနဲ့ လုပ်ချင်သလိုလုပ်တာကိုလည်း လက်မခံနိုင်ပါဘူး...ပြောရရင်တော့ ဒါမျိုးတွေက နေရာတကာမှာ အနည်းနဲ့အများတွေ့နေရပါတယ်... ဒါတွေကိုသက်ဆိုင်ရာကနေထိထိရောက်ရောက် ဖြေရှင်းပေးစေချင်ပါတယ်... ခုလိုစာတင်ပြီးကန့်ကွက်တာကိုလည်း အပြည့်အ၀ထောက်ခံပါတယ်...လိုအပ်လာရင် အကုန်အလုပ်ထွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကိုလည်းအားပေးပါတယ်...သူတို့တွေလုပ်ချင်ရာလုပ်ချင်ရာလုပ်နေကြတာကို ဒီအတိုင်းငြိမ်ခံနေတာတွေကို ရပ်ပြီးအားလုံးစည်းလုံးကြဖို့ လည်းတိုက်တွန်းပါတယ်...

Anonymous said...

ကောင်း၏။ သတ်တိ၇ှိကြသည်

OZI said...

Congratulation!
Any protection facilitate for such Chemical Hazard?

Myanmar said...

I do honor to all those who deny against humiliating action of bad military officers. Now the current government is people's elected one and accordingly, this government should replace these military officers with truly civil staffs as soon as possible. And the Mr president should sent these military staffs back to their quarters as soon as possible. These officers are not suitable for these civil posts. If he really love the people, he needs to perform this job as a national duty. Thank you Mr President.

kothantun said...

မှန်ပါတယ် ဒီလိုရိုင်းစိုင်းတဲ့ လူကို ဒီလိုနည်းနဲ့ ဆုံးမရမှာပါ
ငြိမ်ခံနေရမဲ့ခေတ်ကကုန်သွားပါပြီ လက်ကျန်တွေကတော့
ခေါက်ရိုးကျိုးနေလို့ နောက်ပြန်မလှည့် တတ်ပါ ဒီလိုလူတွေကို
ဒီနည်းသုံးပြီး ဖြေရှင်းတာ အကောင်းဆုံးပါ မိတ်ဆွေများရဲ့တိုက်ပွဲ
အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် တစ်ခုတောင်းဆိုချင်
တာကတော့ နောက်ဆုံးတိုက်ပွဲရဲ့ရလဒ်ကိုတော့ သိချင်ပါတယ်
ရလဒ်ထွက်လာခဲ့ရင်လဲ တင်ပေးပါအုံးလို့ ပန်ကြားခြင်ပါတယ်။

အောင်ဗလ said...

တိုင်မနေပါနဲ့တော့ဗျာ။
ထူးမှာမဟုတ်ပါဘူး။
ဘောင်းဘီချွတ်တွေအကုန်လုံးက
ဘယ်လက်နဲ့ဖင်
စက္ကူနဲ့မစင် ဗတွပါပဲ
အဲဒီမျိုးညွန့်အောင် ဆိုတဲ့ကောင်ကလည်းဗျာ
စရိုက်ဆိုးတာမှ သူ့အဖေအမေနဲ့ချွတ်စွပ်

oaksoeaung@gmail.com said...

ကြိုက်တယ်...ပါတဲ့လူအကုန်ညီဖို့လိုတယ်။တယောက်မှဖောက်လို့မဖြစ်ပါ

Anonymous said...

ဘာပဲဖြစ်ဖြစ် ပညာသတ္တိသိက္ခာပြည့်စုံကြသော ၀န်ထမ်းများမှ အဆိုပါ ညံ့ဖျင်းသိမ်နုတ်သောအမျိုးယုတ်တို့အား ရှေ့အနာဂါတ်တွင် ၄င်းတို့အတွက်နေရာမရှိဟူသည်ကို အစွမ်းကုန်ပြသကြပါ။

ဘယ်မှာရှာစားစားရတဲ့ ထမင်းတစ်နပ်နဲ့ အူမတောင့်ပြီး သိက္ခာရှိပြလိုက်ကြစမ်းပါ။

zaw gyi said...

solar မှာ အင်အားနည်းလို့ web portal မှဝန်ထမ်းတွေပြောင်းရွှေ့တဲ့အကြောင်းမှာ ဦးမျိုးညွှန်အောင် က web portal မှဝန်ထမ်းတွေရဲ့လုပ်ငန်းကျွမ်းကျင်မှု့ ရှိ/မရှိ ဆိုတာအသေးစိတ်မသိနိုင်ပါဘူး။ web portal က၀န်ထမ်းတွေကို ဒီလူကတော့ဒီမှာအသုံးဝင်တယ်၊ဒီလူကတော့ဒီမှာအသုံးမတည့်ဘူး၊ကြိုက်သလောက်ယူသွားလို့ ဦးမျိုးညွှန်အောင်နဲ့ ဦးဇော်လွင်ဦး ကိုပြောလိုက်တာမင်းတို့ ရဲ့အကြီးဆုံးဖြစ်တဲ့ ဦးအောင်စံမြတ်နဲ့ ဦးသော်တာတို့ ဆိုတာမင်းတို့သိရဲ့ လား။ မင်းတို့ ကိုပြောင်းရွှေ့ဖိုလူရွေးပေးတာ၊ဒီလူတွေကအသုံးမလိုပါဘူးလို့ပြောပြီးရွေးခိုင်းတာ ဦးအောင်စံမြတ် ဆိုတာသိရဲ့လား။ဦးမျိုးညွှန်အောင် ကသူတို့ ပေးတဲ့နာမည်စာရင်းနဲ့ သူတိုခိုင်းတဲ့အတိုင်းလုပ်ရတာကောသိရဲ့လား။ဘာမသိ ညာမသိနဲ့ ဦးမျိုးညွှန်အောင် ခံလိုက်ရတာမင်းတို့ တွေသိကြရဲ့ လား။ သတင်းတစ်ခုရဲ့အခြေအမြစ်ကို ဂဃနဏသိပြီးမှထည့်ရေးကြပါ။သတင်းရဲ့ အခြေအမြစ်ကိုဂဃနဏ မသိပဲထည့်ရေးလိုက်တာဟာလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ဆိုတာမသိဘူးလား။မင်းတို့ တွေဗုဒ္ဓဘာသာတွေမဟုတ်ဘူးလား။ဝဋ်လည်လိမ့်မယ်နော်။အသေအချာစုံစမ်းပါအုံးလို့ ပြောချင်ပါတယ်။
ရတနာပုံမှဝန်ထမ်းတစ်ဦး

Naing Lin said...

ပညာတတ်ပြီးတော့ ထမင်းတနပ်တော့မငတ်ပါဘူး...
သိပ်ခါရှိလိုက်ပြီး အပြတ်သာတိုက်ဒီလိုလူတွေ့အဲလိုနေရာမှာမရှိသင့်တော့ဘူး..
နေရာပျောက်ဖို့အချိန်တန်ပြီ..ကိုယ့်ကိုထမင်းကျွေးနေတဲ့ဝန်ထမ်းပေါ်မှာတောင်
ဒီလောက်လုပ်ရင် ပြည်သူအတွက်ဆိုတာကတော့ဝေသေးတယ်...

Powered by Blogger.