တန်ဖိုးနည်း GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့


ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ရောင်းချမည့် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအကြား GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုသည်။
´´လက်ရှိသုံးနေတဲ့ GSM နှစ်သန်းနီးပါးအတွက် တာဝါတိုင် ၉၀၀ ကျော် နိုင်ငံတစ်ဝှမ်းလုံးမှာ စိုက်ထူခဲ့ပါတယ်၊ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရဲ့ ပထမနှစ် GSM လေးသန်းစီမံကိန်းအတွက် တာဝါတိုင် ၁၄၀၀ ကျော်နဲ့ တခြားအခြေခံအဆောက်အအုံတွေ အများကြီိးတိုးချဲ့ခဲ့ပါတယ်´´ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
ငါးနှစ်တာ ကာလအတွင်း GSM သန်း ၃၀ ချထားပေမည့်စီမံကိန်းတွင် ပထမနှစ် လေးသန်း၊ ဒုတိယနှစ် ငါးသန်း၊ တတိယနှစ် ခြောက်သန်း၊ စတုတ္ထနှစ်
ခုနှစ်သန်းနှင့် ပဉ္စမနှစ်တွင် လိုင်းအရေအတွက် ရှစ်သန်းချထားပေးမည်ဖြစ်ပြီး လိုင်းအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများကျဆင်းသွားမည်ဖြစ် သည်ဟု သိရသည်။
´´GSM  တွေပေါ်ကာစက ဒေါ်လာ ၂၀၀၀၊ ၂၅၀၀ အဲဒီကနေ မြန်မာကျပ်ငွေ ၁၅ သိန်းငါးသောင်းအထိ လျှော့ချပေးခဲ့တယ်၊ ၁၅ သိန်းငါးသောင်းကနေ ကျပ် ငါးသိန်းအထိ ထပ်ဆင့်လျှော့ချပေးခဲ့တဲ့အတွက် အခု မြန်မာ့ဆက်သွယ်ရေးက ရောင်းပေးမယ်ဆိုတဲ့တန်ဖိုးနည်းGSM  ကျပ်နှစ်သိန်းနဲ့
သုံးသိန်းအကြားဖုန်းကိုလည်း အနိမ့်ဆုံးကျပ်နှစ်သိန်းနဲ့ ရောင်းပေးစေချင်ပါတယ်။  ဒါမှလည်း ကျပ် ၅၀၀၀တန်ဖုန်းမျှော်နေတဲ့
ပြည်သူတွေကို နှစ်သိမ့်ရာကျမှာပါ´´ဟု လက်ရှိကာလတွင်ရောင်းချပေးမည့်ကျပ် နှစ်သိန်းနှင့် သုံသိန်းအကြားဖုန်းအား ကျပ်နှစ်သိန်းဖြင့်
ရောင်းချပေးစေလိုသူ ကိုဇော်အောင်က ပြောသည်။
ဖြိုးဝေ( the street view )
တန်ဖိုးနည်း GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့ တန်ဖိုးနည်း GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့ Reviewed by သစ်ထူးလွင် on 11:12 Rating: 5

24 comments:

Unknown said...

ဈေးနည်းလေကောင်းလေပေါ့ဗျာ

Anonymous said...

ဝယ်သေးဘူးဟာ စောင့်အုံးမယ်။ မ၇ှိလဲ နေနိုင်သေးတယ်

Unknown said...

ဆက်သွယ်ရေးနဲ့ ပါတ်သက်တာတွေအားလုံး နိုင်ငံသားတိုင်းသိစေချင်ပါတယ် ကျွန်တော်တို့ ဆီမှာဖြစ်နေတာတွေက ဖုန်းအသုံးပြုနိုင်တဲ့သူဆိုတာ သူဌေးတွေမှလို့  အမြင်တွေလဲရှိနေသေးတယ်ဗျ..ပြီးတော့ဖုန်းဆိုတာတကယ်တော့လူမှုရေးနယ်ပယ်အသီးသီးအတွက် လူတိုင်းအတွက် သာရေးနာရေး ကိစ္စများ အတွက်သုံးဖို့ အဖြစ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံသားတိုင်းသိစေချင်ပါတယ်
တန်ဘိုးတစ်ခုအနေနဲ့ ကတော့ လူတိုင်းတတ်နိုင်တဲ့ဈေးနုန်းတစ်ခုတော့ ဖြစ်စေချင်ပါတယ်....

မိသားစု21 said...

ကျွန်တော် တို့ကတော့ 5000တန်ဖုံးကိုတစ်ကယ်မျှော်တယ်ဗျာ
ပထမအဲဒီသတင်းစကြားတုံးကဆို စိတ်ကူးတွေယဉ်လိုက်ရတာ

နွေဦီးသစ်စိမ်း said...

ဟုတ်ပါ့မလား မောင်ကာဠု ရယ်.....

တပေူကလဲ said...

ကျပ်ငွေဘီလီယံ၅၀၀ အစိုးရမှသူံးစွဲခဲ့သည်ဟုဆိုပါလျှင် အမှန်တကယ်သူံး
စွဲခဲ့သည်မှာ ၂၅၀ ဘီလီယံအောက်ဖြစ်နိုင်လေသည်။
အကျင့်ပျက်ချစားမှူအများဆုံးနိုင်ငံဖြစ်ခဲ့သောမြန်မာနိုင်ငံ၌အစိုးရတည်
ဆောက်ရေးလုပ်ငန်းများ၌၀န်ကြီးမှစ၍အဆင့်ဆင့်ခွဲဝေယူကြရပါသည်။
အမှန်မှာစီးပွားရေးနှင့်သက်ဆိုင်သောလုပ်ငန်းမှန်သမျှကိုအစိုးရမှအခွန်
ယူယုံသာယူပြီး လုပ်ငန်းရှင်များကိုပြိုင်ဆိုင်ခွင့်ပေးရပါမည်။
အစိုးရမှပြည်သူအပေါ်အမှန်တကယ်စေတနာရှိသည်ဆိုပါလျှင်၅၀၀၀ ကျပ်
တန်ဖုန်းမျိုး လုပ်နိုင်သောလုပ်ငန်းရှင်များကို ပြိုင်ဆိုင်လုပ်ကိုင်စေသင့်ပါသည်။
ဖုန်းများကိုပြည်သူများစွာပိုင်ဆိုင်စေခြင်းဖြင့်နာဂစ်ကဲ့သို့သောသဘာဝဘေး
အန္တရယ်ကိုအတိုင်းအတာတခုအထိရှောင်ရှားနိုင်မည်ဖြစ်ပြီးစီးပွားရေးလုပ်
ငန်းများတွင်လည်းငွေကုန်၊ဆီကုန်၊လူပင်ပန်းခံ သွားစရာမလိုဘဲဒေသတခု
နှင့်တခုလွယ်ကူစွာဆက်သွယ်နိုင်ပေမည်...

Unknown said...

၂ကျပ် ဆိုရင်တောင်....အားမပေးချင်ဘူး..သဘောပေါ့က်...
လာပြီးနှစ်သိမ့် မနေနဲ့ ..
go away...shuzz shuzz..

kyaw lwin said...

#13 wuntho 2012-02-02 19:42
from EMG's comment
ဒီမှာ ဗမာပြေမှာ လူပေါင်း သန်၇၀ လောက်ရှိမှာပေါ့၊
GSM SIM ကဒ် အလကားပေးတယ်ဆိုရင် အားလုံးယူကြမှာ
ထားပါတော့ သန်း၄၀ယူမယ်လို့ပဲ ထားပါတော့
အဲဒီ GSM SIM ကဒ် သန်း ၄၀ က တစ်ရက်ကို တစ်မိနစ်စီပဲ Local ဖုန်းပြောအုံး
လက်ရှိ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေးနှုန်းထား အတိုင်းတွက်ကြည့်ရင် တစ်မိနစ် ၅၀ X သန်း ၄၀ = မြန်မာကျပ်ငွေ သန်းနှစ်ထောင် (နှစ်ဘီလီယံ) အားပါးပါး

ကဲ ပျမ်းမျှ တစ်ရက် ၂၄ နာရီ ထဲက မိနစ် ၂၀ စီ (၂၄x၆၀/၂၀=၇၂၊ မိနစ်၂၀ ဆိုတာ တစ်နေ့တာရဲ့ ၇၂ပုံတစ်ပုံပါ) ဖုန်းပြောတယ်ဆိုပါဆို့

လက်ရှိ တစ်မိနစ် ၅၀နှုန်းနဲ့ ဆို တစ်ရက်ဝင်ငွေဟာ ကျပ်ငွေသန်းပေါင်းလေးသောင်း = ကျပ်လေးဆယ်ဘီလီယံ = အမေရိကန်ဒေါ်လာ သန်း၅၀ပေါ့

တစ်နှစ်စာတွက်ကြည့်ရအောင် = သန်း၅၀ x ၃၆၅ = အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၂၅၀ = အမေရိကန်ဒေါ်လာ ၁၈.၂၅ ဘီလီယံပေါ့

အလဲ့ အင်မတန် ကိုက်တဲ့ စီပွားရေးပါလား

ဒီလိုပြောကြည့်မယ်နော် ဆင်းကဒ် သန်း ၄၀ ကို အလကားပေး၊ ဖုန်းပြောခကို ၅၀ နဲ့ပဲ တစ်နှစ်လောက်ဆက်ကောက် ပါ ပေါ့

ဟုတ်တယ်ဟုတ်၊ တစ်နှစ်ကို ဒေါ်လာ ၁၈.၂၅ ဘီလီယံ ၀င်မယ့် ကိစ္စနော်၊
ဖုန်းသန်းလေးဆယ် အတွက် အင်ဖရာစရွက်ချာ ခေါ်တဲ့ လိုအပ်တဲ့ အိန်ချိန်းတို့ ဂိတ်ဝေးတို့ကို ကြီးကြီးကျယ်ကျယ် လျောက်ပြောမနေပါနဲ့

(နမူနာပြောတာနော်) ကျနော့်ကိုသာလုပ်ပိုင်ခွင့်ပေးကြည့်၊ အဲဒီလုပ်ပိုင်ခွင့်လက်မှတ်ယူပြီး တစ်ကမ္ဘာလုံးက Investment & Developement Bank တွေ လျောက်ပြမယ်

အဲဒီအတွက် တစ်နှစ်အတိုး ပြားစွန်းလေးနဲ့ ငွေချေးချင်တဲ့သူတွေ တစ်ပုံတစ်ပင်ကြီး

အရေးကြီးတာက လုပ်ပိုင်ခွင့်လေ လုပ်ပိုင်ခွင့် ဟဲဟဲ

နောက်တစ်နည်းက ဆင်းကဒ် သန်း၄၀ ဆို ဟန်းဆက်သန်း၄၀ လိုလာမယ်၊ ဟန်းဆက် သန်းလေးဆယ် ရောင်းချင်တဲ့ ကုမ္ပဏီတွေ ဒီကိုလာ၊
အဲဒီရောင်းခွင့်အတွက် အိတ်ချိန်းတွေ ဂိတ်ဝေးတွေ ကော်နက်ရှင်တွေ ဖရီးလုပ်ပေးရမယ်လို့သာပြောလိုက်၊ အပြေးအလွှားကိုလာကြမှာ မြင်ယောင်သေး...
မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် ဆက်သွယ်ရေးကို ခင်ဗျားတို့ တစ်ယောက်ထဲ သိတယ်လို ထင်ပြီး ဖင်ဂေါင်းမကျယ်ကြပါနဲ့
(ကျုပ်လဲ အင်ဂျင်နီယာပါဗျ အာအိုင်တီက အင်ဂျင်နီယာပါဗျ)

တိုင်းပြည်ကို ဖျက်ဆီးတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မပါမိကြပါနဲ့ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် အဟက်ဟက်

(ဒါနဲ့ လက်ရှိ တစ်ရက်ဖုန်းပြောနေတဲ့ နှုန်းကလဲ မနဲဘူးနော် ၊ လက်ရှိကိုပဲ တစ်ရက် ကို ဘယ်လောက်ငွေဝင်နေလဲ မသိဘူး

တစ်ခါသုံးဖုန်းဆိုပြီး ထွင်ရောင်းတာလဲရှိသေး၊ တစ်ခါသုံးကဒ် GSM က သုံးသန်း နဲ့ CDMA က နှစ်သန်းလောက် ရောင်းပြီးပြီကြားတယ်

ဒီမှာတင် 3000000x20 + 2000000x50 = အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် သာသာလေး ကယ့်ယူသွားပြီ

အာဏာရှင်နိုင်ငံမှာ စီပွားရှာတာ အင်မတန်မှ လွယ်ပါလား သန်မဒဂျီး အူးတိန်းဆိန် ရေ့)

(မေးထဲရောက်လာတဲ့ အစ်ကိုတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးပါ) :) :) :)

kyaw soe ko ko said...

၅၀၀၀ တန်ဖုံး လောလောဆယ်မဖြစ်နိုင်သေးဘူးဆိုတာ ဒါကြောင့်ပါ ....နောက်ဆုံးအကြိမ် အမြတ်တင်၍ စောက်ပင်းစို့ ခြင်းသာ...တောက် တကယ်ပဲ ...တကယ်ပါပဲ....စောင့်ကြည့် သေခါနီးမြောနေပြီး အစာရေစာ မ၀င်နိုင် ဖြစ်မဲ့ကောင်တွေ...၅၀၀၀တန်လုပ်ပေးရင်ဖြစ်နိုင်နေတဲ့ အချိန်ကို ... မြေခွေး က နှစ်သိမ့်တယ်ဆိုတာ စားဖို့ ကွ... ၅၀၀၀ တန် ကို တားပြီး ဒီ မြေခွေးတွေမြိုစို့ ဖို့  အတင်းရောင်းချတာ...တောက်...

SN said...

တန်ဖိုးနည်းတဲ့..ဟဟ....

myo lay said...

ပြည်သူ့တို့ရဲ့အခွန်တွေကိုယူပြီးလုပ်ထားမှတော့၂၀၀၀၀လောက်ဆိုတော်ပြီပေါ့။ဒါတောင်သူများနှိင်ငံတွေနဲစာရင်၁၀ဆလောက်တောင်ဈေးကြီးနေသေးတယ်။

Unknown said...

အခုလည်း ဒီအတိုင်းပဲ အရင်လည်း ဒီလိုပဲ နောက်လည်းဒီလိုင်းပဲ ဆင်းကဒ် လည်းတစ်ကဒ်ကို ရောင်းစားနေတာများ ဒီအတိုင်းဆို မြန်မာ့ဆက်သွယ်ရေး က ဘင်္ဂလားဒေခ်ျ(ကုလား) နိုင်ငံကို မှီဖို့ နောက်နှစ် ၂၀ လောက် ထပ်စောင့်ရမယ်အနေအထားပါလား၊ မလုပ်နိုင်ရင်လည်းလုပ်မနေပါနှင့် လုပ်နိုင်တဲ့လူတွေကိုပေးလိုက်လေ ပြည်သူတွေအရမ်းနာတယ် အမှောင်က ချနေတုန်းပဲ ဖုန်းဆက်ကဒ်တစ်ကဒ်ကို အဲလောက်ပေးဝယ်ရတာ ကမ္ဘာမှာ မြန်မာဘဲရှိတော့တယ်။

aba said...

၅၀၀ ဘီလီယံ လိုင်း ၄သန်းဆိုတော.ဖုန်း၁လုံး ၁၂၅၀၀ ပေါ. ဖုန်းပြောခကစား၇ုံပဲ ၂၅၀၀၀၀ ဆိုတော့ပြည်သူအပေါ်အမြတ်ကြီးစား၇ာေ၇ာက်မနေဘူးလား?

thi ha said...

SIM card ၄ သန်း × ၅၀၀၀ ကျပ် = ၂၀၀၀၀ သန်း = ၂၀ဘီလီယံ SIM၁ခု×၁၀၀၀၀ကျပ်(တစ်လ ပြောခ)×SIM၄သန်း=၄၀၀၀၀သန်း(တစ်လလျှင်air charges ရငွေ ) ၄၀၀၀၀သန်း(တစ်လလျှင်air charges ရငွေ ) × ၁၂ လ= ၄၈၀၀၀၀သန်း (တစ်နှစ်လျှင်ပြောခ ၇ငွေ ) ၄၈၀ ဘီလီယံ ၄၈၀ဘီလီယံ + SIM CARD တန်ဖိုး ၂၀ ဘီလီယံ = ၅၀၀ ဘီလီယံ တစ်နှစ်အတွင်းအရင်းကြေပါသည်။ ၂.၅သိန်းဆိုလျှင် တစ်နှစ် SIM 4သန်း ရောင်း ရရန် မလွယ်ကူ ပါ။ ပနှစ် ၄သန်း ရောင်းပြီး ပါ က OPERATION COST လည်းကျပြီး၊ပြည်သူများလည်းဝမ်းသာ။ ပုဂ္ဂလိကကုမ္ပဏီများလည်းအ၇င်းရ ။ နိုင်ငံတော် လည်း အခွန် ၀င်ငွေ ၀င်၊ နောင်များ မှာ internet COST တွေ လည်း ရ၊ ဒီမိုကရေစီ အစိုးရ ဟု World မှာ ၀င့်ထည် ၊ Mr, President U Thein Sein ပြောတဲ့ Transaction Cost လည်း ကျ ၊နတ်လူသာဓုခေါ် မယ့် လမ်းပါ။

Myinn Moe said...

Ko Kyaw Lwin ပြောတာအတိအကျပဲနော်..အပြစ်တော့မပြောချင်တော့ပါဘူး.... ကြီးနိုင်ငယ်ညှင်းဘ၀မှာလဲနေသားကျနေလို့ပါ...လူ့ဘ၀ကလည်းတိုတိုလေးပဲမို့ဘာမှမစွမ်းနိုင်တဲ့ ကျွန်တော့်အတွက်တော့ ရှေးကပြု.ခဲ့တဲ့ကံတွေကိုပဲအပြစ်တင်ရတော့မှာပေါ့ဗျာ.......

rain said...

နှစ်သိန်းဆို ဝယ်ဘူးကွာ....

သားငယ်လေး said...

´GSM တွေပေါ်ကာစက ဒေါ်လာ ၂၀၀၀၊ ၂၅၀၀ အဲဒီကနေ မြန်မာကျပ်ငွေ ၁၅ သိန်းငါးသောင်းအထိ လျှော့ချပေးခဲ့တယ်၊ ၁၅ သိန်းငါးသောင်းကနေ ကျပ် ငါးသိန်းအထိ ထပ်ဆင့်လျှော့ချပေးခဲ့တဲ့အတွက် အခု မြန်မာ့ဆက်သွယ်ရေးက ရောင်းပေးမယ်ဆိုတဲ့တန်ဖိုးနည်းGSM ကျပ်နှစ်သိန်းနဲ့
သုံးသိန်းအကြားဖုန်းကိုလည်း အနိမ့်ဆုံးကျပ်နှစ်သိန်းနဲ့ ရောင်းပေးစေချင်ပါတယ်။ ဒါမှလည်း ကျပ် ၅၀၀၀တန်ဖုန်းမျှော်နေတဲ့ပြည်သူတွေကို နှစ်သိမ့်ရာကျမှာပါ´´ဟု လက်ရှိကာလတွင်ရောင်းချပေးမည့်ကျပ် နှစ်သိန်းနှင့် သုံသိန်းအကြားဖုန်းအား ကျပ်နှစ်သိန်းဖြင့်
ရောင်းချပေးစေလိုသူ ကိုဇော်အောင်က ပြောသည်။
"ဆက်သွယ်ရေးက GSM စပြီးပေးတုန်းက ငါးသိန်းပါ။ နောက် ၁၀ သိန်းကို တက်သွားပါတယ်။ နောက် ၁၅ သိန်းပါ။ ၂၀၀၂ နိုဝင်ဘာလက သွင်းခဲ့ရတာက ၁၀ သိန်းပါ။ အဆင့်ဆင့် လျော့ချတာ မဟုတ်ပါဘူး။ အဆင့်ဆင့် တက်သွားပြီး နှစ်ပေါင်းများစွာ ကြာမှ ငါးသိန်းကို လျှော့ချပေးခဲ့တာပါ။ ၅၀၀၀ တန်မဟုတ်ရင် မ၀ယ်တော့ပါဘူး။"

kmh said...

နွားနို့သောက်ဖို့ နို့စားနွားမ၀ယ်ပေးရတဲ့ ငါတို့ပြည်သူတွေရဲ့ဘ၀.... ဖုန်းနဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ တာဝါတိုင်တွေ အတွက်ကြောင့်
SIM CARD တွေကိုအဲဒီလောက်ဈေးတင်ရတာဆိုဘဲ... တရားကြသဗျာ...
နိုင်ငံတစ်ကာမှာ ဘယ်လိုလုပ်နေလဲ မျက်လုံးလေးဖွင့်ပြီး ကြည့်လိုက်ပါအုံး
ဆရာတို့ရယ်.....။ ငါတို့ဘ၀က ခုထိကိုယ်ထူကိုယ်ထဘ၀က မတက်သေးပါ
လားကွယ်ရို့.....။

Anonymous said...

မင်းတို့ ဆက်သွယ်ရေး ဆုံးပြီ။ ပြည်သူတွေညီရင်ပြောပါတယ်။ နှစ်သိန်းခွဲလား၊ များသေးတာပေါ့ မလျှော့နိုင်တော့ဘူးလား။ ငါးထောင်တန်ဖုန်းဆို အလုံးရေ(ငါးဆယ်)ရနိုင်တယ်။ နည်းနည်းလေးသည်းခံပြီး အချိန်စောင့်လိုက်ရင်၊ လက်ရှိသုံးနေတဲ့ ကွန်ယက်ထဲဝင်လို့ မရနိုင်ဘူးလား။ မရရင်လဲနေပေါ့။ ငါးထောင်တန်ဖုန်း အချင်းချင်းဘဲပြောကြမယ်၊ ကောင်းတယ်နော်၊ ညီတယ်နော်၊ တစ်နိုင်ငံ ညီဖို့လိုတယ်။ နှစ်သိန်းခွဲတန်၊ သုံးသိန်းတန်၊ တန်တန်တန်၊ မတန်တန်တန်၊ လုံးဝ စိတ်မ၀င်စားကြနဲ့ပေါ့။ ညီစေနော်။ အောင်မြင်မှုက လက်တကမ်းမှာ ရှိတယ်။ ဆသရ နဲ့ပေါင်းပြီး ပြည်သူဂုတ်သွေးစုပ်တဲ့ ကုမ္ပဏီတွေ ကျဆုံးပါစေ။ ။ ။

Thamadi said...

j

Thamadi said...

ဆက်သွယ်ရေး က Elite company အတွက် ပါ။
ခေါ်မရ ,မ ကြားရ ပြန်ပြန်ခေါ် က ပါ လတွက် ရင် တော့ သွားပြီ

micromyo said...

5ooo mmk 3G phone is now coming.this time is not too late.mpt phone are more wide network. Cant you reduce your phone price 5000 mmk ? Cant you increate
services? is it fair price? If the whole world can do why you cant do.

Yan said...

နှစ်သိန်းနဲ့ ငါးထောင်ဆိုတာ အကွာကြီးပါ။ ဘာနှစ်သိမ့်တာလဲ....ချေးတုံးကို ရွှေလုပ်ပြီးရောင်းချင်နေတာလား...အံ့သြပါပေ့တယ်....

ဇေယျ said...

ကျွန်တော်တို့နားမှာနေတဲ့ဆက်သွယ်ရေးကengineer ဒါ့ကြောင့်အရမ်းချမ်းသာလာတာကိုး။ ဆသရ က လုပ်ငန်းပြ ပြီးအစ်ကိုကြီးညီလေးတွေမျှစားနေကြတာကျိန်းသေပြီဗျာ။
လာဘ်လာဘပေါကြွယ်တယ်ဆိုပြီးအလူုတွေဆိုချိမ့်ချိမ့်သဲပဲ။

Powered by Blogger.