အစင်စံပြကျေးရွာသို့-ရေးမြို့နယ်NLDစည်းရုံးရေးခရီး

 ၁၉.၂.၂၀၁၂ တနင်္ဂနွေနေ့က မွန်ပြည်နယ်၊ရေးမြို့နှင့်ခြောက်မိုင်အကွာ အစင်စံပြကျေးရွာသို့ ရေးမြို့နယ်NLDစည်းရုံးရေးအဖွဲ့မှသွား
 ရောက်ခဲ့ရာ၊မြို့နယ်စည်းရုံးရေးအဖွဲ့ခေါင်းဆောင်-ဦးမြ၀င်းနှင့်
အတူ၊ဦးလှဦး(သားဂန်း)၊ဦးမြသန်း၊ဦးချစ်တင်၊
ကိုကျော်မိုး၊ကိုထွေး(ချိုတူး)နဲ့လူငယ်အဖွဲ့ဝင် အမျိုးသမီးများပါ သွားရောက်ခဲ့ကြပါတယ်။


နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ကာလအတွင်း ပထမအကြိမ်စည်းရုံးရေး
အရပြန်လည်တည်ဆောက်သောခရီးစဉ်ဖြစ်သလို အစင်စံပြကျေးရွာ NLD-ရပ်/ကျေးအမှုဆောင်ဖွဲ့စည်းရေး၊ရုံးဖွင့်ခြင်းနှင့်ဆိုင်းဘုဒ်တင်ရေး၊
အဖွဲ့ချုပ်အထိမ်းအမှတ်ပစ္စည်း ဈေးရောင်းပွဲတော်ပြုလုပ်ရေးနှင့်လက်ရှိပြောင်း လည်းနေသောနိုင်ငံရေးဖြစ်စဉ်များကို ဒေသခံအဖွဲ့ဝင်ဝင်များနှင့်အပြန်
အလှန်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပါတယ်၊၈၈ခုနှစ်လူထုအရေးတော်ပုံကာလနှင်ကိုး ဆယ်ခုရွေးကောက်ပွဲအကြိုကာလများ၌ အလွန်တက်ကြွသော ရွာကြီးတရွာဖြစ်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မွန်ပြည်နယ် ရေးမြို့နယ်
Myanmar News Now





အစင်စံပြကျေးရွာသို့-ရေးမြို့နယ်NLDစည်းရုံးရေးခရီး အစင်စံပြကျေးရွာသို့-ရေးမြို့နယ်NLDစည်းရုံးရေးခရီး Reviewed by သစ်ထူးလွင် on 06:47 Rating: 5

No comments:

Powered by Blogger.