တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo တို့အား တွေ့ရစဉ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo၊ ဒုတိယဥက္ကဋ္ဌ Lu Yong Xiang တို့ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၊ Xin Jiang ခန်းမ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးဗဟိုဌာန အမှတ်(၄) အစည်းအဝေးခန်းမတို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ သီးခြားစီတွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံကြား လွှတ်တော် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဘာသာရေး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စ များတွင်ပါ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး မြစ်ဆုံအရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်းတို့ကိုလည်း တရုတ်နိုင်ငံဘက်က ထည့်သွင်းပြောကြား ခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Lu Yong Xiang  က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လိုပါက တည်ငြိမ်မှု လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာဥပဒေများ ပိုမိုပြည့်စုံမှုရှိလာရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကိုယ်စွမ်းရှိသလောက် ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ တွင်ထိပ်ဆုံးကရပ်တည်နေသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရေးကိစ္စ၊ မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လုပ်ရေးကိစ္စ၊ ကျောက်ဖြူ ရေနက်စီမံကိန်းကိစ္စများပေါ်တွင် အကျိုးသက်ရောက်မှုများ၊ တုံ့ပြန်မှုများ ရှိလာမှာကို အဆွေတော်တို့ စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါကြောင်း၊ အဆိုပါစီမံကိန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် အင်မတန်အရေးကြီးသော စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများကို ဘေးပယောဂ အနှောင့်အယှက်များ မည်သို့ပင် ရှိလာစေကာမူ ဆောင်ရွက်စရာရှိသည်များကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒီစီမံကိန်းများ အတွက် လုံးဝထိခိုက်မှု မရှိအောင်သုံးသပ်ပြီး ဆောင်ရွက်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် ဘုံအကျိုးစီးပွားများ ဖြစ်ပါကြောင်း၊ ဒါကို နှစ်ဦးနှစ်ဖက် နားလည်လက်ခံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တို့ကိုဆွေး နွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
EMG
တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ ပြောကြား တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ ပြောကြား Reviewed by သစ်ထူးလွင် on 15:45 Rating: 5

11 comments:

Anonymous said...

Please do not import the disqualified China made goods and equipment...

Unknown said...

"တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်း" ဆိုပါလား...အတော်လာတဲ့တယုတ် ချေးငုံပြီးပြောရင်တောင် ချေးကြိုက်လို့ ပဲဖြစ်ရမယ်...မယုံရေးချမယုံ...ဘယ်သူမှမယုံ....ဘယ်တော့မှမယုံ... ကိုယ့်နိုင်ငံအခြေအနေတွေတိုးတက်ပြောင်းလဲသွားရင်တော့ ဂုတ်သွေးတော့ စုတ်လို့မရတော့ဘူး....ဘာများပေးစုတ်ရင်ကောင်းမလဲ... စာရှုသူများသာ ဆုံးဖြတ်လိုက်ကြပါတော့ခင်ဗျာ...

komyo said...

စောက်တရုပ် နောက်ခံပန်ချီကားက မြန်မာပြည်သူတွေကို သွယ်ဝိုက်ပြီးတော့
ငါဒါကိုရအောင်လုပ်မယ်လို့ ပြောနေသလိုပဲ။သတိထားလုပ်ပါလို့ ပြောချင်တယ်
မြန်မာပြည်သူတွေကို ဂရုမစိုက်ပဲ မြစ်ဆုံအရေးကို ဆက်လုပ်မယ်ဆိုရင်တော့
တရုပ်မြန်မာအရေးခင်းဖြစ်သွားနိုင်တယ်နော်။

Anonymous said...

နောက်တခါ လာပြန်ပြီဟေ့ ဟေ ဟေ ၀ါး)))))))))

ko htoo said...

တရုတ်ကူညီလို့ချမ်းသာသွားတယ်ဆိုတဲ့နိုင်ငံရှိရင်ပြစမ်းပါဦးဗျာ။ တရုတ်ကြောင့် ပိုမွဲပိုစုတ်ပြတ်သွားတဲ့နိုင်ငံတွေဘဲတွေ့ဖူးပါရဲ့။ ဥပမာ မြောက်ကိုရီးယား၊ ဆူဒန်၊ မြန်မာ။

2010valentineday said...

"တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်း" ဆိုပါလား...အတော်လာတဲ့တယုတ် ချေးငုံပြီးပြောရင်တောင် ချေးကြိုက်လို့ ပဲဖြစ်ရမယ်...မယုံရေးချမယုံ...ဘယ်သူမှမယုံ....ဘယ်တော့မှမယုံ... ကိုယ့်နိုင်ငံအခြေအနေတွေတိုးတက်ပြောင်းလဲသွားရင်တော့ ဂုတ်သွေးတော့ စုတ်လို့မရတော့ဘူး....ဘာများပေးစုတ်ရင်ကောင်းမလဲ... စာရှုသူများသာ ဆုံးဖြတ်လိုက်ကြပါတော့ခင်ဗျာ...

Mg Khwe said...

တရုပ်ပြည် ရဲ့ ပေါ်လစီ က ရှင်းတယ်။ သူ့တိုင်းပြည် ကောင်းစားရေး အဓိက ဘဲ။ ဘယ်အစိုးရ တက်တက် သူက တဲ့အောင် ပေါင်းမှာ ဘဲ။ သူ့ တိုင်းပြည် တိုးတက်ဖို့ အတွက် ဘယ်အစိုးရနဲ့ မဆို ပူးပေါင်းပြီး လုပ်မှာ ဘဲ။ ဒါဟာ ဈေးကွက် စီးပွားရေး ရဲ့ စံဘဲ။ မြန်မာပြည်မှာ တရုပ်လူမျိုး အများကြီး ရှိတယ်။ သူတို့ တွေ ဖတ်ရင် ရင်နာစရာ ဖြစ်နေဦးမယ်။

မောင်မောင် said...

တိုင်းပြည်ကိုခေါင်းဆောင်တဲ့..ကိုရွှေခေါင်းဆောင်များကိုပြောပါရစေဗျာ..တိုင်းပြည်ကိုခေါင်းဆောင်တဲ့အခါ အသိညဏ်နဲ.ဆုံးဖြတ်စေချင်ပါတယ်..ကျနော်တိုမြန်မာနိုင်ငံသားတွေ သူများတိုင်းပြည်မှာ အလုပ်လုပ်တဲ့အခါ ကျနော်တို.က အောက်ကနေဆက်ဆံရတာပဲရှိပါတယ်.( အများစုကိုဆိုလိုပါသည်)ကိုယ့်ထက်ငယ်သူကလည်း ငါတို.နိုင်ငံမှာအလုပ်လာလုပ်တာဆိုပြီးဆက်ဆံတာခံရပါတယ်..ထို.အတူ.တိုင်းပြည်ရဲ့ဥပဒေတွေကလည်းများသောအားဖြင့်.ကိုယ့်နိုင်ငံသားဘက်က ၇ပ်တည်ထားတာတွေများပါတယ်..ကျနော်တို.နိုင်ငံကျမှပဲ..နိုင်ငံခြားသားတွေက နိုင်ချင်တာ နိုင်တာခံ၇ပါတယ်..အထူးသဖြင့်တရုတ်တွေဆိုရင် မန်းလေးမှာ ကြီးစိုးနေပါပြီ ..ဦးနေဝင်းလက်ထက်ကလည်း ကချင်ရွာတွေ ပေးဆပ်လိုက်ရတယ်..ကြည့်လုပ်ကြပါဗျာ..

nationalism said...

I don't believe in CHINA , 0ppose china( no human right ,no democracy ) which used their veto in U N for own profit .

Violin Angle said...

လာပြန်ပြီ ဒီတရုတ်စုတ်တွေ နင်တို့နိုင်ငံကို ဖျက်ဆီးလို့အားရတော့ သူများနိုင်ငံကသယံဇာတတွေကိုလာထိနေတာလား တရုတ်မဟုတ်တော့ဘူး တယုတ်တွေဖြစ်ကုန်ပြီ ယုတ်မာတဲ့အကောင်တွေ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်းတဲ့ ဟားဟား နင်တို့ချမ်းသာမှာလား ငါတို့ဆင်းရဲသွားမှာလား

ရာရာ said...

ကျွန်တော်တို့ကချင်ပြည်နယ်ကိုပဲကြည့်ပါခင်ဗျား...
ဟိုး အရင် 1980 အလွန်နှစ်များက သူတို့လွတ်လပ်စွာ ကျောက်စိမ်းတူး၊ရွှေတူး၊ သစ်ခိုး နိုင်ဖို့ ကျွန်တော်တို့တိုင်းရင်းသား ကချင်လူမျိုးများကို လက်နက်တပ်ဆင်ပေးပြီး ကချင်ပြည်နယ် ကိုယ်ပိုင်လွတ်လပ်ရေးရအောင်တိုက်ကြ ဆိုကာမြှောက်ပေးကာ ပြည်နယ်ငြိမ်းချမ်းမှု မရှိအောင်လုပ်ပါတယ်။ အဲ့ဒီ ကချင်ပြန်နယ်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)အကာအကွယ်နဲ့ စိတ်ကြိုက်ကျောက်စိမ်းတူး၊ ရွှေတူး၊ သစ်ခိုးတာတွေလုပ်ပါတယ်။ အဲ့ဒီကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်ဆိုတာကြီးရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းမှာလည်း ကချင်တိုင်းရင်းသားနာမည်တွေယူထားတဲ့တရုတ်တွေချည်းပါပဲ..။ 1988 နောက်ပိုင်းမှာ စစ်အစိုးရနဲ့အဆင်ပြေအောင်လုပ်ပြီး ကေအိုင်အေကို ထောက်ပံ့မှုရပ်ဆိုင်းလိုက်ပါတယ်..။ စစ်အစိုးရလက်ထက်မှာ သူတို့စိတ်ကြိုက် ကချင်ပြည်နယ်တစ်ခုလုံးကို မွှေနှောက်ပြီး သယံဇာတ အကုန်လုံးကိုရယူပါတယ်။ အဲ့ဒိအချိန် ကေအိုင်အေ အဖွဲ့အစည်းဟာ ဓါးမြသာသာအဖွဲ့ဖြစ်သွားပါတော့တယ်။ ဒါ ကျွန်တော်သိသလောက် တရုတ်တို့ကောက်ကျစ်စဉ်းလဲ ခဲ့တာတွေပါပဲ။

Powered by Blogger.