လူသေဆုံးသည်အထိ ဖြစ်ပွားအောင် အာဏာပြတဲ့ သုဝဏ္ဏမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး

သေဆုံးသူ ဒေါ်လှယဉ်၏ သမီးဖြစ်သူ မဝင်းဝင်းခိုင်နှင့် သားမက် ကိုစိုးနိုင်
By ဇာဏီ ၊ ဖေဖော်ဝါရီလ ၉ ၊ ၂၀၁၂။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)၊ ရန်ကုန်သစ်ရပ်ကွက်တွင် အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်လှယဉ် ဆိုသော အမျိုးသမီးကြီးတစ်ဦးသည် အုပ်ချုပ်ရေးမှူး၏အာဏာပြမှုကြောင့် မူလနှလုံးရောဂါ ဖြစ်ပေါ်လာပြီး သွေးလန့်သေဆုံးသွားသော ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ယခု သေဆုံးသူ ဒေါ်လှယဉ်၏ နေအိမ်အနီးတွင် နေထိုင်သော ဘုရင့်နောင် (၁၄) လမ်းနေ ၄င်း၏သမီးဖြစ်သူ မဝင်းဝင်းခိုင်၏ နေအိမ်ကို ခြံစည်းရိုးခတ်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အိမ်ခြံစည်းရိုးခတ်ခြင်းနှင့် ပတ်သတ်၍ ယင်းလမ်းအတွင်းပင် နေထိုင်သော ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ အုပ်ချုပ်ရေးမှူးရုံးသို့ အသိပေးရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးထံသို့ အလှူငွေ ပေးသွင်းရန်လည်း လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင်ပါက ခြံစည်းရိုးကို ပြီးဆုံးအောင် ခတ်ရမည် မဟုတ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကြိမ်းမောင်း ပြောဆိုမှုများ ပြုလုပ်ပြီး ယင်း (၄) ရက်နေ့ညတွင် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ထပ်ပြောသွားခဲ့သည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်မှ ထိုနေ့ညက မသွားရောက်ခဲ့သောကြောင့် ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်ကိုပါ ခေါ်လာပြီး ၅ ရက်နေ့မနက် (၉)နာရီလောက်က နေအိမ်ကို လာရောက် ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူ ပြည်သူက ကြည်ညို၍ တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း၊ ရပ်ကွက်တွင် ၄င်းက မြို့နယ် အုပ်ချုပ်ရေးထက် စည်ပင်သာယာထက် အရေးပိုရောက်သူ ဖြစ်ကြောင်း၊ သူ့ခွင့်ပြုချက် မရဘဲ ခြံစည်းရိုးကို ခတ်ပါက အကြောင်းသိသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်တို့ အခြေအတင် စကားများနေတာကို ကြားသောအခါ ကိုစိုးနိုင်၏ ယောက္ခမဖြစ်သော ဒေါ်လှယဉ် (သေဆုံးသူ) မှ ကြောက်လန့်တကြား တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းမှာ ကြောက်သောကြောင့် ဆက်မပြောရန် တောင်းပန်ခဲ့သော်လည်း ဦးသိန်းဟန်မှာ အာဏာပြ ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ကာ ပြန်သွားခဲ့သည်။ နေ့လည် ၁၂ နာရီလောက်တွင် နှလုံးရောဂါအခံ ရှိသော ဒေါ်လှယဉ်မှာ သားမက်ဖြစ်သူ ကိုစိုးနိုင်ကို သွားရောက် တောင်းပန်ရန် ပြောဆိုရင်း အထိတ်တလန့်ဖြစ်ပြီး မေ့လဲသွားခဲ့သည်။ ထို့နောက် မိသားစုမှ စံပြဆေးရုံသို့ ပို့ရာ လမ်းတွင် သေဆုံးသွားခဲ့ရသည်။ ဆေးရုံ ဆေးစစ်ချက်များအရ သေဆုံးသူ ဒေါ်လှရီမှာ နှလုံးရောဂါကြောင့် လန့်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"သူက ဘာရောဂါမှ ဖြစ်ပြီး လဲနေတာမဟုတ်ဘူး။ေိုဖြစ်သွားတော့မှ ကျနော်လဲ ပြန်စဉ်းစားကြည့်တယ်။ ငါ သူ(အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်)ပြောသမျှငြိမ်ခံပြီးတော့ ဆက်မပြောပဲ နေလိုက်ရင် အကောင်းသားလို့။ အဘွားက နယ်ကနေ ငါ ချဲလိုက်လို့ ပြဿနာတွေ အလျှိုလျှိုတက်ပြီးတော့ ယောက္ခမ တယောက်လုံး အသက်ဆုံးရှုံးသွားပြီ။ သူ့သားသမီး၊မြေးတွေနဲ့ အတူတူနေဖို့ ရွာကနေပြောင်းလာတာ ၇လ၊၈ လပဲ ရှိသေးတယ်။ ကျနော်လဲ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။" လို့ သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။


" ဆယ်အိမ်မှူးက ဥက္ကဌတွေ ခေါ်လာတယ်။ ဒီအကိုကြီး ရှင်းပြတယ်။ အဲတာကို နားထောင်တယ်။ ပြီးတော့မှ အော်ဟစ်ပြီးတော့ ပြောတယ်။ သမီးတို့ကတော့ နားမလည်ဘူး။ သမီးတို့ အမြင်ကတော့ ဥက္ကဌက ပြဿနာဖြစ်ရင် သူက ဖြေရှင်းပေးရမှာလေ။ အဲတာကို အော်ဟစ်ပြီးတော့မှ ကြိမ်းမောင်းသွားတယ်။ ဒီရပ်ကွက်ကလူတွေက သူ့ကို ကြည်ညိုပြီး ခန့်ထားတာပေါ့။အဲလို မဆိုင်တာတွေပါ ပြောတာပေါ့။ ဘေးက ကြားရတဲ့လူတွေတောင် မခံနိုင်ဘူး။ သူတို့အိမ်က ပြောင်းလာတာ သိပ်မကြာသေးဘူး။ နေတာထိုင်တာလဲ အေးတယ်လေ။ အဲတာကို အုပ်ချုပ်ရေးမှူးက လုပ်လို့ရတဲ့လူကို လုပ်တယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ သမီးတို့လဲ လက်သင့်မခံဘူး။" လို့ ရန်ကုန်သစ်ရပ်ကွက်မှ အိမ်နီးနားချင်းတွေက ဘားမားဗီဂျေကို ပြောပါသည်။


အဆိုပါ အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်သည် ယခင် ကြံ့ဖွံ့စည်းရုံးရေးမှူး တစ်ယောက်ဖြစ်ပြီး ပြည်တွင်း သတင်းဂျာနယ်တချို့၌ပင် လိမ်လည် လာဘ်စားမှုများကြောင့် နာမည်ဆိုးများ အလွန်ထွက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရန်ကုန်သစ်ရပ်ကွက်၌ ၄င်းအုပ်ချုပ်ရေးမှူး ဖြစ်သောအခါ ဝိုင်းဝန်း လက်မှတ်ထိုး ကန့်ကွက်ခြင်း၊ မြို့နယ်ရုံးမှလည်း လာဘ်စားမှုများအတွက် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်တိုင် ဆက်လက် ရှိနေသည်မှာ အလွန် အံ့အားသင့်စရာ ကောင်းပြီး အော့နှလုံးနာစရာ ဖြစ်ကြောင်း ရပ်ကွက်သားအချို့မှ သိရသည်။
ဘားမားဗီဂျေ
လူသေဆုံးသည်အထိ ဖြစ်ပွားအောင် အာဏာပြတဲ့ သုဝဏ္ဏမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး လူသေဆုံးသည်အထိ ဖြစ်ပွားအောင် အာဏာပြတဲ့ သုဝဏ္ဏမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး Reviewed by သစ်ထူးလွင် on 00:04 Rating: 5

21 comments:

Unknown said...

aww...အာဏာတွေ ပါဝါတွေ....:S

ကိုလူဆိုး said...

အော် တယ်လဲ အစွမ်းထက်တဲ့ ရာအိမ်မှူး နဲ့ ဆယ်အိမ်ခေါင်းဘဲ

KYAW ZIN said...

The authority should communicate more professionally explaining the requirement as per rule and regulation. Not yelling, shouting like an animal.

Moe Gyi said...

ဒီကောင်ရပ်ကွက်လောက်အုပ်ချုပ်ရလို့သာ တော်သေတယ် နိုင်ငံအုပ်ချုပ်ရေးမှူးဖြစ်ရင် တို့တော့လွယ်မယ်မထင်၊ ကြံ့ဖွတ်အဖွဲ့ လက်ကျန်တွေ မထသ လုပ်သင့်တယ် (လိုင်းပေါင်းစုံအမဟုတ်ဘူး) လူ့ပြည်မှာ မထားသင့်တော့ဘူး အုပ်ချုပ်တအားကောင်း ငရဲသားတွေကို အုပ်ချုပ်ခိုင်းရမယ် ဘယ်ပြည်သူကကြည်ညိုခန့်ထားတာလဲဆိုတာ ရပ်ကွက်မှာရှိတဲ့ ကြည်ညိုသူစားရင်းကောက်ကြည့်လိုက်ပေါ့။

ManU Lover said...

ရှိကြပါတယ် နောက်ထပ်လည်း ရှိနေဦးမှာပါ သူတို.ကပြောတော. ပြည်သူက တင်မြှောက်တာလို. ပြောတာဘဲ နောက်ပြီး သူတို. အချင်းချင်း နားလည်မှုနဲ. တင်မြှောက်နေကြတာပါ ကျွန်တော်တို. မန်းလေးမှာလည်း အဲ.လို ကောင်တွေ အများကြီးပါဗျာ ဆယ်အိမ်ခေါင်းတဲ. အရင်က စပါယ်ယာ လုပ်တဲ.လူကို ခေါ်ထားတယ်လေ ရပ်ကွက်ရုံးမှာက သူတို. လုပ်ချင်သလိုကို လုပ်နေကြတာ အဲ.ဒါတွေကိုလည်း ပြုပြင်ပြောင်းလဲရေးထဲ ထည်.သင်.တယ်ထင်တာဘဲ

Unknown said...

အဲ့ဒါဘဲ ကို့ခြံလေးကိုသပ်သပ်၇ပ်၇ပ်လေးခပ်နေတာတောင်
နေပိုင်ခွင့်မ၇ှိ ဒီအာဏာယူးတွေနဲ့ကတော့မလွယ်ပါဘူး.
လူတွေကလဲ အာဏာလေးများ၇လို့ကတော့၇င်ကိုကော့
လက်ကိုခါးမထောက်ဘဲဂျိင်းတက်ထောက်ပြီး ၇တလောက်
အာဏာတွေပြတော့တာပဲ

zzmyoe said...

ရာအိမ်မှုး၊ရပ်ကွက်အုပ်ချုပ်ရေးမှုးလုပ်တဲ့ကောင်တွေကလောင်းကစားသမား၊ကျပ်မပြည့်တဲ့ကောင်တွေများတယ်၊

Unknown said...

အဲဒါဘဲ အာဏာလေးများ၇လာလို့ကတော့၇င်ကို
ကော့လက်ကခါးမထောက်ချင်တော့ဘူးဂျိုင်းလော
က်တက်ထောက်ချင်နေတာ အာဏာယူးတွေလေ
ဘာမှလဲထိခိုက်မှုမ၇ှိ ကိုအိမ်ကို့ခြံလေးနဲ့နေချင်လို့
ခြံခက်တာလေ ဒီလောက်တောင်လွတ်လပ်ခွင့်မ၇ှိ
တော့ဘူးလား အလကားနေအာဏာအလွဲသုံးစား
လုပ်နေတဲ့ အာဏာယူတွေ

ပန်းသတင်း said...

အော်.. လူတွေလူတွေ..နေရာလေးသာရမယ်ဆို၇င် ပုဆိုးလျှံ ပြိးကတော့ဒါဘဲ..ဒါတွေဟာ ပညာမတတ်လို့ အတွေးအခေါ်မရှိ မစဉ်းစားတတ်ကြဘူးလေ ဒီလိုလူအများနဲ့ဆက်ဆံရတဲ့ နေရာမှာဒီလိုအတွေးခေါ်မရှိတဲ့အကောင်တွေသာများများ ရှိနေရင်တော့ တိုင်းပြည်ကြီးက ရင်လေးစရာဘဲလေ..တရားမျှတအောင် မစဉ်းစားတတ်တော့မလိုလားအပ်တာတွေနဲ့ ကြုံကြရဒါပေါ့...။

ရာရာ said...

ဖွတ် မိကျောင်း ဖြစ်သွားတော့ မြစ်မချမ်းသာ ဖြစ်ပြီပေါ့...

တာတေ said...

အဲဒီလို၇ပ်ကွက်တွေထဲမှာဒီခေတ်အနေအထားနဲ.ငဖျင်းတွေ၇ှိနေသေးတာမထူးဆန်းပါဘူးစည်ပင်က၇၀တနဲ.ကြံ.ဖွတ်တွေကို၇ပ်ကွက်တွေထဲလှည်.တူသံလွသံကြား၇င်စည်ပင်ကစက်ကြေးကောက်ဖို.လာကော်မ၇ှင်၇ကြတယ်လေဒို.မြန်မာပြည်မှာ၇ုပ်ပိုင်းဆိုင်၇ာတွေမတိုးတတ်နေတာလဲဒါတွေပါတာပေါ.စိတ်ပိုင်းဆိုင်၇ာညံ.ဖျင်းနေတဲ.ဖျင်းကြီးဖျင်းလေးတွေ၇ှက်တတ်၇င်သေသင်.တယ်လို.ထင်တာပါဘဲ

Tony said...

ရန်ကုန်သစ်..သုဝဏ္ဏသားတွေ...ဒီလိုပဲ ငြိမ်ခံနေကြတော့မှာလားဟေ..

linnminkhant said...

တန်ပြန်သက်ရောက်မှု့လေးတွေတော့ရှိကြမှာပါ ခွေးရူးကောင်းစား တစ်မွန်းတည့်ပဲ ဘယ်လောက်ထိအောင် ငါ စွဲ စွဲ နိုင်မှာလဲ အချိန်တန်တော့လည်း မျက်နှာငယ်လေးနဲ့ မြင်ယောင်ပါသေးတယ်...........။

a said...

အုပ်ချုပ်ရေးမှုး သိန်ဟန်ဆိုတဲ့လူ အခုထိ အဲ့ဒီနေရာမှာ အဲ့ဒီအတိုင်းပဲလား.....သူ့ ကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးသွားရတာကိုတောင် အဲ့ဒီအာဏရူးကို ဘာမှ မလုပ်သေးဘူးလား....မလုပ်ရဲလို့လား....မလုပ်ရဲဘူးဆိုရင်လဲ....
(ဘားမားဗီဂျေ ရေ လုပ်ပါအုံး အုပ်ချုပ်ရေးမှုးသိန်ဟန်းဆိုတဲ့ လူရဲ့ ဓတ်ပုံလေးကိုတော့ တင်ပေးပါအုံးဗျာ)....ဒီလိုလူမျိုးတွေကို ယမမင်းဆီ မြန်မြန်ပို့ပေးလိုက်ရအောင်......

မျိုးမြန်မာ said...

ကျွန်ေ တာ် တော်တော်စိတ်ပြတ်မိပါတယ် အဲ့လိုအကြောင်းတွေမရှိအောင်အားလုံး ၀ိုင်းဖွပေးမှရတော့မယ်ထင်လို့ပါ ကျေးဇူးပြုပြီးလည်း ၀ိုင်းဖွပေးကျပါနော်....
ဘယ်အစိုးရ ဌာနမှ လဘ်စားတာမလွတ်ကျပါဘူး
ဌာန တိုင်းဌာနတိုင်း က လဘ်စားကျတယ်လို့ အားလုံးက သိနေကျပါတယ် ဘယ်သူမှ မပြောချင်ကျလို့တာ

လျှပ်စစ်ဌာနမှာတော့ ၀န်ကြီး-ဒုဝန်ကြီးတွေက ကောင်းကြပါတယ် ဒါပေမယ့် ယခင်ဝန်ကြီးတပည့် သိန်းတန် ဆိုတဲ့အကောင်က အကျင့် မပြောင်းသေးဘူး သူခိုးကြီး သူ့မကောင်းတာလုပ်ထားတာ အရင်က အင်တာနက်မှာ ပါပြီးသွားပြီ မပြင်သေးပါဘူးလေ တစ်ပတ်စဉ်ထဲတွေကပြောတယ် ဘွဲ့မရဘဲနဲ့ လိမ်ထားတာတဲ့ ဒါတောင် ညွှန်ကြားရေးမှူးဖြစ်နေသေးတယ် ဘိုလိုမပြောတက်လို့ ကျန်းမာရေးကို အကြောင်းပြပြီး နိုင်ငံခြားကို မသွားရဲဘူး- ပွဲလယ်မတင့်တဲ့ အကောင်ကြီးပါ၊ ဘွဲ့မရပဲနဲ့လိမ်ပြီးတော့ နေရာယူရုံတင်မကသေးဘူး သူတပည့် ချာတိတ်တစ်ယောက်က်ု့လည်း ဘွဲ့မရဘဲ ဘွဲ့ရလုပ်ထားသေးတယ် လူလိမ် တပတ်စဉ်ထဲက အရာရှိတွေ ရာထူးမတက်ပေမဲ့ ခြစားပြီး အရှာကောင်း ဆရာသမားကို အပေးကောင်းတော့ ရာထူးတက်ပြီးရင်းတက်လာတာ ဘာအရည်အချင်းမှ ရှိလို့တော့မဟုတ်ဘူး အခုထိ သူ့ဆရာအရှိန်နဲ့ သူ့ဌာနက အကြီးဆုံးလူကြီးကိုတောင် အိပ်ထဲထည့်ထားပြီး ချယ်နေတာအားလုံးပါပဲ ငွေကြေးဆိုလည်း အခုထိ အလွဲသုံးလုပ်တုန်းပါဘဲ ၀ိုင်းဖေါ်ပေးကြပါ သူခိုးကြီး-လူလိမ်ကြီး-ပညာမဲ့တဲ့အကောင်းကြီး မကောင်းတာလုပ်တာများနေတော့ အသေဆိုးနဲ့ သေမဲ့အကောင်ကြီးပါ

အဲဒီလူကို ဒီလိုဘဲထားတော့မှာလား

(၁) ၀န်ထမ်းခန့်ထားတာတွေ ရိုက်စားလုပ်ခဲ့တယ်
(၂) ရာထူးအလိုက် ပြောင်းရွှေ့ကြေးကလည်း (နိုင်ငံတကာဘောလုံးသမားတွေ လိုဘဲ)
(၃) တပတ်စဉ်ထဲက လူတိုင်းကပြောတယ် ဘယ်တုန်းကဘွဲရတာလဲတဲ့
(၄) စာမတတ်ပေမတတ်နဲ့ နိုင်ငံခြားတောင်သွားပြီးပြီ (အရင်အစိုးရအဖွဲ့တောင် လိမ်ပြီးဖောင်ဖြည့်သူ)
(၅) ၀န်ကြီးဌာန ခြစားသူ နံပတ်(၁)
တခြားဟာတွေ ရှိသေးတယ် ဆက်ထည့်ပေးမယ်

ktd said...

ဘယ်အာဏာမဆို ဘယ်လောက်ထိ အာဏာပိုင်မှာလဲ။ သေတပန်သက်တစ်ဆုံး အာဏာရှင်စနစ်တွေတောင် ပျက်သုန်းကုန်ကြပြီ။ လက်ရှိဘာမဟုတ်တဲ့ အာဏာကို ငါသာလျှင်ဘာဖြစ်တယ် ညာဖြစ်တယ်လို့ သွေးတက်နေရင် မမြဲတဲ့ အာဏာမဲ့တဲ့ တစ်နေ့ လူ့အသိုင်းအ၀န်းကနေ ဝေးသထက် ဝေးအောင်ပြေးရမယ်ဆိုတာ ကိုယ့်ကိုကိုယ်လဲ သိကြမယ် ထင်ပါတယ်။ သိကိုသိရမယ်။ သိလဲ သိသင့်ပြီး တရားရစေချင်တယ် အာဏာပိုင် အပေါင်းတို့ ဆင်ခြင်တုံတရားရှိစေဖို့နဲ့ အခိုက်အတံ့အာဏာပိုင်တုံးမှာ ပြည်သူဘ၀ကိုနားလည်သော သူများဖြစ်အောင် ကြိုးဆောင်သွားရန် နောင်လာမဲ့အချိန် လူတောထဲ ၀င်ဆံ့နိုင်တယ်နော်။ ။ ။

mo mo ko said...

ရှိသေးတယ်..
ပြီးခဲ့တဲ့ လပိုင်းလောက်က ကြားဖြတ်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းတွေလုပ်ပေးမယ်။မလုပ်ရသေးတဲ့လူတွေ မဖြစ်မနေလာလုပ်ပါ
မည်သည့်ငွေကြေးတစ်ပြားတစ်ချပ်မှပေးရန်မလိုပါ ဆိုပြီး လမ်းထဲ လုသိရှင်ကြား လာအော်သွားတယ်။တစ်ကယ်သွားလုပ်တော့ သန်းခေါင်စာရင်းထုတ်ပေးတဲ့သူက သူ့ရှေ့က ပုံးကြီး(တော်တော်ကြီးပါတယ်)
ကို လက်နဲ့ ဗုံး ဗုံးဆိုရိုက်ပြီး အလှူငွေတဲ့ ၅၀၀ တဲ့ အဲဒါနဲ့ အမြင်ကပ်လို့ လမ်းထဲမှာလာအော်သွားတုန်းကတစ်ပြားမှပေးဖို့မလိုဘူးလို့
အော်သွားလို့ ပိုက်ဆံဆောင်မလာခဲ့ဘူးလို့ပြောလိုက်တယ်။
ဒါတောင်နောက်တစ်ယောက်က မကျေမချမ်းနဲ့ တစ်ချိန်လုံးအော်နေသေးတယ်
ဒီအချိန်မှ လူစုလာလို့တဲ့(ညနေ ၆နာရီနောက်ပိုင်း) ကျန်တဲ့ အချိန်တွေ ဘာလုပ်နေကြလဲမသိဘူးတဲ့။ လူတွေက ညနေ အလုပ်ပြန်မှ ၀င်ရတာ။
သူတို့လိုမသဓါရေစာ စားပြီးအေးအေး နေလို့ရတာမှ မဟုတ်ကြတာပ။ဲ။
ရန်ကုန်သစ်ဘက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာဘာများပိုထူးလို့တုံး.....

tharzaw said...

ဒီကောင်တွေကလူမိုက်တွေ၊ အရက်သမားတွေ၊ ဖဲသမားတွေ
ကြက်သမားတွေ။ အသိပညာမရှိဘူး။
အုပ်ချုပ်ရေးပိုင်းမှာ သည်လိုကောင်တွေကြီးပဲ။
တစ်နိုင်ငံလုံး။
ရင်နာစရာတွေချည်းပဲ ကြားနေရတယ် (ဒီကောင်တွေကြောင့်)။

Bino said...

I got a bad feeling after read. The news with witness should be sent appropriate authority.
BINO

san san said...

အောက်ခြေ အဆင့် ဥပမာ ၁၀ အိမ်မှုး ဥက္ကဌတို့တင်မြောက်ရင် အောက်ခြေ ကဘဲ ရွေးချယ်တဲ့ သူဆိုပို သင့်လျှော် ပါတယ်။ဒီမိုကရေစီ ဆို အကုန် ပြည်သူတွေ ကဘဲ ရွေးချယ်ပိုင် ခွင့်ရှိ ပါတယ်။

thuthu said...

Thein Han....GO TO HELL

Powered by Blogger.