ဒေါ်လာအဟောင်းအနွမ်း လက်မခံသည့်ကိစ္စ ညွှန်ကြားထုတ်၍ တားမြစ်သင့်


 မြန်မာနိုင်ငံ၏ မီးခိုးတိတ်စက်ရုံများဖြစ်သည့် ခရီးသွားလုပ်ငန်းများမှ ၀င်ငွေပိုမိုရရှိစေရန်နှင့် နိုင်ငံခြားငွေအဟောင်းအနွမ်းများအား လက်ခံယူငင်ပေးရန် သက်ဆိုင်ရာမှတရားဝင်အမိန့်ထုတ်ပြန်သင့်သည်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီများက အကြံပြုပြောကြားသည်။
´´တစ်ကမ္ဘာလုံးလက်ခံသုံးစွဲနေသည့် အမာခံနိုင်ငံခြားငွေ Hard Currency အသစ်အဟောင်းတွေကို မြန်မာနိုင်ငံကလွဲလို့ ကြိုက်ရာပြည်ပ ဘဏ်တွေ (Money Changer ) မှာ လဲပေးနေပေမယ့် မြန်မာနိုင်ငံကဘဏ်တွေ၊ ဟိုတယ်၊ Money Changer၊ လေယာဉ်လက်မှတ်အရောင်းဌာန၊ ၀င်ကြေးကောက်ခံ တဲ့နေရာတွေမှာ အနာအဆာကင်းတဲ့ နိုင်ငံခြားငွေပဲယူတယ်၊ ဒီတော့ ပြည်တွင်းမှာဝင်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သုံးစရာငွေမရှိတော့ဘူး။ သုံးစရာမရှိတော့ ပိုက်ဆံအဟောင်းသုံးလို့မရတဲ့ မြန်မာနိင်ငံခရီးစဉ်တွေဖျက်ပြီး ပိုက်ဆံအဟောင်းသုံးလို့ရတဲ့ အခြားနိုင်ငံကိုပဲ သွားလည်ကြလို့၊ ကိုယ့်နိုင်ငံကရသင့်တဲ့ နိုင်ငံခြားငွေဆုံးရှုံးပါတယ်´´ဟု ပတ္တမြားမြေခရီးသွားလုပ်ငန်းမှ MD ဦးအေးကျော်က ပြောသည်။
အဆိုပါ နိုင်ငံခြားငွေအဟောင်းအနွမ်းအား ပြည်တွင်းတွင်သုံးစွဲ၍ မရသဖြင့် ကမ္ဘာလှည့်ခရီးသွားများမှာ ဆောလျင်စွာပြန်လည်ထွက်ခွာကြသဖြင့်
မြန်မာနိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ သိသိသာသာတိုးတက်မှုမရှိခြင်း အကြောင်းအရင်းများတွင် ပါဝင်နေသည်ဟုသိရသည်။ ခရီးသွား လုပ်ငန်းများပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံရှိဘဏ်များ၊ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ကောင်တာများ၊ ဟိုတယ်၊ လေယာဉ်လိုင်းစသည့်
နိုင်ငံခြားငွေကြေးဖြင့် အဓိက ထိတွေ့လုပ်ကိုင်ရသည့်နေရာများတွင် နိုင်ငံခြားငွေအဟောင်းများ မယူမဖြစ်လက်ခံရန် ညွှန်ကြားချက်ထုတ်ပြန် သင့်သည်ဟု ယင်းက အကြံပြုပြောကြားသည်။
နိုင်ငံခြားငွေဖြင့်လက်ခံဆောင်ရွက်သည့် နေရာအနှံအပြားတွင် ၀န်ထမ်းများလက်ခံထားသောနိုင်ငံခြားငွေမှာ ပြည်တွင်း၌သုံးစွဲ၍ မရပါက
လက်ခံသောဝန်ထမ်းများ၏လစာဖြင့် ပေးလျော်ရသည်ဟု ၀န်ထမ်းများကပြောသည်။ ခရီးသွားလုပ်ငန်းများမှာ ၀င်ငွေတိုးတက်စေရန် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌သုံးစွဲမရသော ဒေါ်လာအဟောင်းအနွမ်းများအား လက်ခံယူငင်ပေးနိုင်ရန် လိုအပ်နေကြောင်းသိရသည်။
ဖြိုးဝေ ( the street view journal)
ဒေါ်လာအဟောင်းအနွမ်း လက်မခံသည့်ကိစ္စ ညွှန်ကြားထုတ်၍ တားမြစ်သင့် ဒေါ်လာအဟောင်းအနွမ်း လက်မခံသည့်ကိစ္စ ညွှန်ကြားထုတ်၍ တားမြစ်သင့် Reviewed by သစ်ထူးလွင် on 11:09 Rating: 5

13 comments:

Anonymous said...

လူတောင် သေ၇သေးတာ ပိုက်ဆံလေးဟောင်းတာလောက်ကို အစိုး၇၇ယ် ညွှန်ကြားချက်လေးထုတ် အဆင်ပြေအောင်လုပ်ပါဟ

Anonymous said...

FEC ကိုလည်း ခေါက်ရာပါရင် လဲမပေးချင်ဘူး
ှပလက်စတစ်လောင်းပြီးသုံးရမလိုဖြစ်နေတယ်
အင်းလေ....ဗမာပိုက်ပိုက်တွေလောက်မှ အဆင့်တန်းမမှီပဲကိုး
တွေ့ကရာ နှစ်ပိုင်းကို ပလက်စတစ်အိပ်ထဲထည့်ပြီးသုံးလို့ရတယ်
ကြည့် ...ဘယ်မှာတွေ့ဖူးလဲ

Anonymous said...

စင်္ကာပူမှာလည်းဒေါ်လာအဟောင်းအနွမ်းဆိုမလဲပေးပါဘူး။

ဝေဖန်သူတစ်ဦး said...

ထောက်ခံပါတယ်.....နိုင်ငံတကာမှာ ဘယ်လောက်စုတ်စုတ် သုံးလို့ရပါတယ် မြန်မာတစ်နိုင်ငံထဲပဲ ဒီလိုဖြစ်နေတာ။

kyaw zay latt said...

I did face this problem when i was in ygn. One time at AGD bank sule Money Changer. The counter staff is very rude and they refuse to accept my money coz it is old US notes. They also have different exchange rate for big currencies and small currencies. Another time is at airport. They also don't accept my money. after all, I gave all my US currencies to counter and ask them to select whatever they like. It is really ackward moment and unpleasent experience. Even though all my US money is given from Well known UOB Money Exchange but Myanmar money changer don't want to accept it.

haymann said...

ကျမတို့မြန်မာပြည်တပြည်ထဲ ဘယ်လိုတွေးခေါ်ပြီး ပောာင်းသောနိုင်ငံခြားငွေကို မယူတဲ့ဝါဒ က ဘယ်လို့ကြောင့်လဲဆိုကို အတွေးအမျိုးမျိုးနဲတွေးကြည့်တာ အစေ့စပ်မရှိဘူးဖြစ်တယ် ကလေးဆန်ဆန်တွေးယင်တော့ ရတာပေါ့ ။နိုင်ငံတစ်နိုင်ငံနဲပြောရမယ်ဆိုတော့ ကလေး ကစားစရာနဲ့ မနိုင်းချင်တော့ဘူး ဒိတော့ ဘာလဲ မသိတော့ဘူး ။

Myanmar said...

ပုဂ္ဂလိကဘဏ်တွေကတော့ထားပါတော့ အစိုး၇ဘဏ်ကိုသွားလဲ၇င်တော့ ၇နိုင်မလားသိချင်ပါတယ်ဗျာ။ ။

252525 said...

ထိုင်ဝမ်မှာလဲဒေါ်လာအဟောင်းအနွမ်း-(မင်ရာ-တော်တော်ညစ်ပတ်နေ)ဆိုလက်မခံပါဘူး...

noelzawlin said...

bar ma ma shi top bar ma dot kha mayoke top buuu
taw par taee yaee

ပုဂံစစ်သည် said...

သြော်ဒေါ်လာဆိုလို့ပြောရအုံးမယ် ကိုယ်တွေ့လေးတွေ နိုင်ငံခြားသားတွေ ပိုက်ဆံရှင်းတဲ့အချိန်မှာ မှင်ရာလေးနည်းနည်းစွန်းနေတယ်၊ ဒါနဲ့လက်ခံလိုက်တယ် money changre လဲသွားရောဒီမှင်ရာကြောင့် လဲလို့မရဘူးတဲ့၊ ဒါနဲ့နောင်ကျတော့ မှင်ရာလေးစွန်းတာ တွေ့ရင်လက်မခံဘူး ပြောလိုက်တော့ ကိုနိုင်ငံခြားသားက သူ့အိတ်ကပ်ထဲက ကိုခြင်္သေ့ကြီးကိုထုတ်ပြတာ သနားစရာပဲ၊ ကိုခြင်္သေ့ကြီးဖင်ပြဲနေတာ တိတ်ပါပါတ်ထားတာ တွေ့ရတော့ သနားလဲသနား ရှက်လဲရှက်မိပါတယ်၊ ဒါတွေဟာခရီးသွားလာရေးရဲ့ ဆူးညောင့်ခလုတ်တစ်ခုဖြစ်နေတယ်၊ ဒီဟာတွေရှင်းလင်းမှ နိုင်ငံခြားခရီးသွားလာရေး ပိုအစဉ်ပြေမယ်လို့ထင်ပါတယ်။

ရာရာ said...

ဒီပြသနာက အကန့်အသတ်နဲ့ငွေလဲလှယ်ခွင့်ပေးထားတာကြောင့်ပါပဲ...အကန့်အသတ်နဲ့ပဲလဲလှယ်ခွင့်ရှိတဲ့အတွက် တရားမ၀င်ပြင်ပ ငွေလဲတဲ့သူတွေကို အားကိုးနေရတုန်းဖြစ်ပါတယ်...အဲ့ဒီ တရားမ၀င်ပြင်ပငွေလဲလှယ်ပေးတဲ့သူတွေက မှင်ရာသေးသေးလေး၊ ပွန်းရာသေးသေးလေး၊ နည်းနည်းလေးမသိမသာနွမ်းနေတာကအစ၊ ခေါင်းကြီးခေါင်းသေး အဆုံး အဓိပါယ်မဲ့အမျိုးမျိုးအကြောင်းပြချက်တွေနဲ့ ငွေလဲလှယ်နှုံးကို တစ်ဆယ် ဆယ်ငါးကျပ်..နှစ်ဆယ်..စသည်ဖြင့် ခွါပြီး လက်ခံကြပါတယ်..ဒါ..သူတို့ဝယ်တဲ့နေရာမှာပါ..သူတို့ပြန်ရောင်းတဲ့အခါအမြတ်ပိုကျန်အောင် အကြံအဖန်လုပ်တဲ့ပုံစံတွေပါ...ဒါကြောင့် ငွေလဲလှယ်နှုံးကိုအကန့်အသတ်မဲ့ လုပ်နိုင်ရင် ဒီကိစ္စဟာ မှေးမှိန်ပျောက်ကွယ်သွားမယ်လို့တွေးမိပါတယ်..တခြားနိုင်ငံတွေမှာ ဒေါ်လာအတု နဲ့ အရမ်းစုတ်ပြတ်ဟောင်းနွမ်းနေတဲ့ဒေါ်လာများကလွဲရင် ငွေပမာဏဘယ်လောက်ပဲဖြစ်ဖြစ် သတ်မှတ်ဈေးနှုန်းအတိုင်း အတိအကျလဲလှယ်ပေးတာကို ကိုယ်တိုင်လဲလှယ်ရင်း တွေ့ခဲ့ရပါတယ်...

Susan said...

အေးလေ မြန်မာငွေတွေကျတော့ရော အသစ်ကျပ်ချွတ်ရှိလို့လား။ မနှစ်ကဆို Tape အဖာတစ်ရာနဲ့ ပိုက်ဆံတွေတောင် သုံးခဲ့ရသေးတယ်။

Bravo said...

ရှေးရှေးတုန်းက အိုင်ငယ်လေးမှာ မင်းမူနေတဲ့ဖါးတကောင်ရှိသတဲ့။ အဲဒီဖါးကြီးက တခြားဘယ်မှ မရောက်ဘူးပဲ သုရဲ့ရေအိုင် ကြီးကြောင်း၊ ကောင်းကြောင်း အရမ်းချီးမွမ်းနေတော့ဒါပဲတဲ့။

Powered by Blogger.