အဖွဲ့ ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား မကွေးပြည်သူတွေလှိုက်လှဲစွာကြိုဆို
မကွေးမြို့ ဒီမိုကရေစီအဖွဲ့ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား သစ်ရာကောက်လမ်းခွဲမှာ ကြိုဆို
၂၀.၂.၂၀၁၂ ရက်နေ့ ညနေပိုင်းမှာ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီး ဒေသခံပြည်သူတွေ နဲ့ အတူ  အဖွဲ့ ချုပ်သဘာပတိဦးဝင်းတင်နှင့် အဖွဲ့အားသစ်ရာကောက်လမ်းခွဲမှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
လမ်းခရီးတလျှောက်မှာ ပြည်သူလူထုနှင့် ကျောင်းသား/သူများမှ ဆိုင်ကယ်များဖြင့် လိုက်ပါကြိုဆိုခဲ့ကြပါတယ်။
သဘာပတိ ဦးဝင်းတင်နှင့်အဖွဲ့ ဟာ  တောင်တွင်းကြီးမြို့ ဒီ/ချုပ်ရုံးဖွင့်ပွဲ မှတဆင့် ကုက္ကိုဂွရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရုံးဖွင့်ပွဲ အပြီး မကွေးမြို့ မဲထီးလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်များ ကိုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားခဲ့ကြောင်းသိရပါတယ်။ 
အဆိုပါတွေ့ ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုနှင့်
ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။
 nyimoon (Myanmar News Now)
အဖွဲ့ ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား မကွေးပြည်သူတွေလှိုက်လှဲစွာကြိုဆို အဖွဲ့ ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား မကွေးပြည်သူတွေလှိုက်လှဲစွာကြိုဆို Reviewed by သစ်ထူးလွင် on 06:19 Rating: 5
1 comment:
annymous said...
အော်သူငယ်ချင်းကြီး ...
မင်းအကြောင်းကိုငါလည်းကြားနေတယ်.မင်းလုပ်ပုံကိုင်ပုံတွေကိုပေါ့ကွာ...ကောင်းပါတယ်..ဘာပဲဖြစ်ဖြစ် လုပ်ပါ မင်းရုပ်ရည်တွေကိုပြန်ကြည့်အုံးနော် လွတ်တော်မှာ အမတ်ဖြစ်တောင် ကတုန်ကရင်နဲ့တက်နေအုံးမယ်ဆိုတာ ငါသိနေတယ် သူငယ်ချင်း..ဘာပဲဖြစ်ဖြစ် တမလွန်အတွက်လည်းလုပ်ပါကွာ..မင်းသေသွားရင် ပါမှာက အဲဒါပဲ..မလုပ်နဲ့မပြောပါဘူး..လုပ်ပါ..အရင်ကျန်းမာရေးမကောင်းတာ ငါမလာနိုင်တာကိုတော့ခွင့်လွတ်ပါကွာ...ငါလည်းတရားစခန်းဝင်နေလို့ ခု တရားစခန်းထွက်တုန်းမြေးလေးကနက်သုံးချင်တယ်ဆိုလို့ သုံးရင်း မင်းအရင်လိုပါပဲလားဆိုတာ မြင်ရလို့ သတိပေးရင်း ကော်မန့်လေးရေးခဲ့တာနော် ....:)))
Powered by Blogger.