ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို

အောကစ် ဟိုတယ် ၀န်ထမ်း ဒေါ်အေးအေးကြည်
ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ မူပိုင် YPI)



ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့စစ်ဆေးခြင်းမရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆိုလိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
YPI
ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို Reviewed by သစ်ထူးလွင် on 15:49 Rating: 5

27 comments:

ပုဂံစစ်သည် said...

ရုပ်ကိုကဂျပန်နှာဘူးရုပ်။ သူများကြရိုက်ပြီး သူ့ကြမှဓါတ်ပုံတောင် အရိုက်မခံဘူရဲဘူး။ ခွေးမျိုး.....

Killer said...

ဂျပန်ကမြန်စာအစိုးရကို ဈေးငွေအများဆုံးပေးထားတာဆိုတော့ ... ဘယ်လုပ်ရဲမလဲဗျာ... ဥပဒေဆိုတာ လူခင်ရင်မူပြင်တယ်ထင်တယ်နော်..

ကိုကိုကြီး said...

တရားသူကြီးတွေ...နေရွှေ့..ညရွှေ့လုပ်မနေသင့်တော်ဘူး...။ အမြန်ဆုံးအကောင်အထည်ဖော်သင့်ပြီ...။ တရားသူကြီးတွေ... မတရားသူကြီးအဖြစ်ကိုတော့အရောက်မခံသင့်တော့ဘူး...။ သမိုင်း..သာဓကအဖြစ် ထားရှိမဲ့ကိစ္စဖြစ်လို့ သေချာစွာ ဆုံးဖြတ်ပါ...။

Anonymous said...

စော်ခေါ်ပြီး အခန်းထဲသွင်းလို့မ၇လို့ မွှန်သွားတဲ့၇ုပ် ဓါတ်ပုံတောင်အ၇ိုက်မခံ၇ဲဘူး

Myanmar said...

တ၇ားသူကြီးမက လုံးဝမတ၇ားပါဘူး။ ဒီအမှုအတွက် တ၇ားလိုထံက အာမခံကြေးသိန်းတစ်၇ာ တောင်းတယ်သတင်းတွေမှာ ကြားသိ၇ပါတယ်။ တ၇ားသူကြီးမက ဂျပန်ကို ကြိတ်ကြွေနေတာလားမသိဘူး။ ။

WiDura said...

hi everyone,
everyone knows, even the judges,that Japanese smacked her... i think the hotel has CCTV records. so the case should be considered as CRIMINAL case. and that jap also sue her "forcing him out of the hotel?" so what??? even though if it is true...
her case should considered as CIVIL case... i wonder why she has to bailed? would she ran away??? she's the one got beaten...

Anonymous said...

မြန်မာအမျိုးသမီးဘက်က မတရားခံရတဲ့ တိုင်းတစ်ပါးသားရဲ့ စောကားမှု့ ကို ဘယ်လို စီရင်ဆုံးဖြတ်မလဲ ဆိုတာစောင့်ကြည့်မယ် . . . မမှန်မကန် ဆုံးဖြတ်လို့ ကတော့ တရားသူကြီးလဲ မသက်သာဘူးမှတ် . . . ဂျပန်ကို နယ်နှင်ဒါဏ်ပေးဖို့ က ဘယ်လို ဖြစ်သွားပြီလဲ . .ဒီလို အကျင့်ပျက် စရိုက်ကြမ်းတဲ့ လူမျိုးတိုင်းပြည်ထဲ ပေးမ၀င်တာ ကိုယ့်မြန်မာမိန်းခလေးတွေရဲ့ သိက္ခာအတွက် ပိုလုံခြုံ စိတ်ချရတယ် . . ကိုသစ်ထူးလွင်ရေ ဒီသတင်းကို မျက်ခြေ မပျက်စေနဲ့  . . . တရားမျှတမှု့ ရှိမရှိ ကိုယ့်လူမျိုးကို မီဒီယာနဲ့ အကာအကွယ်ပေးနေတယ်လို့ သဘောထားပြီးကုသိုလ်ယူကြည့်ပါ . . .ဒါလဲ အမျိုးကို စောင့်ရှောက်တာပါပဲ . . .

than htay aung said...

so many japanese come to sex to myanmar I know.

than htay aung said...

I Know so many japanese man come to sex to myanmar.
So many japanese girl also go to cambodia and bali inland (indonisha).can see japanese news.

Show said...

ဂျပန်ကသူ့မိန်းတွေ့မှာကြောက်လို့ပါကွာ မင်းတို့ကလဲ
အမှုတခုကိုအချိန်အကြာကြီးဆွဲတာဒီမှာပဲ၇ှိတယ်လေ
တော်တာပေါ့ ဟုတ်ဘူးလား

philosophermgmyathar said...

ဟကောင်ရ ..တရားသူကြီးက လုပ်ချင်တိုင်းလုပ်လို့မရဘူးဟ..အထက်ကို
တင်ပြရသေးတယ်..အထက်ဆိုရင်သိတယ်မလား ..ဒါကြောင့် အမေစုက
တရားဥပဒေစိုးမိုးရေး ကိုဦးစားပေးလုပ်မယ်လို့ပြောတာ .တရားဥပဒေအထက်
မှာ ကာလုံ တို့ က စောင်ခြုံပြီး အမိန့်ပေးနေတာ..တရားသူကြီးလောက်မ
ပြောနဲ့. မင်းတို့ သမ္မတကြီးသိန်းစိန်တောင် ဘာမှမလုပ်ရဲဘူး.ပြည်သူ့လွှတ်
တော်ဥက္ကဌေ၇ွှမန်းတောင်သူပြောတဲ့စကားကို ပြန်ကြားရေးကဆင်ဆာဖြတ်
တာ ဘာမှမလုပ်နိုင်ဘူး..အခြေအနေမှန်ကိုနားလည်စမ်းပါ ငါ့ကောင်ရာ

Ar Ga said...

Arguing and using criminal force is much different . Japanese and hotel staff are arguing ( Fair enough to pay compansation _ She aregued with him because of her duty to restore hotel discipline) . BUT Japanese use the criminal force against her, So , it should be imprisonment.
၇န်ဖြစ်တာ ဆဲဆိုတာ၇ဲ့ ပြစ်ဒဏ်က သေးပါတယ် ( တကယ်လို့ ဟိုတယ် ၀န်ထမ်းက မှားခဲ့၇င်တောင် ငွေဒဏ်လောက်နဲ့ ပြီး၇မှာပါ) ။ ဒါပေမယ့် ဂျပန်ကြီးက ကိုယ်ထိလက်ေ၇ာက် ၇ိုက်နှက်ခဲ့တာ ဖြစ်တဲ့ အတွက် ထောင်ဒဏ်နဲ့ ငွေ ဒဏ် ၂ ၇ပ်စလုံး ကျခံ၇မှာပါ ။ ဒါကြောင့် ဟိုတယ်ဝန် ထမ်းက ဂျပန်ကြီးကို ငွေဒဏ် တစ်သန်း ပေးစေ ။ ဂျပန်ကြီး ကလည်း ဟိုတယ် ၀န်ထမ်းကို ငွေဒဏ် တစ်သန်းပေးစေ နှင့် ထောင်ဒဏ် ၂ နှစ် ကျခံစေ ......

ako said...

ကိုယ်ကသူများကိုမပြောခင် ကိုယ်ကိုကိုယ်ပြန်ကြည်ကြပါ။ ဒီမိုကရေစီနိုင်ငံသားဆိုတာ ဒီလိုဘဲလား။

Kandawlay yelay said...

ဒီအမှုကို အမြန်ဆုံးစစ်ဆေးပြီး ဒီလိုဥပဒေမဲ့ ရိုင်ပြစွာ ကိုယ်ထိလက်ရောက် စော်ကားမှုအတွက် ပြင်းပြင်းထန်ထန် အရေးယူပေးစေခြင်ပါတယ်။ ဒါမှနောက်နောင် ကိုယ့်ဗမာ လူမျိုးကို မစော်ကားရဲကျတော့မှာ။ တရားသူကြီး အပါအဝင် ဒီအမှုကို စစ်ဆေးဆုံးဖြတ် အမိန့်ချ မဲ့ သက်ဆိုင်သူအားလုံး မျိုးချစ်စိတ်ရှိဘို့အလွန်အရေးကြီးပါတယ်။

Violin Angle said...

CCTV မှတ်တမ်းရှိတာတောင် ဗြောင်လိမ်တဲ့ဂျပန်စုတ် ကိုယ့်နိုင်ငံလာပြီး ကိုယ့်လူမျိုးကိုစော်ကားတာတောင် ဘက်လိုက်ပြီး ဆုံးဖြတ်ရင်တော့ အမျိုးယုတ်အဖြစ်စာရင်းသွင်းခံရမှာပဲ ဘယ်မှာလဲအမျိုးသမီးရေးရာတွေ ဒီဂျပန်အမှုနိုင်ရဲနိုင်ကြည့် ဂျပန်ကိုကောင်းကောင်းပြန်ရောက်မယ်လို့မထင်နဲ့

မင်းမြတ် said...

လူမှုရေးဦးတည်ချက်ထဲမှာ အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ပေးရမယ်ဆိုတဲ့အချက် ကို အာဏာပိုင်များမေ့နေ ကြပြီထင်ပါတယ်။ စီးပွားရေးလုပ်ငန်းမလုပ်ခင်မှာတောင်မှမြန်မာအမျိုးသမီးကို ပါးရိုက်ဖို့လက်မြန်တဲ့ဂျပန် စီးပွားရေးလုပ်ငန်းသာလုပ်ခွင့်ရပြီး သူ့လက်အောက်မှာအလုပ်လုပ်ရမဲ့သူတွေကိုဘယ်လိုဆက်ဆံမယ်ဆိုတာ စဉ်းစားကြည့်ကြပါ။

yin win said...

ဂျပန်ကြီးကိုတော့ ..အပြစ်သိပ်မတင်ချင်တော့ပါဘူး..လောကမှာလူကောင်း လူယုတ်မာဆိုတာ ရှိကြတာ မဆန်းပါ..ဒါပေမယ့် ကျနော်တို့မြန်မာ ဥပဒေဘက်တော်သားတွေက ဘာတွေလဲဗျာ..မင်းတို့မှာ အရှက် ကိုယ်ကျင့်တရား သမာဓိ ဆိုတာ မသိတော့ဘူးလား..မြန်မာတရားဥပဒေဆိုတာ ဒီလိုဘဲဆိုတာ လောကအလယ်မှာပြစရာဒါဘဲရှိတော့တာလား.. ခင်ဗျားတို့ ပညာတတ်တွေပါဗျာ..ပေါင်ချိန် ဇာတ်ကား ဒီလောက်ကြည့်ဖူးတာ ..ဖျော်ဖြေရေးအတွက်ဘဲ..ဖြစ်သွားရင်တော့...ပညာပေးဇာတ်ကားဆိုတာ
ဒို့မြန်မာတွေအတွက် မဟုတ်တော့ဘူးလား...ကိုယ့်လူမျိုးဘက်က ငွေမျက်နှာ၊အာဏာကိုမကြောက်ဘဲရပ်တည်ရဲတဲ့ ဥပဒေဘက်တော်သားမျိုး သမိုင်းမှာ မပေါ်တော့ဘူးလား...

တပေူကလဲ said...

အမှန်က ဂျပန်စုတ်ပြန်တရားစွဲခွင့်ပေးတာမြန်မာနိုင်ငံတရားစီရင်ရေးရဲ့
အားနည်းချက် ကြောင့်ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာဒါမျိုးဖြစ်ခဲ့ရင် အနည်းဆုံးထောင်ဒါဏ် ၃ လ
မချမနေရချရမှာဖြစ်ပါတယ်..ငွေဒါဏ်နဲ့မရပါ..
တရားသူကြီးများမြန်မာလူမျိုးကိုကာကွယ်နိုင်ကြပါစေ..

john said...

please,I want to know her phone number.
She is my firend from 9years ago.

kyu kyu said...

အင်း ဂျပန်ကြီးက ငါတို့နိုင်ငံကအမျိုးသမီးကိုလည်းပါးရိုက်တယ် တရားလည်းပြန်စွဲတယ်ဆိုတော့ သူ့မှာရောအမှုနိုင် နိုင်တဲ့ခိုင်လုံတဲ့ အကြောင်းပြချက်ရှိလို့လား ၊ အော် ဒါမှမဟုတ် မြန်မာနိုင်ငံပဲဘာများအထင်ကြီးစရာကောင်းလို့လဲ နဲနဲပုံပေးအေး ဆိုတဲ့အတွေးနဲ့များ သူ တရားပြန်စွဲတာလား၊သူကပါးရိုက်ပြီးတရားပြန်စွဲတယ်ဆိုတော့စဉ်းစားစရာပါပဲ။ တို့လူကြီးတွေတော့ဘယ်လိုဆုံးဖြတ်ကြမလဲမသိဘူး အင်း..........

Unknown said...

ဘယ်မှာလဲအမျိုးသမီးရေးရာတွေ ....already dead?????
damn it!

seazinyaw said...

ဒုကမာစစ်တုန်းက လည်း ဂျပန်တွေ မြန်မာ မတွေကို အများကြီး စားသွားတယ်၊ အခုလည်း လာ စားနေ ကြ ပ်ြန် ပြီ၊ ဂျပန်ဆို အထင်ကြီးပြီ ကပ် နေ တဲ့ မြန်မာ မတွေလည်းရှိတယ်၊ အရွယ် မရောက်သေးတဲ့ မြန်မာ မလေးတွေ ကို ဂျပန်ကြီး တွေ ဆီပို. ပြီး ပေးစားနေတဲ့ အလိုတော်ရိ မြန်မာ မ တွေ လည်း ရှိတယ် ၊ သူတို့ ကတော.ဂျပန်ဘာလုပ်လုပ် ခံပြီးသားဘဲ၊MARINA RESIDENT က GMဂျပန် ကြီး ဆို ဆရာ ကြီး ဘဲ၊ကောင်မလေးက ကားလမ်းပေါ်မှာတောင် ထိုင် ငို ရ တယ်၊ ဘယ်လို ကြိတ်ရှင်း လိုက်တယ်တော.မ သိဘူး၊ မြန်မာ တွေ အမျိုးကို စောင့်ရှောက်ကြပါ၊

seazinyaw said...

မြန်မာအမျိုးသမီးတယောက်ကိုဟိုတယ်ထဲခေါ်လာတာ တားတဲ့ဒီဝန်ထမ်း အမျိုးသမီးလေး ကို ဂုဏ်ပြုသင့်တယ်၊MARINA RESIDENT က ၀န်ထမ်းတွေကတော.မြန်မာ မတွေကို ဂျပန် အခန်းထဲအထိပို.ပေးတာ

MMT said...

Rule of Law ဆိုတဲ့ကောင်တွေဘာလုပ်မလဲစောင့်ကြည့်ရမယ်။မြန်မာအမျိုးသမီးတွေကိုကိုယ့်တိုင်းပြည်ထဲမှာတောင်လုံခြုံမှူ့မပေးနိုင်ဘဲနဲ့သမ္မတလုပ်နေတာမရှက်ဘူးလား။ပြောတာနဲ့လုပ်တာကတော့အခုထိတလွဲတွေဘဲ။အံ့ပါရဲ့တော်....

ကိုကိုကြီး said...

မြန်မာ့အမျိုးသမီးရေးရာတွေ...ဘယ်ရောက်နေပါသလဲခင်ဗျာ..။ နယ်မြို့တွေ မှာလှုပ်ရှားနေတဲ့အမျိုးသမီးရေးရာတွေ..ဘယ်ရောက်နေပါသလဲ..။ လူကြီးမိန်းမတွေနဲ့..တိုင်းဒေသကြီးအစိုးအရဖွဲ့ဝင်တွေရဲ့အမျိုးသမီးတွေ ဘယ်ရောက်နေပါသလဲခင်ဗျာ...။

Myanmar said...

မြန်မာအမျိုးသမီးတစ်ယောက်ကို နှောက်ယှက်မှုဖြင့် ဥပဒေတွေများစွာထားခဲ့ ရေးခဲ့ကြတယ်။ အခုလိုမျိုးကိစ္စမှာ ထိရောက်စွာ အရေးယူမှုမပေးခဲ့ဘူးဆိုရင် အမျိုးသမီးရေးရာတွေ ဘယ်ရောက်နေလဲလို့ အပြော ခံရတော့မယ်။ ကုလားဗမာအရေးတွေမှာ အမျိုးသမီရေးရာတွေက ငွေယူပီအလွဲလုပ်ခဲ့တာတွေ သက်သေတွေများရှိနေသေးတယ်။

Unknown said...

သေကုန်ကြပါပြီရှင်...

Powered by Blogger.