ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

ဂျိုးဖြူ ရေလှောင်တံမံပိုက်လိုင်းမှရေထုတ်ယူနေစဉ်
 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့်
ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ရေပေးဝေမှုအတွက် ကုန်ကျစရိတ်က တဂါလံကို အရင်းတင်ပဲ ၄၇ ပြား ကျတယ်။ ကောက်နေတာက အိမ်သုံးကို ၂၅ ကျပ်၊ လုပ်ငန်းသုံးဆိုရင် ၃၅ ကျပ် ဆိုတော့ အရှုံးပေါ်နေတယ်”ဟု ရှင်းပြသည်။

၂ဝဝ၅ ခုနှစ် ဇူလိုင်လထိ ရေတဂါလံလျှင် ၃ ပြားနှုန်း ကောက်ခံခဲ့သော်လည်း ထိုနှစ် သြဂုတ်လက စတင်ကာ တဂါလံလျှင် အိမ်သုံး ၂၅ ပြား။ စီးပွါးရေး လုပ်ငန်းသုံး ၃၅ ပြားနှုန်း၊ ဌာနဆိုင်ရာကို ၂၅ ပြားနှုန်း ကောက်ခံခဲ့သည်။ ယခု ဧပြီ ၁ ရက်နေ့မှ စတင်ကာ အိမ်သုံး တဂါလံလျှင် ပြား ၄၀၊ စီးပွါးရေး လုပ်ငန်းသုံး တဂါလံလျှင် ပြား ၅၀ ဖြစ်ကာ ဌာနဆိုင်ရာများကိုမူ ယခင်ဈေးအတိုင်း တဂါလံလျှင်၂၅ ပြားနှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း ဌါနမှူးက ပြောသည်။

“ရန်ကုန် ရေဖိုးရေခ ကောက်ခံမှုကို ယူနစ်နဲ့တွက်ရင် တယူနစ်မှာ အိမ်သုံး ၅၅ ကျပ်။ စီးပွါးရေးသုံး ဆိုရင် ၇၇  ကျပ်နှုန်း ဖြစ်တယ်။ အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ ဈေးနဲ့ တွက်ထားတာ ဖြစ်တယ်”ဟု ဦးစိုးမြိုင် က ရှင်းပြသည်။ (တယူနစ်လျှင် ဂါလံ ၂၂၀ ရှိသည်။)

အိမ်နီးချင်းနိုင်ငံများတွင် ကောက်ခံနေသော ရေဖိုးရေခ နှုန်းထားများမှာ တယူနစ်လျှင် ကျသင့်သည့် ရေဖိုးရေခများမှာ ထိုင်း ၀.၂၆ ဒေါ်လာ(၂၀၈ ကျပ်)၊ စင်္ကာပူ ၀.၉၆ ဒေါ်လာ (၇၆၈ ကျပ်)၊ ဖိလစ်ပိုင် ၀.၃၆ ဒေါ်လာ (၂၈၈ ကျပ်)၊ မလေးရှား ၀.၄၅ ဒေါ်လာ(၃၆ဝ ကျပ်)၊ ကမ္ဘောဒီးယား ၀.၁၄ ဒေါ်လာ(၁၁၂ ကျပ်)၊ လာအို ၀.၀၉ ဒေါ်လာ(၇၂ကျပ်)၊ အင်ဒိုနီးရှား ၀.၇ ဒေါ်လာ(၅၆၀ ကျပ်)၊ တရုတ် ၀.၁ ဒေါ်လာ(၈၀ ကျပ်)၊ အိန္ဒိယ ၀.၁ ဒေါ်လာ (၈၀ ကျပ်)၊ ဘင်္ဂလားဒေ့ခ်ျ ၀.၈ ဒေါ်လာ (၆၄၀ ကျပ်)နှင့် မြန်မာ ၀.၀၆၉ ဒေါ်လာ(၅၅ ကျပ်) ဖြစ်ကြောင်း စည်ပင်သာယာက
နှိုင်းယှဉ်ဖော်ပြ ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်စည်ပင်ရေ ယူသူများအားလုံး မီတာ တပ်ဆင်ရတော့မည် ဖြစ်ကြောင်းလည်း ဌာနမှူးက ပြောသည်။

“အခု ရန်ကုန်မှာ ရေမီတာသုံးသူတွေ ရှိသလို ပုံသေ ကောက်ခံရတဲ့သူတွေလည်း ရှိတယ်။ ပုံသေ ကောက်ခံရတဲ့ သူတွေကိုတော့ လူတဦးကို တနေ့မှာ ရေဂါလံ ၃၀ နှုန်းနဲ့ တွက်ပြီးတော့ အိမ်ထောင်စု တစုကို ၅ ဦးနှုန်းနဲ့ ကောက်တာ
ပေါ့။ အဲဒီအခါ ရေအလေအလွင့် ရှိတယ်။ ရေသုံးသလောက် ပိုက်ဆံမရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် စည်ပင်နယ်နိမိတ်အတွင်း ရေဆက်သွယ် ယူထားသည့် အရေအတွက် ၂ သိန်း ၃ သောင်းခန့် ရှိသည့်အနက် မီတာ မတပ်ဆင်သော အရေအတွက်မှာ ၇ သောင်းကျော် ရှိကြောင်း စည်ပင်စာရင်းများအရ သိရသည်။

ရန်ကုန်တွင် လက်ရှိရေပေးဝေနေသော စနစ်မှာ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်နှင့် အဝီစိတွင်းတို့မှဖြစ်ပြီး တနေ့လျှင် စုစုပေါင်း ရေဂါလံ ၁၆၀ သန်း ခန့် ဖြန့်ဝေပေးနေကြောင်း စည်ပင်စာရင်းများအရ သိရသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ ၂ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ ဦးအနက် ၉၈ ဦးက ကန့်ကွက်၍ ပျက်ပြား သွားသည်။

ဦးကျော်က ဆွေးနွေးပြောဆိုခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီမှ ပေးဝေသော သောက်သုံးရေ မလုံလောက်မှုများ ရှိနေသောကြောင့် သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးပါရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မြို့နယ်ဆိုတာက ဆင်းရဲသား အများစုနေကြတာပါ။ အခုဆို ရေရဖို့အတွက် ညမအိပ်ပဲလည်း စောင့်ပြီး
ရေယူရတယ်။ မဗေဒါ ရေခပ်ဆင်းသလိုပဲ။ အခုဆိုဒီလို ရေလုံလုံလောက်လောက်မရလို့ ကျန်းမာရေး အတွက်လည်း ထိခိုက်ရပါတယ်” ဟုလည်း ဦးကျော်က သူ့အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းတင်သွင်းခဲ့သည့် အဆိုကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏသည်
နေ့စဉ် ဂါလံ သန်း ၁၆၀ ခန့်ရှိကြောင်း၊ ဆက်လက်ပြီး ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း၊ စည်ပင်က လက်ရှိဆောင်ရွက်နေသည့် ရေပေးဝေနေမှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“ရေကိစ္စဆိုတော့ အားလုံးက စိတ်ဝင်တစား နားထောင်ကြတာပေါ့။ ဒီအဆိုကို ဆောင်ရွက်ဖို့ မဲလည်းခွဲဆုံးဖြတ်ရော
ထောက်ခံသူက ၂၄ဦးပဲ ရှိတယ်။ ကန့်ကွက်သူက ၉၈ဦး၊ တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အကုန်ထတာပဲ။ ” ဟု လွှတ်တော်သတင်း ရယူခဲ့သည့် သတင်းသမားတဦးက ပြောသည်။
ရန်ကုန် (မဇ္ဈိမ) ။       ။ 
ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည် ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည် Reviewed by သစ်ထူးလွင် on 23:48 Rating: 5

8 comments:

မျိုးချစ် said...

ငါတော့စည်ပင်ရေမချိုးတော့ဘူး မြောင်းရဘဲချိုးတော့မယ်

Unknown said...

ah!မလုပ်ပါနဲ့..၀ဲပေါက်လိမ့် မယ်...ရေသန့် နဲ့ချိုးနော်..း)

မျိုးစင်ဆွေဆက် said...

စလာပြီ ....မီးမုတ် တဖက် ရေတဖက် ...လစာတိုးမယ် ချော့လိုက်မြူဆွယ်လိုက် ...အစစ အရာရာလိုက်တက် မယ်ဆိုပြီး ချိမ်းခြောက်လိုက် ...မကြာခင် ကုန်ဈေးနှုံးများလိုက်တက်ပါတော့မည်....ဦးနှောက်မှမရှိကြတာ....မှန်ကန်တဲ့ ကုန်ဈေးနှုံးကို အရင်ထိမ်းညှိ ...သေချာပြီဆိုမှ လစာတိုး......ဦးနှောက်မရှိတဲ့ ကြံ့ဖွတ်ရဲ့  လတ်တလော လူပြိန်းကြိုက် စည်းရုံးမဲဆွယ်ရေး....ခုကြည့်လေ သူတို့ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေ စတက်ပြီဆိုရင် စီးပွားရေးသမားကို ဘယ်လိုသွားထိန်းချုပ်တော့မှာလဲ...ဟိုးအရင် သူတို့ ပြောနေကြ စကား ..နိုင်ငံတော်ကအရှုံးခံပြီးလုပ်ပေးတယ်.... ဟုတ်ပါတယ်နိုင်ငံတော်ကြီးရဲ့ ဝမ်းဗိုက်ထဲက သဘာဝသယံဇာတတွေ မတရားအထုတ်ခံနေခဲ့ရလို့ နိုင်ငံတော်ကရှုံးနေတာပါ.. ကိုယ့်ဘာသာကိုသတ်မှတ်ထားတဲ့..နိုင်ငံတော်အစိုးရ အာဏာရှင်တွေကတော့ မရှုံးပါဘူး..ရသမျှအိတ်ထဲထည့်.. တကယ်တမ်း သေချာစံနစ်တကျ လုပ်မယ်ဆိုရင် သဘာဝသယံဇာတကထွက်ရှိသမျှ ရသမျှ စီမံကိန်းလုပ်ငန်းတွေက ရသမျှ ..ဒီကောင်တွေသာ တဘက်သတ်လက်ဝါးကြီးအုပ် မမျိုစို့ ဘူးဆိုရင်... တိုင်းသူပြည်သားတွေကို စေတနာ အမှန်နဲ့ သာကြည့်မယ်ဆိုရင်....မီး ရေ လောက် ကတော့ ထိန်းသိမ်းစောင့်ရှောက်ခယူထားတာနဲ့ တင်လုံလောက်နေပြီမို့  အလကားနီးပါးတောင် ပေးလို့ ရပါတယ်.... စကားချပ်။ ။ နိုင်ငံတော်ရှုံးပါသည် အစိုးမရှုံးပါ(၎င်းတို့ အားလုံးသည်၎င်းတို့ ရသောလစာနှင့် မသင့်လျော် သော မတရားသဖြင့် ဥစ္စာပစ္စည်းများပိုင်ဆိုင်ထားကြပါသည်။ ထိုအရာအားလုံးတို့ သည်ပြည်သူပိုင် ပြည်သူ့ ဘဏ္ဌာ များဖြစ်ကြပါသည်)

Nyan Win Bo said...

ခုဌာနမှူးကလဲ တပ်ထွက်ဘဲ ထင်တယ်။ဈေးကို တစ်ဒေါ်လာ ၈၀၀ နဲ့ ဖြတ်ပါတယ်တဲ့။သူ့ပထွေးတွေက တစ်ဒေါ်လာ ၆ ကျပ်ကနေ ၈၀၀ ကိုတရားဝင်
ပြောင်းပီးသေးရဲ့လားမသိသေးဘူး။။အိမ်နီးနားတိုင်းပြည်တွေရဲ့ဈေးနှုန်းကို
ခပ်တည်တည်နဲ့ပြောလိုက်သေးတယ်။အိမ်နီးနား တိုင်းပြည်တွေရဲ့လစာနှုန်းကို
ပါ ပြောရမှာလေ။အိမ်နီးနားတိုင်းပြည်က လူတစ်ဦး အိမ်ငှားခ စားစရိတ် ပေါင်းမှ
လစာရဲ့ ၃၀% ရှိတယ်ဆိုတာ ထည့်မပြောဘူး။။
အပေါ်က ပထွေးကြီးက လစာတိုးဘို့ လေသံပစ်တာ မနေ့တနေ့ကမှ...
စည်ပင်ဌာနမှူးက ရေဈေးတက်ဘို့ ပြောလာဘီ...
ဒီတိုးမဲ့ လစာ ၃ လ ခံယင် ကံကောင်း။။။ဦးနှောက်မရှိတဲ့ တပ်ထွက်တွေလုပ်နေပုံနဲ့တော့။။တိုင်းးပြည်ဒိထက်မွဲတော့မယ်။။

Anonymous said...

ငယ်ငယ်က မြောင်းထဲလဲ ဆင်းဆော့တာပဲ ။ ပေါက်ဘူး. ချိုးတာချိုး။. အဟေး

dizinba08 said...

ဘာမှမဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံတွေနှင့် ရေဈေးပြိုင်စနစ်လုပ်နေတာ တော်တော်ကိုချီးကြူးစရာဘဲ. အိမ်နီးချင်းနိုင်ငံတွေမှာ လျှပ်စစ်မီးမပျက်တာကို ပြိုင်ပြီးမြန်မာနိုင်ငံမှာလဲ လျှပ်စစ်မီးမပျက်အောင်လုပ်ပါလား..အိမ်နီးချင်းနိုင်ငံတွေမှာ ဖုံးဆင်းကဒ်တွေဈေးချိုသလို မြန်မာနိုင်ငံမှာလဲ ဆင်းကဒ်တွေဈေးချိုအောင်လုပ်ပါ..အိမ်နီးချင်းနိုင်ငံတွေမှာ ကားအသစ်ကိုဘဲ တင်သွင်းခွင့်စီးခွင့်ပြုသလို မြန်မာနိုင်ငံမှာလဲ စီးခွင့်ပြုပါလား..ပြောရယင်တော့ ပြည်သူတွေအတွက်စိတ်ပျက်စရာ စိတ်ဆင်းရဲစရာတွေကိုဘဲ အလကားပေးနိုင်တဲ့အစိုးရပါ.. မြင့်နေတဲ့ စိတ်ဓာတ်တွေအကျင့်တွေကိုဘဲ ကျအောင်ချပေးနိုင်တဲ့ အစိုးရပါ.. ဖတ်ရတဲ့သတင်းတွေ ကြားရတဲ့တီဗွီသတင်းတွေကလဲ တီဗွီကိုရိုက်ခွဲခြင်စိတ်တောင်ပေါက်မိတယ်..

Toe Gyi said...

ဌာနမှူးဆိုတဲ့ လူဆိုးကြီး ရေဘိုးတိုးကောက်ဖို့ပဲ စဉ်စားမနေနဲ့ ရန်ကုန်မြို့တော်ကြီး သန့်ရှင်သာယာလှပ စေရမည်ဆိုတံ လမ်းဘေးဆိုင်းဘုတ်ကြီးလည်း ရှိသေးတယ်နော် တိုးကောက် ပြီးတော့ကော မိမိဘဏ္ဍာလုပ်မှာလား၊ မကောင်မြင်တယ်လို့ မပြောနဲ့နော် မလွန်လေသေးသောပုဂ္ဂိုလ် (အကျင့်စာရိတ္တအလွန် ကောင်းမွန်စွာနဲ့ အငြိမ်းစားလိုလို လစ်ပြေးသလိုလို လူကြီး) ကသင်းပေးခဲ့ တာလေ စစ်သားအချို့ ကိုကျတော့ လုပ်သက်ဆုကြေးထဲက စာရိတ္တညံ့လို့ဆိုပြီ ၅% ဖြတ်သွားသေးတယ် သူကျတော့ စာရိတ္တကောင်းရှာတာကို၊ ကိုစည်ပင်ကြီး ရေဘိုးတိုးကောက် တာ နိုင်ငံတော် အကြွေဆပ်ဘို့လားဟင်? အခုဝန်ထမ်းဘ၀မှာ ငါ့လောက်လည်တဲ့လူ မရှိဘူးလို့ထင်နေ၊ မင်းအပြင်ရောက်မှ ငါ့လောက် အ တဲ့လူမရှိဘူးဆိုတာ သိလိမ့်မယ် အပေါ်ကခိုင်တဲ့ အရာတိုင် လက်ညိုထောင်ခေါင်းညိမ့်လိုက် လုပ်မနေနဲ့ မွေးကတည်းကပါလာ တဲ့ ဦးဏှောက်ကြီးကိုလည်း သုံးအုံး၊ ခောင်းသုံးဆိုလို့ အမ ရမလားဆိုပြီးသွား မမေးနဲ့နော် အမေမှာတဲ့ဆန်တခွဲ၊ သုံးစိတ်နဲ့မလဲ ဆိုတဲ့ မျက်စိစုံမိတ် ခေါင်းညိမ့်တဲ့ အကျင့်တွေဖျောက် ကို့ကိုယ်ကို ကောင်းအောင်နေ အမှန်ကိုတင်ပြရဲအောင် လုပ် ဟုတ်ပြီလား ဌာနမူးကြီးရေ....

ktd said...

ရေဖိုးတိုးကောက်မယ်လား။ လုပ်ပါ။ မကြာသေးခင်က လျှပ်စစ်မီတာခတွေ တိုးကောက်တယ်။ သမ္မတကြီးဝင်ကယ်လိုက်လို့ မဟားတရား မဖြစ်တာတဲ့၊ တကယ်တော့ မီဒီဒါတွေ ကယ်လိုက်တာပါ။ နောက်တိုးစရာ စဉ်းစားပြီးပြီလား။ မစဉ်းစားရသေးရင် အကြံကောင်းပေးလိုက်မယ်။ လေရှူခ ကောက်ပါလို့။ သူများနိုင်ငံထက် ထူးခြားသွားအောင်လေ။ ။ ။

Powered by Blogger.